Weight Loss By Thae

Weight Loss By Thae

Share

ကျန်းမာစွာ လှပ ကြပါစို့

11/05/2022

Fitness Motivation အတွက် 🔥🔥🔥

မိမိ ကစားတာကိုတွန်းအားပေးနိုင်သော
ကစားဖေါ် (သို့ ) Trainer ကိုရှာပါ...👏👏👏

Gym ထဲမှာ တယောက်ထဲ ကစားရတာ ထက် အပေါင်းအသင်းနဲ့ အုပ်စုလိုက် ဒါမှမဟုတ် အတူတူ ကစားဖေါ်ကစား ဖက် ကောင်းကောင်းလိုပါတယ်။

ဒါပေမယ့် မိမိနဲ့ စိတ်တူကိုယ်တူ ကစား
ဖက်ဆိုတာ အင်မတန်ရှားပါတယ်။

တချို့က Gym ကိုတော့ အဖေါ်အပေါင်းနဲ့လာပါရဲ့၊ ရည်ရွယ်ချက်ခြင်းမတူရင် အတူတူ ကစားဖို့ မလွယ်ပါဘူး။

မိမိက ဝလို့ ဝိတ်ချတာဖြစ်ပေမယ့် မိမိရဲ့ကစားဖေါ်က ပိန်လို့ ဝိတ်တင်ချင် တာလည်းဖြစ်နိုင်ပါတယ်...
မိမိက ပိန်လို့ ဝိတ်တင်တာဖြစ်ပေမယ့်
မိမိကစားဖေါ်က ဝိတ်ချတာလည်း ဖြစ်
နိုင်ပါတယ်...

ဒါကြောင့် တချို့ အမျိုးသမီးတွေဟာ
အလေးတွေ၊ စက်တွေထက် အုပ်စုလိုက်
ကစားရတဲ့ Cadio Dance တွေကို ပိုနှစ်
သက် ‌သဘောကျတာဖြစ်ပါတယ်..

ဘယ်လိုပဲဖြစ်ဖြစ် ကစားတာခြင်းမတူ
သော်လည်း Gym ထဲမှာ မိမိနဲ့ ရင်းနှီးသူ
ဖြစ်ရင်တော့ အတင်းတုတ်ရင်း ပျော်ရွှင်
စွာကစားနိုင်မယ်ဆိုဝာာသေချာပါတယ်

မိမိနဲ့ ရင်းနှီးတဲ့သူနဲ့ Gym ရုံ တခုထဲမှာ
အတူကစားရတာကိုက တယောက်ထဲ
ကစားရတာနဲ့စာရင်ပိုပြီးကောင်းပါ
တယ်။

ရည်ရွယ်ချက်အတူတူ အလုံးတူဒေါက်
တူ ခွန်အားသန်တာခြင်းလည်းအတူတူ
ဆိုရင်တော့ ဘယ်ပြောကောင်းမလဲ။

Gym ထဲမှာ ဟေ့ရောင်သာရီး မင်းလုပ်
နိုင်ပါတယ် ကြိတ်ထားဆိုပြီး တယောက်
ကိုတယောက် အားပေးပြီး အပီအပြင်
ကစားလို့ အရမ်းကောင်းမယ်ဆိုတာ
ကစားဖေါ်အတွဲနဲ့ ကစားဖူးသူတိုင်းသိ
မှာကြပါတယ်..

တချို့ကတော့ အဖေါ်မပါ တကိုယ်တည်း
လာကစားပေမယ့် Gym ထဲမှာ ဝါသနာ
တူခြင်း ခင်မင်သိကျွမ်းတာ လွယ်တဲ့
အတွက် ခဏလေးနဲ့ ရင်းနှီးပြီး ကစား
ဖေါ်တွေဖြစ်ကုန်ပါတယ်...

အတူတကွ ကစားဖေါ်ရှိနေရင် အပျင်း
ကြီးဖို့မလွယ်ပါဘူး..
သူငါ့ကို စောင့်နေမလားဆိုတဲ့စိတ်နဲ့
မနက်စောစောစီစီး ကွေးမနေနိုင်ပဲ
အားနာတဲ့စိတ်နဲ့ Gym ကို တက်ကြွစွာ
ချီတက်နိုင်ပါလိမ့်မယ်...

