TIENS
Tiens ကျမ္မာရေးစောင့်ရှောက်ကုန်ပစ္စည်?
01/11/2025
သင့်ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ နာကျင် နေပါသလဲ ?
-
၁ ။ ပခုံးနာနေရင်
အဆုတ်ပြဿနာ ဒါမှမဟုတ် သည်းခြေအိတ်ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။
၂ ။ ဒူးခေါင်းနာနေရင်
အဆစ်ရောင်ရောဂါ ဒါမှမဟုတ် ဗီတာမင် D ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
၃ ။ ခါးနောက်အောက်ပိုင်း နာကျင်နေရင် ကျောက်ကပ်ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။
၄ ။ လည်ပင်း ( ဇက် ) နာနေရင်
ကိုယ်အနေအထားမမှန်တာ ဒါမှမဟုတ် သွေးတိုးရောဂါကြောင့် ဖြစ်နိုင်ပါတယ်။
ဇက်တောင့်နေရင် ဦးနှောက်အမြှေးပါး ရောင်ရမ်းတာရဲ့ သတိပေးလက္ခဏာပါ။
၅ ။ ရင်ညွန့်အောင့်နေတာက
နှလုံးသွေးငတ်တာ( Heart attack ) ဒါမှမဟုတ် စားချင့်ပြန်( acid reflux ) ကြောင့် ဖြစ်နိုင်ပါတယ်။
၆ ။လက်ချောင်းထုံကျဉ်နေရင်
ဗီတာမင် B12 ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ် ။
၇ ။ ခြေဖဝါး ပူစပ်ပူလောင် ဖြစ်နေရင် ဆီးချိုရောဂါကြောင့် ဖြစ်နိုင်ပါတယ် ။
၈ ။ တင်ပဆုံ နာကျင်နေတာက
ကယ်လ်ဆီယမ် ဒါမှမဟုတ် ဗီတာမင် K ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ် ။
၉ ။ ရုတ်တရက် ခေါင်းကိုက်လာတာက လေဖြတ်တာရဲ့ သတိပေးလက္ခဏာ ဖြစ်နိုင်ပါတယ်။
၁၀ ။ ခေါင်းကိုက်တာ ( နဖူး) က
ထိပ်ကပ်နာရောဂါကြောင့် ဖြစ်နိုင်ပါတယ် ။
၁၁ ။ ခေါင်းကိုက်တာ ( အနောက်ဖက် ) က သွေးတိုးတာ ဒါမှမဟုတ် စိတ်ဖိစီးမှု များတာကြောင့် ဖြစ်နိုင်ပါတယ်။
၁၁ ။ ခြေထောက်ကြွက်တက်တာက
မဂ္ဂနီဆီယမ် ချို့တဲ့တာကြောင့်ဖြစ်နိုင်ပါတယ် ။
၁၂ ။ ခြေသလုံးနာကျင်တာက သွေးခဲနိုင်ခြေ များနေတာ ဖြစ်နိုင်ပါတယ်။
၁၃ ။ အဆစ်တောင့် ( Stiffness) နေတာက အိုမီဂါ-၃ ချို့တဲ့နေတာကြောင့် ဖြစ်နိုင်ပါတယ်။
၁၄ ။ သွားဖုံးနာကျင်နေတာက
ဗီတာမင် C ချို့တဲ့နေတာကြောင့် ဖြစ်နိုင်ပါတယ်။ သွားပိုးပေါက်ထဲ ရောဂါပိုးဝင်တာကြောင့် သွားကိုက်နိုင်ပါတယ်။
၁၅ ။ ဝမ်းဗိုက် ( အစာအိမ် ) နာကျင်နေတာက H pylori ပိုးကူးစက်ခံရတာကြောင့် ဖြစ်နိုင်ပါတယ် ။
၁၆ ။ ခါးနောက် အလယ်နေရာ နာကျင်နေတာက မုန့်ချိုအိတ်ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။
၁၇ ။ အရိုးနာကျင်နေတာက
ဗီတာမင် D ချို့တဲ့တာ ဒါမှမဟုတ် အရိုးကင်ဆာ ကြောင့် ဖြစ်နိုင်ပါတယ်။
၁၈ ။ မျက်လုံးနာနေတာက ရေတိမ်ရောဂါကြောင့် ဖြစ်နိုင်ပါတယ် ။
အားလုံးကျန်းမာကြပါစေ။
ဒေါက်တာခင်မိုးမိုး
#
13/10/2025
#စိတ်ဖိစီး_အလုပ်ဖိစီးနေသူများအတွက်
#နှလုံးသွေးကြောကျဉ်းကာကွယ်ချင်သူများအတွက်
#ဦးနှောက်နှလုံးသွေးကြောကောင်းမွန်ဖို့
#အကောင်းဆုံးအဖော်မွန်
Vitality ရှိမှ အလုပ်တွေ အရင်ထက်ပိုလုပ်နိုင်လာတယ် ဆိုသူတွေ
Vitality နဲ့မှ နှလုံးခုန်ရင်တုန် သက်သာသွားပြီ ဆိုသူတွေ
Vitality သောက်လိုက်ရင် လူကလန်းဆန်းအားပြည့်ပြီး ပေါ့ပါးသွက်လက်လို့ အရမ်းကြိုက်နေပြီဆိုသူတွေ အများကြီးရဲ့ အသဲကျော်ဖြည့်စွက်စာလေး 😍
ပင်ပမ်းနွမ်းနယ်လေးလံမှုတွေဖယ်ရှားပြီး လန်းဆန်းကြည်လင် အားပြည့်စေတဲ့...
ဂျုံညွန့်လောင်းအဆီမှ အဓိကထုတ်လုပ်ထားသော...
ဦးနှောက်နှလုံးသွေးကြောများကျန်းမာဖို့ အကောင်းဆုံး အားဖြည့်အာဟာရဓါတ်စာ...
