Beauty For You Health & Beauty
Skin Care From Australian Products
14/05/2022
ကဆုန်လပြည့် - ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏
ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....
#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။
၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။
၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။
၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။
၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။
၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။
၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။
၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။
ဤစာဖတ်နေသောသူသည်
နှစ်သစ်မှာ ကံကောင်းပြီး
ငွေတွေ အများကြီး ဝင်ပါစေ🙏
17/04/2022
နှစ်သစ်ဆုတောင်း
ချစ်သောမိတ်ဆွေများ
🙏 ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ....
🙏 နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ....
🙏 မေတ္တာတရားများပွားများနိုင်ကြပါစေ....
🙏 ဘေး အန္တရာယ် အပေါင်းမှကင်းဝေးကြပါစေ....
🙏 အနာရောဂါကင်းရှင်းပါစေ...
🙏 အစာရေဆာပေါကြွယ်ဝပါစေ...
🙏 ရင်ဆိုင်ကြုံတွေ့နေရသော
အခက်အခဲအကြပ်အတည်းအမျိုးမျိုးမှ
အမြန်လွတ်မြောက်ပါစေ....
🙏 ဒုက္ခခပ်သိမ်းကင်းငြိမ်းပါစေ......
🙏 ကောင်းကျိုးချမ်းသာအဖြာဖြာအား
လက်ငင်းအကျိုးရရှိခံစားရပါစေ ....
🙏 အစစအရာရာအဆင်ပြေပါစေ......
ဤဆုများနှင့်ပြည့်စုံရပါလို၏🙏🙏🙏
04/04/2022
သုံးသမျှ skin care တွေအာနိသင် သိသိသာ
ထိရောက်ဖို့ဆိုရင် makeup remover လုပ်တဲ့အဆင့်ကလည်း အရေးကြီးတယ်ဆိုတာသိတယ်ဟုတ်
အသားအရေ အားလုံးနဲ့သင့်တော်ပြီး တစ်ဗူးဆို အကြာကြီးသုံးလို့ရတဲ့ Swisse Makeup Remover cleansing waterလေးညွှန်းပေးမယ်နော်
နှုတ်ခမ်းနီ , waterproof make up, eye shadow, eye liner,အားလုံးကို အလွယ်တကူ ဖယ်ရှားပေးတယ်လေ
micellar water နဲ့ သဘာဝသခွားသီးတို့ ပေါင်းစပ်ထားလို့ အရေပြားအတွင်း ထိပိုမိုသန့်စင်ပေးပြီး ရေဓါတ်လည်းဖြည့်ပေးတယ်
သခွားသီးရဲ့အာနိသင်တွေကြောင့် အသားအရေကြည်ပြီး နုပျိုတင်းရင်စေတယ်
သုံးပြီးရင် မျက်နှာလေးလုံးဝသန့်ပြီး မျက်နှာ မသစ်ပဲအိပ်တောင် မနက်ကျမျက်နှာလေးက ကြည်နေရော
အရက်ပြန်လုံးဝပါ၀င်မူမရှိလို့ ဘယ်လိုအသားအရေမျိုစိတ်ချသုံးလို့ရတာလေးပါနော်
Orginal Price -16000ks
Sale Price -14500ks
Made In Australia
23/03/2022
ဗုဒ္ဓဟူးသားသမီး (23-3-2022 ရက် မှ 30-3-2022 ရက် အထိ)
လူမူရေးအရ ပရဟိတအဖြစ် ကူညီဆောင်ရွက်ပေးရမယ်။ ကံအကြောင်းလှပြီး ဘဝ ရည်မှန်းချက် အောင်မြင်ဖို့ အခွင့်အလမ်းတွေ့မယ်။ ချစ်သူရည်းစားများ ကြားလူ ပြဿနာဝင်ရှုပ်ပြီး အနည်းငယ် ပြဿနာတတ်တက်မယ်။ အိမ်ထောင်ရေး အနေနဲ့ အိမ်ထောင်ဖက်နဲ့ အခြေအတင် ဖြစ်တတ်တဲ့ ကာလ ဖြစ်တယ်။ ငွေရေးကြေးရေး ကံကောင်းမယ်။ မထင်မှတ်ထားတဲ့ အခြေအနေမှ ငွေဝင်ကံ ရှိတယ်။ ဘဝပေး ကုသိုလ်ကံလေးတွေ ပေးမယ့် နိမိတ်တွေ မြင်တွေ့ရတယ်။ မိသားစု ကျန်းမာရေး ကောင်းမွန်တယ်။ မိမိကျန်းမာရေးတော့ အနည်းငယ် ဂရုစိုက်ရမယ်။ ရပ်ဝေးမှ ဧည့်သည််များ လာရောက်နေထိုင်တတ်မယ်။ ကိုယ်ဝန်သည် ပါလာရင် ကံအလွန်ကောင်းပြီလို့သာ မှတ်လိုက်ပါ။ အလုပ်မှာ အထက်လူကြီးနဲ့ အဆင်ပြေတတ်မယ်။ လက်အောက်ငယ်သားတွေနဲ့ ကတောက်တဆ ဖြစ်တတ်တယ်။ ရည်ရွယ်ထားတဲ့ အလုပ်ကိစ္စရှိရင် ချက်ချင်း အကောင်းအထည် ဖော်သင့်တဲ့ ကာလဖြစ်တယ်။ ဘုန်းကြီး တစ်ပါးရဲ့ အကူအညီလည်း ရတတ်မယ်။
ယတြာ - အစစအရာရာ အဆင်ပြေစေဖို့ တရော်ကင်ပွန်းဖြင့် ဘယ်နေ့မဆို ခေါင်းလျှော်ပေးပါ။
ဆောင်ရွက်သမျှ အောင်မြင်ချင်ရင် - အုန်းလက် ကိုင်ပြီး လိုရာဆုတောင်းပါ။
အချစ်ရေး ကိစ္စ အဆင်ပြေစေရန် - ဥုံပီယာဝါယေပီယေမမ ၃၇ ခေါက် ရွတ်ပေးပါ။
14/02/2022
Happy Valentine's Day , sweeties
မင်ကတော့ မင့်ကောင်လေးတွေနဲ့ဒိတ်နေပါပြီ😚
ကာကာတို့ရော 😊😊😊
Omicron ကူးစက်ပါက
1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့ အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်
Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား အထူးပင်ကျေးဇူးတင်ပါသည်
အခု ကြည့်နေသူလေး၂၀၂၂ နှစ်သစ်မှာ ငွေအပြည့်ဝင်ပါစေ
08/12/2021
#အဆီဖု
အဆံမပေါ်တဲ့ အဖုသေးသေးလေး တွေကို အဆီဖုလို့ခေါ်ပါတယ်
အဆီဖုတွေဟာ သန့်ရှင်းမှုအပိုင်းကို သေချာ ဂရုမစိုက်တဲ့အခါ နဲ့ စိတ်ဖိစီးမှုတွေ များတဲ့ အခါတွေမှာ ထွက်လာပါတယ်။
စိတ်ဖိစီးမှုများလို့ ဖြစ်တဲ့အခါ၅ရက် ကနေ တစ်ပတ်အထိ မျက်နှာပေါ်မှာ ရှိနေတတ်ပေမဲ့
မသန့်ရှင်းမှုကြောင့် ဖြစ်တဲ့ အဆီဖု တွေကျတော့ တစ်လကျော်တဲ့ထိ မျက်နှာပေါ်မှာ မပျောက်ပဲ ရှိနေတတ်ပါတယ်။
အဆီဖု ပျောက်အောင် ဘယ်လိုလုပ်ရမလဲ?
