Metabolic Tea and Healthy

Metabolic Tea and Healthy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Metabolic Tea and Healthy, Health/Beauty, Sinde, Pyay.

09/01/2021

Lipid Metabolic Management Tea (M-Tea) ရဲ့ ကျန်းမာရေးကောင်းကျိုးများ

M-Tea ကကျန်းမာရေး ရေနွေးကြမ်းဆိုတော့ မြန်မာလူမျိုးတို့ရဲ့ နေ့စဉ်သောက်သုံးကြပြီး ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်တဲ့ အရာတွေထဲကတစ်ခုဖြစ်ပါတယ်။

M-Tea မှာ ပါဝင်နေတဲ့ Antioxidants တွေဟာ ဗိုက်ထဲက အဆီတွေကို လျော့ကျစေနိုင်တဲ့အတွက် ဝိတ်လျှော့တဲ့အခါမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

M-Teaကိုရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီး ၁နေ့ ၃ခွက် ပုံမှန် သောက်သုံးပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် M-Tea သောက်ခြင်းသည် သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ဖယ်ရှားရှင်းထုတ်ပေးပြီး ပုံမှန် သွေးလည်ပတ်မှုကို အထောက်အကူပေးပါတယ်။ နောက်တစ်ခုကတော့ နံနက်ချိန်ခါမှာရေနွေးကြမ်းကို သောက်သုံးခြင်းဟာလည်း အစာချေဖျက်ခြင်းအပိုင်းကို ပိုမိုကောင်းမွန်စေပါတယ်။ အစာစားပြီးတိုင်း ရေအေးကိုသောက်လိုက်ခြင်းဟာလည်း သင့်ကျန်းရေးအတွက် ထိရောက်မှုမရှိနိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အဆီဓာတ်တွေများလာသည့်အပြင် အစာများကိုလည်း လွယ်ကူစွာမချေဖျက်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ အစာစားပြီးတိုင်း ရေအေးသောက်သုံးတဲ့နေရာများ M-Tea ရေးနွေးကြမ်းကို အစားထိုးသောက်သုံးခြင်းဖြင့် သင့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။

သွယ်လျတဲ့ ခန္ဒာကိုယ် အရွယ်တင်နုပျိုစေရုံမက ကျန်းမာရေးအတွက်လည်း အထောက်အပံဖြစ်နိုင်တာမို့ M-Tea ရေနွေးကြမ်း တနေ့ ၃ခွက် မသောက်နိုင်ရင်တောင် ၁ခွက်လောက် ပုံမှန်သောက်ပေးရင် များစွာသော အကျိုးကျေးဇူးများ ရရှိစေနိုင်တာ အမှန်ပါပဲနော်။

🎁M-Tea တစ်ဘူးကို
အထုတ် ၄၀ ပါတယ်နော်🎁

🎁တစ်ဘူးကို ၁၉၅၀၀ ကျပ်ပါ🎁

တစ်နေ့ကို တစ်ထုတ်အနည်းဆုံးသောက်
ပေးပါ။
တစ်ရက်ကို ၄၉၀ ထဲနဲ့ ကျန်းမာတဲ့နေ့စဥ်ဘဝကို အရယူလိုက်ပါနော်🙂

☎️ 09755183152

ရောဂါဘယတွေကင်းဝေးပြီး နေ့ရက်တိုင်းကျန်းမာပျော်ရွှင်ချမ်းမြေ့ပါစေ🙏

05/06/2020

မဂ်လာရှိသောနေ့သစ်လေးပါနော်
ကျန်းမာချမ်းသာကြပါစေ

21/05/2020

ကျွန်မတို့တွေရဲ့ ခန္ဓာကိုယ်ဟာ အသက်အရွယ်လေး ရလာတာနဲ့အမျှ အဆီပိုတွေ ဟိုနားနည်းနည်း ဒီနားနည်းနည်း တဖြေးဖြေး စုသည်ထက် စုလာတတ်ကြပြီး ဝသည်ထက် ဝလာတတ်ကြတာကို သတိထားမိကြမယ်နဲ့တူပါတယ် 😁
ဒီလို တဖြေးဖြေး ဝသည်ထက်ဝလာတာဟာ သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။
တကယ်တော့ ဒါဟာ ပုံမှန်ပါပဲနော်။