Vitality(ဝေ့ခမ်း)ပါ၀င်ပစ္စည်းများ
ဂျုံအညွန့်လောင်းအဆီ
Vitamin E 500-700 mg
Linoleic acid 35-45 g
Beta-Carotene 10-20 mg
Lecithin 10-20 mg
Vitamin C
Calcium
Omega 3, Flavonoid
Fatty acid
Essential trace elements-11 nos
စွမ်းဆောင်ချက်များ
ဦးနှောက်နှင့် နှလုံးသွေးကြော မာကျောခြင်းမှ အထူးကာကွယ်ပေးပါသည်။
အာရုံကြောလှုပ်ရှားမှုနှင့် မှတ်ဥာဏ်အားကောင်းအောင် လုပ်ဆောင်ပေးပါသည်။
မကောင်းတဲ့ ကိုလက်စထရောများကို ကျစေပါသည်။
သွေးထဲမှ အညစ်အကြေးများကို ဖယ်ရှားပေးပြီး သွေးမပျစ်အောင် ကာကွယ်တားဆီးပေးပါသည်။
အသည်းလုပ်ဆောင်ချက်ကောင်းအောင် လုပ်ဆောင်ပေးပါသည်။
နှလုံးကြွက်သားလုပ်ဆောင်ချက်ကို အထူးကောင်းမွန်စေပါသည်။
အရေပြားကျန်းမာရေးကို ကောင်းမွန်စေ၍အရွယ်တင်နုပျိုစေသည်။
ခြေကုန်လက်ပန်းကျတာကို အထူးသက်သာစေပါသည်။
အမျိုးသမီးနှင့် အမျိုးသားများအတွက် သန္ဓေအောင်စေသည်။
ခြေဆစ်လက်ဆစ်နာကျင်မှုကို ကာကွယ်တားဆီးပေးသည်။
သွေးမပျစ်အောင် ကာကွယ်တားဆီးပေးသည်။
သုံးစွဲသင့်သူများ
စိတ်ဖိစီးမှုများသူများ။
ဉာဏသမားများ၊ကျောင်းသားကျောင်းသူများ။
အလုပ်များ၍ ပင်ပမ်းနွမ်းနယ်လွယ်သူများ ၊ခြေကုန်လက်ပန်းကျသူများ။
အဆီများသောအစာအစားများ ဆီကြော်စာများ မကြာခန စားတတ်သူများ။
အကြောတက်သူများ၊လေးလံထိုင်းမှိုင်းပြီး မအီမသာ ဖြစ်တတ်သူများ။
သွေးတိုးရောဂါရှိသူများ။
နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများ။
အသည်းရောဂါရှိသူများ။
အရေပြားရောဂါရှိသူများ။
အသားအရည်စိုပြေ လှပချင်သူများ။
အိပ်မပျော်သူများ။
စိတ်ကျရောဂါရှိသူများ။
မျက်စိအားနည်းသူများ။
ကလေးရရန်ခက်ခဲနေသူများ။
သုံးစွဲရန်အညွှန်း... တစ်ရက်(၁)လုံးမှ(၂)လုံး
စျေးနှုန်း...အတောင့် ၃၀ပါ တစ်ဘူးလျှင် ၈၄၀၀၀ကျပ်
11/10/2025
#ဝမ်းကလည်းချုပ်တယ်_ဗိုက်ကလည်းတခါတလေနာတယ်_အူမကြီးကင်ဆာဖြစ်နေပြီထင်တယ်
#ရင်ကလည်းတလှပ်လှပ်နဲ့_မောတောတောကြီး_နှလုံးရောဂါလားမသိဘူး
#ခေါင်းကြီးကျဉ်နေတယ်_အသားတွေလည်းလှုပ်နေတာ_လေဖြတ်ချင်တာနဲ့တူပါတယ်
စာဖတ်တဲ့ သူတွေမှာ ဖြစ်ကြတဲ့ ပြဿနာတွေပေါ့။
ကိုယ့် အနီးနား ပတ်ဝန်းကျင်မှာ ကင်ဆာရောဂါတွေ အဖြစ်များလာတော့ Internet ထဲ လျှောက်ရှာကြည့်တယ် ပြီးတော့ လက္ခဏာတွေ တိုက်ကြည့်ပြီး ငါတော့ ကင်ဆာဖြစ်နေပါပြီတို့
အသီးအရွက်မစား ၊ ရေမသောက် ၊ လှုပ်ရှားမှုနည်းလို့ ဝမ်းချုပ် ၊ ဝမ်းချုပ်ရာကနေ လိပ်ခေါင်းဖြစ်တာ ကို အူမကြီးကင်ဆာ စနေပါပြီ တို့
အသက်က ၄၀ ဝန်းကျင်ဖြစ်လာတော့ အသောက်အစားရှိတဲ့ ကိုယ့် ဘော်ဒါတွေထဲက လေဖြတ်သွားတာ ၊ နှလုံးသွေးကြောပိတ်ပြီး အသက်သေဆုံးတာတွေ မြင်လာ၊ ကြားလာရတော့
- ရင်တုန်ရင်ပဲ နှလုံးရောဂါတို့
- မောရင် ပဲ နှလုံးရောဂါ ဖြစ်နေပါပြီ တို့
နည်းနည်း ခေါင်းကိုက်ရင် ဦးနှောက်ကင်ဆာ
မူးရင် လေဖြတ်ချင်တာ ဆိုပြီး အတွေးတွေများလာ တာကို အနောက်နိုင်ငံတွေမှာတော့ Google Syndrome လို့ခေါ်ပါတယ်။
ကိုယ်ဖြစ်တဲ့ လက္ခဏာတစ်ခုလောက်ကို Google မှာရိုက်ရှာပြီး ကိုယ့်ဟာကိုယ် ရောဂါပေါင်းစုံ အမည်တပ်ပြီး စိတ်ဒုက္ခဖြစ်နေကြတဲ့ သူတွေကို ခေါ်တာပါ။
ကျွန်တော်တို့ ဆီမှာတော့ Social Media (အထူးသဖြင့် Facebook) ကနေ မြန်မာဘာသာ နဲ့ ရေးထားတဲ့ ကျန်းမာရေးဆောင်းပါးတွေ ဖတ်ရာကနေ ရောဂါထူလာကြတာပေါ့။
ကျွန်တော်ရေးတဲ့ စာဖတ်နေကြတဲ့ သူတွေမှာရော ရှိမလားမသိဘူး (ကျွန်တော်က တစ်နေ့ ရောဂါ (၂) မျိုးလောက်ရေးတင်နေတာ ဆိုတော့ 😅)
ကျန်းမာရေး ဂရုစိုက်တာ ကောင်းပေမယ့်
အရေးကြီးဆုံးကတော့ စာကို အကုန် ဖတ်ကြည့်ဖို့ပါ
👉 လက္ခဏာတွေ ပဲ ဖတ်ပြီး ကိုယ်ခံစားနေရတာ တစ်ခု နှစ်ခု ပါတာနဲ့ အဲ့ရောဂါဖြစ်ပြီတော့ မဟုတ်ပါဘူး
👉 သံသယ ရှိလာရင် ဆရာဝန်ပြလိုက်ပါ စစ်ဆေးမှု ခံယူပါ
👉 ရောဂါမရှိပါဘူး ဆိုရင် ကိုယ်က အကောင်းကြီး ဆိုတာ လက္ခံလိုက်တာ အကောင်းဆုံးပါ လို့
(Photo credit; Dreamtime)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်pageမှကူးယူဖော်ပြပေးပါသည်
11/10/2025
#နှလုံးသွေးကြောကျဉ်းနေသူတွေ_ဘာတွေစားလို့_ဘာတွေရှောင်ရမလဲ!
