Htet Htoo's Paradise

Htet Htoo's Paradise

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Htoo's Paradise, Beauty, cosmetic & personal care, Pyay.

21/02/2023

ကိုယ်ကတော့ မမုန်းပါဘူး 😕😕

21/02/2023

“ကြောက်ကြောက်နဲ့
လုပ်စရာရှိတာလုပ်ကြရမှာပါပဲ”

“တွေဝေ” တယ်ဆိုတာ
အတွေးတွေထဲမှာ ဝေ့ဝိုက် နေလို့
ဟိုဟာလိုလို ဒီဟာလိုလို
ဟိုဟာလုပ်ရင်ကောင်းမလား
ဒီဟာလုပ်ရင်ကောင်းမလားဆိုပြီး
ဘာမှမလုပ်ဖြစ်ကြတာများပါတယ်။

“ဘာမှမလုပ်ရင် ဘာမှဖြစ်မလာပါဘူး”

မလုပ်တတ်ရင် သင်ပါ၊
အတွေ့အကြုံကနေ သင်ခန်းစာယူပြီး သင်ယူပါ။

“There is no failure, only feedback“

“ဆုံးရှုံးမှုဆိုတာ မရှိပါဘူး၊ သင်ခန်းစာပဲ ရှိပါတယ်”

“လုပ်စရာရှိတာလုပ်ပါ”

ရှိနေတာနဲ့ပဲ ရောင့်ရဲနေမယ်ဆို အခွင့်လမ်းအသစ်တွေကို လှမ်းမယူနိုင်ဘူး။

“ဖွင့်မှ ပွင့်မယ်၊ လျှောက်မှ ရောက်မယ်”

လေ့လာပါ၊ သင်ယူပါ၊ စစ်ဆေးပါ၊ လုပ်ဆောင်ပါ။

💪နေ့စဉ်ဘဝအမောတွေ ဝေးပါစေ၊

💪ဒီနေ့ ကိုယ့်နေ့ဖြစ်ပါစေ၊
Ko Ko Aung
Business Coach & NLP Master Trainer

21/02/2023

လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး
ဘယ်တော့မှ မဆုံးဖြတ်ပါနဲ့!!

အေးစက်တဲ့ အပြုအမူတွေ နောက်မှာ
နွေးထွေးတဲ့ နှလုံးသား ရှိနိုင်သလို
နွေးထွေးတဲ့
အပြုအမူတွေ နောက်မှာ
ရက်စက်တဲ့ နှလုံးသား ရှိနေနိုင်တယ်။

အကျည်းတန်တဲ့ ရုပ်ရည်နောက်မှာ
လှပတဲ့ နှလုံးသား ရှိနိုင်သလို
လှပတဲ့
ရုပ်ရည်နောက်မှာ
အကျည်းတန်တဲ့ နှလုံးသား ရှိနေနိုင်တယ်။

ဖြူစင်တဲ့ အင်္ကျီနောက်မှာ
ညစ်ထေးတဲ့ နှလုံးသား ရှိနေနိုင်သလို
ညစ်ထေးတဲ့
အင်္ကျီနောက်မှာ
ဖြူစင်တဲ့ နှလုံးသား ရှိနေနိုင်တယ်။

ချိုသာတဲ့ စကားလုံးတွေ နောက်မှာ
ခါးသက်တဲ့ ဝေဒနာတွေ ရှိနေနိုင်သလို
ခါးသက်တဲ့
စကားလုံးတွေ နောက်မှာ
ချိုသာတဲ့ စေတနာတွေ ရှိနေနိုင်တယ်။

တောက်ပတဲ့ ကြွားဝါမှုတွေ နောက်မှာ
ချို့တဲ့,တဲ့ အသိတရားတွေ ရှိနေနိုင်သလို
ဟန်,မာန်မရှိတဲ့ သာမာန်ဖြစ်မှုတွေ နောက်မှာ
တောက်ပတဲ့ အသိတရားတွေ ရှိနေနိုင်တယ်။

အရေခြုံထားတဲ့ ပျော်ရွှင်မှုတွေနောက်မှာ
စိတ်ဓာတ် ညှိုးငယ်မှုတွေရှိနေနိုင်သလို
ပကတိတည်ငြိမ်တဲ့
ခံစားချက်တွေ နောက်မှာ
သာယာချမ်းမြေ့တဲ့ ဘဝတွေ ရှိနေနိုင်တယ်။

အယောင်ဆောင်ထားတဲ့ သိတတ်ခြင်းတွေနောက်မှာ မှားယွင်းနေတဲ့ စိတ်ဓာတ်တွေရှိနေနိုင်သလို
ပွင့်လင်းတဲ့
သာမာန်နေထိုင်မှုနောက်မှာ
ရိုးစင်းတဲ့ စိတ်ထားတွေ ရှိနေနိုင်တယ်။

ပြသကြွားဝါနေတဲ့ ကြွယ်ဝမှုတွေနောက်မှာ
မရိုးသားတဲ့ ဘဝတွေ ရှိနေသလို
ရိုးရှင်းအေးဆေးတဲ့
သိုသိပ်မှုတွေ နောက်မှာ
တောက်ပတဲ့ ခမ်းနားမှုတွေ ရှိနေနိုင်တယ်။

အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ခဲ့ရင်တော့
အမှားကြီး မှားမှာပေါ❗

Credit_to_Original_Writer
🌸🌸

21/02/2023

သဘာ၀ပဲလေ 😕😕

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyay