PHYU SIN THANT
Vet Clinic, Pet Spa And accessories
26/06/2023
အားဆေး၊ သန်ချဆေး ၊ သန်းသေပေါင်ဒါ ၊ လေဆေး ၊ shampoo ၊ အနံ့ပျောက် ရေမွှေး ၊ အနာ လိမ်းဆေး / ဖျန်းဆေး တို့ ရှိပါတယ် ။
25/06/2023
Normal temperature ,Pulse rate, respiratory rate
02/05/2023
သတိထားစရာ ခွေးရူးပြန်ရောဂါ (𝑹𝒂𝒃𝒊𝒆𝒔 ) 🐕🦮🐕🦺
🔹ခွေးရူးပြန်ရောဂါဟာ ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုး (𝑹𝒂𝒃𝒊𝒆𝒔 𝒗𝒊𝒓𝒖𝒔) ကြောင့် ဖြစ်ပွားပြီး တိရိစ္ဆာန် မှတစ်ဆင့် လူကိုကူးစက်ပါတယ်။
🔹ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက 𝟏𝟎𝟎% သေဆုံးနှုန်းရှိတဲ့ ရောဂါ ဖြစ်ပါတယ်။
🔹ယင်းရောဂါဟာ အပူပိုင်းဒေသတွင် ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ဆင်းရဲပြီး အားနည်းသော လူအုပ်စုတွင် ပိုမိုဖြစ်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါကြောင့် တစ်နှစ်လျှင် သောင်းနှင့် ချီသော လူများသေဆုံးနေရပြီး အများစုမှာ အာရှနှင့် အာဖရိကနိုင်ငံများမှဖြစ်တယ်လို့ WHO မှ ဖော်ပြထားပါတယ်။
ဘယ်လိုကူးစက်နိုင်လဲ?
🔹ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော တိရိစ္ဆာန်များ (ဥပမာ- ခွေး၊ ကြောင်၊ လင်းနို့ စသည်တို့)၏ တံတွေးမှတစ်ဆင့် ကူးစက်ပါတယ်။ ရောဂါပိုးရှိနေသော တိရိစ္ဆာန် ကိုက်ခံရခြင်း၊ လူ့အရေပြားပေါ်တွင် ပွန်းရှခြစ်မိဒဏ်ရာရှိပြီး ထိုနေရာကို လျှာဖြင့်လျက်ခံရခြင်း နှင့် လူ့ခန္ဓာကိုယ်ရှိ အမြှေးပါးနှင့် ဖုံးအုပ်ထားသောနေရာများ (ဥပမာ- မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့၏ အတွင်းသားနေရာများ) ကို ရောဂါပိုးရှိနေသော တိရိစ္ဆာန်၏ တံတွေးနှင့် တိုက်ရိုက်ထိမိခြင်း စသည်တို့ကြောင့် ကူးစက်နိုင်ပါတယ်။
ခွေးရူးရဲ့ လက္ခဏာတွေက...
