Beauty Kingdom Pyay Aesthetic & Laser Clinic
Build Your Kingdom With Your Beauty!
27/09/2026
Healthy Lifestyle စဖို့ အရှိန်ယူနေချိန်မှာ အဆီတွေကို (၂) ဆ မြန်မြန် လောင်ကျွမ်းစေမယ့် သင့်ရဲ့ Weight Loss Multiplier ✨
Weight Loss Injection - Up to 60% OFF promotion
ကျန်းမာလှပတဲ့ ဘဝနေထိုင်မှုပုံစံ Healthy Lifestyle တစ်ခုကို စတင်ဖို့၊ အဆီတွေချဖို့ ကြိုးစားတိုင်း အစပိုင်းမှာ အရှိန်မရလို့ စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ရတာမျိုး ကြုံဖူးပါသလား❓
Diet Plan တွေဆွဲပြီး အစားလျှော့စားတယ်၊ Gym သွားမယ်ဆိုပြီး အားခဲထားပေမယ့် ရလဒ်က ချက်ချင်းမမြင်ရတော့ ရေရှည်မှာ ဆက်မလုပ်ဖြစ်တော့ဘူး မဟုတ်လား။
Healthy Lifestyle တစ်ခုကို ခရီးရောက်အောင် သွားနိုင်ဖို့ဆိုတာ "အစပျိုး အရှိန်ကောင်းကောင်း ရယူခြင်း" က အဓိက သော့ချက်ပါပဲ။ သင့်ရဲ့ ဝိတ်ချတဲ့ ခရီးစဉ်ကို အကောင်းဆုံး တွန်းတင်ပေးမယ့် Multiplier အဖြစ် Weight Loss Injection က ကူညီပေးနိုင်ပါတယ်။
⚡ သာမန် အစားလျှော့စားခြင်း
သာမန် Diet တွေက ရက်သတ္တပတ် အတော်ကြာ လျှော့စားမှ ၁ လမှာ ၂ ပေါင်မှ ၃ ပေါင်ခန့် သာ ဖြည်းဖြည်းချင်း လျော့ကျနိုင်ပြီး Diet ရပ်လိုက်တာနဲ့ ခဏခဏ ပြန်ဆာတတ်ပါတယ်။
⚡⚡ Weight Loss Injection ပေါင်းစပ်မှု
ဆာလောင်မှုကို အထိရောက်ဆုံး ထိန်းချုပ်ပေးပြီး Metabolism ကို မြှင့်တင်ပေးတာကြောင့် ၁ လအတွင်းမှာတင် ၅ ပေါင်မှ ၁၀ ပေါင်အထိ ထိရောက်မြန်ဆန်စွာ ကျဆင်းစေပါတယ်။
⚡ ရိုးရိုး Gym ဆော့ခြင်း
အပြင်းအထန် လေ့ကျင့်ခန်းလုပ်မှ ကယ်လိုရီလောင်ကျွမ်းပြီး အဆီကျနှုန်းမှာ ပုံမှန်နှုန်း ဖြင့်သာ သွားပါတယ်။
⚡⚡ Weight Loss Injection ပေါင်းစပ်မှု
ခန္ဓာကိုယ်ရဲ့ Fat Burning စနစ်ကို အရှိန်မြှင့်တင်ပေးလို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း (သို့) လမ်းလျှောက်ရုံမျှဖြင့် အဆီပိုတွေကို ၂ ဆ မှ ၃ ဆအထိ ပိုမိုမြန်ဆန်စွာ လောင်ကျွမ်းစေပါတယ်။
👑 Beauty Kingdom ရဲ့ ဆရာဝန်များ ကြီးကြပ်ပေးသော Weight Loss Injection Treatment
ခက်ခဲလွန်းတဲ့ Diet ကြောင့် အားပြတ်တာ၊ ပြင်းထန်လွန်းတဲ့ လေ့ကျင့်ခန်းတွေကြောင့် မောပန်းနွမ်းနယ်တာမျိုး မရှိစေဘဲ သင့်တော်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ Gym ဆော့တာကို Weight Loss Injection နဲ့ ပေါင်းစပ်လိုက်ရုံနဲ့ (၂) လအတွင်း ၈ ပေါင်မှ ပေါင် ၂၀ အထိ သိသိသာသာ ပြောင်းလဲစေပါတယ်။
✅ ဈေးကွက်ထဲက ဝိတ်ကျဆေးတွေလို ရင်တုန်၊ ခေါင်းမူး၊ အိပ်မပျော်တာမျိုး လုံးဝမဖြစ်စေဘဲ ကျန်းမာရေးနဲ့အညီ ဝိတ်ကျစေတဲ့အပြင်၊
✅ အတွေ့အကြုံရင့် ဆရာဝန်ကြီးများ ကိုယ်တိုင် သင့်ရဲ့ ကျန်းမာရေးရာဇဝင်နဲ့ ခန္ဓာကိုယ်အခြေအနေကို သေချာစစ်ဆေးပြီးမှသာ ဘေးကင်းစိတ်ချစွာ ကုသပေးလျက်ရှိပါတယ်။
ဒါကြောင့် Healthy Life Style တစ်ခုကို စတင်ဖို့၊ အဆီတွေကျဖို့အတွက် ပင်ပန်းမနေတော့ဘဲ Healthy Lifestyle လမ်းကြောင်းပေါ်ကို အရှိန်အဟုန်အပြည့်နဲ့ ရောက်ရှိသွားစေဖို့ Weight Loss Injection က သင့်အတွက် အကောင်းဆုံး အကူအညီပါပဲနော်။
Beauty Kingdom သီတင်းကျွတ် Promotion အနေနဲ့ 10 လပိုင်းတစ်လလုံးအတွက် Up to 60% OFF အထိ ခံစားခွင့် ရရှိနိုင်မှာမို့ အခုပဲ ဆရာဝန်နဲ့အတူ အခမဲ့ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါနော်။ 🥰