ကျွန်မ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ဟော် မုန်း(hormones ) တွေအကြောင်းကို အရင်ပြောပြချင်ပါတယ်။

အမျိုး သား တွေမှာ တက်စတိုစတီရုန်း ( testosterone) ဆိုတဲ့ အမျိုး သား ဟော် မုန်းက ယောကျာ်းများကို သဘာဝအရ ခန္ဓာကိုယ်သွယ်လျစေပြီးသားပါ။

ဒီဟော်မုန်းက ကြွက်သားတည်ဆောက်ခြင်း၊ ဇီဝရုပ်ဖြစ်ပျက်ခြင်းကို လျင်မြန်စေခြင်းနဲ့ သွေး တွင်း အချိုဓာတ် ကို အဓိက ထိန်း ညှိ ပေးတဲ့ အင်ဆူလင်ဟိုမုန်းရဲ့ လုပ်ဆောင်ချက်ကို ထိန်းချုပ်ပေးခြင်း စတဲ့အလုပ်တွေကို လုပ်ပေးပါတယ်။

Testosterone ဟော်မုန်းတွေ လျော့လာခြင်းက ခန္ဓာကိုယ်ထဲမှာ အဆီတွေကို ပိုပြီးသိုလှောင်စေပါတယ်။
ဒီအတိုင်းပါပဲ. . . အဆီ ပိုများစု ဝေး လာ ခြင်း ကလည်း အမျိုးသား ဟော်မုန်းရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေပြန်ပါတယ်။

ယောကျာ်းလေးတွေရဲ့ခန္ဓာကိုယ်မှာ ဒီ Testosterone ဟော်မုန်းတွေက အသက်သုံးဆယ်ကျော်လာရင် တစ်နှစ်ကို တစ် ရာခိုင်နှုန်း ကျလာတတ်ပါတယ်။
ဒါက တော့ ဗိုက်မှာအဆီတွေ စုလာရခြင်းရဲ့အကြောင်းတစ်ခုပါ။

အမျိုးသမီး တွေမှာ အီစတိုဂျင် (oestrogen) နဲ့ ပရိုဂျက်စတီရုန်း(progesterone) လို့ ခေါ် တဲ့ အမျိုးသမီးဟော်မုန်းတွေဟာ မျှတစွာရှိကြပါတယ်။

အီစတိုဂျင်(oestrogen)များခြင်းဟာလည်း အဆီတစ်ရှူးများဖြစ်ပေါ်စေပါတယ်။
သို့သော် အသက်ငယ်စဉ်မှာ တိုးနေတဲ့ အီစတို ဂျင်(oestrogen)ကို ပရိုဂျက်စတီရုန်း(progesterone) က ကောင်း မွန်စွာ ထိန်း ညှိပေး နေ လို့ အဆီတွေ မတရားတက်မလာရတာပါ။

အသက် ၃၅ ကနေ သွေးဆုံးတဲ့အရွယ်အထိ အဆိုပါ ဟော်မုန်း ပမာဏ နှစ်မျိုးလုံးဟာ တဖြေးဖြေး ကျဆင်းလာပါတယ်။
ဒါပေမဲ့ ပရိုဂျက်စတီရုန်း (progesterone) ဟော်မုန်း ရဲ့လျော့နည်းလာမှုက ပိုမိုမြန်ဆန်လို့ အီစတိုဂျင် (oestrogen) နဲ့ ပမာဏဟန်ချက်ပျက်ပြီး အီစတိုဂျင် (oestrogen) ရဲ့ အာနိသင်ဖြစ်တဲ့ အဆီတိုးလာခြင်းကို ပိုမိုမြန်ဆန်စွာ ဖြစ် ပေါ်လာ စေပါတယ်။