Credit ...Hello Sayarwon Panel မှ အချက်အလက်များကို စစ်ဆေးပြီးပါသည်။
ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။
🩸နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ
နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက နှလုံးကို ထိခိုက်ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကိုလက်စထရော အနယ်အနှစ်တွေ သွေးကြောထဲမှာ စုပုံလာတဲ့အခါ နှလုံးသွေးကြောတွေ ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
သွေးကြောတွေထဲမှာ အနယ်အနှစ်တွေ စုပုံသွားပြီး နှလုံးသွေးကြောကျဉ်းသွားတဲ့အခါ နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု နည်းသွားပြီး ရင်ဘတ်အောင့်တာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ နှလုံးသွေးကြောက လုံးဝ ပိတ်ဆို့သွားချိန်မှာတော့ ရုတ်တရက် နှလုံးရပ်တာကို ဖြစ်စေနိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းတာရဲ့ အစပျိုးချိန်က ဆယ်စုနှစ် တစ်ခုလောက် ကြာမြင့် တတ်ပါတယ်။ ကြီးကြီးမားမား လက္ခဏာ မပြမချင်း မသိကြတာမျိုး ရှိနိုင်ပါတယ်။
ဒါပေမယ့် နှလုံးသွေးကြောကျဉ်းတာကို ကာကွယ်ဖို့နဲ့ ကုသဖို့ ကျန်းမာတဲ့ နေထိုင်မှုပုံစံ ပြောင်းလဲတာ အပါအဝင် အာဟာရ မျှတအောင်စားသုံးပေးတာတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။
နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!
နှလုံး သွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတော့ လိုအပ်တဲ့ ဆေးဝါးသောက်သုံးတာအပြင် ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ရှိစေဖို့ အခုလိုလေး အစားအသောက်ကို ဂရုစိုက်ပေးဖို့ လိုပါမယ်။ ခုပြောမယ့် အချက်လေးတွေက နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်သေးသူတွေရော၊ ဖြစ်နေတဲ့သူတွေပါ လိုက်နာလို့ရပါတယ်။
✅ စားပေးသင့်တာလေးတွေက
နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ အခုလို အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ ဒါတွေကတော့
* လတ်ဆတ်တဲ့ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေ
အပင်ကနေရတဲ့ အာဟာရ အရင်းအမြစ်တွေက နှလုံး ကျန်းမာစေနိုင်သလို ရုတ်တရက် နှလုံးရပ်တာ၊ နှလုံး စည်းချက် မမှန်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေ ပါဝင်နေပြီး ကယ်လ်လိုရီ ပါဝင်မှု နည်းတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေသလို အမျှင်ဓာတ် ပါဝင်နေတာကလည်း သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။
သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ အေးခဲထားတာတွေထက် လတ်လတ်ဆတ်ဆတ် ဖြစ်တာမျိုးကိုပဲ ရွေးချယ်ပေးပါ။
* နှံစားသီးနံတွေ
နှံစားသီးနှံတွေကို စားသုံးပေးတာက နှလုံး ကျန်းမာစေပြီး နှလုံးသွေးကြောကျဉ်းတာကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ နှံစားသီးနှံတွေမှာ အာဟာရ ကြွယ်ဝသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောကိုရော သွေးပေါင်ချိန်ကိုပါ ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။
ဥပမာအနေနဲ့ ပြောပြရရင် ဂျုံကြမ်း ပေါင်မုန့်၊ အုတ်ဂျုံ၊ ဆန်လုံးညို စတာမျိုးတွေပါ။
* ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ
နှလုံးသွေးကြောကျဉ်းနေပြီဆိုရင် တတ်နိုင်သမျှ အဆီကို လျှော့စားဖို့ လိုပါမယ်။ ဒါပေမယ့် အဆီတိုင်းက ဆိုးတာတော့ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေက အတိုင်းအတာ တစ်ခုအတွင်းမှာ စားသုံးမယ်ဆိုရင် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကျန်းမာတဲ့ အဆီတွေရဲ့ နောက်ထပ် အကျိုးကျေးဇူး တစ်ခုက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးတာပါ။
ဒါကြောင့် နှလုံးသွေးကြောကျဉ်းသူတွေအနေနဲ့ မပြည့်ဝဆီတွေဖြစ်တဲ့ monounsaturated fats နဲ့ polyunsaturated fats တို့ ပါဝင်နေတဲ့ သံလွင်ဆီ၊ ကာနီုလာဆီ၊ နှမ်းကြတ်စေ့ဆီ၊ ထောပတ်သီး၊ အခွံမာအသီးတွေ၊ အစေ့အဆန်တွေကို စားပေးလို့ ရပါတယ်။
* အဆီမပါတဲ့ ပရိုတင်း
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် ပရိုတင်း စားပေးဖို့ လိုပါမယ်။ ဒီလို ပရိုတင်းကို ရွေးချယ်တဲ့အခါမှာလည်း အဆီ ပါဝင်မှု နည်းတာမျိုးကို ရွေးချယ်ဖို့ လိုပါမယ်။ နောက်ပြီး ငါး အထူးသဖြင့် အိုမီဂါသရီး ကြွယ်ဝတဲ့ ငါးမျိုးကို ရွေးချယ် စားသုံးပေးတာက သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်မှာပါ။
အဆီဓာတ် နည်းတဲ့ ပရိုတင်းအနေနဲ့ စားပေးလို့ ရတာလေးတွေကတော့ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲပိစပ်၊ မိုးခိုသား၊ အရေခွံမပါတဲ့ ကြက်သား စတာမျိုးတွေပါ။
⚠️ ရှောင်သင့်တာလေးတွေ