🏢 ပုသိမ်မြို့ဆေးခန်းလိပ်စာ
📍 အမှတ် ၈၁ ၊ အောင်ရတနာလမ်း (အ.မ.က ၂၀ ကျောင်းအနီး) ပုသိမ်မြို့။
☎️ 09 772 477 877
🏢 ပြည်မြို့ဆေးခန်းလိပ်စာ
📍 အမှတ် ၃၈၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။
☎️ 09 793 788 899
Beauty Kingdom Aesthetic and Skincare Center ၏ page Chat Box မှတစ်ဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။
🤴🏻 𝗕𝘂𝗶𝗹𝗱 𝗬𝗼𝘂𝗿 𝗞𝗶𝗻𝗴𝗱𝗼𝗺 𝗪𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗕𝗲𝗮𝘂𝘁𝘆 👸
25/09/2026
တစ်နှစ်မှ တစ်ခါသာ ခံစားခွင့်ရနိုင်မယ့် Up to 50% OFF Promotion ကြီးနဲ့အတူ သီတင်းကျွတ်အခါသမယကို ကြိုဆိုလိုက်ပါပြီ !! 🌕✨
မကြာခင် ရောက်လာတော့မယ့် သီတင်းကျွတ်ပွဲတော်ကြီးမှာ မိမိကိုယ်ကိုရော ချစ်ခင်ရတဲ့ မိဘ၊ မိတ်ဆွေတွေကိုပါ အလှတရားတွေ လက်ဆောင်ပေးနိုင်ဖို့ Beauty Kingdom က ကြီးကျယ်ခမ်းနားတဲ့ သီတင်းကျွတ် အထူး Promotion ပွဲတော်ကြီး ဖန်တီးပေးလိုက်ပါပြီရှင် !! 🪔💖
ဒီအစီအစဥ်ကြီးမှာ ဆရာဝန်တွေ ကိုယ်တိုင် ကုသပေးနေတဲ့ Beauty Kingdom ရဲ့ လူကြိုက်အများဆုံး Skincare & Aesthetic Treatments တွေကို 50% အထိ လျှော့စျေးခံစားခွင့်ရရှိမှာ ဖြစ်လို့ ဒီသီတင်းကျွတ်မှာ အလှဆုံး ပုံစံလေးနဲ့ တောက်ပဖို့ Beauty Kingdom ဆီ အခုပဲ လှမ်းလာခဲ့ပါရှင်။ 👑✨
Up to 50% promotion ကြီးနဲ့အတူ Treatment များစွာ ရွေးချယ်နိုင်တဲ့အပြင် မိမိရဲ့ အသားအရေပြဿနာပေါ် မူတည်ပြီး ပြုလုပ်သင့်တဲ့ကုထုံးတွေကို ဆရာဝန်နဲ့ကိုယ်တိုင် အခမဲ့ ဆွေးနွေးနိုင်တာမို့လို့ လက်မနှေးဘဲ ခုပဲ Booking တင်ထားလိုက်ပါတော့နော်။ 🪔💖
🏢ပုသိမ်မြို့ဆေးခန်းလိပ်စာ
📍အမှတ် ၈၁ ၊ အောင်ရတနာလမ်း
(အ.မ.က ၂၀ကျောင်းအနီး) ပုသိမ်မြို့ ။
☎️ 09 772 477 877
🏢ပြည်မြို့ဆေးခန်းလိပ်စာ
📍 အမှတ် 38၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့ ။
☎️ 09 793 788 899
Beauty Kingdom Aesthetic and Skincare Centerရဲ့ page မှတစ်ဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။
🤴🏻𝗕𝘂𝗶𝗹𝗱 𝗬𝗼𝘂𝗿 𝗞𝗶𝗻𝗴𝗱𝗼𝗺 𝗪𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗕𝗲𝗮𝘂𝘁𝘆👸
23/09/2026
အိပ်ပျော်နေတဲ့ Collagen တွေကို Hilowave ရဲ့ လှိုင်းစွမ်းအင်နဲ့ ပြန်နှိုးဆွလိုက်ပါ ✨🔊🔊
အသက် ၂၀ ကျော်လာတာနဲ့အမျှ ကျွန်မတို့ အသားအရေအောက်က Collagen ထုတ်လုပ်မှုတွေဟာ တဖြည်းဖြည်း အိပ်မောကျသွားတတ်ပါတယ်။
Collagen တွေ ငြိမ်သက်အိပ်ပျော်နေတဲ့အခါ
- အသားအရေက တင်းရင်းမှုမရှိတော့ဘဲ ပါးရေတွေ၊ မေးရိုးတစ်ဝိုက် အသားတွေ လျော့တွဲအိကျလာမယ်။
- မျက်ဝန်းအောက်တွေ၊ ပါးပြင်တွေ ချိုင့်ဝင်ပြီး Volume Loss ဖြစ်လာမယ်။
- ပြုံးလိုက်တိုင်း Smile Lines တွေနဲ့ မလိုလားအပ်တဲ့ အရေးအကြောင်းတွေ ထင်းလာမယ်။
- အသားအရေ ခြောက်သွေ့ကြမ်းတမ်းပြီး နုပျိုလန်းဆန်းမှုတွေ ပျောက်ဆုံးသွားပါလိမ့်မယ်။
ဒီလို အိပ်ပျော်နေတဲ့ Collagen တွေကို အမြန်ဆုံး နိုးထလာစေဖို့ ကိုရီးယားနိုင်ငံကနေ ထွက်ရှိလာပြီး ၂၀၂၆ ရဲ့ Hot အဖြစ်ဆုံး Biostimulator တစ်ခုဖြစ်တဲ့ Hilowave ရောက်ရှိလာပါပြီ! 🇰🇷✨
Hilowave ဆိုတာ ဘာလဲ?
Hilowave ဟာ အရည်အသွေးမြင့် High molecular weight နဲ့ low molecular weight Hyaluronic acid ကိုအချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Bio stimulator တစ်မျိုး ဖြစ်ပါတယ်။ အသားအရေအောက်လွှာအထိ ရေဓာတ်ကို ပြည့်ပြည့်ဝဝ ဖြည့်တင်းပေးပြီး သဘာဝအတိုင်း ပြည့်ပြည့်ဖူးဖူးလေး ဖြစ်စေတာကြောင့် အရေးအကြောင်းကင်းစင်ပြီး ငယ်ရွယ်နုပျိုတဲ့ မျက်နှာသွင်ပြင်ကို ပြန်လည်ပိုင်ဆိုင်စေမှာပါ။
ဘယ်လိုလူတွေအတွက် Hilowave က အသင့်တော်ဆုံးလဲ? ❔
✨ မျက်နှာပေါ်က အရေးအကြောင်းတွေကို သဘာဝအတိုင်း ဖျောက်ချင်သူများ
✨ အသားအရေ အရမ်းခြောက်သွေ့ပြီး ရေဓာတ်ခန်းခြောက်နေသူများ
✨ မျက်နှာလေး ချိုင့်ဝင်ပြီး Volume Loss ဖြစ်နေသူများ
✨ အသားအရေ လျော့တွဲလာလို့ စိတ်ညစ်နေရသူများ
ဘာကြောင့် Hilowave ကို ရွေးချယ်သင့်တာလဲ?
✅ Dual-action HA ပါဝင်မှု - အသားအရေ အတွင်းပိုင်းအလွှာအထိ Deep Moisturizing အပြည့်အဝပေးနိုင်ပြီး တင်းရင်းမှုကို တစ်ပြိုင်နက် မြှင့်တင်ပေးပါတယ်။
✅ သဘာဝအတိုင်း ပြည့်ဖူးစေခြင်း - သာမန် Filler တွေနဲ့ မတူဘဲ အရေပြားအတွင်းပိုင်း Tissue တွေကို သဘာဝအတိုင်း ပြန်လည်ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးလို့ ကြည့်လိုက်တာနဲ့ မျက်နှာလေးက သဘာဝဆန်ဆန် ပြည့်ဖူးနေစေပါတယ်။
✅ Lifting & Firming - မေးရိုးတစ်ဝိုက် အသားအရေ အိကျတာတွေကို သက်သာစေပြီး မျက်နှာလေးကို ပိုတင်းရင်းလှပစေပါတယ်။
✅ Under-Eye & Smile Lines - မျက်လုံးအောက်က လျော့ရဲနေတဲ့ အသားအရေကို ပြန်လည်ပြည့်တင်းစေပြီး Smile Lines တွေကိုပါ သိသိသာသာ သက်သာစေပါတယ်။
✅ Safe & Reliable - ဘေးထွက်ဆိုးကျိုး အရမ်းနည်းပါးပြီး ကုသမှုခံယူပြီးနောက် အဖုအကျိတ်ဖြစ်ခြင်း အန္တရာယ် မရှိသလောက် နည်းပါးပါတယ်။
✅ No Downtime - အနားယူချိန် အများကြီးပေးစရာမလိုဘဲ ကုသမှုခံယူပြီးတာနဲ့ ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ချက်ချင်း ပြန်လည်လုပ်ကိုင်နိုင်ပါတယ်။
Hilowave နဲ့အတူ အိပ်ပျော်နေတဲ့ Collagen တွေကို နှိုးဆွဖို့အတွက် အတွက် Beauty Kingdom ရဲ့ ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ အခုပဲ Booking ရယူ ဆွေးနွေးတိုင်ပင်လိုက်ပါနော်။ 💖
🏢ပုသိမ်မြို့ဆေးခန်းလိပ်စာ
📍အမှတ် ၈၁ ၊ အောင်ရတနာလမ်း
(အ.မ.က ၂၀ကျောင်းအနီး) ပုသိမ်မြို့ ။
☎️ 09 772 477 877
🏢ပြည်မြို့ဆေးခန်းလိပ်စာ
📍 အမှတ် 38၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့ ။
☎️ 09 793 788 899
Beauty Kingdom Aesthetic and Skincare Centerရဲ့ page မှတစ်ဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။
🤴🏻𝗕𝘂𝗶𝗹𝗱 𝗬𝗼𝘂𝗿 𝗞𝗶𝗻𝗴𝗱𝗼𝗺 𝗪𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗕𝗲𝗮𝘂𝘁𝘆👸
21/09/2026
ပြုံးလိုက်တိုင်း မျက်ဝန်းထောင့်က ပေါ်လာတတ်တဲ့ Fine Lines လေးတွေကြောင့် သက်သောင့်သက်သာ မပြုံးရဲဘဲ စိတ်အနှောင့်အယှက် ဖြစ်နေရပါသလား?
