Pan Ei

Pan Ei

Share

Skincare & Makeup

04/02/2026

🫶🏼👭

27/01/2026

တရုတ်မင်းသမီးလေး ဂူးဂူးရဲ့💐flower makeup trend join ထားတယ်ရှင့် ゚viralシ 💄MaPan

23/01/2026

💄MaPan ゚viralシ

23/01/2026

မျက်တောင်တု တပ်ရင် ပိုလှမှာ သိတယ်
But ပျင်းလို့😒

Photos from Nail Heaven -Studio's post 08/01/2026

မြစ်ကြီးနား သူလေးတွေ အတွက် သတင်းကောင်း😍

02/01/2026

ယောကျာ်းတွေက မိန်းမတွေရဲ့ စိတ်နားလည် မပေးကြဘူး…

မိန်းမတွေရဲ့ စိတ် : 😬

30/12/2025

လက်တွေ့ သုံးကြည့်ပြီးလို့ ညွှန်းပေးတာ

ဆံပင်ပါးတဲ့သူ ဒီ၂မျိုး တွဲသုံးကြည့် တကယ်ကောင်းတာ ကိုယ်တွေ့

12/12/2025

ပွဲတက်အတွက် ဘားချပ် Saveဖြစ်အောင် အိမ်မှာ မျက်တောင်ဆက်မယ်

09/12/2025

ဘုရားရှိခိုးတတ်ရဲ့လား🙏🙏🙏?
*********************************

ဖတ်ကြည့်နော် ။

✍️ဒကာ ။

🙏ဘုရား ။

✍️ဘုရားရှိခိုးတာ
အချက်( ၅ )ချက်ပြည့်အောင်
ကန်တော့ရဲ့လား ?

🙏မှန်ပါ ။
တပည့်တော်လည်း ဘုရားရှိခိုးတာပဲ
ဘုရား ။
ဒါပေမဲ့
အချက်( ၅ )ချက် ပြည့်အောင်
ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့
တပည့်တော် မသိပါဘုရား ။

✍️အေး
ဒကာ သိအောင် ပြောပြမယ် ။

👉( ၁ ) ဘုရား ၊ တရား ၊ သံဃာ ၊
မိဘ ၊ ဆရာ တို့ကို
အရင် ရှိခိုးဦးချ ကန်တော့ပါ ။

👉( ၂ ) အပါယ် ဖျက်ရတယ် ။
ဒီအချက်က လူတိုင်း မသိကြဘူး ။

အပါယ်ဖျက်တာ လွယ်ပါတယ် ။
လူတိုင်း မဖျက်တတ်ကြလို့ပါ ။

✍️ဘယ်လို ဖျက်ရမလဲဆိုတော့
(ယခုဘဝ)
ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကျသော
မိဘ ဘိုးဘွားများ
ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို
ပြစ်မှားမိသည်ရှိသော်
ရှိခိုး ဝန်ချ တောင်းပန်ပါ၏ ။

✍️ဒီလို တောင်းပန်ရင်
လောလောဆယ်
ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေ
ပွင့်မယ် ။

✍️တောင်းပန်ရင်
ဘာကြောင့် ကျေလဲဆိုတော့
ဒီအကြောင်းကို
ဒကာတို့ နာလည်အောင် ပြောရရင်
ကျော်ဟိန်းတောင်
ရုပ်ရှင် ရိုက်ထားတဲ့
ဒေါင်းယောင်ဆောင်သော ကျီး
ဇာတ်ကားမှာလိုပေါ့ ။

✍️ရဟန္တာကို ပြစ်မှားလို့
ယောက်ျားက မိန်းမ ဖြစ်တာလေ ။
မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ
ရဟန္တာကို တောင်းပန်လိုက်တော့
ယောက်ျား ပြန်ဖြစ်သွားတယ် ။

✍️ဒီမှာ ပြောချင်တာက
အဲဒီယောက်ျား ပြစ်မှားတာကို
ရဟန္တာတောင် မသိလိုက်ဘူး ။
မနောကံနဲ့ ပြစ်မှားမိတာပါ ။

✍️ဒါကြောင့်
ကိုယ်က သိလို့ပဲ ဖြစ်ဖြစ်
မသိလို့ပဲ ဖြစ်ဖြစ်
ကာယကံ ၊ ဝစီကံ ၊ မနောကံ နဲ့
ပြစ်မှားမိတာကို
တောင်းပန်ရပါမယ် ။