နှလုံးသွေးကြောကျဉ်းနေသူတွေအနေနဲ့ သွေးတွင်းကိုလက်စထရောကို ထိန်းညှိဖို့ လိုသလို သွေးပေါင်ချိန်နဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့လည်း လိုပါမယ်။ ဒီလို လုပ်ဆောင်ပေးတာနဲ့အတူ ရှောင်သင့်တဲ့ အစားအစာလေးတွေကို ရှောင်ပေးတာကလည်း ထိရောက်တဲ့ ရလဒ်ကို ရရှိစေမှာပါ။
ဘာတွေ ရှောင်ရမလဲဆိုတော့ ထောပတ်၊ သကြား၊ ဆီကြော်စာတွေ၊ ပြုပြင်ထားတဲ့ အသားတွ၊ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေ၊ တာရှည်ခံ အစားအစာတွေ၊ ဆား နဲ့ အငန်ကဲတာတွေ၊ အချိုကဲတာတွေ၊ အပြင်စာတွေ၊ အဆီများတဲ့ အစားအစာတွေပါ။
💝 အမှာစကား
နှလုံးသွေးကြောကျဉ်းတာကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်း မရှိပါဘူး သွေးပေါင်ချိန် ထိန်းညှိတာ၊ သွေးတွင်းအဆီ ထိန်းတာနဲ့ အစားအသောက် အနေအထိုင် ဂရုစိုက်တာတွကပဲ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်မှာပါ။
#စိတ်ဖိစီးမှုကိုလျှော့ချပါ
Tiens ထုတ်ကုန်ထဲက ဦးနှောက်နှလုံးသွေးကြောအတွက် စောင့်ရှောက်မှုပေးနိုင်တဲ့ ထုတ်ကုန်တွေကို သိတဲ့သူတွေ မျှဝေပေးကြပါဦးနော် ။ ကိုယ်တွေ့လေးတွေ ရှိရင်လည်း ပြောပြပေးပါဦး
23/02/2025
⚠️ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ
အစာအိမ်အူလမ်းကြောင်း ဟာ အဆင့်မြင့်ရှုပ်ထွေးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းဟာ ကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊ အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။
ထူးခြားချက်တစ်ခုကတော့ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ အကျိုးပြုဘက်တီးရီးယားတွေ ရှိနေခြင်းပါပဲ။ လူတစ်ဦးချင်းစီရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားမျိုးကွဲပေါင်း ၃၀၀ ကနေ ၅၀၀ အထိ ရှိနေနိုင်ပြီး အများစုဟာ အကျိုးပြုဘက်တီးရီးယား ဖြစ်ပါတယ်။ အနည်းငယ်ကပဲ အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေဖြစ်ပါတယ်။
အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ
စိတ်ဖိစီးမှုများခြင်း၊ အအိပ်အနေနည်းခြင်း၊ အဆင့်ဆင့်ပြုပြင်ထားပြီး သကြားပါဝင်မှုမြင့်မားသော အစားအစာများ စားသုံးခြင်း၊ ပဋိဇီဝဆေးဝါးအချို့ သုံးစွဲခြင်း စတာတွေဟာ အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်ပါတယ်။ ၎င်းတို့နဲ့ ဆက်နွယ်နေတဲ့ ဦးနှောက်၊ နှလုံး၊ ကိုယ်ခံအား၊ အရေပြား၊ ကိုယ်အလေးချိန်နှင့် ဟော်မုန်း စတဲ့ ကျန်းမာရေးကိစ္စရပ်တွေမှာပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အူလမ်းကြောင်း ကျန်းမာရေးမကောင်းတဲ့အခါ အောက်ပါလက္ခဏာများ တွေ့နိုင်ပါတယ်။
အစာအိမ် ပြဿနာများ ဖြစ်ခြင်း
လေပွလေထခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အစာမကြေရင်ပူခြင်း စတဲ့ အစာအိမ်ပြဿနာများဟာ အူလမ်းကြောင်းမကောင်းတဲ့ အခြေအနေများပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်တဲ့ အူလမ်းကြောင်းဟာ အစာများကို ကောင်းစွာချေဖျက်နိုင်ပြီး အညစ်အကြေးစွန့်တဲ့ အဆင့်အထိ လုပ်ငန်းစဉ် ချောမွေ့ပါတယ်။
စားသောက်ချင်စိတ် မထိန်းနိုင်ဖြစ်ခြင်း
အဆင့်ဆင့်ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေနဲ့ လိုအပ်တာထက် ပိုမိုထည့်သွင်းစီမံထားတဲ့ သကြားဓာတ်တွေဟာ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို လျော့နည်းစေပါတယ်။ သကြားဓာတ်ကဲတဲ့ အစားအသောက်တွေကို စားသောက်ချင်စိတ်ကိုလည်း မထိန်းနိုင်ဖြစ်နေပါတယ်။ သကြားဓာတ်တွေထဲမှာမှ ဖရက်တို့စ်သကြားပါဝင်မှုများတဲ့ အစားအစာတွေဟာ ကိုယ်ခန္ဓာအတွင်းက ရောင်ရမ်းခြင်းဖြစ်စဉ်တွေနဲ့ ဆက်နွယ်နေပါတယ်။
ကိုယ်အလေးချိန်မထိန်းနိုင်ခြင်း
စားသောက်ပုံနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို သိသာစွာ ပြောင်းလဲခြင်းမလုပ်ဘဲ ကိုယ်အလေးချိန် ရုတ်ချည်း တိုးလာခြင်း၊ လျော့သွားခြင်း စတာတွေဟာ အူလမ်းကြောင်းမကောင်းခြင်းရဲ့ လက္ခဏာတမျိုးပါပဲ။ ကျန်းမာရေးမကောင်းတဲ့ အူလမ်းကြောင်းဟာ အာဟာရဓာတ်များ စုပ်ယူနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ခြင်း၊ အဆီများကို သိုလှောင်ခြင်း စတဲ့လုပ်ငန်းစဉ်တွေကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။
ကိုယ်အလေးချိန် လျော့နည်းသွားခြင်းဟာ အူသိမ်ထဲက ဘက်တီးရီးယားတွေ အလွန်အကျွံပေါက်ပွားခြင်းကြောင့် ဖြစ်နိုင်သလို ကိုယ်အလေးချိန်တက်ခြင်းဟာလည်း အင်ဆူလင်အာနိသင်ကျဆင်းခြင်း၊ အာဟာရဓာတ် စုပ်ယူမှုနည်းခြင်းကြောင့် စားသောက်ချင်စိတ်လွန်ကဲလာခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
အိပ်ရေးဆက်တိုက်ပျက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
အိပ်မပျော်ခြင်း၊ အိပ်ရေးမဝခြင်း စတာတွေဟာ ကျန်းမာရေးမကောင်းတဲ့ အူလမ်းကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းပါ ယှဉ်တွဲနေနိုင်ပါတယ်။ စိတ်အခြေအနေနဲ့ အိပ်စက်ခြင်းအပေါ် လွှမ်းမိုးမှုရှိတဲ့ ဆီရိုတိုနင်ဟော်မုန်းကို အူလမ်းကြောင်းထဲက ထုတ်လုပ်ပါတယ်။ ဒါကြောင့် အူလမ်းကြောင်းမှာ ထိခိုက်မှု တစုံတရာရှိနေရင် အိပ်စက်ခြင်းအပေါ် သက်ရောက်နိုင်ပါတယ်။
အရေပြားပြဿနာများ
အရေပြားပြဿနာတွေ (ဥပမာ နှင်းခူ) ဟာ အူလမ်းကြောင်းထိခိုက်မှုနဲ့ ဆက်စပ်နေပါတယ်။ အာဟာရနည်းပါးခြင်း၊ အစားအစာဓာတ်မတည့်ခြင်း စတာတွေကြောင့် အူလမ်းကြောင်းအတွင်းမှာ ရောင်ရမ်းမှုဖြစ်နေရင် ပရိုတိန်းတချို့ကို ကိုယ်ခန္ဓာထဲ စိမ့်ထွက်သွားစေပါတယ်။ အဆိုပါအခြေအနေမှာ အရေပြားယားယံပြီး နှင်းခူလို ပြဿနာမျိုးတွေ တွေ့နိုင်ပါတယ်။
မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်သော ပြဿနာ
အစာအိမ်အူလမ်းကြောင်းနဲ့ ကိုယ်ခံစွမ်းအားဟာ ဆက်စပ်မှု ရှိနေပါတယ်။ အူလမ်းကြောင်းမကောင်းခဲ့ရင် ကိုယ်ခံစွမ်းအားရဲ့ လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်စေပြိး မိမိကိုယ်ခံအားကနေ မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
အစားမတည့်ခြင်း
ဒီပြဿနာဟာ ဓာတ်မတည့်ခြင်းနဲ့ မတူပါဘူး။ အစားအစာတချို့ကို မချေဖျက်နိုင်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ အစာမတည့်ခြင်းပြဿနာဟာ အူလမ်းကြောင်းက ဘက်တီးရီးယားတွေရဲ့ အရည်အသွေး အားနည်းလို့ပဲ ဖြစ်ပါတယ်။ အစာကို မချေဖျက်နိုင်ခြင်းကြောင့် လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
Credit
22/02/2025
ရေခဲရေသောက်ခြင်းက ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေလဲ
၁. ဗိုက်ထဲမှာ အဆီတွေစုမယ်
၂. ဝမ်းချုပ်စေမယ်
၃. ရေဓာတ်ခမ်းခြောက်စေမယ်
၄. ကိုယ်တွင်းစွမ်းအင်လျော့ကျစေမယ်
၅. အစာမကြေဖြစ်စေမယ်
၆. နှလုံးခုန်နှုန်းမြန်စေမယ်
၇. လည်ချောင်းနာစေမယ်
၈. ခေါင်းကိုက်စေမယ်
ဒါကြောင့် ဘယ်ရာသီမှာမဆို ရေခဲရေအစား သဘာဝရေကိုသာ သောက်သုံးဖို့ အကြံပြုချင်ပါတယ် ။
#ရေခဲရေသောက်ခြင်း၏ဆိုးကျိူးများ
#ကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ
22/12/2024
အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များ
နံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်အတွင်း အိပ်ရာထကာ ရေတစ်ခွက် အဝသောက်ပြီး ၀မျးမှနျမှနျ သွားသင့်သည်။ ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား နည်းနေ၍ ဖြစ်ပြီး အမျှင်ရှိသော အစားအစာ များများစားပေးပါ။
နံနက် ၇ နာရီမှ ၉ နာရီအတွင်း အစာအိမ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်ခင်းစာ (Breakfast) အ၀ စားသင့်သည်။
နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နှလုံး (Heart) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထမင်းစားပြီး ခဏတဖြုတ် အနားယူသင့်သည်။
ညနေ ၁ နာရီမှ ၃ နာရီအတွင်း အူသိမ်မှ အလုပ်လုပ်ချိန် ဖြစ်ကာ အလေးအပင်များ မ,ခြင်းမှ ဆင်ခြင်ရန် အထူးလိုအပ်သည်။
ညနေ ၃ နာရီမှ ၅ နာရီတွင် ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို စွန့်ပစ်ချိန် ဖြစ်သောကြောင့် အနည်းဆုံး ၁ လီတာမှ စ,ပြီး ရေများများ သောက်ရန် လိုအပ်သည်။
ညနေ ၅ နာရီမှ ၇ နာရီသည် ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်သည်။
ထိုအချိန်တွင် ရေချိုးနေစဉ် ဆီးသွားခြင်း ရှောင်ပါ။ ကျောက်ကပ်ပျက်စီးလွယ်သည်။
ည ၇ နာရီမှ ၉ နာရီတွင် နှလုံးအမြှေးပါး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် စိတ်အပန်းပြေစေသည့် Entertainment များ၊ ရယ်မောဖွယ် ဟာသများ စသဖြင့် ကြည့်ရှုခံစား သင့်သည်။
ည ၉ နာရီမှ ၁၁ နာရီသည် ခန္ဓာကိုယ်၏ အပိုင်းကြီး ၃ ပိုင်း (ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း) များကို နှီးနှောဖလှယ်ချိန် ဖြစ်သည်။
ည ၁၁ နာရီမှ ၃ နာရီသည် အသည်း (Liver) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ၁၁ နာရီထက် နောက်ကျပြီး မအိပ်သင့်ပါ။ သင့်အသည်းကို အနားပေးရန် လိုအပ်ပါသည်။
ထို့ပြင် ၁၁ နာရီမှ ၁ နာရီတွင် သည်းခြေမှ အလုပ်လုပ်သည်။
နံနက် ၃ နာရီမှ ၅ နာရီထိသည် အဆုတ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်သည်။
သင့်မိတ်ဆွေများကိုလည်း မျှဝေပေးဖို့ မမေ့နဲ့နော်။
Credit + ပါမောက္ခ ဒေါ်ခင်ဖြူ
Via -
အိမ်ထောင်ရှင်များ သတိထားစရာမောင်ညိုပါ
23/06/2024
အဆီအဆိပ်အတောက်ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်လှပစေဖို့ အကောင်းဆုံးအဖော်မွန်အဖြစ် ဆောင်ထားသင့်တဲ့
"ချစ်တိုစံ" ဆိုတဲ့ အာဟာရဖြည့်စွက်စာလေးအကြောင်း သတင်းကောင်းပေး မိတ်ဆက်ပေးချင်ပါတယ်...😘😘😘
ချစ်တိုစံ…အကြောင်း တစေ့တစောင်း…
တိုင်းရင်းဆေးနည်းပညာထဲမှာ အဆိပ်တောက်နိုင်နင်းတဲ့ဘုရင် အဖြစ်တင်စားခေါ်ဝေါ်ထားပါတယ်...