❕မျက်ဝန်းတစ်ဝိုက် အသားအရေက အရမ်းပါးလွှာတာကြောင့် အသက်အရွယ်ရလာတာနဲ့အမျှ ရေဓာတ်ခမ်းခြောက်ပြီး အရေးအကြောင်းတွေ အလွယ်တကူ ထင်ကျန်ရစ်တတ်ပါတယ်။ မျက်လုံးနားက Line လေးတွေနဲ့ ညှိုးရော်နေတဲ့ မျက်ဝန်းတွေက သင့်ကို အမြဲ အိပ်ရေးမဝသလို၊ နွမ်းနယ်နေသလို ထင်ရစေတာပေါ့။
Beauty Kingdom ရဲ့ Eye Treatment လေးတွေနဲ့ဆိုရင်တော့ ကိုယ့်ရဲ့ မျက်လုံးတဝိုက် အသားအရေ အခြေအနေအမျိုးမျိုးအတွက် အကောင်းဆုံး ကုသမှု ခံယူနိုင်ပါပြီရှင်။
✅ မျက်လုံးတစ်ဝိုက် ညိုမည်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်နေခြင်းကို သက်သာစေပြီး မျက်ဝန်းအလှကို ပြန်လည်ဖော်ဆောင်ပေးမယ့် Panda eyes Treatment
✅ မျက်လုံးတဝိုက် အရေပြားကို ရေဓာတ်နဲ့ အာဟာရ အပြည့်အဝဖြည့်တင်းပေးကာ ပိုစိုပြေလန်းဆန်းလာစေမယ့်
Eye booster Treatment
✅ Collagen ထွက်ရှိမှုကို အားပေးလှုံ့ဆော်ပေးပြီး မျက်တွင်းချိုင့်ခြင်းနဲ့ အရေးအကြောင်းတွေကို သက်သာပျောက်ကင်းစေမယ့် Ultracol Injection Treatment
✅ ခွဲစိတ်စရာမလိုဘဲ High-Intensity Focused Ultrasound နည်းပညာဖြင့် မျက်အိတ်ဖောင်းခြင်းကို တင်းရင်းကျစ်လစ်စေမယ့် Hifu Treatment
✅ မျက်လုံးအောက်အရေပြားကို နုပျိုတောက်ပလာစေရန်နဲ့ အရေးအကြောင်းများ၊ ချိုင့်ခွက်များကို သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းပေးမယ့် Juvelook Treatment
✅ မျက်လုံးတစ်ဝိုက် အသားအရေကို ကြည်လင်တောက်ပလာစေပြီး တင်းရင်း youthful ဖြစ်တဲ့ မျက်လုံးအလှကို ဖန်တီးပေးမယ့် Colshine Treatment
✅ Polynucleotides ပါဝင်မှုကြောင့် မျက်လုံးအနီးတစ်ဝိုက် ပျက်စီးနေတဲ့ အရေပြားဆဲလ်များကို အတွင်းပိုင်းကနေ အားဖြည့်ပြုပြင်ပေးပြီး အရေးအကြောင်းနဲ့ ညိုမည်းခြင်းကို သက်သာစေမယ့် Rejuran I Treatment
Beauty Kingdom မှာ မျက်ဝန်းအလှအပအတွက် ဒီလို စုံလင်တဲ့ကုထုံးတွေကို အကောင်းဆုံးရလဒ်နဲ့ စိတ်ချရမှုရစေဖို့ ကျွမ်းကျင်ဆရာဝန်ကြီးများ ကိုယ်တိုင် အနုစိတ် ကုသပေးလျက်ရှိပါတယ်ရှင်။ 🫶🏻✨
ဒါဆို ပြုံးလိုက်တိုင်း အရေးအကြောင်းတွေအတွက် စိုးရိမ်မနေတော့ဘဲ ယုံကြည်မှုအပြည့်နဲ့ တောက်ပတဲ့ မျက်ဝန်းလေးတွေ ပိုင်ဆိုင်ဖို့ Beauty Kingdom မှာ အခုပဲ Booking တင်ထားလိုက်ပါနော်။ 📍
🏢ပုသိမ်မြို့ဆေးခန်းလိပ်စာ
📍အမှတ် ၈၁ ၊ အောင်ရတနာလမ်း
(အ.မ.က ၂၀ကျောင်းအနီး) ပုသိမ်မြို့ ။
☎️ 09 772 477 877
🏢ပြည်မြို့ဆေးခန်းလိပ်စာ
📍 အမှတ် 38၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့ ။
☎️ 09 793 788 899
Beauty Kingdom Aesthetic and Skincare Centerရဲ့ page မှတစ်ဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။
🤴🏻𝗕𝘂𝗶𝗹𝗱 𝗬𝗼𝘂𝗿 𝗞𝗶𝗻𝗴𝗱𝗼𝗺 𝗪𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗕𝗲𝗮𝘂𝘁𝘆👸
20/09/2026
Clinic တွေမှာ Facial Treatment လုပ်ပြီးချိန်ဆိုရင် အသားအရေက အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသလို ကြည်လင်တောက်ပနေပေမဲ့ ပုံမှန်ထက် ပိုနုနယ်ပြီး ထိခိုက်လွယ် (Sensitive) ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် လုပ်ထားတဲ့ Treatment လေး ကြာရှည်ခံဖို့နဲ့ အသားအရေ မပျက်စီးစေဖို့ အရေးကြီးတဲ့ Aftercare အချက် ၅ ချက်ကို Beauty Kingdom မှ မျှဝေပေးလိုက်ပါတယ်ရှင်။
❕၁။ နေရောင်ခြည်ဒဏ်ကို အထူးကာကွယ်ပါ
Treatment အပြီးမှာ အပေါ်ယံဆဲလ်သေတွေ ဖယ်ရှားထားတာကြောင့် အသားအရေက UV Rays ဒဏ်ကို ပိုခံရလွယ်ပါတယ်။ SPF 30 သို့မဟုတ် 50 ပါတဲ့ Sunscreen ကို မဖြစ်မနေ လိမ်းပေးပါ။ အပြင်ထွက်ရင် ထီး၊ ဦးထုပ် ဆောင်းပေးဖို့ မမေ့ပါနဲ့နော်။