>>>>မျက်နှာသစ်>သန့်ရှင်းရေး>တိုနာသဘာဝနည်း
08/12/2021
အမေးများတဲ့ မျက်ခမ်းအောက် အဆီဖု
မျက်ခမ်းအောက်က အဆီဖုကို millia လို့ခေါ်တယ်။ အရေပြားအောက်မှာ ကရာတင် အရေပြားပရိုတင်း (keratin)နဲ့ ဆဲလ်သေတွေ အထပ်ထပ်ပြည့်နှက်နေလို့ အိတ်လိုဖြစ်လာတယ်။ တနည်းအားဖြင့် မွှေးညှင်းအိတ်ရဲ့ အောက်ဆုံးအခြေပိတ်ဆို့သွားတာပါ။ မွေးကင်းစကလေးတွေရဲ့ နှာသီးဖျားနှစ်ဖက်မှာ တွေ့ရတတ်တဲ့ အဆီဖုသေးသေးလေးတွေဟာ millia ဖြစ်ပါတယ်။ စမ်းကြည့်ရင် ပုလဲလုံး သေးသေးလေးတွေလို တွေ့ရတယ်။
Milia ဟာ syringoma နဲ့လည်း မတူဘူး။ ဝက်ခြံနဲ့ မတူတာက ရောင်ရမ်းတာ၊ ပိုးဝင်တာမရှိဘူး။ အောက်လွှာမှာ ကရာတင်ပရိုတင်း အထပ်ထပ်ပိတ်နေတာဖြစ်လို့ ညှစ်ထုတ်ဖို့ ခက်တယ်။ Miliaဟာ ကိုလက်စတောများသူ၊ ထရိုင်ဂလစ်စရွက်များသူတွေမှာ ပိုတွေ့ရတယ်။ သီအိုရီအရ ပိုလျှံတဲ့အဆီတွေကို ခန္ဓာကိုယ်က ဗီတာမင်ဒီအဖြစ် ပြောင်းတယ်။ ဒါ့ကြောင့် Milia ရှိသူဟာ ကိုလက်စတောချဖို့ လိုအပ်ပါတယ်။
ကုသနည်း
လိမ်းဆေးထဲမှာ salicylic acid (သို့) glycolic acid သုံးနိုင်တယ်။ chemical peeling လုပ်တာမျိုးလည်းရှိတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးများတယ်။ အစိုဓာတ်လိမ်းဆေး အလုပ်မဖြစ်တာများတယ်။ တချို့ပိုဆိုးလာတယ်။ Salicylic acid ပါတဲ့ Sebogel လိမ်းဆေးကို မျက်ခမ်းအောက်အဆီဖုအတွက် တနေ့ နှစ်ကြိမ် လိမ်းပေးနိုင်တယ်။ ပျောက်ဖို့ အချိန်ယူရတယ်။ နောက်ဆုံးနည်းကတော့ plasma သို့မဟုတ် CO2 laser ပစ်တာပဲ။ အရွယ်အစားနဲ့ လုပ်ချက်ပေါ်မူတည်ပြီး အမာရွတ်နည်းနည်း ကျန်နိုင်တယ်။
အကြံပြုချက်
ဝက်သား၊ ဘဲသား၊ အမဲသားအဆီအဆိမ့်များတာ လျှော့စားပါ။
- Salicylic acid နဲ့ glycolic acid ပါတဲ့ မျက်နှာသစ်ဆေးမျိုး ပြောင်းသုံးသင့်တယ်။
မိတ်ကပ်ထူထူးမလိမ်းပါနဲ့။ နေလောင်ကာ၊ မျက်နှာလိမ်းခရင်ကြောင့်ဖြစ်ရင် ရှောင်ပါ။
အစိုဓာတ်ထိန်းဆေးနဲ့ မျက်ကွင်းလိမ်းဆေး (Eye cream) တွေ လျှော့သုံးရမည်။
ဒေါက်တာအေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)
အသေးစိတ်အချက်အလက်ကို ဖတ်ရှုလိုပါက https://drayeminhtoo.com/milia/ တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်..
28/10/2021
အသားအရေးလှပြီး တကယ်ကျန်းမာနုပျိုချင်ရင် Vitamin E လေးပဲသောက်
Vitamin E မှာ ကျန်းမာရွေးအတွက်ရော အသားအရေနုပျိုလှပဖို့အတွက်ပါကောင်းကျိုး အားနိသင်တွေ အများကြီးပဲနော်
အဲ့ဒါကြောင့်လည်း skin care တော်တော်များများမှာ vitamin e ကမပါမဖြစ် Ingredients ဖြစ်နေတာ
လိမ်းတာထက် သောက်တာက ပိုပြီးသိသာတာမြန်တော့ Blackmores Natural E လေးဆို အသဲစွဲပဲ
skin barrier မပျက်စီးစေပဲ ၀ကျခွံထှကျသကျသာစတေယျ
ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆီများကိုလျော့နည်းစေတယ်