🔹ရောဂါဖြစ်ပွားသူများ၏ 𝟗𝟗% မှာ အိမ်မွေးခွေးများကြောင့် ဖြစ်ပါတယ်။
ခွေးရူး၏ လက္ခဏာများမှာ-
-ဖျားခြင်း၊ မှိန်းနေခြင်း (𝑭𝒆𝒗𝒆𝒓, 𝑳𝒆𝒕𝒉𝒂𝒓𝒈𝒚)
-သွားရည်တမြားမြားကျနေခြင်း (𝑬𝒙𝒄𝒆𝒔𝒔𝒊𝒗𝒆 𝒅𝒓𝒐𝒐𝒍𝒊𝒏𝒈)
-တွေ့ရာမြင်ရာလိုက်ဟပ်နေခြင်း (𝑨𝒈𝒈𝒓𝒆𝒔𝒔𝒊𝒐𝒏)
-ဟောင်သံပြောင်းလဲလာခြင်း (𝑪𝒉𝒂𝒏𝒈𝒆 𝒊𝒏 𝒗𝒐𝒊𝒄𝒆 𝒐𝒓 𝒃𝒂𝒓𝒌)
-အလင်းရောင်နှင့် အသံကို မခံနိုင်တော့ခြင်း (𝑺𝒆𝒏𝒔𝒊𝒕𝒊𝒗𝒊𝒕𝒚 𝒕𝒐 𝒍𝒊𝒈𝒉𝒕 𝒂𝒏𝒅 𝒔𝒐𝒖𝒏𝒅)
-အရက်မူးနေသကဲ့သို့ ဒယိမ်းဒယိုင်ဖြစ်နေခြင်း (𝑼𝒏𝒔𝒕𝒆𝒂𝒅𝒊𝒏𝒆𝒔𝒔)
-ထင်ယောင်ထင်မှားဖြစ်ပြီး သက်မဲ့အရာဝတ္တုများကို လိုက်ကိုက်နေခြင်း (𝑯𝒂𝒍𝒍𝒖𝒄𝒊𝒏𝒂𝒕𝒊𝒐𝒏𝒔)
လူကိုကူးစက်သွားရင် ဘာတွေခံစားရမှာလဲ?
🔹ရောဂါပိုး စတင် ဝင်ရောက်ပြီးသည်မှ ရောဂါလက္ခဏာများ စတင်ပြသချိန်အထိ ရောဂါပျိုးရက်သည် ရက်အနည်းငယ်မှ လပိုင်း (သို့မဟုတ်) နှစ်ချီ၍ပင် ကြာမြင့်နိုင်ပါတယ်။
🔹ခံစားရနိုင်သည့် ရောဂါလက္ခဏာတွေက...
-အစောပိုင်းတွင် အအေးမိဖျားနာသည့်လက္ခဏာများနှင့် ဆင်တူပါတယ်။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း နှင့် အကိုက်ခံရသောနေရာတွင် နာခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။
ခွေးရူးပြန်ရောဂါဟု သေချာစေသည့် လက္ခဏာများမှာ-
*ရေမသောက်ရဲဘဲ ရေကိုကြောက်လန့်နေခြင်း (𝑯𝒚𝒅𝒓𝒐𝒑𝒉𝒐𝒃𝒊𝒂)
*အလင်းကိုမခံနိုင်ခြင်း (𝑳𝒊𝒈𝒉𝒕 𝒔𝒆𝒏𝒔𝒊𝒕𝒊𝒗𝒊𝒕𝒚)
*စိတ်တို၊ စိတ်ရှုပ်ထွေးလာခြင်း (𝑨𝒈𝒈𝒓𝒆𝒔𝒔𝒊𝒐𝒏)
*ဂယောင်ချောက်ခြားဖြစ်ခြင်း (𝑯𝒂𝒍𝒍𝒖𝒄𝒊𝒏𝒂𝒕𝒊𝒐𝒏)
*ညဘက်အိပ်မပျော်ခြင်း (𝑰𝒏𝒔𝒐𝒎𝒏𝒊𝒂)
*တံတွေးအထွက်များလာခြင်း (𝑰𝒏𝒄𝒓𝒆𝒂𝒔𝒆𝒅 𝒔𝒂𝒍𝒊𝒗𝒂𝒕𝒊𝒐𝒏)
ခွေးရူးပြန်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ?