❕၂။ ရေဓာတ်ပြည့်ဝစွာ ဖြည့်ပါ
အသားအရေ နုပျိုကြည်လင်နေဖို့ အပြင်ပိုင်းကရော အတွင်းပိုင်းကပါ ရေဓာတ်လိုအပ်ပါတယ်။ တစ်နေ့ကို ရေ ၂ လီတာခန့် ပြည့်အောင်သောက်ပေးပြီး နူးညံ့တဲ့ Hydrating Serum သို့မဟုတ် Moisturizer မျိုးကို ပုံမှန်လိမ်းပေးပါ။
❕၃။ ၂၄ နာရီမှ ၄၈ နာရီအတွင်း မိတ်ကပ်မလိမ်းပါနဲ့
ချွေးပေါက်တွေ ပွင့်နေတဲ့အချိန် မိတ်ကပ်ထူထူတွေ လိမ်းလိုက်ရင် ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တတ်ပါတယ်။ အသားအရေ အသက်ရှူပြီး သက်တောင့်သက်သာ ပြန်တည်ငြိမ်သွားဖို့ အနည်းဆုံး တစ်ရက်လောက်တော့ bare face လေးပဲ ထားပေးတာ အကောင်းဆုံးပါပဲ။
❕၄။ Exfoliator နဲ့ ပြင်းထန်တဲ့ Skincare တွေ ခဏနားပါ
AHA, BHA, Retinol, Scrub စတဲ့ အသားအရေကို ကွာကျစေတဲ့ ပစ္စည်းတွေကို ကုသမှုခံယူပြီး ၄-၅ ရက်လောက်အထိ ခဏရှောင်ပေးပါ။ နူးညံ့ပြီး Skin Barrier ကို ပြန်လည်အားဖြည့်ပေးတဲ့ ပစ္စည်းမျိုးကိုသာ ရွေးချယ်သုံးစွဲသင့်ပါတယ်။။
❕၅။ အပူဒဏ်ပြင်းပြင်းတွေနဲ့ ဝေးဝေးနေပါ
Treatment ပြီးစ ရက်တွေမှာ ရေနွေးငွေ့ခံတာ၊ ရေနွေးနဲ့ မျက်နှာသစ်တာ၊ ပြင်းပြင်းထန်ထန် ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို ၂၄ နာရီလောက် ရှောင်ပေးပါ။ မျက်နှာနီမြန်းတာနဲ့ ရောင်ရမ်းတာတွေကို ကာကွယ်နိုင်ပါတယ်။
✨ မျက်နှာလေး နူးညံ့ကြည်လင်နေတုန်းမှာ ဂရုတစိုက် ထိန်းသိမ်းပေးမှသာ Treatment ရဲ့ ရလဒ်ကောင်းတွေကို အချိန်ကြာကြာ အပြည့်အဝ ခံစားရမှာပါ။
ဒါဆို Beauty လေးတို့ရေ .. Facial Treatment တွေ လုပ်ပြီးတဲ့အခါ ဒီအချက်လေးတွေကို သတိထားပေးဖို့ မမေ့ပါနဲ့ဦးနော်။
Beauty Kingdom မှာတော့ ၅၀၀၀၀ ဝန်းကျင်လောက်နဲ့ အထိရောက်ဆုံး Facial Treatment တွေကို ပြုလုပ်နိုင်ပြီး အခုလို ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုလည်း ဂရုတစိုက်မျှဝေပေးနေတာမို့လို့ ငွေသောင်းဂဏန်းလောက်နဲ့ အသားအရေလေးကို အသစ်တဖန်ပြန်ကျန်းမာလှပချင်တယ်ဆိုရင် Beauty Kingdom ကိုသာ သတိရလိုက်ပါနော်။ 🫶🏻✨
🏢ပုသိမ်မြို့ဆေးခန်းလိပ်စာ
📍အမှတ် ၈၁ ၊ အောင်ရတနာလမ်း
(အ.မ.က ၂၀ကျောင်းအနီး) ပုသိမ်မြို့ ။
☎️ 09 772 477 877
🏢ပြည်မြို့ဆေးခန်းလိပ်စာ
📍 အမှတ် 38၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့ ။
☎️ 09 793 788 899
Beauty Kingdom Aesthetic and Skincare Centerရဲ့ page မှတစ်ဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။
🤴🏻𝗕𝘂𝗶𝗹𝗱 𝗬𝗼𝘂𝗿 𝗞𝗶𝗻𝗴𝗱𝗼𝗺 𝗪𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗕𝗲𝗮𝘂𝘁𝘆👸
19/09/2026
ကိုယ့်ရဲ့ သွေးဆဲလ်ကောင်းတွေနဲ့ အသားအရေကို သဘာဝအတိုင်း ပြန်နုပျိုတင်းရင်းစေမယ့် PRP Treatment ✨🩸
Chemical တွေ အများကြီးမသုံးဘဲ ကိုယ့်ရဲ့ သဘာဝခန္ဓာကိုယ်က ပေးတဲ့ စွမ်းအင်နဲ့တင် မိမိရဲ့ မူလအသားအရေထက် ပိုမိုကြည်လင်၊ တင်းရင်းပြီး ကျန်းမာနုပျိုသွားစေဖို့ လျှို့ဝှက်ချက်လေးတစ်ခု Beauty Kingdom မှာ ရှိနေပါပြီ။
ဒါကတော့ ဟိုးအရင်တည်းက အလှအပနယ်ပယ်မှာ အရမ်းကို ခေတ်စားခဲ့ပြီး ခုချိန်အထိလည်း လူကြိုက်များ၊ ရေပန်းစားနေဆဲဖြစ်တဲ့ PRP Treatment ပါပဲ။