ကြွက်သားဆုံးရှုံးလာခြင်း

အသက်ကြီးလာတဲ့အခါ ဝိတ်ချတာခက်တယ်ဆိုတဲ့အကြောင်းရင်းတွေထဲကတစ်ခုကတော့ အသက်ကြီးလာလေလေ ဇီဝရုပ် ဖြစ် ပျက်ခြင်းနှေးလာလေလေမို့ပါ။

ခန့်မှန်းရတာတော့ အသက် ၄၀ ကျော်ရင် ဆယ်စုနှစ်တစ်ခုပြီးတိုင်း ပြီးတိုင်း ဇီဝရုပ်ဖြစ်စဉ် ရဲ့ လုပ် ဆောင် ချက် က ၅% ကျသွားတတ်ပါတယ်။
အဲဒီလိုဘာကြောင့်ဖြစ်တာလဲဆိုတော့ ကြွက်သားတွေဆုံးရှုံးလာလို့ပဲ ဖြစ်ပါတယ်။

အဆီတိုးလာခြင်း

အသက်ကြီးလာတာနဲ့အမျှ ကြွက်သားဆုံးရှုံးမှုတွေ များလာသလို တစ်ချို့သော အဆီအမျိုးအစားတွေလည်း တိုးလာပါတယ်။ ခန္ဓာကိုယ်အတွင်း ကယ်လိုရီချေဖျက်ပြီး အပူစွမ်းအင်ထုတ်ပေးတဲ့အဆီညို (Brown Fat)တွေ ဆုံးရှုံးမှုများလာပြီး ကယ်လိုရီအပိုတွေကို စုပေးတတ်တဲ့ အဆီဖြူ (white fat) တွေတိုးလာတာမျိုးပါ။ ဒါကလည်း သင့်ကို ဝလာစေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

စိတ်ဖိစီးမှုများလာခြင်း

အသက်ကြီလာတာနဲ့အမျှ အလုပ်အကိုင်ကအစ ကလေးပြုစုရတာအလယ် ပင်စင်ယူရတာအဆုံး ယူရတဲ့တာဝန်တွေ တိုးလို့လာပါတယ်။ဒီလိုနဲ့ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုကြောင့် ကော်တီစော( Cortisol) ဆိုတဲ့ဟော်မုန်းတွေ ထုတ်လုပ်မှုများလာပါတယ်။

ကော်တီစော (Cortisol) ဆိုတဲ့ဟော်မုန်းက အသက်အန္တရာယ်ကြုံလာတဲ့ ပြေးရလွှားရအခြေအနေမျိုး( Fight & Flight) မှာ တွေများမှ ထွက်လာရတာပါ။
အခုလို အသက်အန္တရာယ် မကြုံရဘဲ စိတ်ဖိစီးမှုများလာရင် ထွက်လာရတဲ့ကော်တီစောက ကယ်လိုရီအပိုတွေကို အဆီဖြူအဖြစ် ခန္ဓာကိုယ်မှာလှောင်စေတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့အခါ ဝလာတတ်တာပါ။

ကျွန်မ အခုပြောပြခဲ့သလောက်ဆိုရင်တော့ အသက်အရွယ်ရလာတာနဲ့အမျှ ဘာလို့ ပိုပို ဝလာတတ်သလဲရယ်၊ ဝိတ်ချဖို့ရော ဘာလို့ ပိုခက်လာသလဲဆိုတာရယ်ကို အားလုံးလည်း သဘော ပေါက် ပြီလို့ ထင် ပါတယ်ရှင့်....