👉( ၃ ) မိမိကိုယ်ကိုယ် မေတ္တာပို့ပါ ။
ဒကာတို့ ကျန်းမာ ၊ ချမ်းသာမှ
ဘုရားအလုပ် လုပ်နိုင်မယ် ။
တရားအလုပ် လုပ်နိုင်မယ် ။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ ။

👉( ၄ ) ဒကာတို့ လုပ်နေကျအတိုင်း
ပုတီးစိပ် ၊
ဘုရားစာရွတ်
မေတ္တာပွားပေါ့ ။

👉( ၅ ) သစ္စာဆို အမျှဝေပါ ။

✍️ဒီအချက်က
ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ် ။

ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ်
သစ္စာဆို အမျှဝေလို့ ရပါတယ် ။

✍️ဥပမာ....
ဘုရားပန်း လှူတာ ဖြစ်ဖြစ်
တိရိစ္ဆန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်
တခြား အလှူတွေလည်း
သစ္စာဆို အမျှဝေလို့ ရပါတယ် ။

✍️ဘယ်လို သစ္စာဆို အမျှဝေရမှာလဲ
ဆိုတော့....

👉ဥပမာ
ကျွန်တော် ဘုရားပန်း တင်လှူပါတယ် ။
ဤဘုရားပန်း တင်လှူတာ
မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါ ။

ဤ သစ္စာစကား မှန်ကန်ပါက
ရတယ် ။

✍️ဘုရားပန်းတင်လှူသော ကုသိုလ်ကို
အထက်ဘဝဂ်
အောက်အဝီစိအထိ
သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော
ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါ
အပေါင်းတို့အား
အမျှပေးဝေပါတယ်လို့ အမျှပေးလိုက်ပါ ။

✍️ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ
အပါယ်ဘုံသား အားလုံး ရပါတယ် ။

✍️ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ် ။

✍️ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ်
သူတို့က ကူညီပါတယ် ။

✍️ဒကာတို့ ပို့တဲ့ အမျှကြ
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက
သူတို့အတွက်
( ၁ဝ )တန်လောက်ပဲ ရှိတာပါ ။

✍️ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ ။

✍️ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ ။

🙏မှန်ပါ သာဓု သာဓု သာဓုပါ ဘုရား ။
မူရင်းCredit-Shwedagone
စုစည်းရှာဖွေတင်ပြသူ- သာထက်ဇော်(မကွေး)

05/12/2025

ကော်ဖီယတြာ

ငွေကြေးနဲ့ပတ်သတ်လို့ အဆင်ပြေစေပြီး မိမိမှာငွေကြေးအခက်အခဲရှိတဲ့အခါ ကော်ဖီမစ်ယတြာလေးကို လုပ်လို့ရပါတယ်ခင်ဗျာ။ အရမ်းထူးခြားပြီး ငွေဝင်စေတဲ့ယတြာလေးဖြစ်ပါတယ်ခင်ဗျာ။

ကြွေပန်းကန်ပြားလေးတစ်ချပ်ပေါ်မှာ ကော်ဖီထုပ်တစ်ထုပ်တင်ပါ။ ထိုကော်ဖီထုပ်ပေါ်မှာ ပိုက်ဆံ ၅၀၀၀တန် သို့မဟုတ် ၁၀၀၀၀တန်လေးတစ်ရွက် တင်ပါ။ ထိုပိုက်ဆံပေါ်ကနေ ကော်ဖီထုပ်လေးတစ်ထုပ်ပြန်တင်ပါ။ ဒါဆိုရင် ပိုက်ဆံလေးကို ကော်ဖီထုပ်၂ခုနဲ့ညှပ်ထားသလိုဖြစ်နေပါလိမ့်မယ်။ ဒီပုံစံလေးအတိုင်း ဓာတ်ဆင်တဲ့အနေနဲ့ မိမိအိမ်မြတ်စွာဘုရားထံကပ်လှူဆုတောင်းပေးပါခင်ဗျာ။ မကြာခင်း ထူးထူးခြားခြားနဲ့ကို ငွေဝင်လာပါလိမ့်မယ်
ခင်ဗျာ။

03/12/2025

မနက်ခင်းတွေ ကြားသက်ပြင်းတွေချ 🩵

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyay