Lun & Yun

Lun & Yun

Share

For my twin princesses

Photos from Lun & Yun's post 20/04/2026

မတ်မတ်အမွှာတို့ရဲ့ သင်္ကြန်အတက်နေ့ ရေပက်ခံထွက်ခြင်းအမှတ်တရလေးတွေ save
ဒီနှစ်မှသင်္ကြန်ဆိုတာကို ပီပီပြင်ပြင် ပျော်ရတဲ့ အမွှာတို့ရဲ့ သင်္ကြန်။ ၄ရက်လုံး မြန်မြန်ဟင်းချက်၊ပီးတာနဲ့ သူတို့ကိုအဖော်လုပ်ပေးလိုက်ရတာ။သူတို့ဖြစ်ချင်တာ လုပ်ပေးလို့ ပျော်နေကြတာ။မေမေ အချိန်မရတော့လို့ အချိန်ရရင် ကျမအမွှာတွေ ဒီထက်ပျော်ဦးမှာ။နောက်နှစ် ကားနဲ့ လည်မယ်တဲ့ ကြိုတင်ပူဆာထားပါတယ်

Photos from Lun & Yun's post 18/03/2026

04-03-2026
Happy birthday 8 Years old 🎂 🎂 🎂 🎂 🎉 🎉 🎉 🎉 my dear daughters.
ဘာလိုလိုနဲ့ ကျမရဲ့ အသက်ဘူးလေးတွေ ၈ နှစ်ပြည့်သွားပီ။တခါတလေ အရမ်းပင်ပန်းလာရင် သူတို့လေးတွေ မြန်မြန်ကြီးပြင်းလာရင်ကောင်းမှာပဲ စဉ်းစားမိတယ်။တခါတလေကျတော့လဲ ဖြည်းဖြည်းကြီးပြင်းလာပါလို့ ချစ်လို့မဝ၊နမ်းလို့မဝ၊ဖက်လို့မဝသေးလို့ပါ။မွေးနေ့မှာ မေမေ့ သမီးလေးတွေ ကျန်းမာချမ်းသာပါစေ။ပညာရေးမှသာမက အရာရာတိုင်းမှာထူးချွန်ထက်မြက်သော မိန်းကလေးတွေ ဖြစ်ပါစေ။ကိုယ့်အားကိုယ်ကိုးနိုင်သော မိန်းကလေးတွေဖြစ်ပါစေ။
Love you 😘🥰😍

📸📸📸
Thar Chit Thank you so much for the photos.

Photos from Lun & Yun's post 02/06/2025

Grdae-2 ကျောင်းသူလေးတွေပါရှင့်
1st Day of school 😘🥰😍

11/05/2025

Lun English speaking skills!😍🥰😘❤️

11/05/2025

Yun English speaking skills! 😍🥰😘❤️

Photos from Lun & Yun's post 04/03/2025

04.03.2025
ဘာလိုလိုနဲ့ မေမေ့သမီးအမွှာလေးတွေ ၇ နှစ်ပြည့်သွားပြန်ပီ။အချိန်က ခဏလေးလိုပါပဲ။ဖြေးဖြေးကြီးပေးပါလို့ ပြောချင်ပေမဲ့၊ သမီးလေးတို့ဖွားဖွားတွေ ဆုံးပါးပီးနောက်ပိုင်းမှာ သမီးလေးတို့ကို မြန်မြန်ကြီးပြင်းလာစေချင်မိတယ်ကွယ်။ ဆုပဲပေးတော့မယ် မေမေ့သမီးအမွှာလေးတွေ ၇ နှစ်ပြည့်မွေးနေ့မှစပီး အသက်ရှည်ကျမ်းမာပါစေ။စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေ။ပညာတတ်ကြီးများဖစ်ပီး ကိုယ့်အားကိုယ်ကိုးနိုင်သော ဘုရင်မလေးများဖြစ်ပါစေ လို့ မေမေ ဆုတောင်ပေးတယ်နော်🥰🥰😘😘🎉🎂🎁

19/01/2025

Na na na
သူတို့ပဲ သိ သူတို့တတ် တဲ့ အမွှေစိန်အမွှာပေါ့😘😘😘

Photos from Lun & Yun's post 27/09/2024

အမွှေစိန်မမတွေ မွှေချက်
ဖွက်ထားတဲ့ကတ်ကြေးကို တွေ့ပီး အမွှေမမတွေ လက်ထဲရောက်သွားသော အခါ.....🤣🤣🤣
အလှအပ ကြိုက်လို့ ကိုယ့်ဆံပင် ကိုယ်ညှပ်တဲ့ အမွှေစိန် ဆရာမကြီး ၂ ယောက်😂😂😂
အလုပ်ကပြန်ရောက်တာနဲ့ မြင်ပီး ဆုံးမရတာလဲ အာပေါက်မတတ်ပဲ။ သူတို့အဖွားကပြောပီ နင့်သမီး ၂ ယောက်ကို ထိန်းရတာ ယောက်ျားလေး ၃ ယောက်လောက် ထိန်းရသလိုပဲတဲ့။ ယောက်ျားလေးတွေကမှ ငြိမ်နေဦးမယ်။ နင့်သမီး ၂ ‌ယောက်ကိုတော့ မနိုင်တော့ဘူးတဲ့။ အ့လိုမွှေတဲ့ အမွှေစိန်အမွှာ လွန်း နဲ့ ယွန်း😁😁😁
သမီးအမွှာတို့ လှရဲ့လားရှင် 😅

21/09/2024

နေ့လည် ထမင်းစားချိန်
ယွန်း- မမ မီးမီးကို ခွံကျွေး
လွန်း(ငြင်းရှာတာ)-အင်း မမ စားပီးရင်ကျွေးမယ်
အကြံ နဲ့ သူ့ညီမကို ခွံကျွေးတာ
ခွံကျွေးတာက နဲနဲ သူ့ပါးစပ်ထဲကို ထည့်ရသေးတယ်။
သူတို့ဘာသာ သဘောတွေကျနေသေးတယ် 😘🥰😍

Photos from Lun & Yun's post 11/08/2024

Feeding fishes 😘🥰😍😘🥰😍

24/07/2024

👉လွန်း နဲ့ ယွန်း ကြီးလာရင် ဖတ်မိစေဖို့👈


သင့်သမီးကြီးလာရင် ပြောပြသင့်တဲ့အချက် (20) ✅
1▪ ပိုက်ဆံမှာ ကျားမ မရှိဘူးဆိုတာ
သင့်သမီးကို ပြောပြပါ။
ယောက်ျားတွေ ပိုက်ဆံရှာနိုင်သလို
သူမလည်း ရှာနိုင်ကြောင်း နှင့် ယောကျာ်းတွေထက်တောင် ပိုရှာနိုင်သေးတယ်ဆိုတာ ပြောပြပါ။

2▪ ပိုက်ဆံရှာဖို့ အိပ်ယာထဲမှာ မဝင်ဘဲ
လုပ်ငန်းခွင်ထဲမှာ ဝင်ဖို့ပြောပြပါ။
လုပ်ငန်းခွင်မှရသောငွေသည် ဂုဏ်သိက္ခာရှိပြီး အိပ်ရာထဲမှရသောငွေသည် ညစ်ပစ်တဲ့ ငွေဖြစ်ကြောင်း ပြောပြပါ။

3▪ ငွေရှာဖို့အတွက် သူ့ခန္ဓာကိုယ်
အစိတ်အပိုင်းတွေမသုံးပဲ
သူ့ဦးနှောက်ကို သုံးတတ်ဖို့
သင့်သမီးကို အသိပေးပါ။

4▪ သူဌေးနဲ့လက်ထပ်ဖို့ ဘယ်တော့မှ
ဆုမတောင်းဖို့နှင့် ချမ်းသာတဲ့
မိန်းကလေးဖြစ်ဖို့ လေ့ကျင့်ပေးပါ။

5▪ ဘုရင်ခံတစ်ယောက်နဲ့ လက်ထပ်ဖို့
ဘယ်တော့မှ ဆုမတောင်းဘဲ
သမ္မတဖြစ်ဖို့ သင့်သမီးကို လေ့ကျင့်ပေးပါ။

6▪ ပိုက်ဆံရှာတဲ့ကိရိယာဟာ စကတ်ထဲမှာ
မဟုတ်ဘဲ ဦးနှောက်ထဲမှာရှိကြောင်း
သင့်သမီးကို ပြောပြပါ။

7▪ သင့်သမီးကို ယောကျာ်းတွေကိုအာရုံစိုက်ဖို့
ဘယ်တော့မှ လေ့ကျင့်မပေးဘဲ သူ့အာရုံကို အာရုံစိုက်ပြီး သူမဟာ ယောက်ျားများစွာရဲ့ အာရုံစိုက်မှု ရရှိအောင် လေ့ကျင့်ပေးပါ။

8▪ သမီးကို အင်တာနက်က ဘယ်တော့မှ
ခွင့်မလွတ်နိုင် ကြောင်း ပြောပြပါ။
အင်တာနက်မှာ သူတင်တဲ့ မိုက်မဲတဲ့ ပို့စ်က မနက်ဖြန် သူ့ကို ရာထူးကနေ ဖြုတ်ချနိုင်ပြီး သူ့ဘဝပါ ပျက်စီးသွားစေနိုင်ကြောင်း အသိပေးပါ။

9▪ အချိန်သည်လူကိုမစောင့်ဟု သင့်သမီးကိုပြောပါ၊ လူမိုက်နှင့်အချိန်ဖြုန်းမိပါက
တစ်နေ့နေ့ နောင်တရမယ်ဆိုတာ ပြောပြပါ။

10▪ ဘဝမှာ ကိုယ်လုပ်သမျှ
ကိုယ်ပြန်ခံရမယ်ဆိုတာ သင်ပေးပါ။
ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးပြန်ရမယ်၊
မကောင်းတာလုပ်ရင် မကောင်းတဲ့
အကျိုးပြန်ရမယ်ဆိုတာ ပြောပြပါ။

11▪ အလှတရားသည် အဝတ်ပြတ်တွေ
ဝတ်ဆင်ခြင်းမဟုတ်ဘဲ၊ ဘုရင်မနှင့်တူအောင် ၀တ်ဆင်ထားခြင်းဖြစ်သည် ဆိုတာပြောပြပါ။

12▪ သူမသည် မင်းသမီးဖြစ်ကြောင်း
သက်သေပြဖို့ ၀တ်ဆင်ရန်ပြောပါ။

13▪ ချစ်ခြင်းမေတ္တာသည် အမှန်တကယ်
ဖြစ်ပါက အလွန်အေးမြကြည်လင်ကြောင်း
သင့်သမီးကိုပြောပြပါ။

14▪မိဘထက်ပိုချစ်ပေးနိုင်သူ အလွန်
ရှား‌ပါးကြောင်း သင့်သမီးကိုပြောပြပါ။

15▪ သမီးကို ထိန်းထားနိုင်တဲ့ အကောင်းဆုံးသူငယ်ချင်းက သူ့ကိုယ်သူဘဲဆိုတာ ပြောပြပါ။
ဘယ်သူ့ကို မှ သိပ်မယုံကြည်ဖို့ အသိပေးပါ။

16▪ ဦးနှောက်မရှိသောအလှသည် အလှဆင်ထားသောဝက်တစ်ကောင်ကဲ့သို့ဖြစ်နေကြောင်း သင့်သမီးကို အသိပေးပါ။

17▪ သမီးကို မိမိယုံကြည်ရာကို တတ်နိုင်သမျှ လုပ်နိုင်စွမ်းရှိလို့ ကိုယ့်ကိုယ်ကို ယုံကြည်တတ်အောင် သင်ပေးပါ။

18▪ သင့်သမီးအား စည်းစိမ်ဥစ္စာသည် လိင်မှကူးစက်သည်ဟု ဘယ်သောအခါမှ မတွေးတတ်အောင် သင်ပေးပါ။

19▪ သင့်သမီးကို ရုပ်ရည်ခန့်ညားသော
သူသည် ယောက်ျားကောင်းဖြစ်သည်မဟုတ်။
သူ့မှာ ''6 PACKS '' ရှိနိုင်ပြီး '' a Pack of Trouble " တစ်ခုလည်းဖြစ်လာနိုင်ကြောင်း ပြောပြပါ။

20▪ မင်းရဲ့သမီးကို ''Runs girl'' မ ဖြစ်အောင် သင်ပေးပါ။ '' Runs girl'' တွေကသာမာန်အားဖြင့် ဒုက္ခထဲ ပြေးနေရကြောင်း သတိပေးပါ။

ကော်ပီယူ၍ ပြန်ဖြည့်ထားသည်။

ကော

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address


Shwe Late Pyar Street
Pyay