🔹ခွေးရူးပြန်ရောဂါကာကွယ်ရန် အောက်ပါတို့ကို လုပ်ဆောင်ပါ။
* ရောဂါကူးစက်ရန် အလားအလာများသူများ (ဥပမာ- ဓါတ်ခွဲခန်းဝန်ထမ်းများ၊ တိရိစ္ဆာန်များနှင့်အမြဲထိတွေ့နေရသူများ) သည် ခွေးရူးပြန်ကာကွယ်ဆေး ကြိုတင်ထိုးနှံထားပါ။
* ခွေးကိုက်ခံရပါက ပေါ့ပေါ့ဆဆမနေဘဲ (၂၄နာရီ)အတွင်း ခွေးရူးပြန်ကာကွယ်ဆေး စတင်ထိုးပါ။ ထို့နောက် သက်မှတ်ရက်အတိုင်း အကြိမ်ပြည့်အောင် ဆက်လက်ထိုးနှံပါ။
* အိမ်မွေးတိရိစ္ဆာန်များကိုလည်း ကာကွယ်ဆေး ကြိုတင်ထိုးပေးထားပါ။
* ခွေးကိုက်မခံရအောင် နေထိုင်ပါ။ တောရိုင်းတိရိစ္ဆာန်များကို မွေးမြူခြင်း မပြုပါနှင့်။
Ref:
Rabies - Symptoms and causes - Mayo Clinic
Rabies (who.int) Global Alliance for Rabies Control (GARC)
#ခွေးရူးပြန်ရောဂါ
28/04/2023
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ
မနက်ဖြန် ၂၉.၄.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီ ဆေးခန်းလေးစဖွင့်ပါမည်
ဖွင့်ပွဲ အမှတ်တရအနေဖြင့် တိလေးများအား
*ခွေးရူးကာကွယ်ဆေး
* သံချဆေး
* အားဆေး
လိုအပ်သည်ကို #အခမဲ့ ထိုးပေးပါမည်
လာရောက်ကြဖို့ ဖိတ်ခေါ်ပါသည်ရှင်
လိပ်စာ။
ရွှေပြည်ရန်နိုင်ကျောင်းမြောက်ဘက်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်၊ပျော်ဘွယ်မြို့။
*09-950151600,09-796754743
.pyawbwe
26/04/2023
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ
Vet Clinic အနေဖြင့် တိလေးများအား
* အထွေထွေ ရောဂါကုသပေးခြင်း
* အထွေထွေ ခွဲစိတ်ကုသပေးခြင်း
* ကာကွယ်ဆေးထိုးနှံပေးခြင်း
* ဆွေးနွေးတိုင်ပင်နိုင်ခြင်း
Pet Spa and Accessories တွင်
* အမွှေးရှင်းပေးခြင်းနှင့်ရေချိုးပေးခြင်း ( Brushing and Bath )
* နားသန့်ရှင်းပေးခြင်း (Ear Cleaning)
* ခြေသည်း၊လက်သည်း ညှပ်ပေးခြင်း ( Claw Clipping )
* အမွှေးများ ရိတ်ပေးခြင်း ( Basic Triming )
* သွားသန့်ရှင်းပေးခြင်း ( Tooth Brushing )
* စအိုဂလန်း သန့်ရှင်းပေးခြင်း ( A**l Gland Cleaning )
* အမွှေးအပြောင် ရိတ်ပေးခြင်း (Shaving )
* တိကလေးငယ်များအား အခြောက်လျှော်ပေးခြင်း ( Dry Cleaning )
* တိအသုံးဆောင်ပစ္စည်း များဝယ်နိုင် ခြင်း
Spa လုပ်ချင်သူများ ဘိုကင် ( Booking ) ကြိုတင်ပေးပေးပါရန်။
လိပ်စာ ။
ရွှေပြည်ရန်နိုင်ကျောင်းမြောက်ဘက်၊ မေတ္တာ လမ်း ၊ ရွှေပြည်ရန်နိုင်ရပ်ကွက် ၊ ပျော်ဘွယ် မြို့။
*09-950151600,09- 796754743
#၂၉.၄.၂၀၂၃ ရက်နေ့ စ ဖွင့်ပါမည်ရှင်
sin thant
# pet spa,
26/04/2023
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ
၂၉.၄.၂၀၂၃ ရက်နေ့
ဆေးခန်းလေးစဖွင့်ပါမည်ရှင်
#ပျော်ဘွယ်မြို့
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
မေတ္တာ လမ်း၊ ရွှေပြည်ရန်နိုင်ကျောင်းမြောက်ဘက်
Pyawbwe
959