Head Office barbershop
we serve to you following 4 point...
✅ consultation for your style
✅ Step by Step Process
✅ Clean-Cut Section
✅ always hygiene
31/12/2023
Barber Shop
barber Shop ဖြစ်နေတဲ့ Junior bro များအတွက် အခကြေးငွေနည်းနည်းနဲ့ သင်တန်းလေးတစ်ခုတော့ ဖွင့်ဖို့ 2024 မှာ အစီအစဥ်လေးတစ်ခု ဆွဲထားတယ်
တကယ်ပညာလိုသူ
တကယ် အသက်မွေး လမ်းကြောင်းလုပ်မည်သူတွေကိုဖဲ ဦးစားပေးသင်ကြားသွားမည်။
မကြာမှီ page ကြော်ငြာ ပေးသွားပါမည်။
18/12/2023
Bro တို့ ခုရက်ပိုင်းတွေ ဘာတွေလုပ်ဖြစ်ကြလဲ...
အားလုံးကို သတိရတယ်ဗျို့ 👋👋👋
ကျတော် ကိုလင်း တစ်ယောက်ကတော့ စနေ၊ တနင်္ဂနွေလို အားလပ်ရက်တွေ မှာဆိုရင် ရန်ကုန်မြို့ရဲ့ ဗိုလ်တစ်ထောင်ကမ်းနားမှာ ကျတော်တို့ Barber ရောင်းရင်းတွေနဲ့ ဆုံဖြစ်တယ်၊ ပြီးရင် အဲ့မှာကျင်းပတဲ့ free cut section မှာ ဝင်ရောက်ပြီး ကူညီရင်း အပန်းဖြေ ဖြစ်ပါတယ်။
ကျတော်ကတော့ ကိုယ့်ဝါသနာ ကို အကောင်အထည်ဖော်နေရရင်ကို အပန်းပြေ နေတတ်တာမျိုးကို။
ပုသိမ်က ကိုယ့်ရဲ့ brother တွေကိုလဲ အရမ်းပဲ သတိရပါတယ်ဗျာ။
လာမယ့် December 30/31 ကိုလဲ ပုသိမ်ကိုလာခဲ့ပါဦးမယ်။ အခြားကြောင့်တော့ မဟုတ်ဘူး လာမယ့် New year ကို ဆံပင်ပုံစံအသစ်နဲ့ ဖြတ်သန်းချင်တဲ့ ကိုယ့်ရဲ့ big bro တွေနဲ့ ပြန်လည်ဆုံတွေ့ချင်လို့ပါ... Cheers 🍾🍾
ဆုံချင်တဲ့ ညီအကိုတွေ ခုကတည်းက လက်တို့ထားမယ်နော်။
အများကြီးတော့ ကျတော်တစ်ယောက်တည်းမဖြုတ်နိုင်လို့ ထုံးစံအတိုင်း 30 ရက်နေ့ (10 )ယောက်၊
31 ရက်နေ့ (10)ယောက်ပဲပေါ့။
ပြီးခဲ့တဲ့တစ်ခေါက်တုန်းက တော့ ကျတော် နဲနဲ အဆင်မပြေတာလေး ဖြစ်သွားတယ်ဗျာ။ အခြားမဟုတ်ဘူး appointment တင်ထားတဲ့ brother တချို့ cancel ဖြစ်သွားတော့ နဲနဲမပြေမလည်ဖြစ်သွားတာပါ။
ကိုယ်ကလဲ တနေ့ 10 ယောက်ပဲ ကွက်တိချိန်းထားတော့ ပျက်သွားတဲ့ နေရာ ကိုအစားလဲထပ်ထိုးဖို့ အချိန်မရ၊ 10 ယောက်နောက်ပိုင်းမှ booking လုပ်တဲ့ ညီအကိုတွေ ကိုလဲ ကိုယ်က လက်မခံထားလိုက်မိတော့ ပြန်ဆက်သွယ်ဖို့ ခက်ခဲ၊ သူတို့ကိုလဲ မညှပ် ပေးလိုက်ရတော့စိတ်မကောင်း အဲ့လိုလေး ဖြစ်သွားတယ်။
မလာဖြစ်တဲ့ ညီအကိုတွေကလဲ appointment တင်ညှပ်တဲ့ အနေအထားနဲ့ စိမ်းနေသေးတော့ ဒါမျိုးဖြစ်တတ်ပါတယ်။
ဆိုတော့ ဒီတခါ တော့ ကျတော့ဘက်က request လေး တစ်ခုတော့ လုပ်ချင်တယ်၊
Appointment booking တင်တဲ့ ညီအကိုတွေဘက်က appointment တင်ပေးရင်း cutting fee ကိုပါ တခါတည်း K pay, Wave pay နဲ့ prepaid လေး လုပ်ထားပေးပါနော်။
