ONE'S SALON

ONE'S SALON

Share

Hair & Beauty Salon

07/10/2023

ဒီနေ့ကတော့ Cutting Day ပေါ့ရှင်။

ဆံပင်ညှပ်တာ လက်ရာလေးသဘောကျလို့ဆိုပြီး
နီးစပ်ရာညွှန်ကြလို့ လာညှပ်ကြတဲ့ Customer လေးများကို အထူးကျေးဇူးတင်ပါတယ်ရှင့်။

ဆံပင်ပုံက ရိုးရိုးကြီးဖြစ်နေလို့ ဒီဇိုင်းလန်းလန်းလေးပြောင်းဖို့အတွက် Myat's Salon မှ ကြိုဆိုပါတယ်ရှင့်။

စိတ်တိုင်းကြလှပစေဖို့ တာဝန်ယူပါတယ်နော်။

စျေးနှုန်းလေးကလဲ ရှေ့တိနောက်တိဆို ၅၀၀၀ပဲ ဖြစ်ပြီး ဒီဇိုင်းပြောင်း Cutting မှ ၈၀၀၀ ပဲနော်။

ဆံပင်ပုံလှလှလေးညှပ်ပြီး ဇိမ်ကျကျခေါင်းလျှော်ဖို့
Myat's Salon ကို အမြန်ဆုံးလှမ်းလာခဲ့ပါနော်။

Be Beauty with us
Myat's Salon

Photos from ONE'S SALON's post 06/10/2023

Milk Tea Color 🤷‍♀️

အခုတလော အရမ်းလူပြောများ စိတ်ဝင်စားနေကြတဲ့ ကာလာဆန်းဆန်းလေးအကြောင်းပြောပြမယ်ဆို စိတ်ဝင်စားကြတယ်မလား 🤗🤗🤗

ဆံပင်အရောင်မှာ အညိုရောင်နှင့် ရွှေရောင်အရိပ်လေးတွေပါဝင်ပြီး ပေါ့ပါးလန်းဆန်းမှု့ အေးမြမှု့နဲ့ နွေးထွေးတဲ့ အရိပ်အယောင်လေးတွေမျှတစွာ ရောနှောထားပြီး မြင်လိုက်တာနဲ့ မျက်လုံးထဲမှာ စွဲမြဲစွာ ပုံရိပ်ထင်ကျန်စေတဲ့ Milk Tea လေးတခွက်လို ရင်ထဲစွဲလန်းစေလို့ 2023 မှာ လူကြိုက်အများဆုံး အရောင်လေးတွေပဲ ဖြစ်ပါတယ်။✌✌✌

သာမန်အရောင်ဆိုးရတာမကြိုက်တဲ့ အရောင်ဆန်းဆန်းကြိုက်တဲ့ လေဒီလေးတွေ မဆိုးမဖြစ် ဆိုးသင့်တဲ့ အရောင်လေးတွေ ဖြစ်ပါတယ်။👍👍👍

ကဲ အဲတော့ Milk Tea Color ဘယ်လိုဆိုးရလဲ။
ချွတ်ဆေးသုံးရလား ဆိုတဲ့ မေးခွန်းလေး ဖြေပေးမယ်နော်။

👉 Milk Tea ကာလာက ချွတ်ဆေးတစ်ထပ် ချွတ်ကို ချွတ်ရပါတယ်။ ချွတ်ပြီးရင်တော့ မိမိလိုချင်တဲ့ကာလာများ ကို Shampoo နဲ့ အချိုးအစား စနစ်တကျစပ်ပြီး ဆိုးလို့ရပါပြီ။ Milk Tea ကာလာအလင်းအတွက် Shampoo ပိုထည့်ပြီး အလင်းလျော့ချင်ရင် Shampoo လျော့ထည့်ရုံပါပဲ။

Milk Tea ကာလာက ချွတ်ပြီးမှ ဆိုးရတဲ့ အရောင်ဖြစ်တဲ့အတွက် ဆံသားပျက်စီးမှု့ အနည်းအများတော့ ဖြစ်ပါတယ်။ ဆိုးပြီးရင်လဲ ဆံသားထိန်းသိမ်းမှု့ ပုံမှန်လုပ်ပေးသင့်ပါတယ်။

ကာလာဆန်းဆန်းကြိုက်ပြီး ဆံသားထိန်းသိမ်းမှု့ အမြဲလုပ်တဲ့ လေဒီလေးတွေအတွက်ကတော့ Must try ပါလို့ အကြုံပြုပါရစေရှင့်။

