Heart To Heart - Skin Care & Cosmetic

Heart To Heart - Skin Care & Cosmetic

Share

Skin care , cosmetic

21/02/2024

Instock ❤️❤️❤️

အခုလိုအေးနေတဲ့ရာသီဥတုမှာအလိုက်ဆုံးက coffee scrubပဲ။

tmbs ရဲ့ coffee scrub ကတော့ dan" တောက်လျှောက်သုံးလာသမျှ coffee scrub တွေထဲမှာအကြိုက်ဆုံးပဲ။ကြိုက်လို့ရေးတာဒါနဲ့ဆိုဘယ်နှစ်ကြိမ်မြောက်တွေလဲကိုမသိတော့ဘူး:3

ဘာလို့အရမ်းကြိုက်တာလဲဆိုရင် အဓိကကတော့ သူ့ရဲ့အနံ့ပဲ။ flavor မဆန်ပဲ တကယ့်ကော်ဖီတစ်ခွက်သောက်လိုက်ရလိုမျိုးစိတ်ကိုကြည်လင်လန်းဆန်းတဲ့ခံစားမှုမျိုးကိုပေးနိုင်တာ။ပြောရရင် လူရောစိတ်ပါ detox လုပ်ပေးနိုင်တဲ့ scrub မလို့ကိုအရမ်းကြိုက်တာ။

တိုက်ပြီးရင်အသားမှာ​ coffee နံ့ခါးသက်သက်လေးကစွဲပြီးကျန်နေတာကတော့လုံးဝအသက်ပဲ။ဘယ်လောက်ကောင်းသလိုဆိုရင် coffee ကိုလုံးဝအနံ့ရောအရသာပါမကြိုက်တဲ့ dan" မားမား ကပါကြိုက်လို့ယူသုံးတဲ့အထိပဲ။

texture ကတော့စစသုံးရင်နည်းနည်းကြမ်းသလိုရှိပေမယ့် sugar base ဆိုတော့ salt base တွေလောက်တော့မကြမ်းရှဘူး မစပ်စေဘူး။ခဏလေးတိုက်ပြီးရင် ပျော်သွားလို့အဆင်ပြေတယ်။

dan" ဒါကိုတအားကြိုက်လို့ဘူးသေးကုန်တာနဲ့အထုပ်ကြီးပါထပ်ဝယ်ထားတာ။အခုဆိုအထုပ်ကြီးလည်းကုန်ပြီ။ 2024 မှာ scrub ဘူး packaging လေးတွေလည်းပြောင်းသွားတယ် အခုလိုအညိုလေးမဟုတ်တော့ပဲပိုလှသွားပြီ။အဲ့ဘူးအသစ်ပြောင်းတာလေးလည်း dan" ထပ်ဝယ်ဦးမှာ ဘူးလေးလှလို့။

ဆိုတော့ကား ကာဖီအနံ့ကြိုက်တာဆိုဒီ tmbs coffee scrub လေးကိုဝယ်တိုက်ကိုတိုက်ကြည့်ဖို့ dan" က ရီကောမန့်အပြည့်ပေးပါတယ်။လူရောစိတ်ပါကြည်လင်သွားဖို့သေချာတယ်။

🛒 : The Mix By Su

Photos from Hey I'm Ashley's post 29/12/2023

Instock ရပါပြီ 💕💕💕
15000ks

24/12/2023

The mix by su body scrub 390g 11000Ks

Photos from Look At The Skin's post 23/12/2023

The mix by su scrub အစုံပြန်ရပါပြီ 🥰🥰🥰

Photos from Heart To Heart - Skin Care & Cosmetic's post 11/12/2023

Instock Myst Perfume 30ml ❤️❤️❤️

10/12/2023

Sold out
Corsx ရဲ့ Gel cleanser လေး sale price နဲ့ရပါမယ်
2ဘူး instock 💙
Sale price - 10000Ks
Expired - 2024 05 18

[Review]Double Cleansing With KOSÉ & CORSX

~Kose softymo speedy Cleansing oil~

-Perfect Light weight oil
-Easy and Fast to Emulsify
-Mineral oil Based Cleansing oil
-Alcohol and Coconut oil FREE
-Not fungal safe

ဒီKose cleansingကို latte's addition နဲ့ skin.ken(at IG)တို့ရဲ့ fav cleansing oilတွေမှာပါတာကြောင့်သုံးကြည့်ဖြစ်တာ စျေးကလည်း220mlကိုမှ ၁၃၀၀၀ဆိုတော့တော်တော်တန်တယ်လို့ပြောရမယ် ဆိုတော့ qualityကိုအထင်မသေး​လိုက်နဲ့ လုံး၀ Gold quality( yes,it's a gold quality cleansing oil)။

သူရဲ့Oil textureက လုံး၀ပေါ့ပါသော oilအရမ်းမိုက် မျက်နှာပေါ်မှာ ဖြန့်ရတာလည်းလွယ်သလိုလေး facial messageလုပ်လို့လဲကောင်းတယ်။တော်ရုံလက်ကရေစိုနေရင်တခြားCleansing oilတွေလိုမျိုး ပျစ်သွားတာမျိုး messageလုပ်ရတာခက်သွားတာမျိုးမရှိသလို ရေဆေးချရင်လည်း အလွယ်တကူ emulisfyဖြစ်တယ်။emulisfyingဖြစ်ရင်လည်း မပျစ်ဘူး နေရမခက်ဘူး oil textureတုန်းကလိုဘဲ့ emulisfying textureကlight wieghtဖြစ်တယ်။Eye makupဖျက်ချင်တဲ့သူတွေအတွက်လည်း eye stingရော နေရခက်တာရောမဖြစ်ဘူး makeupဖျက်ရတာလဲကောင်းတာကြောင့် အဆင်ပြေတယ်။ပေါ့ပါးပြီး ရေဆေးချရလွယ်တာနှင့် make upတွေဖျက်ရလွယ်တဲ့ cleansing oilရှာနေတဲ့သူတွေအတွက် highly recommendedပါ။

Cleansing oilဆိုတာနဲ့ အဆီဖုသက်သာလာလို့မေးမှာသိပါတယ်။may beအဆီဖုသက်သာနိုင်တယ်။murcoသုံးတာ အဆီကြိတ်အဆီခဲလေးတွေပါလာပါတယ်။But still have whitehead. So, still need exfoliateပါလို့။ကျန်တဲ့double cleansingလုပ်လို့ရတဲ့ရလဒ်အကုန်ရတယ်။

အခုမှ သူရဲ့Ingredientsတွေကို Reviewပေးရမယ်ဆို ခန့်လန့်လန့် ဘာကြောင့်လဲဆိုတော့mineral oil basedမို့😬 သူကmineral oil နှင့် plant baesd oilတွေကို အချိုးကျရောထားပေးတယ်။ဒါပေမဲ့ Coconut oilတော့မပါတာမို့ coconut oilနဲ့မတည့်နဲ့သူတွေအတွက်အဆင်ပြေတယ် အထူးသဖြင့် Murcoပေါ့😅 ပြီးတော့ light weight ဖြစ်အောင် alcoholကိုမသုံးဘဲ❗️comedogenic rating- 0❗️ဘဲ့ရှိတဲ့ siliconeတခုဖြစ်တဲ့ cyclomethiconeကိုထည့်သုံးပေးထားတယ်။Vit E နှင့် shea butterလည်းပါသေးတယ်။

သူကmineral oil based claensing oilဖြစ်ပေမဲ့ oilတွေက emulsifyingမှာပါသွားပြီးမို့ ချွေးပေါက်မပိတ်နိုင်ဘူး။ ဆိုပေမဲ့ still sensitive to mineral oilမို့ ကိုယ်က mineral oilနဲ့မတည့်ဘူးဆို skipလိုက်ပါ။တော်တော်ကြိုက်နေပါတယ်လောလောဆယ်တော့ Fav cleansing oilဖြစ်နေပါတယ်။
I will repurchase after that emptie.

Sutiable for All skin type.
Not for breakout Skin & fungal Acne .
Where to buy- Afterglow Skin Store

-------------============------------

~Corsx Low PH good morning gel cleanser~[Review]

-Ph 4.5 - 5
-Betaine salicylate &Tea Tree For Acne
-Clean feeling without mositurise stripping
-Fungal Acne safe

သူက၀တ်ခြံအတွက် Salicylic acid ထက်တစ်ဆပျော့တဲ့ Betaine salicylateနှင့် Tea Tree oilကိုသုံးထားပေးပြီးplant extractတွေကိုလည်း presivatateအနေနဲ့ထက် cleansingအတွက်အကူညီပေမဲ့ cleansing agent extractတွေကိုသုံးထားပေးတယ်။

သူကိုသုံးတဲ့အချိန်မှာသူရဲ့ အနံလေးကကိုသဘောကျတယ် မွှေးတာလည်းမဟုတ်သလို အနံမကောင်းတာလဲမဟုတ်ရင် သဘာ၀ဆန်တယ်ပေါ့😂 ကြိုက်တယ်ကွာ
သူကိုသုံးရတဲ့feelingကပြောရမယ် gentle ဖြစ်ပေမဲ့ cleanဖြစ်သွားတဲ့လို့ ခံစားရတယ် သူရဲ့အမြှပ်ကတော့ soft typမဟုတ်တဲ့တချက်တော့မကြိုက်ဘူးပေါ့။Gel typeဖြစ်တာကြောင့်လဲပါမယ်ထင်တယ်။ အမြှပ်ကတော့သုံးဖူးတဲ့gel typeထဲမှာတော့ တော်တော်အမြှပ်ထလွယ်တဲ့အထဲပါတယ်။သူနဲ့၀တ်ခြံသက်သာနိုင်လားဆိုတော့ မသက်သာနိုင်ဘူးလို့ဘဲ့ပြောပါရစေ ပျော့လို့ပါ။ဒါပေမဲ့ ကိုယ်၀တ်ခြံသမားမို့ ပြင်းတာလည်းမသုံးချင်ဘူး အရမ်းပျော့တာလည်းမသုံးချင်ဘူးဆို သူကိုရွေးလို့ရတယ် စျေးကလည်း 160mlကို ၁၃၅၀၀ဆိုတော့ အဆင်ပြေတယ် ပြီးတော့ သူကအများကြီးထည့်မှအမြှပ်ထတဲ့ gel typeမျိုးမဟုတ်တော့အသုံးခံတယ်။

သူက ပြောင်စင်သွားတာကိုသဘောကျပြီး mositurise stripped မဖြစ်ချင်တဲ့oily acne prone skinတွေကြိုက်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ low ph cleanserဖြစ်ပေမဲ့ မျက်နှာရှင်းထွက်သွားတယ်လို့ခံစားရပြီး မျက်နှာကရေကိုစုပ်ထားသလိုFeelingမျိုးကိုရတာကိုတော်တော်မိုက်တယ်။
Best for Oily and Acne prone skin
Suitable for all skin type,either breakout Skin.

Where to buy - Beauty & Me

07/12/2023

Instock 🤍❤️💙
12000Ks

✅ Simple မျက်နှာသစ် [ short review ]

အင်မတန် ပျော့တယ်။
အသက် ၁၄ / ၁၅ တို့ Hypersensitivity skin condition ရှိတဲ့သူဆို သုံးသင့်တယ်။

Steroids ကြောင့် Barrier ပျက်ဆီးပြီး အစကနေ ပြန်ပြုချင်တဲ့သူဆို သုံးသင့်တယ်။

မျက်နှာသစ်ဆို အမြုပ်ဒလဟောနဲ့ သုံးရတဲ့သူတွေ ကြိုက်မှာမဟုတ်ဖူး။

မသစ်တတ်ရင် ဆပ်ပြာ မပြောင်သလို ခံစားရတယ်။

Gel ကအမြုပ် သိပ်မထွက်ဖူး။ အမြုပ်အိတ်ကလေးနဲ့ သုံးရင် ပိုကောင်းတယ်။

Mild & skin friendly chemical တွေပဲပါလို့ သုံးရတာ အရမ်း safe ဖြစ်တယ်။

သူရဲ့ Toner (uk import ) ရယ် Light Moisturizer ရယ်ကိုလည်း
ကျနော် recommend ပေးပါတယ်ဗျာ။

Photos from Yamin - Beauty Bounty's post 02/12/2023

Instock 💋💋💋နှစ်မျိုးလုံးရ 😘😘

02/12/2023

Instock 40ml ❤️❤️❤️ 19000Ks

တော်တော်‌လေးကိုကြိုက်မိလို့
ငုံး တစ်ယောက်တည်း ကြိတ်သုံးနေတဲ့
Beauty of Joseon Ginseng Essence Water

ဒီ Essence ကို April 27 က စသုံးဖြစ်တာဆိုတော့
တစ်လခွဲနီးပါးလောက်တော့ ရှိသွားပြီ
တစ်ဝက်လည်းကျိုးတော့မယ်
ဒါပေမယ့် တစ်လခွဲဆိုတဲ့အနေအထားနဲ့
ငုံး ရဲ့အသုံးကြမ်းတာတောင်မှ
တစ်ဝက်တောင်မကုန်သေးတာမို့
အသုံးခံတယ်လို့ပြောရမယ် 😁👊🏻

🧡 Packaging & Design
ရိုးရိုးရှင်းရှင်းလေးပဲ ကော်ဘူးအကြည်ရောင်လေးနဲ့လာတယ်
ဖန်ပုလင်းနဲ့ဆိုရင်တော့ ပိုလှမယ်လို့ထင်တာပဲ ဟီး
ဒါပေမယ့် ဒါလေးကပေါ့ပေါ့လေးနဲ့
ပြုတ်ကျရင်လည်း ကွဲမှာစိတ်မပူရဘူးမို့ အဆင်ပြေပါတယ်
* 8/10 *

🧡 Scent
Herbal နံ့မျိုးဘက်သွားတယ်
Ginseng နံ့ပဲလားတော့ မသိဘူး
ငုံးတော့ ဒီအနံ့လေးအရမ်းကြိုက်တာပဲ
စပ်စုမ serum ရဲ့ အနံ့နဲ့ တူတူပဲ
* 10/10 *

🧡 Texture & Color
Texture ကတော့ ကျဲတောက်နေရော
အဲ့တာကြောင့် စေးကပ်မှာပူမှာဘာညာ စိတ်ပူစရာမရှိဘူး
အရောင်လေးကလည်း အညိုရောင်လေး မိုက်တယ်
ခပ်ချွဲချွဲလေးနဲ့ လိမ်းလိုက်ရင်အေးအေးလေး
စိမ့်ဝင်တာကတော့ Essence တို့ရဲ့ သဘောတရားအတိုင်းပဲ
အနည်းငယ်စောင့်ရပါတယ် တစ်မိနစ်လောက် ☝🏻
* 9/10 *

🧡 Ingredients
သူကလေ Panax Ginseng Root Water ကို 80% တောင်ပါတာ
Water ဆိုတာ ဟိုးနောက်မှာ သွားရှုပ်လို့တော့ မရဘူး
Panax Ginseng ဆိုတာက အမှန်တော့
တရုတ်တို့ ဟန်းဂုတို့လို့
အရှေ့တောင်အာရှမှာပေါက်တဲ့ Ginseng ပဲပေါ့နော်
Ginseng Root Water အပြင် Root Extract လည်းပါသေးတယ်
နောက်ပြီး အားလုံးကြိုက်ကြတဲ့
Niacinamide ကို 2% ထည့်ထားပေးတယ်
နောက်ပြီး anti-aging skincare တွေမှာပါတတ်တဲ့
Adenosine ကို 0.04% ထည့်ပေးထားတယ်
( သူ့ကိုက အများဆုံး 1% အထိပဲသုံးခွင့်ပြုတယ်လို့
ငုံးဖတ်ရတယ် မှားရင်လည်း ပြောပါဦးနော် ⊙.☉ )
အစိုဓာတ်ကို ရှယ်ပေးပြီး repairing အတွက်ကောင်းတဲ့
Glycerin , Panthenol , Butylene Glycol,
Sodium Hyaluronate တို့တွေလည်း ပါနေပြန်ရော
နောက်တစ်ခုက Ginseng Root ကို အချဉ်ဖောက်ထားတာပါတာမို့
Fungal Acne သမားတွေတော့ သိပ်အဆင်ပြေမယ်မထင်ဘူး

🧡 How to Use ?
ပုံမှန် Toner သုံးပြီး Essence step မှာသုံးပေးလို့ရတယ်
Toner မသုံးလည်း ဒါကိုပဲ 2 layers လောက်လိမ်းလိုက်ရင်ကို
အရမ်းအဆင်ပြေပါတယ်

🧡 Effects & Benefits
- Ginseng ကတော့ အားလုံးသိတဲ့အတိုင်းပဲ
Anti-aging အတွက် အဓိကကောင်းတယ်
တစ်ခုပြောစရာရှိတာက ငုံးက 19 နှစ်တောင်မပြည့်သေးတာမို့
Aging အတွက် သိသာလားမေးရင် ဖြေစရာမရှိ‌ပါဘူး
ဒါပေမယ့် Aging အတွက် သုံးချင်ရင် သုံးလို့ရပါတယ်
ဒီမှာက အချဉ်ဖောက်ထားတဲ့ Ginseng လည်းပါတာမို့လို့
သူက အရေးအကြောင်းတွေကို ပိုပြီးကုသပေးနိုင်တယ်
Ginseng က skin elasticity ကို တိုးတက်စေပြီးတော့
Collagen ဆုံးရှုံးမှုကိုလည်း လျှော့ချပေးနိုင်တယ်

- အရေပြားကို အစိုဓာတ်ပေးနိုင်ပြီးတော့
အသားအရောင်မညီတာတွေ
skin texture ကြမ်းနေတာတွေကိုလည်း သက်သာစေတယ်

- Nia 2% ကလည်း ထင်သလောင်အလုပ်ဖြစ်တယ်
တော်ရုံ အမာရွတ်လေးတွေဆို မှိန်ကျသွားတယ်
အကြီးကြီးတွေတော့ သိပ်မသိသာဘူး

- သူ့ကို သုံးပြီးရင်လေ ခြောက်ကပ်နေတဲ့ အရေပြားက
လုံးဝ ရေဝ သွားသလိုမျိုး စိုအိပြီးနူးညံ့သွားတာ
ပထမဆုံး သုံးကတည်းက သိသာတာပဲ
တဖြည်းဖြည်းသုံးရင်းနဲ့ အသားလေးညီပြီး
ကြည်ကြည်တင်းတင်းလေးနဲ့ စိုအိနေရောပဲ
* 8.5/10 *

🧡 Worth it or not ?
Yeah!! Highly Recommend ပါ
Fungal Acne ရှိတဲ့သူတွေကလွဲပြီး
All Skin Types သုံးလို့ အဆင်ပြေနိုင်တယ်
ဝက်ခြံသမားလည်း အရမ်းရ
ငုံးဆို Essence Mask အနေနဲ့
Cotton Pad ထဲထည့်ကပ်ရင်
ဝက်ခြံတွေအရောင်ကျသွားတာကို သတိထားမိတယ်
ငုံးက Essence တွေထက် Serum ကို အားသာတဲ့သူတောင်
ဒီလောက်ကြိုက်တာ Essence လိမ်းရတာကြိုက်တဲ့သူတွေအတွက်
ဒါလေးက Essence ကောင်းကောင်းလေးဖြစ်မှာ သေချာတယ်

Collaboration လည်း မဟုတ်ဘူး
ငုံးကို Delux Beauti ကနေ
လက်ဆောင်ပို့ပေးထားတာဆိုပေမယ့်
တကယ်ကြိုက်မိလို့ ရေးဖြစ်ပါကြောင်း ...

01/12/2023

ကောင်းသောလေးပါနော် ဈေးကြီးပေးဝယ်ပြီး ရတဲ့ result ကရှယ်မိုက်တာလေးမို့ မသုံးပဲမနေနိုင်တဲ့ toner လေးပါ 🤍🤍🤍
Instock - 48000 Ks

🌾 I’m from Rice Toner သုံးလို့ရပြီဆိုလို့ သားဖြိုး ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတယ်။

သားဖြိုးလို အဆီပြန်ပြီး ဝက်ခြံပေါက်တဲ့ သူတစ်ယောက်အတွက် I’m from ရဲ့ Rice Toner ကို သုံးခွင့်ရပြီဆိုတာ ဂုဏ်ယူစရာပါ။ ဘာလိုလဲ ဆိုတော့ ဝက်ခြံ နဲ့ အဆီဖုတွေ မရှိတော့လို့လေ…။

🙏🏼 အားလုံးပဲ မင်္ဂလာပါ … ကျွန်တော် သားဖြိုးပါ😁

သားဖြိုး I’m From အကြောင်းမပြောခင် I’m From ကို မြန်မာနိုင်ငံကို တရားဝင်သွင်းခဲ့တဲ့ ဆိုင်လေးအကြောင်းအရင်ပြောမှ သားဖြိုး ခု Review လေးက ပိုပြီးပြည့်စုံမယ်ထင်တယ်။
အဲဒီဆိုင်လေးကတော့ Mi Mi Dara Korean Cosmetics ဆိုင်လေးပါ။ ကျွန်တော် သူ့ဆိုင်ကနေ Korea Cosmetics တွေ ဝယ်ခဲ့တာ Blogger မဖြစ်ခင်ကတည်းကပါ။
အဲ့တုန်းက တိုနာသုံးချင်လို့ မေးခဲ့ဘူးတယ်။ I’m from ပစ္စည်းတွေကို တရားဝင်သွင်းနေပေမယ့် I’m from ရဲ့ တစ်ခုတည်းသောတိုနာဖြစ်တဲ့ Rice Toner ကို သုံးဖို့ မတိုက်တွန်းခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ သားဖြိုးမျက်နှာက အဲ့အချိန်က အဆီဖုနဲ့ ဝက်ခြံတွေ အများကြီးထွက်နေခဲ့တဲ့အချိန်မို့….။ သူတို့ ပစ္စည်း ရောင်းထွက်ရင်ပြီးရောဆိုတဲ့ စိတ်နဲ့မရောင်းပဲ ဝယ်သူရဲ့ အသားအရေပြဿနာကိုဦးစားပေးပြီး ဝယ်သူအတွက် အဆင်ပြေမယ့် ပစ္စည်းကောင်းလေးတွေညွှန်ပေးခဲ့တာမို့ ချစ်တယ် ❤️ Mi Mi Dara Korean Cosmetics ❤️

🌾 Rice Toner လေးအကြောင်းဆက်ပြောရအောင် ...

I’m from ရဲ့ Rice Toner ရဲ့ Texture ကတော့ Watery Type ပါ။ သူကြည့်လိုက်ရင် ခပ်ပျစ်ပျစ်တိုနာလို့ ထင်ရပေမယ့် လုံး၀ ရေအတိုင်းပါပဲ။

သူ့ကို သုံးလိုက်တာနဲ့ မျက်နှာအသားအရေက သိသိသာသာ ရေဓာတ်ပြည့်သွားတယ်။ ချက်ချင်းစိုပြီး ပြောင်တက်လာတယ်။ သားဖြိုး Skin Care ပြတဲ့ Live ကြည့်ဖူးတဲ့သူဆိုရင် သိမှာပါ။ သားဖြိုး မျက်နှာသစ်ပြီး Rice Toner ကို Cotton Pad လေးနဲ့ တစ်ကြိမ်သုံးလိုက်တာနဲ့ မျက်နှာအသားအရေ ချက်ချင်း စိုပြီး Glow လာတယ်ဆိုတာ။

ထူးဆန်းတာက သူက Hyaluronic Acid မပါဘဲ Rice ကပေးတဲ့ Moisture နဲ့ အသားအရေကို Moisturized and Nourished ဖြစ်စေတဲ့ Toner ပါ။ ခုလိုဆောင်းရာသီအတွက်တော့ လုံး၀ ကွက်တိပါပဲ။

🌾 Rice (ဆန်) နဲ့ထုတ်ထားတဲ့ Toner ဖြစ်တာကြောင့် Niacinamide က သဘာ၀အလျောက်ပါပြီးသားပါ။ Niacinamide က Skin barrier ကိုကောင်းမွန်စေပြီး အသားရေကို Bright ဖြစ်စေတယ်။ ကြည်လင်ဝင်းပစေတယ်ပေါ့။ နောက်ပြီး ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေကိုလည်း သက်သာစေပါတယ်။

✅ အသားရေးအားလုံး All Skin Type သုံးလို့ရပါတယ်။

❎ ဒါပေမယ့် ဝက်ခြံနဲ့ အဆီဖု တွေထွက်နေဆဲသူတွေကိုတော့ သုံးဖို့ Recommend မပေးပါဘူး။

သားဖြိုး သူ့ကို သုံးနေတာ တစ်လပြည့်တော့မယ်။ သူ့ကို သုံးလို့ဆိုပြီး ဝက်ခြံ၊ အဆီဖု ထွက်လာတာလုံး၀မရှိတဲ့အတွက် ဝက်ခြံ နဲ့ အဆီဖုပျောက်သွားပြီး အသားရောင်မညီတဲ့သူ အသားညစ်နေတဲ့သူတွေကို သုံးကြည့်ပေးဖို့ Recommended လုပ်ပါတယ်။

♻️ Rice Toner လေး မသုံးခင်တော့ သေချာလေး Shake လှုပ်ပြီးမှ သုံးပေးပါ။

အချုပ်အနေနဲ့ ပြောရင် မျက်နှာအသားအရေ ညစ်နေတဲ့သူ၊ ခြောက်နေတဲ့သူ နဲ့ အသားရေ Bright ဖြစ်စေပြီး Moisture ဓာတ်ပြည့်ပေးတဲ့ Toner ကိုလိုက်ရှာနေရင် I’m From ရဲ့ Rice Toner ကိုသာ စိတ်ချလက်ချ သုံးကြည့်လိုက်ပါ။

💵 စျေးနှုန်းက ၃၅,၀၀၀ ကျပ်ဝန်းကျင်ပါ။ သားဖြိုးကတော့ ဝယ်နေကျ Mi Mi Dara Korean Cosmetics ကပဲဝယ်ပါတယ်။

သားဖြိုး ချစ်တဲ့ Treasure တွေ Skin Care ရွေးချယ်ရာမှာ မှန်ကန်နိုင်ပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါစေ….။

❤️ ချစ်တဲ့….
သားဖြိုး(Treasure by Thar Phyoe)

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pyay
08151