အားလုံးကို ကျေးဇူးတင်ပါတယ် ရှင့် 🙏

Credit to 👉Dr.Ei Thet of Leeds (ENGLAND)
Candidate of MSc Sports and Exercise Medicine program

21/05/2020

ကောင်းသောနေ့သစ်လေးပါရှင့်

19/01/2020

လက်ဖက်စိမ်း ရေနွေးကြမ်း သောက်ခြင်းရဲ့ အကျိုးအာနိသင်များ



သုတေသန ရလဒ် တော်တော်များများက လက်ဖက်စိမ်းဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် ကောင်းကျိုး အပြုဆုံး အပင်တစ်မျိုးလို့ ထောက်ခံ ညွှန်ပြနေပါတယ်။ အထူးသဖြင့် လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် သက်စောင့်ဓာတ်တွေ ကြွယ်ကြွယ်ဝဝ ပါဝင်နေပါတယ်။

အရွက်ကို ခူးဆွတ်ပြီး နေရိပ်ထဲမှာ အခြောက်ခံထားတဲ့ လက်ဖက်စိမ်း ရေနွေးကြမ်းကို ပုံမှန် သောက်မယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အထောက်အပံ့ အတော်များများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကောင်းကျိုးပြု ဓာတ်တွေ
လက်ဖက်စိမ်း ရေနွေးကြမ်း သောက်တာဟာ ရေငတ်ပြေရုံထက် အများကြီး ပိုပြီး အာနိသင် ရှိပါတယ်။ Polyphenols ကြွယ်ဝတဲ့အတွက် ရောင်ရမ်းမှုကို လျော့ကျစေပြီး ကင်ဆာဆဲလ်တွေကို ဆန့်ကျင်ရာမှာလည်း အကူအညီပေးတယ်။ Catechinဆိုတဲ့ သဘာဝ Antioxidantက ဆဲလ်ယိုယွင်းမှုတွေကို တားဆီးပေးတယ်။ အရေးကြီးတာက ကိုယ်ရွေးချယ်တဲ့ လက်ဖက်စိမ်းရဲ့ အရည်အသွေးကို သေချာ စိစစ် ရွေးချယ်ဖို့ပါ။ အရည်အသွေးနိမ့်တဲ့ လက်ဖက်စိမ်းတွေမှာ ကျန်းမာရေးအတွက် မသင့်တော်တဲ့ ဖလိုရိုက်ဓာတ်တွေ လွန်လွန်ကဲကဲ ပါဝင်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။

ဦးနှောက်စွမ်းရည်မြှင့်
လက်ဖက်စိမ်းက လူကို လန်းဆန်းစေပါတယ်။ ဒါ့အပြင် ပိုပြီးလည်း ထက်မြက်စေပါတယ်။ ဦးနှောက်ကို လှုံ့ဆော်ပေးတဲ့ ကဖိန်းဓာတ်က သင့်တော်တဲ့ ပမာဏလောက်ပဲ လက်ဖက်စိမ်းမှာ ပါဝင်တယ်။ဒါကြောင့် ကော်ဖီ သောက်သလောက် ကဖိန်း များများ ရရှိစေမှာ မဟုတ်ပါဘူး။ ကဖိန်းလွန်ကဲလို့ ကြုံနိုင်တဲ့ ဘေးထွက် အာနိသင်တွေကိုလည်း ရှောင်လွှဲပြီး ဖြစ်ပါလိမ့်မယ်။ Adenosine ဓာတ်က ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို လှုံ့ဆော် အားပေးဖို့ သွယ်ဝိုက် ကူညီပါသေးတယ်။ လက်ဖက်စိမ်းမှာ ပါတဲ့ L-theanineကလည်း ဦးနှောက်ထဲက သွေးစီးဆင်းမှုတွေကို ပိုပြီး ချောမွေ့အောင် ထောက်ပံ့ပေးနိုင်ပါတယ်။