တခါတရံမှာ မိမိကစားဖေါ်က ပျင်းပြီး
မကစားရင် မိမိပါ ပျင်းပြီး ကစားတာ
ပျက်တတ်တာလည်းရှိပါတယ်..

ကစားဖေါ်နဲ့ညှိပြီး မပျက်ကြေးလို့ ဂတိ
ထား ထားရင် ဂတိပျက်ရင် သိက္ခာကျ
မှာ ကြောက်တဲ့အတွက် နှစ်ယောက်လုံး
ပျင်းနေသော်လည်း ကစားဖို့ အားထည့်
နိုင်ပါလိမ့်မယ်...
မင်းလုပ်နိုင်ရင် ငါလည်းလုပ်နိုင်တဲ့
ဆိုတဲ့ ပြိုင်ဆိုင်လိုတဲ့စိတ်ကလည်း
တွန်းအားတခုဖြစ်‌စေပါတယ်

မိမိနဲ့ ကစားဖေါ်ကို မိမိကြောင့်ကစားဝာာ
မပျက်စေဖို့တော့ အထူးဂရုစိုက်ရပါမယ်

Gym ထဲကစားတဲ့ အားကစားမှ
မဟုတ်ပါဘူး..
ဘယ်အားကစားနည်းမဆို အစုအဖွဲ့နဲ့
အပေါင်းအဖော်နဲ့ကစားရင် ပိုပီး
ပျော်လွယ်ပါတယ်..
အချိန် ကုန်လို့ ကုန်မှန်း မသိ
မပျင်းမရိ ကစားနိုင်မှာဖြစ်ပါတယ်

ကစားဖေါ်ထက်ကို မိမိကို ပိုပြီးတွန်းအား
အပေးနိုင်ဆုံးကတော့ မိမိရဲ့နည်းပြ
ဆရာပါပဲ..

ဒါကြောင့် တချို့ငွေကြေးတတ်နိုင်သူ
တွေဟာ Personal Trainer သီးသန့်
နည်းပြဆရာတွေ ငှါးပြီး ကစားကြတာ
ဖြစ်ပါတယ်..

နည်းပြဆရာဟာ သူ့ရဲ့ကျွမ်းကျင်မှု့နဲ့
အတူ မိမိရည်မှန်းချက်ကို အရောက်ပို့
နိုင်မည်သူဆိုတာ မေ့ထားလို့မရပါဘူး။

အလေးတကီလိုလောက်တိုးပြီး
ဒီ တ ကျော့ကြိတ်လိုက်စမ်းပါ လုပ်နိုင်
ပါတယ် ဆရာရှိတယ် ကြည့်နေတယ်
ဆိုတဲ့ စကားဟာ ကစားသူအတွက်
တန်ဖိုးအရှိဆုံး တွန်းအားပဲဖြစ်ပါတယ်.

ဒါကြောင့် Gym ထဲမှာ ကစားမယ်ဆိုရင်
မိမိနဲ့ အတိုင်အဖေါက်ညီတဲ့ ကစားဖေါ်
ကိုရှာပါ .

မိမိကစားတာကို နည်းစနစ်မှန်မှန်နဲ့
ပြသပေးနိုင်ပြီး မိမိရည်မှန်းချက်ကို
အကောင် အထည်ဖေါ်ပေးနိုင်မယ့်
နည်းပြဆရာကိုရှာဖွေပြီး Gym ထဲမှာ
လေ့ကျင့်တာက မိမိကစားချင်စိတ်ကို
တွန်းအားပေးပြီး စိတ်ဓာတ်တက်ကြွ
စေမှာ အမှန်ပဲ ဖြစ်ပါတယ်..

🙏🙏🙏
#မူရင်း ရေးသားသူ ဆရာ ထူး အောင်အား လေးစားလျက်🙏🙏🙏

10/05/2022

" ခါး၊ ဗိုက်ခေါက် အဆီိနည်းလာရန် နေ့တိုင်း လိုက်နာသင့်သည့် အချက်များ ''

�မိမိခန္ဓာကိုယ်မှာ အဆီရာခိုင်နုန်းနည်းချင်လျှင် Don’t eat garbage လို့ ဆိုပါတယ်။ အမှိုက်စာများမှ မလိုအပ်သော အဆီများလာစေသည်ကို သတိထားသင့်သည်။ အဆီအဆိမ့်၊ ချိုချိုရဲရဲ၊ (မြန်မာပြည်မှာ)ချဉ်ငန်စပ် အစားအစာမျာမှ ဝေးဝေးနေရန် အပြောလွယ်သလောက် လုပ်ရန်ခက်ပေ၏။ နှစ်ရှည်လများစားလာသည့် အရသာနှင့်အကျင့်များကို ပြင်ယူရန်အချိန်လိုအပ်ပေသည်။

�Lean Muscle ဖြစ်လာရန်မှာ ၈၀% ၏အစားအစာများကို သင့်ဘော်ဒီအတွက်စားပေးပါ။ ၂၀% ဝန်းကျင်ကို သင့်စိတ်ကျေနပ်အောင် စိတ်ဖြေစာများ စားပါ။ "Don’t eat for taste, Eat for functional" ဆိုတာကို မမေ့ပါနှင့်။ လူပဲဟာ၊ အရသာရှိတဲ့ အစားအစာကို ပိုကြိုက်ကြတာ သဘာဝပါ။ သို့သော် ကျန်းမာရေးလိုက်စားသူများမှာ ၅၀% ၏ တစ်နပ်စာကို အရသာအတွက် သာစားသင့်ပြီး၊ ဘော်ဒီ function အတွက် ၅၀% စားပေးမှ ရပါမည်။

၁�သကြား၊သကြားအစားထိုးများကို လျှော့ပါ။
သကြားအချိုသည် ဘော်ဒီအလန်း အတွက် ရန်သူဖြစ်ပေသည်။ သကြားကဲပြီးလုပ်ထားသောအစားအစာများမှာ စား ကောင်းပြီး၊ ပိုစားလွယ်သည်။ ပိုပြီး calories များများ စားမိစေသည်။ ထို့ကြောင့် လျှော့စားပါ၊ ရှောင်စားပါ။ ကျင့်သားရလာပါမည်။ Pizza, Burger, Donut, Ice-cream များသည် စားကောင်းပေ၏။ အဆီပိုများလည်းတိုးလာစေ၏။ အသီးအရွက်များ၊ အချိုရာနုန်းနည်းသည့် အသီးများ နှင့် whole grains များ၊ သကြားမထည့်ထားသည့်အစားအစားအစာများကို ဦးစားပေးပြီး စားပေးပါ။

၂�သင့်ပန်းကန်ကို ဖြူ၊နီ၊ဝါ၊စိမ်းဖြင့် အလှဆင်ပါ။
Lean Muscle ခရီးအတွက် Green Veggie ကား အရေးပါပေသည်။ အသီးအရွက်များမှာ ကယ်လိုရီနည်း၍ fiber အမျှင်ဓါတ်များသောကြောင့် ဘော်ဒီအတွက် များစွာအကျိုးဖြစ်စေသည်။ သင်စားသင့်သည် Diet ထက်၊ သင်စားသည့်ပန်းကန် ထက်ဝက်ကို ရောင်စုံ အသီးအရွက်များဖြင့် အလှဆင်ပြီးစားသုံးပါ။ အသီးအရွက်များကို သဘာဝ အရသာအတိုင်း ပြင်ဆင်စားသုံးပါ။ အသီးအရွက်များကိုကြော်ရန်၊ ဆီကိုလိုအပ်သည်ထက် မသုံးမိပါစေနှင့်။

၃�ပိုစားကောင်းအောင် Cheese ကိုမသုံးပါနှင့်။
Cheese ကိုကြိုက်သည့် မြန်မာများအတွက်ပါ။ အတုံးသေးသေးတစ်ခု ၁၀၀ ကယ်လိုရီရှိပေသည်။ cheese burger, cheese pizza များမှာ healthy food မဟုတ်ပေ။ တိုးတက်ပြီးနိုင်ငံများတွင်စားကြသည့် မက္ကဆီကန် အစားအစာခေါ် Burrito ၏ တစ်အောင်စ ပမာဏကိုစားရုံဖြင့် ကယ်လိုရီ ၃၀၀ ရှိပေသည်။ Cheese လျှော့စားနိုင်လျှင် စားသည့်ကယ်လိုရီ နည်းလာပါမည်။ မှတ်ချက်။ ။ Cottage Cheese, Greek Yogurt များမှာ ကစားသမားများ စားသုံး၍ရသည်ဟုလေ့လာချက်ကဆိုပေသည်။

၄�ဟင်းအနှစ်ကို လျှော့စားပါ။
အနောက်တိုင်းအစားအစာများတွင် cheese က ဘော်ဒီအလန်း၏ ရန်သူဖြစ်၍၊ မြန်မာ အစားအစာများတွင် ဟင်းအနှစ် ဖြစ်ပေသည်။ ဟင်းအနှစ်သည် အရသာပြင်း၍ ကစီများများစားစေရန် တွန်းအားပေးသည်။ သို့ဖြင့် Lean Muscle ရရန် ဟင်းအနှစ်ကိုကြိုက်သည့်တိုင် လျှော့စား၊ရှောင်စား သင့်ပေသည်။ ဟင်းအနှစ်သည် အားလုံးဆုံစည်းရာဖြစ်၍ ကောင်းကျိုးထက် ဆိုးကျိုးများပေသည်။ Sauce များ၊ ready made dressing များကို လျှော့စားနိုင်ပါက ပြောင်းလဲမှုသိသာလာမည်။

၅�ရေ၊ ဘလပ်ကော်ဖီ၊ ရေနွေးကြမ်း သောက်ပါ။
အဓိကမှာ ကယ်လိုရီနည်းသော သို့ လုံးဝမပါသော အရည်များသောက်ပါ။ soda ရေ များဖြစ်သော သံဗူးအချိုရည်၊ ပုလင်းမျိုးစုံအချိုရည်တို့သည် ကျန်းမာရေးလိုက်စားသူများအတွက် ရန်ဖက်ဖြစ်ပေသည်။ ၎င်းအချိုရည်များကို လိုအပ်မှသာသောက်ပေးသင့်ပါသည်။ ဘော်ဒီအတွက် အဆီပိုများဖြစ်စေပြီး၊ အမြဲသောက်ပါက ကျန်းမာရေးပါထိခိုက်စေသည်။ ရေ၊ black coffee နှင့် ရေနွေးကြမ်းတို့မှာ Lean Muscle ရရန် စွမ်းဆောင်ပေးသည်။

၆�အစားအစာများကြိုတင်ပြင်ဆင်ထားပါ။
ဗိုက်ဆာချိန်၊ ရှိတာနှင့်အဆင်ပြေအောင်စားရသည်မှာ ဘော်ဒီအလန်းစား ရချင်သူများအတွက် စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်ပေသည်။ အရောင်းကောင်းရန်လုပ်ထားသော အစားအစာများမှာ ကြာရှည်ခံဆေး၊ သကြား၊ အဆီ၊ ကယ်လိုရီများ လိုသည်ထက်များပေမည်။ ဖြစ်နိုင်ပါက မိမိကိုယ်တိုင် ကြိုတင်ပြင်ဆင်နိုင်ပါက၊ ပိုထိရောက်မှုရှိပေမည်။

Lean Muscle ပိုင်ဆိုင်ရန်နှင့် ပိုကျန်းမာရန်အတွက်၊ workout အရေးပါသကဲ့သို့ Diet သည်ပိုအရေးပါပေမည်။ အစာသည်ဆေး ဆိုသည့် စကားအတိုင်း နေ့စဉ်စားရသည့် အစားအစာများ၏ အရသာကို အဓိကဦးစားပေး မစားပဲ၊ စားသင့်သည်များကို ဦးစားပေး စားသင့်ပေသည်။

Credit

07/05/2022
05/05/2022

ဝိတ်ချတဲ့အခါ မှားကြတဲ့အမှား နံပါတ် (၄)

အမျှင်ဓာတ်များတဲ့ အသီး /အရွက်တေကိုလုံလောက်စွာ မစားတာ ပဲ ဖြစ်ပါတယ် 🤷‍♂️
အမျှင်ဓာတ်နည်းတဲ့အစားသောက်တေက မိတ် ဆွေ ကိုယ်အလေးချိန်လျော့ ချ ဖို့ကို ပိုပြီး ကြာစေနိုင်ပါတယ်✅
အမျှင်ဓာတ်များတဲ့ အစားသောက်တေက မိတ်ဆွေတို့ကို ကိုယ်အလေးချိန်လျော့ချရန်ကူညီပေးနိုင်တယ်/Diet သေချာ လုပ်စရာမလိုပဲ ကိုယ်အလေးချိန်နဲ့ ခါးပတ်လည်ကို လည်းလျော့ချပေးနိုင်သည်✅
ဒါ့အပြင် အမျှင်ဓာတ်များတဲ့ အစားစာတေကအချို့သော နာတာရှည် ရောဂါ ဖြစ်နိုင်ချေကိုလျှော့ချနိုင်ပြီးအစာခြေစနစ်ကို ကောင်းမွန်စေသည်✅
လိုတိုရှင်းပြောရမယ်ဆိုရင် အမျှင်ဓာတ်လုံလောက်စွာစားပေးခြင်းက မိတ်ဆွေတို့ကို Diet သေချာလုပ်စရာမလိုပဲ ကိုယ်အလေးချိန်လျော့ချရန် ကူညီပေးနိုင်သည်🤷‍♂️
အဆုံးထိ ဖတ် ပေးလို့ကျေးဇူးပါ။
Crd

26/04/2022

ဝိတ်ချတဲ့အခါမှားကြတဲ့အမှား နံပါတ်(၃)

ဝိတ်ချပြီဆိုတာနဲ့ ညစာမစားတာပဲ ဖြစ်ပါတယ်🤷‍♂️
ဝိတ်ချတဲ့အခါ မှာ ညစာ မစားရဘူးဆိုတဲ့ အယူအဆလုံးဝမှားပါတယ်🚫🚫🚫
ညစာမစားခြင်းက ကိုယ်အလေးလျော့ချဖို့ ကို အထောက်ကူ မဖြစ်စေပါဘူး✅
ကျန်းမာရေးနဲ့အညီစားသောက်တဲ့ညစာက ကိုယ်အလေးချိန် ကျခြင်းကို အထောက်အကူပြုနိုင်သည်✅
ညစာသည် နေ့လည်စာနှင့်နံနက်စာကဲ့သို့ အရေးကြီးသော အစာဖြစ်သည်✅
ညစာကို ဘယ်အချိန်မှာစားမှာလဲ?👇
အိပ်ရာမဝင်မှီ ၃နာရီလောက် ခြားစားပါ/အိပ်ချိန်နဲ့ ၃နာရီလောက်ခြားပြီးစားပေးခြင်း သည် ကျန်းမာရေးနဲ့ညီညွတ်သည်✅
အကယ်၍မိတ်ဆွေက တစ်နေတာလိုအပ်တဲ့ ကယ်လိုရီအတိုင်းစားသောက်ပြီးတော့ ညနေပိုင်းမှာ လေ့ကျင့်ခန်းလုပ်တဲ့သူဆိုရင် အိပ်ချိန်နဲ့ မိနစ် 90 လောက် ခြားပြီးစားလည်းမိတ်ဆွေဝိတ်မတက်ပါဘူး/
*လိုတိုရှင်းမှတ်ထားရမဲ့ အချက်မှာ တနေ့တာလိုအပ်တဲ့ ကယ်လိုရီ ပမာဏအတွင်း စားသောက်မယ်ဆိုရင်စ မည်သည့်အချိန်စားစားဝိတ်မတက်ပါဘူး*
ဒါကြောင့် ဝိတ်ချတဲ့အခါမှာ ညစာကို စားပေးဖို့ လိုအပ်ပါတယ်✅✅✅
အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ
ကျွန်တော်က​တော့ကျန်းမာရေးနဲ့အညီဝိတ်ချပေးနေတဲ့ Fitness. trainer. TunTun ပါ🙋‍♂️🙋‍♂️🙋‍♂️
#ကျန်းမာရေးနဲ့အညီဝိတ်ချမယ်