ယနေ့လို အဘက်ဘက်မှ နည်းလမ်းပေါင်းစုံ ခန္ဓာကိုယ်ထဲသို့ အဆီနဲ့ အဆိပ်အတောက်တွေ စုပုံလာတဲ့အခါ ကျန်းမာရေး ပြဿနာပေါင်း သောင်းခြောက်ထောင်ကို လူတော်တော်များများခံစားနေရပြီ…
ခေတ်စားလာတဲ့ရောဂါတွေထဲမှ ထိပ်ဆုံး တွေကတော့ …
1. ကင်ဆာရောဂါ
2. နှလုံးနှင့် ဦးနှောက်သွေးကြောရောဂါ
3. အသည်းနှင့်ပါတ်သက်သောရောဂါ
4. အဆုပ်လမ်းကြောင်းပြဿနာ
5. ကျောက်ကပ်ပြဿနာ
6. အဝလွန်ရောဂါ စသဖြင့်ပေါ့…
ဂျပန်နိုင်ငံမှ သုတေသနပြုလုပ်စမ်းသပ်ချိန် နှစ်ပေါင်း 100ကြာပြုလုပ်ပြီး
ချစ်တိုစံကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်…
ဂဏန်းခွံ ပုဇွန်ခွံရဲ့ အမျှင်ဓါတ်မှ ထုတ်လုပ်ထားပြီး သဘာဝ ချစ်တင်းဓါတ်(chitin compound) 85%သန့်စင်ထားပါတယ်…
အဆီအဆိပ်အတောက်ကင်းစင်လိုလူတိုင်းသောက်သုံးနိုင်ပြီး
အရေပြားပွန်းပဲ့ထိခိုက်ဒဏ်ရာများအတွက်လည်း Capsuleထဲမှ အမှုန့်ကို သိပ်ပေးခြင်းဖြင့် အနာကျက်မြန်ကြောင်း တွေ့ရှိရသည်။
✅အကျိုး အာနိသင်ကတော့…
- ပိုလျှံနေသော အဆီနှင့်သကြားဓါတ်ကို စုပ်ယူဖယ်ရှားနိုင်စွမ်းရှိခြင်း
- ကိုယ်တွင်း cholestrolနှင့် အဆီပမာဏ ထိန်းပေးခြင်း(ဗိုက်ခေါက်များ လျော့ကျစေ)
- အငံဓါတ်များစွာကိုလဲ စုပ်ယူဖယ်ရှားနိုင်ခြင်း…
- ကင်ဆာဆဲလ်အဆိပ်တောက်များကို ဟန့်တားပေးခြင်း
- ကိုယ်တွင်းကင်ဆာတိုက်ဖျက်တဲ့ ဆဲလ် (lymphocytes NKနှင့်LAK)ကို အားဖြည့်ပေးခြင်း
- ကင်ဆာဆဲလ်ပွားခြင်း ဟန့်တားပေးခြင်း
- ရေဒီရေးရှင်း(radiation)ကြောင့် ဆဲလ်နဲ့တစ်သျှူးတွေ မပျက်စီးအောင် ကာကွယ်ပေးခြင်း
- ဆီးချိုရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်းအဖြစ် သွေးတွင်း အချိုဓါတ်လျှော့ချပေးခြင်း
- အဆစ်အမြစ်ရောင် လေးဖက်နာ နောက်ကျောတက် ခါးနာ ခါးကိုက် အတွက် သက်သာစေပြီး ကာကွယ်မှုပေးခြင်း
- ကိုယ်တွင်း ကပ်ပါးကောင်တွေကို ရှင်းလင်းပေးခြင်း
- ကောင်းသော ဘက်တီးရီးယားတွေကို အားကောင်းအောင်လုပ်ခြင်းဖြင့်
- မကောင်းသော ဘက်တီးရီးယားကို ဖယ်ရှားခြင်း
- အူလမ်းကြောင်းလှုပ်ရှားမှု အားပေးခြင်း[ဝမ်းမှန်စေသည်]
- ဝမ်းတွင်း အညစ်အကြေးနှင့် အဆိပ်တောက်တွေကို သန့်ရှင်းရေးသမားအဖြစ် ဆောင်ရွက်ပေးခြင်း
- အနာ အပူလောင်နာ အမာရွတ်မကျန်အောင် အနာကျက်မြန်စေခြင်း
🩺 သောက်သုံးသင့်သူများ…
- အဆီများတဲ့ အစားစာ နှင့် Ready made အစားအစာများ အပြင်စာများ အလွယ်စာ(fast food)များ စားသုံးသူများ
- အသည်းနှင့် ပါတ်သက်သော ပြဿနာ ခံစားရသူများ( Bပိုး Cပိုးရှိသူများ)နှင့် ကြိုတင်ကာကွယ်လိုသူများ
- အသဲအဆီဖုံးသူများ အသဲကြီးသူများ
- သွေးတိုးဝေဒနာ ရှင်များနှင့် ကြိုတင် ကာကွယ်လိုသူများ(ရေရှည်သုံးစွဲမှီဝဲသင့်)
- ဆီးချို ဝေဒနာရှင်များနှင့် ကြိုတင် ကာကွယ်လိုသူများ(ရေရှည်သုံးစွဲမှီဝဲသင့်)
- နှလုံးနှင့် သွေးကြောပြဿနာ ခံစားရသူများနှင့် ကြိုတင်ကာကွယ်လိုသူများ
- ကင်ဆာဝေဒနာရှင်များနှင့် ကြိုတင် ကာကွယ်လိုသူများ(ဓါတ်ကင်ခြင်းရဲ့ ဆိုးကျိုးကို ကာကွယ်ပေး)
မိတ်ဆွေတို့နေ့စဉ် ကျန်းမာပြီး
အဆီအဆိပ်တောက်ကင်းစင်ဖို့
ချစ်တိုစံနဲ့ သန့်ရှင်းစို့…🌹🌹🌹
🌱ကြိုတင်ကာကွယ်ရန်....2လုံး (2)ကြိမ်
🌱ကုသရန် …3လုံး (3)ကြိမ်
✨Beauty tip✨
ဆင်ဝက်ခြံရှိသူများနှင့် အသားအရေ ကြမ်းတမ်းသူများ အဆီပြန်သူများအနေဖြင့်...