အဆီကျ
လက်ဖက်စိမ်းမှာ သဘာဝ အဆီကျဆေးလို့ ပြောရမယ့် ဖြည့်စွက် အာနိသင်တွေ ပါဝင်ပါတယ်။ လက်ဖက်စိမ်းက အဆီချေဖျက်မှု အပါအဝင် လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် တချို့ကို တွန်းအားပေး မြှင့်တင်နိုင်ပါတယ်။ ကျန်းမာသန်စွမ်းသူတွေမှာ လက်တွေ့ စမ်းသပ်မှုအရ လက်ဖက်စိမ်း ပုံမှန် သောက်ခြင်းဟာ အဆီလောင်ကျွမ်းမှုကို သာမန်ထက် ၄ ရာခိုင်နှုန်းထက်မနည်း ပိုအားပေးတယ်လို့ ဆိုပါတယ်။ တခြား သုတေသန စစ်တမ်း တစ်ခုမှာတော့ လက်ဖက်စိမ်းက လူတွေရဲ့ ဇီဝကမ္မ ဖြစ်စဉ် အပြောင်းအလဲတွေကို မြန်ဆန်စေတာ ဖြစ်တဲ့အတွက် အဆီလောင်ကျွမ်းမှုမှာ လူတစ်ယောက်နဲ့တစ်ယောက် ပမာဏ ကွဲပြားနိုင်တယ်လို့ ဆိုပါတယ်။ ကဖင်းဓာတ်နဲ့ပါ ပူးပေါင်းလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တက်ကြွ လှုပ်ရှားနိုင်စွမ်းကိုပါ ၁၂ ရာခိုင်နှုန်းလောက်ထိ အားဖြည့် မြှင့်တင်ပေးနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေလျော့
လက်ဖက်စိမ်းသောက်လို့ ကင်ဆာ မဖြစ်ဘူး ဆိုတာမျိုး အယူအဆ မမှားစေချင်ပါဘူး။ ကင်ဆာရောဂါရဲ့ အခြေခံ သဘောဟာ ဆဲလ်တိုးပွားမှု အထိန်းအကွပ် မရှိဘဲ ဖြစ်သွားတာကြောင့်ပါ။ ကင်ဆာရောဂါဟာ ကမ္ဘာပေါ်မှာ အသေအပျောက် အများဆုံး ကျန်းမာရေး ပြဿနာ တစ်ခုလည်း ဖြစ်ပါတယ်။ လက်ဖက်စိမ်း ပုံမှန် သောက်တဲ့အခါ ပါဝင်တဲ့ Antioxidantတွေက ကင်ဆာ အမျိုးအစား တချို့ကို တားဆီးနိုင်တဲ့ အာနိသင်မျိုး အထင်အရှား တွေ့ရပါတယ်။ ဥပမာ လက်ဖက်စိမ်း ပုံမှန်သောက်တဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်ထိ လျော့သွားတာမျိုးပါ။ ဆီးကြိတ်ကင်ဆာ၊ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချဖို့လည်း လက်ဖက်စိမ်းက အကူအညီ ပေးပါလိမ့်မယ်။

ဦးနှောက်ကို ကာကွယ်
ဦးနှောက်ရဲ့ လုပ်ဆောင်မှု စွမ်းရည်တွေကို လက်ဖက်စိမ်းက မြှင့်တင်ပေးတဲ့အကြောင်း ပြောပြီးပါပြီ။ ဒါ့အပြင် ဦးနှောက် ယိုယွင်း ပျက်စီးမှုကို လျော့ကျစေတဲ့ အကျိုးကျေးဇူးမျိုးလည်း ရှိပါတယ်။ ဒါဟာ ဦးနှောက်ကို ရေတိုအပြင် ရေရှည်ပါ အကျိုးပြုတဲ့ သဘောပါ။ ဦးနှောက် ယိုယွင်းမှုကို နှောင့်နှေးစေတာကြောင့် အသက်ကြီးရင့်လာတဲ့အခါ ပါကင်ဆန်နဲ့ အယ်လ်ဇိုင်းမားတို့လို ရောဂါဆိုးတွေ စွဲကပ်နိုင်ခြေ လျော့ပါးသွားမှာပါ။ လက်ဖက်စိမ်းမှာ ပါဝင်တဲ့ Catechin ဓာတ်ပေါင်းတွေဟာ ဒီလို ရောဂါတွေနဲ့ ပတ်သက်ရင် ထင်သာမြင်သာတဲ့ တုံ့ပြန် ကာကွယ်နိုင်စွမ်း အာနိသင်မျိုး ရှိနေကြောင်း သုတေသန ရလဒ် တော်တော်များများက ထောက်ခံထားကြပါတယ်။