PRP Treatment ဆိုတာက ကိုယ့်ရဲ့ သွေးထဲကနေ အရေပြားဆဲလ်တွေကို ပြန်လည်မွေးဖွားပေးနိုင်တဲ့ Growth Factors နဲ့ သွေးဆဲလ်ကောင်းတွေကို သေချာစက်နဲ့ သန့်စင်ထုတ်ယူပြီး၊ လိုအပ်တဲ့ အရေပြားအလွှာထဲကို တိုက်ရိုက် ပြန်လည်ဖြည့်တင်းပေးတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။ မိမိရဲ့ သွေးကို အသုံးပြုပြီး ချက်ချင်းနုပျိုစေတာမို့ Vampire treatment လို့ ကမ္ဘာတဝန်းမှာ နာမည်ကြီးလေ့ ရှိတာပေါ့။
Beauty Kingdom မှာဆိုရင်
👑 ချွေးပေါက်နဲ့ ဝက်ခြံအမည်းစက်သူများအတွက် Simple PRP
👑 ချွေးပေါက်များပြီး Glow skinရချင်သူများ ၊ ဝက်ခြံအမည်းစက်၊ တင်းတိပ် အမည်းကွက်ရှိသူများအတွက် Brightening PRP
👑 ချွေးပေါက် ဝက်ခြံချိုင့်ခွက် တအားနက်သူများ တင်းတိပ်နှစ်ပေါင်းကြာရှည်ရှိနေသူများအတွက် Glowing PRP
စတဲ့ PRP Treatment တွေကို မိမိရဲ့ မျက်နှာအသားအရေအခြေအနေအလိုက် ဆရာဝန်နဲ့တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်နော်။
ဒီ PRP Treatment တွေက
- Collagen ပြန်လည်လှုံ့ဆော်ပေးခြင်း
- ချိုင့်ခွက်နဲ့ အမာရွတ်၊ အမည်းစက်များ သက်သာစေခြင်း
- ချွေးပေါက်ကျဉ်းပြီး Glass Skin ရရှိစေခြင်း စတဲ့အကျိုးကျေးဇူးတွေရတဲ့အပြင် တခြား chemical တွေ မပါဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်သွေးဆဲလ်ကောင်းတွေကိုပဲ သုံးတာမို့ ဓာတ်မတည့်မှာ လုံးဝ (လုံးဝ) စိတ်ပူစရာမလိုပါဘူး။
ဒါဆို အသားအရေကို သဘာဝအတိုင်း အသစ်တစ်ဖန် ပြန်လည်နိုးထစေချင်တယ်ဆိုရင်တော့ အခုပဲ Beauty Kingdom ရဲ့ Page Messenger ကနေ ဆရာဝန်နဲ့ အခမဲ့ Skin Consultation ရယူဖို့ Booking တင်ထားလိုက်တော့နော်! 💬✨
🏢ပုသိမ်မြို့ဆေးခန်းလိပ်စာ
📍အမှတ် ၈၁ ၊ အောင်ရတနာလမ်း(အ.မ.က ၂၀ကျောင်းအနီး)ပုသိမ်မြို့ ☎️ 09 772 477 877
🏢ပြည်မြို့ဆေးခန်းလိပ်စာ
📍 အမှတ် 38၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။ ☎️ 09 793 788 899
Beauty Kingdom Aesthetic and Laser Clinic ရဲ့ page မှတစ်ဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။
🤴🏻𝗕𝘂𝗶𝗹𝗱 𝗬𝗼𝘂𝗿 𝗞𝗶𝗻𝗴𝗱𝗼𝗺 𝗪𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗕𝗲𝗮𝘂𝘁𝘆
“နာတာနဲ့ တန်ရဲ့လား?” လို့ ခဏခဏ မေးကြတဲ့ Rejuran Healer ရဲ့ အစစ်အမှန် ရလဒ်… ✨
Day 1 က အဖုအဖု တွေကနေ Day 14 ရောက်တော့ Glass Skin ဖြစ်သွားတဲ့အထိ အဆင့်ဆင့် ပြောင်းလဲမှုက wow ဖြစ်ရတဲ့အထိပါပဲ 😉
အသားအရေ အတွင်းပိုင်းကနေ ပြန်လည်ပြုပြင်ပေးလို့ Skin Barrier ပျက်စီးပြီး ချွေးပေါက်ကျယ်တဲ့သူတွေဆို ဒါမျိုးကိုရွေးချယ်သင့်ပါတယ်ရှင် 🪞
14/09/2026
မျက်ခုံးလေးပုံကျလှပနေရင် ဘာမှမလိမ်းထားတာတောင် သပ်ရပ်ပြီးရှင်းနေတဲ့ပုံစံလေးပေါ်စေတာမလို့ မျက်ခုံးအလှကိုဂရုစိုက်ပါရှင်❤️
အဝေးကနေလာထိုးတဲ့အမ စိတ်တိုင်းကျလေးသေချာထိုးပေးထားပါတယ်
ဆေးခန်းမှာ မထိုးခင် eyebrow artistနဲ့သေချာဆွေးနွေးတိုင်ပင်လို့ရပါတယ်
ေးကြိုယူပေးပါရှင်
13/09/2026
အသက် ၂၀ ကျော်၊ ၃၀ အရွယ်ရောက်မှ ဝက်ခြံတွေ တစ်ကျော့ပြန် ထွက်လာလို့ "ဆယ်ကျော်သက်တုန်းကတောင် ဒီလောက်မဆိုးဘူး၊ အခုမှ ဘာဖြစ်တာလဲ" ဆိုပြီး စိတ်ညစ်နေကြပြီလားရှင်။
ဝက်ခြံဆိုတာ အတူတူပဲ ထင်ရပေမဲ့ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တဲ့ဝက်ခြံနဲ့ လူကြီးအရွယ် (Adult Acne) မှာ ဖြစ်တဲ့ဝက်ခြံတွေက ဖြစ်ရတဲ့အကြောင်းရင်းရော၊ ထွက်တဲ့ပုံစံပါ မတူကြပါဘူး။ ဒါလေးတွေကို သေချာခွဲခြားသိထားမှ ကိုယ့်အသားအရေအတွက် အထိရောက်ဆုံး နည်းလမ်းကို ရွေးချယ်ကုသနိုင်မှာပါနော်။
ဒီနေ့တော့ Beauty Kingdom က လူကြီးဝက်ခြံနဲ့ ဆယ်ကျော်သက် ဝက်ခြံက ဘာတွေ ကွာလဲဆိုတာလေးကို မျှဝေပေးသွားပါမယ်နော် ..... 🫶🏻
🔴 ထွက်တဲ့နေရာ မတူပါဘူး