ပြီးတော့ လာမညှပ်ဖြစ်ရင်ပဲဖြစ်ဖြစ်၊ လာညှပ်ရင်ပဲ ဖြစ်ဖြစ် အခု Post လေးကို like and share လေးနဲ့ ကူညီပေးပါ၊ အဲ့အထဲကနေ့ 3 ယောက်ကို နှစ်သစ်ကူးအထူးလက်ဆောင်လေးတွေ လက်ဆောင်ပြန်ပြီး မဲဖောက်ပေးပါ့မယ်။
Cutting fee ကတော့ 7000 ks ပါ။(Ruzel product styling ပါမှာပါ)
ဆုံရပ်ကတော့ ကင်မလင်းကျွန်း ငုဝါ (1)လမ်း၊ အိမ်အမှတ် F /34 ပါ။
Booking appointment phone က 09775093031ပါ
Wave-pay no 09 775093031
K.pay no 09 782409596
အားလုံး ပြန်တွေ့ကြမယ်နော် brother တို့ရေ 💪🤙
30/11/2023
Precise cutting and true taste ✂✂✂💈
26/11/2023
🎅🎅🤶🎅 December လ ပထမ အပတ်ဖြစ်တဲ့ (2.12.2023) Sat Day /(3.12.2023) Sun Day
အတွက် Clients အယောက် (20) appointment များပြည့်သွားပါပြီခင်ဗျာ...
ဆံပင်ကို❤❤❤ ချစ်မြတ်နိုးတန်ဖိုးထားတဲ့ ပုသိမ်မြို့ရဲ့ Big Fan ကြီးများကို HeadOffice Barber Shop မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🙏🙏
ပထမ အပတ် appointment မရလိုက်တဲ့ HeadOffice Big Fan များနှင့် အသစ်အသစ်သော Clients များအတွက်လည်း ဒုတိယ အပတ်ဖြစ်တဲ့ (16)ရက်နေ့နဲ့ (17) ရက်နေ့များတွင်လည်း ကြိုတင် appointment များရယူပြီး လာရောက်အားပေးနိုင်ပါတယ်ခင်ဗျာ.....📢📢📢
# # # HeadOffice Barber Shop
# # # 09.775093031
23/11/2023
📢📢📢 2 nd Day ဖြစ်တဲ့ (3.12.23) Super Sun Day အတွက်
Appointment Clients (10) ဦးပြည့်ဖို့အတွက် အနည်းငယ်သာလိုပါတော့သည်။
လူကြီးမင်းတို့ Hair Style မှန်ကြည့်တိုင်း စိတ်ချမ်းသာစေဖို့ ကျွန်တော်တို့ရဲ့
HeadOffice မှ Barber Ko Linn ဆီ
အမြန်ဆုံး Appointment ယူပြီး ဆုံတွေ့ကြရအောင်
❤❤❤❤
ဆုံတွေ့ကြမယ့် လိပ်စာလေးကတော့
📝📝📝.F (34).ငုဝါ (1) လမ်း၊ကင်မလင်းကျွန်း
📞📞📞 09775093031
# # # HeadOffice CB
21/11/2023
HeadOffice Barber Shop ၏ Big Fan များရဲ့ ဆံပင်ကိုချစ်မြတ်နိုးမှု့ကြောင့် ပထမနေ့ (2.12.23) Sat Day အတွက် Clients 10 ဦးပြည့်သွားပါပြီ ✔✔✔✔
ဒုတိယ နေ့ (3.12.23) Sun Day အတွက် Clients 10 ဦး မပြည့်သေးခင်
အခုဘဲ appointment လုပ်ထားမှစိတ်ချရမယ်နော် ❤
အကောင်းဆုံးဝန်ဆောင်မှု့တွေပေးဖို့ အတွက်
ပုသိမ်မြို့ရဲ့ အေးချမ်းတိတ်ဆိတ်တဲ့ နေရာလေးတခုဖြစ်တဲ့
F 34.ငုဝါ (၁)လမ်း ၊ကင်မလင်းကျွန်းမှာ ဆုံကြရအောင်
တွေ့ဆုံကြမယ့်နေကတော့ December 2 ရက်၊ 3 ရက်နေ့ ဖြစ်ပြီး....