လေဒီလေးများ လှသည်ထက်လှနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ကောင်းသောညချမ်းလေး ဖြစ်ပါစေရှင့်။

Be Beauty with us.
Myat' Salon

29/09/2023

⏰ Knowledge Sharing အစီအစဉ်လေးလာပါပြီရှင်

ဒီိPage ကိုလဲ မမေ့မလျော့ Sharingလာ လုပ်ပေးတာပါရှငိ့

Lady လေးတို့ရေ

ဆံပင်နဲ့ ပတ်သက်ပြီး မကြာခဏ ကြုံတွေ့ရတဲ့
မခေါ်ပဲ ရောက်လာတတ်တဲ့ ဧည့်သည်က ဘယ်သူလေးများလဲနော်။🤔🤔🤔

အဖြေလေးကတော့ ဗောက်ဖြူဖြူလေးပါရှင့်😒😒😒
မခေါ်ပဲနဲ့ ရောက်လာတတ်တဲ့ ဧည့်သည်လေးကြောင့် ခဏခဏ စိတ်ရှုပ်ရတဲ့ အခိုက်အတန့် ကြုံဘူးကြတယ် ဟုတ်😣😣😣

အလုပ်လုပ်နေရင်း စားပွဲပေါ်ခုန်ဆင်းလာတတ်တဲ့ အမှုန်အမွှားတွေ
ဦးရေပြားကို ခိုင်မြဲတဲ့ သံယောဇဉ်နဲ့ တွယ်ကပ်နေတဲ့ ဗောက်အဖတ်လိုက်တွေ ဟာဖြင့် အင်မတန်မှ
စိတ်ညစ်ညူးစရာကောင်းပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု့ ပျောက်ဆုံးစေပါတယ်ရှင်။

အချစ်ဘယ်ကစ မဟုတ်တဲ့ ဗောက်ဘယ်ကစ ဆိုရင်ဖြင့်
👉 ရာသီဥတုအပြောင်းအလဲမှာ ဦးရေပြားခြောက်သွေ့သောကြောင့် ဖြစ်ခြင်း
👉 မိမိစားသော အစားအသောက်ကြောင့်
အပူ အစပ် အငန် အချို လွန်ကဲစွာ စားသုံးခြင်း
👉 ကြုံရာ ဆိုးဆေးတွေ ကို အလွယ်တကူ ဆိုးမိခြင်း
👉 ခေါင်းလျှော်ရာတွင် Shampoo သေချာစင်ကြယ်
အောင် ရေမဆေးချခြင်း
👉 ဦးရေပြားအပေါ် ဆံပင်ပေါင်းဆေးတိုက်ရိုက်သုံးမိပြီး ရေသေချာ ပြောင်စင်အောင် မဆေးချခြင်း
👉 ဟော်မုန်းအပြောင်းအလဲ ကြောင့်ဖြစ်ခြင်း
စသည့် အကြောင်းတရားများကြောင့် မဖိတ်ခေါ်ပဲ ရောက်လာတာပါရှင်။
မဖိတ်ခေါ်ပဲ ရောက်တဲ့ ဧည့်သည်ကို နှင်ထုတ်ဖို့ ဆောင်ရန် ရှောင်ရန် လေးတွေ ပြောပြမယ်နော်👌👌👌