Chitosan Capsule တောင့်ထဲမှ အမှုန့်တဝက်နှင့် သံပုရာသီး တစ်စိတ်ကိုအရည်ညှစ် ရောစပ်ပြီး Face mask အနေဖြင့်
မျက်နှာအနှံ့ လိမ်းကျံကာ "မိနစ် ၂၀ကြာ" လျှင်ရေပြန်သစ်ခြင်းဖြင့် ပေါင်းတင်နိုင်ပါတယ် တစ်ရက်ခြား တပတ် ပေါင်းတင်ရုံဖြင့် သိသာချောမွေ့သော အသားအရေ ကို ရရှိစေပါသည်။
💰စျေးနှုန်း...(100)caps;ပါ 1ဘူးလျှင် 68000ks
23/06/2024
#ကော်ဖီဖျော်တာ_ဇွန်းမရှာချင်တာနဲ့
#ရေနွေးထည့်ပြီး_သူ့အိတ်နဲ့ပဲမွှေလိုက်တော့တယ် 😅😅😅
#အလွယ်လမ်း_လိုက်ကြမလား ❓
အိတ်အရှည်နဲ့ ကော်ဖီထုပ်လေးတွေဆို ပိုတောင်အဆင်ပြေသေးတယ် ရေနွေးက လက်မပူတော့ဘူးလေ။ ဇွန်းလည်း မဆေးရတော့ဘူး 😁
ကျန်းမာရေးရှုထောင့်က ကြည့်ရရင်တော့ မလုပ်ကြပါနဲ့
1. ပလတ်စတစ်အိတ်ဖြစ်လို့ အပူနဲ့ ပလတ်စတစ်ဓာတ်ပြုတဲ့အခါ ဘေးအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ထွက်လာပြီး ရေနွေးထဲကိုပျော်ဝင်သွားတတ်ပါတယ်။
ဘာဓာတုပစ္စည်းတွေလဲ 👉 Styrene, Melamine, Benzene, Toluene, စတာတွေပါ
အနည်းဆုံးဗိုက်အောင့် ဗိုက်နာဖြစ်စေခြင်းမှ သည် အစာအဆိပ်သင့်သည်အထိ ဆိုးဝါးနိုင်ပါတယ်
2. ဆိုင်တွေမှာ ဒီတိုင်း ချိတ်ဆွဲထားတာဖြစ်စေ ၊ အိတ်ထဲကပဲ ဖောက်လိုက်တာဖြစ်စေ မမြင်ရတဲ့ ပိုးမွှားပေါင်းများစွာကပ်ငြိနေပါတယ်
အဲ့ဒီ အန္တရာယ်ရှိတဲ့ ပိုမွှားများစွာကို ရေနွေးစိမ်ပြီး သောက်လိုက်သလိုဖြစ်ပါလိမ့်မယ်
အဲ့လိုပါပဲ ပလတ်စတစ်ခွက်တွေနဲ့ Coffee, Tea စတဲ့ အပူတွေ မသောက်သင့်ပါဘူးဗျာ
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်pageမှကူးယူဖော်ပြပေးပါသည်
12/06/2024
လိ င်ဆက်ဆံခြင်း ပုံစံနဲ့ သားသမီးရတနာ
အိမ်ထောင်တခု ထူထောင်ကြပြီဆိုရင် မိမိတို့မျိုးဆက်သားသမီးကို လိုချင်ကြတာပဲ။ တချို့စုံတွဲတွေမှာ ချို့ယွင်းချက်ကြောင့် ကိုယ်ဝန်မရကြပေမယ့် အများစုကတော့ လိင်ဆက်ဆံတဲ့ အနေအထား ပုံစံမမှန်တာကြောင့် ကိုယ်ဝန် မနိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိဖို့ ဆိုတာက တချို့ စုံတွဲတွေ အတွက် လွယ်ကူကောင်း လွယ်ကူနေနိုင်ပေမယ့် တချို့တွေ အတွက် ကတော့ ကလေး တယောက်ရဖို့ကို သူများထက်ပိုပြီး ခက်ခဲတာ၊ အားထုတ်ရတာတွေလည်း ရှိနေတတ်ပါတယ်။ ကိုယ်ဝန်ရှိနိုင်ဖို့ အတွက် လင်မယားစုံတွဲတွေဟာ မျိုးဥဆင်းတာကို စောင့်ကြည့်ရတာမျိုးကနေပြီးတော့ ကိုယ်ဝန်ရဖို့ အထောက်အကူ ရအောင်လို့ လိင်ဆက်ဆံတဲ့နည်းလမ်း ပုံစံတွေ အမျိုးမျိုး ပြောင်းပြီး ကြိုးစားကြည့်ကြရတာမျိုးတွေ အထိ အလုပ်ရှုပ်ကြ ရပါတယ်။ ဘယ်လိုပုံစံက ကိုယ်ဝန်ရဖို့ အတွက် အထောက်အကူ ဖြစ်တယ် တချို့ ကတော့ မဖြစ်ဘူး ဆိုတာမျိုးကလည်း အမြဲလို အငြင်းပွားစရာ ခေါင်းစဉ်တခုပါပဲ။ ဒါကြောင့် ကိုယ်ဝန်ရဖို့ အကောင်းဆုံး ပုံစံလို့ ဆိုကြတဲ့ နည်းလမ်းတချို့ အကြောင်းကို ဒီတပတ် လိင်ပညာပေးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
Missionary position