အချိန်ကတော့ AM 9:00
PM 5:00 အထိ ဝန်ဆောင်မှု့ပေးသွားမှာဖြစ်ပါတယ်
Family Packages အနေနဲ့က တော့ (၃) ဦးထက် အထပ်ကို 10% Discount ပေးသွားမှာဖြစ်ပါတယ်.
HeadOffice BarberShop က Regular customer များကို အစဥ်အမြဲ ဂရုစိုက်ပေးနိုင်ရန်အတွက်
appointment cancel မပြုလုပ်ခြင်းဖြင့် ရေရှည် ခရီးဆက်ကြရအောင်ဗျာ......🙏🙏🙏🙏
# # Hair Cut & Styling
# # Price- 7000 mm
# # HeadOffice BarberShop
# # Barber Ko Linn
# # - 09775093031
20/11/2023
19/11/2023
ကဲကဲကဲ...........Hello !Sweet December
Headoffice barber shop ဆိုင်လေး ပုသိမ်မြို့က နုတ်ဆက်ထွက်ခွါခဲ့ရပေမယ့် .....
HeadOffice BarberShop စတင်ဆိုင်ဖွင့်လာသည့်အချိန်မှ ပိတ်တဲ့အချိန်အထိ အစဥ်တစိုက် အားပေးလာခဲ့တဲ့
Big Fan များအတွက် အထူးအစီအစဥ်လေး တခုရှိပါတယ်ဗျ....
ပုသိမ်မြို့မှာ HeadOffice barber shop မှ
Barber Ko Linn မှ (၁)လ (၂) ကြိမ် International Hair style /International Hair Products များနှင့်အတူ
လူကြီးမင်းတို့ ဆံပင်အတွက် စိတ်မပျက်ရအောင်
အကောင်းဆုံး Service များနှင့် ပုသိမ်မြို့တနေရာမှာ ပြန်လည်ဆုံတွေ့ကြရအောင်.....🤜🤛
# # Location -
# # Date Of Service -
# # Family Packages -.
# # HeadOffice Barber Shop Page မှ ဆက်လက်
တင်ပြသွားမှာဖြစ်ပါတယ်🙏
(၁)ရက် (၁၀) ယောက်
အချိန် (၂) ရက်သာ
ဝန်ဆောင်မှု့ပေးမှာဖြစ်သည့်အတွက် အမြန်ဆုံး Appointment ကြိုယူထားမှ စိတ်ချရမယ်နော်......
HeadOffice Barber Shop page CB
09-775093031
ဖော်ပြပါ page နှင့် phone တို့မှ မိမိကြိုက်နှစ်ရာအချိန်ကို ဆက်သွယ်စုံစမ်းပြီး Booking လုပ်လို့ရပါတယ်
အစဥ်အမြဲအားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
Head Office barbershop
01/11/2023
🙏🙏🙏 ပျော်စရာ ကောင်းတဲ့ နိုဝင်ဘာလ ရဲ့ အစလေးမှာ ကျတော်တို့ရဲ့ ဖောက်သည် တွေကို ပျော်စရာ သတင်းလေးတစ်ခုဝေမျှ ပါရစေဗျ။
🎉🎉. ကျတော်တို့ Head Office Barbershop ရဲ့ ပဲ့ကိုင် Barber ကိုလင်း အတွက် မကြာခင်မှာ သူ့ရဲ့ ဇနီးသည်ပေးတဲ့ အကောင်းဆုံးလက်ဆောင် very first baby လေးရရှိတော့မှာဖြစ်ပါတယ်ဗျ။
🚩🚩စိတ်လှုပ်ရှားစရာကောင်းတဲ့ မိသားစုဝင်အသစ်လေးကိုကြိုဆို စောင့်ဆိုင်းရမယ့်ကာလကိုလဲရောက်ရှိလာပါပြီ။
🔴ဒါပေမယ့် ဒီအကြောင်းတရားက ကျတော်တို့ ဖောက်သည်တွေနဲ့ ခေတ္တ ခွဲခွာဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုတော့ ဖြစ်ခဲ့တာပေါ့။
⚠️⚠️ ဘာကြောင့်လဲဆိုတော့ ကျတော်တို့ Head Office Barbershop ကို (၁၀.၁၁.၂၃)နေ့က စပြီး ကြာလ အတန်ကြာသည်ထိ ခေတ္တပိတ်သိမ်းထားဖို့အကြောင်းဖြစ်လာလို့ပါဗျ ⚠️⚠️