👍 ဦးရေပြားခြောက်သွေ့မှု့အတွက် သံလွင်ဆီ ( သို့ )
အုန်းဆီ လိမ်းပေးပါရှင်။
👎 အစားအသောက် ဂရုစိုက်ပေးပါရှင်။
အပူ အစပ် အငန် အချို လွန်ကဲစွာ မစားပါနဲ့။
👎 ဆံပင်ဆေးဆိုးမယ်ဆို ကြုံရာဆိုးဆေးတွေနဲ့ အလွယ်တကူ မဆိုးပါနဲ့ရှင်။ အရည်အသွေးမြင့်ဆိုးဆေးကို စနစ်တကျ ဆိုးတတ်တဲ့သူနဲ့ ဆိုးပေးပါ။ အိမ်မှာ ဆိုးပေးမယ့်သူ မရှိရင် ကျမတို့ Myat’s Salon မှာ စိတ်ကြိုက်လာဆိုးပါနော်။ ဒါက ကြော်ငြာဝင်တာပါ။😍😍😍
👍 ခေါင်းလျှော်တဲ့အခါ Shampoo ပြောင်စင်အောင် သေချာလျှော်ပါ။ ဆိုင်မှာ လျှော်တတ်တဲ့သူတွေလဲ ဂရုပြုပေးပါနော်။
👎 ဆံပင်ပေါင်းဆေးကို ဦးရေပြားအပေါ် မထိပါစေနဲ့ရှင်။ ခေါင်းကို ပွတ်ပြီးမသုံးပဲ ဆံပင်ဆံသားနဲ့ ဆံဖျားမှာပဲ သေချာ အာနိသင်ဝင်အောင် သုတ်လိမ်းပြီး ရေစင်အောင်ဆေးပါ။
👍ဟော်မုန်းအပြောင်းအလဲ ကြောင့်ဆိုရင်တော့ အရေပြား ဆရာဝန်နဲ့ တိုင်ပင်ပါရှင်။ Dandruff ဆိုတဲ့ ဗောက်ပြသာနာကြောင့်ဆိုရင်တော့ Clobetasol မပါဝင်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုသင့်ပါတယ်။
✌️✌️အရေးကြီးတဲ့ နောက်ဆုံးအချက်ကတော့
Hair Care Products လေးတွေကို သေချာစိစစ်အသုံးပြုဖို့ အကြံပေးချင်ပါတယ်ရှင့်။ ဓာတုဗေဒ ပါဝင်ပစ္စည်းလျော့ချထားတဲ့ Hair Care Products လေးတွေဟာ Lady လေးတို့ဆံသား ဆံနွယ်လေးတွေ ကျန်းမာကြံ့ခိုင် သန်စွမ်းလှပ စေနိုင်ပါတယ်ရှင့်။✌️✌️

ဒီလောက်ဆိုရင်တော့ မခေါ်ပဲ ရောက်လာတဲ့ ဧည့်သည်ကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ သိပြီနော်။

နောက်လဲ အလှအပဆိုင်ရာ ဆောင်ရန် ရှောင်ရန်လေးများကို မျှဝေ ပေးမှာ မို့လို့ Page လေးကို Like and Share လေး လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။

Lady လေးများ လှသည်ထက် လှနိုင်ကြပါစေ။

Be Beauty with us
Myat’s Salon

27/09/2023

One's Salon ရဲ့ ချစ်ရပါသော Customer လေးများရှင့်

ကျမတို့ရဲ့ One's Salon ဆိုင်လေးအား
Myat's Salon အဖြစ်သို့ နံမည်ပြောင်း ဖွင့်လှစ်ထားပါတယ်ရှင့်။

နေ့စဥ် မနက် ၉ နာရီမှ ည ၈ နာရီအထိ ပုံမှန်
ဝန်ဆောင်မှု့ ပေးသွားမှာ ဖြစ်ပါတယ်။

Page ကိုလဲ အသစ်ပြောင်းလဲ အသုံးပြုမှာ ဖြစ်တဲ့အတွက် Page အသစ်လေးကို Like and Follow လုပ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်။

ပိုကောင်းတဲ့ ဝန်ဆောင်မှု့ တွေ Promotion တွေနဲ့

Hair Nail Skincare ပိုင်းဆိုင်ရာ Knowledges များကို Page အသစ်လေးမှာ အမြဲ Update လုပ်ပေးမှာမို့လို့ ဝန်းရံအားပေးကြပါဦးရှင့်။

https://m.facebook.com/story.php?story_fbid=122114445734037265&id=61551117977689&mibextid=Nif5oz
One's Salon စဖွင့်သည်မှ Myat's Salon အထိ အားပေးခဲ့ကြတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။