လှေကြီးထိုးလို့ ခေါ်ကြတဲ့ Missionary position က ကိုယ်ဝန်ရရှိဖို့ အကောင်းဆုံးလို့ ဆိုကြပါတယ်။ ဒီနည်းက အမျိုးသား က အမျိုးသမီးရဲ့ အပေါ်မှာနေတဲ့ နည်းဖြစ်ပါတယ်။ ယောက်ျားရဲ့ သုတ်ပိုးတွေက မမျိုးဥ နဲ့ လွယ်လွယ်ကူကူ မြန်မြန်ဆန် ဆန် ထိတွေ့နိုင်တယ်လို့ သိရပါတယ်။ ဒီနည်းနဲ့ လိင်ဆက်ဆံစဉ်မှာ အမျိုးသမီးရဲ့တင်ပါးအောက်မှာ ခေါင်းအုံးတလုံးခုပေး ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေပိုများတယ်လို့လည်းသိရပါတယ်။ အမျိုးသားသုက်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ခေါင်းနဲ့ အနီးဆုံးပို့ဆောင်ပေးနိုင်တဲ့ နည်းလို့လည်း ဆိုကြပါတယ်။
Rear entry style
ဒီနည်းကိုတော့ doggy style လို့ အသိများပါတယ်။ အမျိုးသမီးက လေးဘက်ထောက်အနေအထားမှာ ရှိနေပြီးတော့ အမျိုးသား က နောက်ကနေ ထိုးသွင်းဆက်ဆံရတာဖြစ်ပါတယ်။ ကိုယ်ဝန်ရရှိစေနဲ့တဲ့ အခွင့်အလမ်းများတဲ့ နည်းလို့လည်း သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနည်းကလည်း အမျိုးသားရဲ့ သုက်ရည်ကို အမျိုးသမီးရဲ့ သားအိမ်ခေါင်း နားကို အနီးဆုံးအထိရောက်အောင် ပို့ဆောင်ပေးနိုင်လို့ ဖြစ်ပါတယ်။
Side by side style
ကိုယ်ဝန်ရစေဖို့ အထောက်အကူ ဖြစ်တဲ့ နောက် တနည်းကတော့ အမျိုးသားနဲ့ အမျိုးသမီး မျက်နှာချင်းဆိုင် တစောင်း လှဲပြီး ဆက်ဆံတဲ့ ပုံစံဖြစ်ပါ တယ်။ ဒီလိုဆက်ဆံခြင်းအားဖြင့် အမျိုးသမီး၏ သားအိမ်ခေါင်းဆီကို သုက်ပိုးတွေ ပိုပြီး ချဉ်း ကပ်လာနိုင်စေတယ်လို့ သိရပါတယ်။
#အမျိုးသားသမီးကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ
#ကလေးရချင်တဲ့သူတွေအတွက်
08/06/2024
(စိမ်းပြာရေညှိဓါတ်စာ)
🍁သွေးအားနည်းရောဂါ၊ နုံးချည့်ခြင်းကိုကာကွယ်ပေးသည်။
🍁အဆိပ်အတောက်များဖယ်ရှားပေးသည်။
🍁ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်သည်။
🍁အမြင်အာရုံကောင်းစေသည်။
🍁ကိုယ်အလေးချိန်ချပေးသည်။
🍁အစာအိမ်နှင့်အူလမ်းကြောင်းလုပ်ဆောင်ချက်ကောင်းစေသည်။
🍁ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသည်။
🍁အဆီဓါတ်မြင့်မားခြင်းကို လျှော့ချပေးသည်။
🍁ခုခံအားစနစ်မြှင့်တင်ပေးသည်။
🍁အစာမှန်မှန်စားစေသည်။
🍁ဓမ္မတာမှန်စေသည်။
🍁အသဲလုပ်ဆောင်ချက်ကောင်းစေသည်။
🍁ခံတွင်းနံ့နံခြင်း၊ ဝက်ခြံ၊ တင်းတိပ်ဖြစ်ခြင်းကို ကာကွယ်ပေးသည်။
🍁လိပ်ခေါင်းရောဂါကိုကာကွယ်ပေးသည်။
🍁ဓါတ်ရောင်ခြည်သင့်ခြင်းကိုကာကွယ်ပေးသည်။
🍁အနာကျက်မြန်စေသည်။
🍁အမျိုးသားဆီးကျိန်ရောဂါကာကွယ်ပေးသည်။
🍁ခုခံအားကျဆင်းရောဂါသည်များ ဆောင်းပိုးနှင့်တွဲပေးလျှင် အကျိုးထိရောက်မှုရှိသည်။
🍁ဖို/မ မျိုးပွားအင်္ဂါစနစ်ဖွံ့ဖြိုးစေသည်။
💁ပါဝင်ပစ္စည်းများ-🌸🌸
🔶အမိုင်နိုအက်ဆစ်(၁၉)မျိုး
🔶ဗီတာမင်(၁၁)မျိုး၊ Vit B1,B2,B5,B6,B12, Folic Acid< B3, A,C,D,E တို့ပါဝင်သည်။
🔶ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်, ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ ဇင့်ဓါတ်၊ဘီတာကယ်ရိုတင်း၊ Selenium၊ ကလိုရိုဖီး၊ Copper၊ မပြည့်ဝအဆီအက်ဆစ်ဓါတ်၊ခန္ဓါကိုယ်မှ စုပ်ယူနိုင်စွမ်း 85% မှ 95%ထိရှိသည်။
👪သုံးဆွဲသင့်သူများ-🧑🍼🤱
💠သွေးအားနည်းရောဂါရှိသူများ
💠ဝမ်းချုပ်သူများ
💠ဆီးချိုရောဂါရှိသူများ
💠အဝလွန်သူများ
💠သက်သတ်လွတ်စားနေသူများ
💠ကျန်းမာလိုသူတိုင်းသောက်သုံးသင့်သောဓါတ်စာဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
3 Street Ksetra Myothit Pyay
Pyay
08151