နှလုံးသှေးကွောေ ရာဂါမဖြစ်အောင်ကာကွယ်ပေးတယ်
ခန္တာကိုယ်အတွင်းအပြင် အဆိပ်အတောက်တွေ ကင်းစေတယ်
အဆုတ် tissue များကို လေထုညစ်ညမ်းမှုကြောင့် ပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေး တယ်
သွေးနီဥ အားကောင်းစတေယ်
cell membrane ကို free radiant တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးတယ်
အိမ်ထောင်ရေးသုခပြည့်စုံစေတယ်
အမျိုးသား မြုံခြင်းကိုလည်း တားဆီးပေးနိုင်တယ်
အမျိုးသမီးများ estrogen concentration ကို တိုးမြင့်ပေးပြီး ကိုယ်ဝန်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးကာ ကိုယ်ဝန်ပျက်ကျတာမဖြစ်အောင် ကာကွယ်ပေးတယ်
သုံးစွဲနည်း- လူကြီးတစ်နေ့လျှင်(၁)လုံး။ အစာစားချိန်သုံးစွဲရန်။ (၆~၁၂)နှစ်ကလေးများ ဆရာဝန်ညွန်ကြားချက်အရ သုံးစွဲရန်။
Instock
Made In Australia
australianproducts
26/10/2021
တစ်မျိုးတည်းနဲ့ပြီးပြည့်စုံတော့ ဘတ်ဂျတ်လည်းသက်သာတာပေါ့
ဘေဘီတို့ကလည်း စားမှစား အိမ်မှအိပ် ကျန်းမာပြီး သိလွယ်တက်လွယ်နေရော
အရင်လို စားခါနီးအိပ်ခါနီး အမေးဂျမ်းဖြစ်စရာမလိုတော့ဘူး 😁
အသက် ၂နှစ်မှ ၁၂ အရွယ်ကလေးတွေရဲ့ခန္တာကိုယ်ဖွံ့ဖြိုးကြီးထွားမှု မှတ်ဉာဏ်စွမ်းရည် နဲ့ ကိုယ်ခံအားကောင်းမွန်ပြီး သကွ်လက်ထက်မြက်စေတဲ့ Swisse Children's Multivitamin လေးကြောင့်ပါနော်
လိမ္မော်အရသာလေးမို့ ဘေဘီလေးတွေအကြိုက်တွေ့ပြီး ကျွေးရ လှယျပါတယျမေမေတေို့ရေ
Swisse Children's Multivit မှာ
ကြွယ်ဝသောဗီတာမင်နဲ့ သတ္တုဓာတ်ပါရှိပြီး နေ့စဉ်လိုအပ်သော အာဟာရဓာတ်ကို ဘက်ပေါင်းစုံမှ ဖြည့်စွက်ပေးပါတယ်
အစားချေးများလို့ အာဟာရ မညီမျှပဲ ချူချာခြင်း အရွယ်နဲ့မ လိုကျေ အာင် အဝလွန်ခြင်း၊ ထိုင်းမှိုင်းခြင်း တို့ကိုကာကွယ်ပေးပြီး ကိုယ်ခံ အားတိုးစေပါတယ်
Vitamin B အုပ်စုပါ၀င်လို့ မှတ်ဉာဏ်အားကောင်းစေပြီး အာရုံ စူးစို က်မှုကိုအထောက်အကူပြုခြင်း
အာဟာရမညီမျှပဲ ချူချာခြင်း အရွယ်နဲ့မလိုက်အောင် အဝလွန်ခြ င်းကို ကာကွယ်ပေးခြင်း
vitamin C , zinc တို့ပါ၀င်လို့ အအေးမိ ဖျားနာမှုများကိုကာကွ ယ်ပေးခြင်း
Iron ပါလို့ သံဓါတ်အားနည်းမှုကိုကာကွယ်ပေးခြင်း
ဖွံ့ဖြိုးကြီးထွားမှုကို ထောက်ပံ့ပေးခြင်း
Vitamin D3 ပါ၀င်လို့ အရိုးပျော့ခြင်းကိုကာကွယ်ပေးပြီး သန်မာစေခြင်း
အစား ရွေးခြင်း၊ အစာ မစားလိုခြင်းတို့ကိုပြုပြင်ပးလို့ အာဟာရ ကို မျှတစေပပြီး ကိုယ်ခံအားကောင်းစေပါတယ်
🙅 ဆိုးဆေး၊ အနံ့မွှေးဆေးနှင့် ကြာရှည်ခံဆေး စသည့် ဓာတုပစ္စည်း များထည့်သွင်းခြင်းမရှိပါ 🙅
သုံးစွဲနည်း - (၂~၄) နှစ်ကလေး တစ်နေ့လျှင် (၁) လုံး၊ (၄)နှစ်အထ တစ်နေ့လျှင် (၂) လုံး သောက်သုံးနိုင်ပါတယ် ။
Click here to claim your Sponsored Listing.
Category
Website
Address
Pyay