ဆယ်ကျော်သက် ဝက်ခြံ - အဆီဂလင်းတွေ အဓိကလှုပ်ရှားတဲ့ T-Zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တစ်ဝိုက်မှာ အဖြစ်များပါတယ်။ တချို့ဆိုရင် ရင်ဘတ်နဲ့ ကျောဘက်တွေအထိပါ ထွက်တတ်ပါတယ်။
လူကြီး ဝက်ခြံ - ဟော်မုန်းနဲ့ ဆက်စပ်နေတာကြောင့် U-Zone လို့ခေါ်တဲ့ ပါးအောက်ပိုင်း၊ မေးရိုးတစ်လျှောက်၊ မေးစေ့အောက်နဲ့ လည်ပင်းတစ်ဝိုက်မှာ အဓိက အစုလိုက်အပြုံလိုက် ထွက်လေ့ရှိပါတယ်။
🔴 ဝက်ခြံအမျိုးအစား ကွာခြားမှု
ဆယ်ကျော်သက် ဝက်ခြံ - ဆားဝက်ခြံ၊ အဆီဖုနဲ့ အဆံဖြူဝက်ခြံလေးတွေ ပိုများပြီး မျက်နှာပြင်ပေါ်မှာ အဖုအပိမ့်ပုံစံ အတွေ့ရများပါတယ်။
လူကြီး ဝက်ခြံ - အရေပြားအောက် အမြစ်နက်နက်မှာဖြစ်တဲ့ အကျိတ်ဝက်ခြံ (Cystic Acne)၊ နီရဲရောင်ရမ်းပြီး ကိုင်လိုက်ရင် နာကျင်တဲ့ ဝက်ခြံကြီးတွေ ပိုဖြစ်တတ်ပါတယ်။
🔴 ဖြစ်ရတဲ့ အဓိကတရားခံ
ဆယ်ကျော်သက် ဝက်ခြံ - အရွယ်ရောက်စ ဟော်မုန်းအပြောင်းအလဲကြောင့် အဆီပိုတွေ အလွန်အကျွံထွက်ပြီး ဆဲလ်သေတွေနဲ့ ချွေးပေါက်ပိတ်ဆို့ရာကနေ စတင်တာပါ။
လူကြီး ဝက်ခြံ - စိတ်ဖိစီးမှုကြောင့်ထွက်တဲ့ Cortisol ဟော်မုန်း၊ အိပ်ရေးပျက်တာ၊ ရာသီမမှန်တာ၊ နေထိုင်စားသောက်မှုပုံစံနဲ့ မိတ်ကပ်ဓာတ်မတည့်တာတွေကြောင့် အဓိကဖြစ်ရတာပါ။
🔴 အနာကျက်နှုန်းနဲ့ အမာရွတ်ကျန်နိုင်ခြေ
ဆယ်ကျော်သက် ဝက်ခြံ - အရေပြားဆဲလ်အသစ်ဖြစ်နှုန်း အရမ်းမြန်တာကြောင့် ဝက်ခြံပျောက်တာ မြန်သလို အမာရွတ်လည်း ကျက်လွယ်ပါတယ်။
လူကြီး ဝက်ခြံ - အသက်အရွယ်အရ ဆဲလ်အသစ်ဖြစ်နှုန်း နှေးသွားတဲ့အတွက် ဝက်ခြံပျောက်ဖို့ အချိန်ပိုကြာတတ်ပါတယ်။ ဒါ့အပြင် အနီစက်၊ အမည်းစက်နဲ့ ချိုင့်ခွက်အမာရွတ်တွေ ပိုကျန်ခဲ့တတ်ပါတယ်။
🔴 ဘယ်လို ဂရုစိုက်ကုသကြမလဲ
ဆယ်ကျော်သက်တွေအတွက် - ချွေးပေါက်မပိတ်စေဖို့နဲ့ အဆီပြန်တာ ထိန်းပေးဖို့ အဓိကထားရပါမယ်။ Salicylic Acid (BHA) ဒါမှမဟုတ် Benzoyl Peroxide ပါတဲ့ မျက်နှာသစ်ဆေးတွေ သုံးပေးနိုင်ပြီး မျက်နှာကို လက်နဲ့ ခဏခဏ မထိမိအောင် သတိထားပေးပါ။
လူကြီးတွေအတွက် - အရေပြား Barrier ပျက်စီးမသွားအောင် အစိုဓာတ်ထိန်းပေးဖို့ အရမ်းအရေးကြီးပါတယ်။ Niacinamide နဲ့ Ceramides လို အသားအရေကို အေးမြစေပြီး နီမြန်းတာသက်သာစေတဲ့ skincare တွေ သုံးသင့်ပါတယ်။
အမြစ်နက်တဲ့ဝက်ခြံတွေအတွက် Retinol ကို ညဘက်မှာ အစိုဓာတ်ထိန်းခရင်မ်နဲ့ တွဲဖက်ပြီး ဖြည်းဖြည်းချင်း သုံးပေးနိုင်ပါတယ်။
ဒါပေမယ့် လူတစ်ဦးချင်းစီရဲ့ အသားအရေနဲ့ဝက်ခြံအခြေအနေက မတူညီနိုင်တာမို့လို့ ဝက်ခြံ ကုသဖို့အတွက် skincare တွေကို ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့ အညီ အသုံးပြုခြင်းကသာ အကောင်းဆုံးပါပဲ။
❕ဒ့ါအပြင် ဆယ်ကျော်သက် ဝက်ခြံပဲဖြစ်ဖြစ်၊ လူကြီး ဝက်ခြံပဲဖြစ်ဖြစ် ကိုယ်တိုင် လက်နဲ့ ညှစ်တာ၊ သက်သာလိုသက်သာငြား ပေါက်ကရလိမ်းဆေးတွေ စမ်းသုံးတာမျိုး၊ skincare brand တွေအများကြီးထဲကမှ ဘယ်တစ်ခုကောင်းမှန်းမသိဘဲ နာမည်ကြီးတာကို ကြည့်ပြီး သုံးတာမျိုး၊ အနာနဲ့ ဆေးမတည့်တာမျိုးတွေက ဝက်ခြံတွေကို ပိုဆိုးစေပြီး အမာရွတ်တွေ ပိုကျန်စေနိုင်ပါတယ်။
✅ ကိုယ့်ဝက်ခြံရဲ့ အရင်းအမြစ်ကို သေချာသိပြီး ထိထိရောက်ရောက် ကုသချင်တယ်ဆိုရင်တော့ Beauty Kingdom မှာ ကျွမ်းကျင်ဆရာဝန်ကြီးများ ကိုယ်တိုင် အသားအရေကို သေချာစမ်းသပ်စစ်ဆေးပြီး စနစ်တကျ ကုသပေးနေပါပြီရှင်။
🤗 ဘာဝက်ခြံအမျိုးအစားပဲဖြစ်ဖြစ် ၅၀,၀၀၀ ကျပ်မှ စတင်ပြီး စိတ်ချလက်ချ ကုသနိုင်တာမို့ အမြန်ဆုံး အမြစ်ပြတ် သက်သာချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ Appointment လေး ကြိုတင်ရယူလိုက်ပါနော်။