သဘာဝ ပိုးသတ်ဆေး
Catechin ဓာတ်ပေါင်းတွေမှာ နောက်ထပ် ဇီဝဗေဒဆိုင်ရာ အာနိသင်တွေ ရှိပါသေးတယ်။ ဒီဓာတ်ပေါင်းတွေဟာ ဆိုးကျိုးပြု ဘက်တီးရီးယားတွေနဲ့ တုပ်ကွေးလို ဗိုင်းရပ်စ်တွေကို ဖြိုခွင်းနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ပိုးမွှားဝင်ရောက် တိုက်ခိုက်နိုင်ခြေ သိသိသာသာ လျော့ပါးသွားမှာပါ။ ခံတွင်း ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ Streptococcus mutans ဘက်တီးရီးယားတွေကိုလည်း နှိမ်နင်းနိုင်တဲ့ သဘာဝ စွမ်းအားမျိုး လက်ဖက်စိမ်းက ပိုင်ဆိုင်ပါတယ်။ ဒါကြောင့် သွားကျန်းမာရေး အတွက်လည်း ကောင်းကျိုး ရှိနိုင်ပါလိမ့်မယ်။

ဆီးချိုနဲ့ နှလုံးရောဂါ
အမျိုးအစား ၂ (Type 2) ဆီးချိုရောဂါ ခံစားနေရသူ အရေအတွက်က တစ်ကမ္ဘာလုံးမှာ သန်းပေါင်း ၄၀၀ လောက် ရှိပါတယ်။ သွေးထဲမှာ သကြားဓာတ် လွန်ကဲရာက ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ဟိုမုန်း ထုတ်လွှတ်မှု ဟန်ချက်တွေ ယိုယွင်းကုန်ပြီး ဒီရောဂါ စွဲကပ်လာတာ ဖြစ်ပါတယ်။ လက်ဖက်စိမ်းကတော့ သွေးထဲက သကြားဓာတ်ကို လျှော့ချပေးပြီး အင်ဆူလင်ကို သဘာဝအတိုင်း လှုံ့ဆော်ပေးကြောင်း သုတေသန ရလဒ်တွေက ဖော်ပြပါတယ်။ လက်ဖက်စိမ်းရဲ့ အာနိသင်ဟာ သွေးထဲက သကြားဓာတ်အပြင် အဆီစုဖွဲ့မှု ဖြစ်နိုင်ခြေတွေကိုလည်း တားဆီးပေးတာကြောင့် သွေးလည်ပတ်မှုကို အဓိက မောင်းနှင်တဲ့ နှလုံးရဲ့ ကျန်းမာရေးကိုလည်း ထောက်ပံ့ပေးပါတယ်။ နှလုံးနဲ့ ဆက်စပ်တဲ့ လေဖြတ်တာလို ရောဂါတွေပါ ဖြစ်နိုင်ခြေ လျော့သွားပါတယ်။ လက်ဖက်စိမ်း ပုံမှန် သောက်သုံးသူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ သာမန်ထက် ၃၀ ရာခိုင်နှုန်းလောက် ပိုနည်းသွားကြောင်း စစ်တမ်း တစ်ရပ်က ဖော်ပြဖူးပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင်တော့ အသက်ရှည်ရှည် နေချင်ရင် လက်ဖက်စိမ်း ပုံမှန် စွဲသောက်ဖို့ အကြံပြုရမယ့် သဘောပါပဲ။

07/01/2020

Metabolic Management Tea

☕ M.tea လေး သုံးဆောင်ပါအုံးရှင့်😊

လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းနှင့် သင့်ကျန်းမာရေးအတွက် ကောင်းကျိုးများ

#ကျွန်မတို့ နေ့စဉ် သောက်သုံးနေတဲ့
ရေ ပြီးရင် ဒုတိယ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးကတော့ ရေနွေးကြမ်း/လက်ဖက်ရည်ကြမ်းပါ...