Welcome to Myat’s Salon Page

Myat’s Salon Page မှ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင်။

ကျမတို့ရဲ့ Salon လေးမှ Lady လေးတို့ အတောက်ပဆုံး

ဒီဇိုင်းနဲ့ လှပနေစေဖို့ ကျွမ်းကျင်ဝါရင့် ဆရာမ ကိုယ်တိုင်

အကောင်းဆုံး ဝန်ဆောင်မှု့ပေးနေပါပြီရှင်။

Promotion အနေနဲ့ up to 50% off အထိ ပေးထားတဲ့

အပြင် အတန်ဆုံး Packages လေးတွေလဲ ရှိနေလို့ လာ

ရောက် အားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။

အလှပဆုံးဒီဇိုင်းများ ဖန်တီးပေးရုံသာမက Hair , Nail &

Skincare ဆိုင်ရာ သိသင့်သိထိုက်တဲ့ Knowledge တွေလဲ

Sharing လုပ်ပေးမှာ ဖြစ်လို့ Page လေးကို Like & Follow

လုပ်ပေးထားဖို့ သတင်းကောင်းလေး ပေးပါရစေရှင်။

အလှဆုံးဖန်တီးပေမယ့် Myat’s Salon

Be Beauty with us

25/09/2023

အလုပ်မှာ ပင်ပန်းညောင်းညာနေလို့ အပူထွက် အဆိပ်ထုတ်

ရေနွေးနွေးလေးနဲ့ တရုတ်တိုင်းရင်းဆေးစိမ်မလား

တခါတည်း ခြေထောက် Cleaning လေးပါလုပ်ပေးပြီး Scrub

တိုက် သေချာ နှိပ်နယ်ပေးမှာနော်။

ညောင်းညာကိုက်ခဲနေသမျှ ပေါ့ပါးလန်းဆန်းပြီး အိပ်ပျော်စေဖို့

တာဝန်ယူတယ်နော်။

ဝါသနာပါရင် ခြေသည်းလေးတွေကို Gel ကာလာလေးပါ ဆိုးလို့

ရတယ် ဆိုတော့ ဘာလိုသေးလဲ?????

စျေးနှုန်းလေးတွေကလဲ ဆေးစိမ် ၅၀၀၀

Gel ကာလာ တချောင်း ၈၀၀ ဆိုတော့ နှစ်မျိုးပေါင်းမှ

၁၃၀၀၀ကျပ်ပဲ ကျမှာနော်။

Monday မှာတင် ပင်ပန်းနွမ်းနယ်နေပြီဆိုရင် ကျမတို့ရဲ့

ဆိုင်လေးမှာ လာရောက် ဇိမ်ယူနိုင်ပါပြီရှင်။

ကျမတို့ရဲ့ ဆိုင်လေးကို One’s Salon မှ Myat’s Salon

အဖြစ် နံမည်ပြောင်းလဲ ဖွင့်လှစ်ထားပါတယ်ရှင့်။

23/09/2023

ကာလာလေးလဲ ချိန်းချင်တယ်

ဒီဇိုင်းလေးလဲ ပြောင်းချင်တယ် ဆိုရင် ဖြောင့် ကောက် ဆေးဆိုး Rebound 50% off Promotions

တွေရှိလို့ စိတ်တိုင်းကျ ဒီဇိုင်းပြောင်းလိုက်လို့ ရပြီနော်။

ဝါရင့်ကျွမ်းကျင် ဆရာမကိုယ်တိုင် ပြုလုပ်ပေးနေတာ မို့လို့

စတိုင်ကျ မိမိုက်နေဖို့ လုံးဝ တာဝန်ယူပါတယ်နော်။

ခေါင်းလျှော်နှိပ် မျက်နှာပေါင်းတင် အဆိပ်ထုတ်

လက်သည်း ခြေသည်း Cleaning Service ခြေထောက် ဆေးစိမ်

ဂျယ်စိမ် Gel one color ဆိုးလို့ရတဲ့ Services တွေရှိတာ မို့လို့

လာရောက် အားပေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ရှင်။

Be Beauty - with us

21/09/2023

ချစ်ရပါသော Customer လေးများရှင်

ဒီနေ့ ဆံပင်လေးတွေ ဂရုစိုက်ပေးသင့်တဲ့ ကြာသာပတေးနေ့လေး ရောက်လာပြီနော်။

မနက်ဖြန် TGIF မှာ ဒီဇိုင်းလန်းလန်းလေးနဲ့ Chill ချင်တယ် ဆိုရင် ကျမတို့ Salon ကိုလာပြီး ခေါင်းလျှော်ပုံသွင်းပြီး ဒီဇိုင်းလန်းလန်းလေး ဖန်တီးနိုင်ပါပြီနော်။

စိတ်ကျေနပ်မှု့ အပြည့်ပေးနိုင်မယ့် Service များနဲ့
နွေးထွေးစွာ စောင့်ကြိုပါ့မယ်ရှင်။
Be Beauty - with us