🏢ပုသိမ်မြို့ဆေးခန်းလိပ်စာ
📍အမှတ် ၈၁ ၊ အောင်ရတနာလမ်း(အ.မ.က ၂၀ကျောင်းအနီး)ပုသိမ်မြို့ ☎️ 09 772 477 877
🏢ပြည်မြို့ဆေးခန်းလိပ်စာ
📍 အမှတ် 38၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။ ☎️ 09 793 788 899
Beauty Kingdom Aesthetic and Laser Clinic ရဲ့ page မှတစ်ဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။
🤴🏻𝗕𝘂𝗶𝗹𝗱 𝗬𝗼𝘂𝗿 𝗞𝗶𝗻𝗴𝗱𝗼𝗺 𝗪𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗕𝗲𝗮𝘂𝘁𝘆👸
#ဝက်ခြံကုသမှု #အသားအရေထိန်းသိမ်းနည်း
11/09/2026
ပါးဖောင်းဖောင်းနဲ့ မေးနှစ်ထပ်ကို နှုတ်ဆက်ပြီး အချိုးကျတဲ့ V-Shape ရဖို့ Perfect V-Shape Package
ဓာတ်ပုံရိုက်တိုင်း Camera Angle ရွေးနေရတုန်းလား? ပါးအဆီနဲ့ မေးနှစ်ထပ်ကြောင့် ဘေးတိုက်လှည့်ပြဖို့ ယုံကြည်မှုလျော့နေပြီလား?
ခွဲစိတ်စရာမလိုဘဲ အချိုးကျသွယ်လျတဲ့ V-Shape မျက်နှာသွင်ပြင်လေးကို အမြန်ဆုံး ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းရှိပါတယ်။
Beauty Kingdom ရဲ့ Perfect V-Shape Package ဟာ မျက်နှာသွယ်လျလှပဖို့ အထိရောက်ဆုံး နည်းလမ်း (၃) မျိုးကို စနစ်တကျ ပေါင်းစပ်ပေးထားတဲ့ အမြန်ဆုံး နည်းလမ်းတစ်ခုပေါ့။
Package ထဲမှာပါတဲ့
✨ Botox က အောက်မေးရိုးနားက ကြွက်သားတွေကို သွယ်လျစေပြီး အသားအရေကို ပိုမိုတင်းရင်းစေတယ်။
✨ Filler က မေးစေ့အချိုးအစားကို ပိုမိုပြေပြစ်စေပြီး သဘာဝအတိုင်း ချောမောလှပတဲ့ မေးရိုးလိုင်းလေး ပေါ်လာစေတယ်။
✨ Lipo Fat က ပါးဖောင်းဖောင်းနဲ့ မေးနှစ်ထပ်ရဲ့ မလိုလားအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးလို့ သွယ်လျကျစ်လျစ်တဲ့ မျက်နှာပုံစံလေး ရရှိစေတယ်။
ပြင်ထားမှန်း မသိသာစေဘဲ သဘာဝကျကျ မျက်နှာ သွယ်လျချင်တာပဲဖြစ်ဖြစ်၊ မျက်နှာအဆီကျပြီး သိသိသာသာ ပြောင်းလဲလှပချင်တာပဲဖြစ်ဖြစ် Beauty Kingdom မှာ ကိုယ့်မျက်နှာအခြေအနေအလိုက် အထူးကုဆရာဝန်ကြီးများနှင့် အသေးစိတ် အရင်ဆုံး တိုင်ပင်ဆွေးနွေးခွင့် ရရှိမှာဖြစ်လို့ စိုးရိမ်ခြင်းမရှိဘဲ ယုံကြည်စိတ်ချစွာ ပြုပြင်နိုင်ပါတယ်။
ဒါဆို ဘယ်ထောင့်ကပဲကြည့်ကြည့် အပြစ်ပြောစရာမရှိတဲ့ V-Shape လေးကို အမြန်ဆုံးပိုင်ဆိုင်ဖို့ အခုပဲ Beauty Kingdom ရဲ့ Page Messenger ကနေတစ်ဆင့် Booking တင်ထားလိုက်တော့နော်!
🏢ပုသိမ်မြို့ဆေးခန်းလိပ်စာ
📍အမှတ် ၈၁ ၊ အောင်ရတနာလမ်း(အ.မ.က ၂၀ကျောင်းအနီး)ပုသိမ်မြို့ ☎️ 09 772 477 877
🏢ပြည်မြို့ဆေးခန်းလိပ်စာ
📍 အမှတ် 38၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။ ☎️ 09 793 788 899
Beauty Kingdom Aesthetic and Laser Clinic ရဲ့ page မှတစ်ဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။
🤴🏻𝗕𝘂𝗶𝗹𝗱 𝗬𝗼𝘂𝗿 𝗞𝗶𝗻𝗴𝗱𝗼𝗺 𝗪𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗕𝗲𝗮𝘂𝘁𝘆👸
Category
Contact the business
Telephone
Website
Address
No. 38, Bogyoke Street, Bago Division
Pyay
08146
Opening Hours
| Monday | 09:30 - 19:00 |
| Tuesday | 09:30 - 19:00 |
| Wednesday | 09:30 - 19:00 |
| Thursday | 09:30 - 19:00 |
| Friday | 09:30 - 19:00 |
| Saturday | 09:30 - 19:00 |
| Sunday | 09:30 - 19:00 |
Alerts
Be the first to know and let us send you an email when Beauty Kingdom Pyay Aesthetic & Laser Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.