#လက်ဖက်ရည်ကြမ်းထဲတွင်
ကင်ဆာဆဲလ်များ တိုးပွားမှုကိုရပ်တန့်ပေးတဲ့ Polyphenols ဓာတ်နဲ့
Antioxidants ဓာတ်များ ပါ၀င်နေသည့်အပြင် တစ်နေ့လျှင် လက်ဘက်ရည်ကြမ်း 3 ခွက်အနည်းဆုံး
သောက်သုံးပါက
နှလုံးရောဂါ ဖြစ်ပွားမှုကို 10 %
ရာခိုင်းနှုန်းကျဆင်းစေကြောင်း လေ့လာသူများထံမှ ထောက်ခံချက်များ
ပိုမို အသိအမှတ်ပြုလာခဲ့ကြပါတယ်...
ဒါအပြင် ဟားဗတ်ဇ်တက္ကသိုလ်မှ လေ့လာတွေ့ရှိမှုတွင်လည်း
လူခန္ဓာကိုယ်တွင်ဖြစ်တတ်သော
ရောဂါများဟာ လက်ဖက်ရည်ကြမ်း
သောက်သုံးခြင်းကြောင့် ကျဆင်းလာခဲ့ကြောင်း
လေ့လာတွေ့ရှိခဲ့ပါသည်။

Metabolic Management Tea တွင် သန့်စင်ထားသော
၁။လက်ဖက်စိမ်း၊
၂။ငါးမွှားအရွက် Gynostemma ဆေးပင်၊
၃။Sickle senna အစေ့၊
၄။ကြာရွက်နှင့်
၅။Panax (ဂျင်စင်း)၏ အမြစ်

စသော သဘာဝဆေးဖက်ဝင် နွယ်ပင်များ ပြည့်စုံ လုံလောက်စွာ ရောစပ်ထားပါသည်။

#ပုံမှန်သုံးစွဲပါက
သွေးတွင်း အဆီဓာတ် လျော့နည်းပြီး
သွေး၏ စီးဆင်းလည်ပတ်အားကို ကောင်းစေပါတယ်...
သွေကြောမကြီးမာ၍ ကျဉ်းသော ပမာဏကို နည်းပါးလာစေပြီး
နှလုံးသွေးကြောနှင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါများ မဖြစ်ပွားအောင် တားဆီးပေးသည်...

ကာလရှည်ကြာစွဲ၍ သောက်သုံးပါက
အဆီကို ထိရောက် လျင်မြန်စွာ ကျစေပြီး အပူကို ချေဖျက်ပေးကာ အစာကျေ၍ သရက်ရွက်နှင့် အစာအိမ်ကို သန်စွမ်းစေသည်။

~ မျက်လုံးများ ကြည်လင်တောက်ပခြင်း
~ အသည်းအား ပြုပြင်သန့်စင်ပေးခြင်း၊
~ အစာကြေကာ ဆီးရွှင်စေပြီး
~ အဆိပ်ပြေစေခြင်း၊
~ အူများ၏ လုပ်ဆောင်ချက်ကို ပုံမှန်ဖြစ်စေခြင်း
~ ဝမ်းမှန်စေခြင်း
~ အချိန်စော၍ ဆံပင်ဖြူခြင်းကို
တားဆီးပေးပြီး သွားများခိုင်မာစေသည်။
~ ခန္ဓာကိုယ်အားအင်ပြည့်ဝစေကာ
ပေါ့ပါး လန်းဆန်းစေပြီး
အရွယ်တင် နုပျိုစေပါတယ်ရှင်...

တစ်နေ့လျှင် ၂ကြိမ်မှ ၃ကြိမ်
တစ်ကြိမ်လျှင် ၁ထုပ်မှ ၂ထုပ်
ရေနွေးတွင်၁၀ မိနစ်ခန့် စိမ်ပြီး သောက်သုံးရန်

၁ ဗူးတွင် အထုပ် ၄၀ ပါဝင်သည်။
၁ ဗူး ၁၉၅၀၀
ဆက်သွယ်မှာယူလိုပါက
ph09771432578သို့

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Address


Sinde
Pyay