19/09/2023

ချစ်ရပါသော Customer လေးတို့ရေ

ကျမတို့ရဲ့ ဆိုင်လေး ပြုပြင်ပြောင်းလဲရေး တချို့လုပ်နေတဲ့အတွက် ဒီရက်ပိုင်းမှာ ဆိုင်လေးပိတ်ထားရတဲ့အတွက် ခေတ္တခဏ အဆက်အသွယ်ပြတ်သွားတဲ့ အတွက် အဆင်မပြေဖြစ်သွားအပေါ် အနူးအညွှတ်တောင်းပန်ပါတယ်နော်။

ဆိုင်ပြုပြင်နေစဉ်ကာလ အတွင်းမှာပဲ လာရောက်အားပေးကြတဲ့
Customer လေးများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ပြုပြင်ဆဲ ကာလ ဖြစ်တဲ့အတွက် Service ဆိုင်ရာ အားနည်းချက်များ စိတ်တိုင်းမကျမှု့များ ရှိခဲ့ရင် Page Chat Box မှာ အချိန်မရွေးလာပြောပေးပါရှင်။ စိတ်ကျေနပ်မှု့ ရရှိအောင် ဝန်ဆောင်မှု့ အခမဲ့ ပြန်လည်လုပ်ဆောင်ပေးပါမယ်ရှင်။

ယနေ့ ၁၉ စက်တင်ဘာ ၂၀၂၃ မှ စတင်၍ ဆိုင်ပြန်လည် ဖွင့်လှစ်
ပြီ ဖြစ်သောကြောင့် ချစ်ရပါသော Customer လေးများ ကို အကောင်းဆုံး ဝန်ဆောင်မှု့များဖြင့် စောင့်ကြိုနေပါ့မယ်ရှင်။

လာရောက်အားပေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ရှင့်။

14/07/2023

Hello
မင်မင်တို့ဆိုင်လေးက
ကာကာလေးတို့ အဆင်ပြေပြေစိတ်ချမ်းချမ်းသာသာနဲ့ ဆံကေသာ ဒီဇိုင်းချိန်းလို့ရအောင်

အမျိုးသား အမျိုးသမီးကို
ညှပ်လျှော်မှ 5️⃣0️⃣0️⃣0️⃣ကျပ်ထဲနဲ့ ကာကာလေးတို့ စိတ်တိုင်းကျ ဒီဇိုင်းချိန်းလို့ရပါပြီနော်

ခေါင်းလျှော်
Foot Cleansing ကိုလဲ
၁၀ကြိမ်ပြည့်ရင်
မိမိနှစ်သက်ရာ

မျက်နှာဆေး
Foot cleansing
လက်ဆောင်ပြုလုပ်ပေးသွားမှာပါရှင်

မင်မင်တို့ဆိုင်လေးကို လာအားပေးချင်တယ်ဆို

Ph no:📲09445805803
Address:💒 ပုဇွန်တောင်မြို့နယ် ရေကျော်စျေးနား ဝတ်ကျောင်းလမ်း အမှတ်၃၇ A မြေညီ

#ဝတ်ကျောင်းလမ်း

#ရေကျော်
#ပုဇွန်တောင်

13/07/2023

မိုးရာသီ အထူး အစီအစဉ်လေးပါ
ONE’S SALON ဆိုင်လေးမှာ
ဖြောင့်မလား ကောက်မလား ဆိုးမလား
ကြိုက်တာလုပ် 1️⃣0️⃣%လျှော့စျေးလေးအပြင်
မျက်နှာ ဆေး တာဖြစ်ဖြစ်
foot cleansing ဖြစ်ဖြစ်
မိမိနှစ်သက်ရာကို လက်ဆောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်ရှင်

မင်မင်တို့ဆိုင်လေး က စျေးသက်သက်သာသာနဲ့
ပြုလုပ်ပေးမယ့်အပြင် customer စိတ်ကြိုက် serviceကောင်းကောင်း ပေးသွားမှာပါနော်

မင်မင်တို့ဆိုင်လေးက်ိုလာရောက်အားပေးလိုပါက

Ph no📱:09.445805803

Address 💒: ပုဇွန်တောင်မြို့နယ်
ရေကျော်city mart ရှေ့မျက်စောင်းထိုး ဝတ်ကျောင်းလမ်း အမှတ်၃၇ A မြေညီ😍

11/07/2023

မှားပါတယ် မသောင်းရယ် 😖😖

Want your business to be the top-listed Hair Salon in Pazundaung?
Click here to claim your Sponsored Listing.

Category

Website

Address


23 Wut Kyaung Street
Pazundaung
11171

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00