ဒီလို ဆုံးဖြတ်ချက်ကိုလဲ ခက်ခဲစွာရွေးချယ်ခဲ့ရတာပါခင်ဗျာ😔😔😔
🟡 ဆိုင်ဖွင့်ခဲ့စဉ် ကာလတလျှောက် ပံ့ပိုးခဲ့ကြသူများ၊ သစ္စာရှိစွာဖြင့် စွဲစွဲလန်းလန်းအားပေးခဲ့ကြတဲ့ မိတ်ဆွေဖောက်သည်များစွာ ကို ကျေးဇူးတင်စွာဖြင့် အမှတ်တရ ရှိနေပါရစေ။
🟡ကိုယ့်အကြိုက်ရရှိခဲ့တဲ့ ဆံပင်ပုံစံတွေကို ကြည့်ရင်းပြုံးနေတဲ့ မျက်နှာတွေကိုလဲ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
🔴 ပုသိမ် မြို့အတွက် Barbershop ယဉ်ကျေးမှုရဲ့တစ်စိတ်တစ်ဒေသ ကို ဖော်ဆောင်ပြသခွင့်ရခဲ့တဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
🟢🟢ကျတော်တို့ဟာ ဝါသနာကို အခြေခံတဲ့ စီးပွားရေးကိုရွေးချယ်ထားခဲ့ကြတဲ့ သူတွေဖြစ်သည့်အလျောက်အဆင်သင့်တဲ့ တစ်နေ့မှာ အကောင်းဆုံးပြန်လည်ရောက်ရှိလာဖို့အတွက်လဲ မျှော်လင့်ထားပါတယ်။
👉👉 ဆံပင် ဆိုင်ရာ သတင်းတွေ ဗဟုသုတတွေ၊ ခေါင်းလိမ်းဆီ product တွေ နဲ့ပတ်သတ်လို့တော့ ဒီ Page ကနေပဲ ဆက်လက် ဝေမျှ၊ရောင်းချပေးနေဦးမှာပါ။
🟥🟥ကျတော်တို့ရဲ့ Loyalty clients တွေအတွက်လည်း စနေ၊ တနင်္ဂနွေလို့နေတွေမှာ တစ်လတစ်ကြိမ်မှ နှစ်ကြိမ်ခန့် appointment ပြုလုပ်ပြီး Barber ကိုလင်း မှ လာရောက် service ပြုလုပ်ပေးမယ့်အစီအစဉ်လဲ ဆက်လက်ထားရှိပေးသွားမှာပါ။
အချိန် နေရာ အသေးစိတ်ကိုလဲ page မှာတင်ပေးပါ့မယ်။
👉 Appointment booking ပြုလုပ်ရမယ့်
👉 Barber ကိုလင်းရဲ့ ဖုန်းနံပါတ်
📣 09775093031
🚩 ကိုလဲ Save ထားပေးကြပါဗျ။
📣📣ဒီလ 8 ရက်နေ့အထိ တော့ ဆိုင်ကို ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားမှာ ဖြစ်လို့ ဆံပင်ညှပ်ဖို့ လိုအပ်မယ့်မိတ်ဆွေများ လာရောက်နိုင်ပါသေးတယ်ခင်ဗျာ။
🙏🙏မိတ်ဆွေ ဖောက်သည်များအားလုံး ကောင်းသောအရာများဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုတောင်းပေးရင်း၊ မိတ်ဆွေ တို့ရဲ့ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်အဖြစ်ရွေးချယ်ခဲ့ခြင်းအားလည်း အထူးပဲကျေးဇူးတင်ကြောင်းပြောပါရစေ💪💪
Head Office barbershop
Category
Contact the business
Telephone
Website
Address
Shwe Zee Gone Pagoda Road, Front Of Man San Thu Cafe
Pathein
10011
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 19:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 08:00 - 19:00 |
| Friday | 08:00 - 19:00 |
| Saturday | 08:00 - 19:00 |
| Sunday | 08:00 - 19:30 |
Alerts
Be the first to know and let us send you an email when Head Office barbershop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.