25/04/2022
24/04/2022

ဝိတ်ချတဲ့အခါမှားကြတဲ့အမှား နံပါတ် (၂)

ဝိတ်ချပြီဆိုတာနဲ့ အဆီကို လုံးဝ မစားတာပဲ ဖြစ်ပါတယ်✅
ဝိတ်ချမယ်ဆိုရင် အဆီမစားရဘူးဆိုတဲ့အယူအဆ လုံးဝကို မှားပါတယ်🚫
အဆီမပါတဲ့ အစားသောက်တေက ပုံမှန်အားဖြင့် သကြားဓာတ်မြင့်မားပြီး/ဆာလောင်မှု့ကိုပိုပြီးခံစားရစေတာမို့ မိတ်ဆွေရဲ့ခန္ဓာကိုယ်လိုအပ်တာထပ် ပိုပြီးစားခြင်စိတ်ကိုဖြစ်ပေါ်စေပါတယ်🚫
အဆီမစားပဲ နေတဲ့အခါခန္ဓာကိုယ်မာဘာတေဖြစ်လာမလဲ?👇
အဆီကိုမစားပဲနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့အဆီကို အသည်းကနေ ကြိုးစားပြီးတော့အဆီထုတ်ကတဲ့အတွက် အသည်းမှာအဆီစုတာ အသည်းကနေ အဆီမဖြစ်မနေထုတ်ကတဲ့ ပုံစံဖြစ်သွားပါလေ့မယ်🚫
ဘယ်လိုအဆီတေကို စားမလဲ?👇
မပြည်ဝဆီတေ ဖြစ်တဲ့ အသီးရွှက်ကရတဲ့ အဆီတေကိုစာပေးရပါမယ်
ဒါကြောင့်မို့ အဆီကို စားပေးရပါတယ်✅
အဆီကို တစ့်နေတာစားသောက်မှု့ရဲ့ 20%မှ30% အထိစားနိုင်ပါတယ်✔
အဆုံးထိဖတ်ပေးလို့ကျေးဇူးပါ
#ကျန်းမာရေးနဲ့အညီဝိတ်ချမယ်






Crd

22/04/2022

နံနက်စာမစားတာ ဘယ်လောက်ကြောက်စရာကောင်လဲ ?
**************************************************

ကျွန်တော်တို့လို လူငယ်တွေဟာ နံနက်စားစားဖို့ အင်မတန်ပျင်းကြပါတယ်။ နံနက်ဆို ဘာမှမစားချင်လို့၊ နံနက်စာစားဖို့ အချိန်မမီလို့၊ အိပ်ရာထနောက်ကျလို့၊ စတဲ့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ နံနက်စာကို ရှောင်တတ်ကြပါတယ်။ တကယ်တော့ နံနက်စာက နေ့တစ်နေ့အတွက် အရေးအကြီးဆုံးဖြစ်ပြီး နေ့လည်စာနဲ့ ညစာထက်တောင် ပိုအရေးကြီးပါတယ်။ နံနက်စာမစားတာ လနဲ့ချီ၊ နှစ်နဲ့ချီ ဖြစ်လာတဲ့အခါ အန္တရာယ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။
____________________________________

1. စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်။
နံနက်စာမစားတဲ့အခါ သွေးတွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ စိတ်ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။
____________________________________

2. လူမှုဆက်ဆံရေး အားနည်းလာမယ်။
ဒါကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေ ထပ်ဆင့်ဖြစ်လာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဝင်ဆံ့တော့မှာ မဟုတ်ပါဘူး။
____________________________________

3. ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်။
နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။
____________________________________

4. ဆံပင်ကျွတ်နိုင်တယ်။
နံနက်စာမစားတဲ့အခါ protein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်။
____________________________________

5. Gym ဆော့ပေမယ့် အကျိုးမရှိတော့ဘူး။
နံနက်စာစားတဲ့အခါ ကြွက်သားတွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။
____________________________________

6. ဝမ်းဗိုက်အဆီတွေ ဖြစ်လာမယ်။
နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။ တကယ်တော့ နံနက်စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။ နေ့လည်စာနဲ့ ညစာကတော့ စားရင်စားသလို အဆီတက်စေပါတယ်။ တကယ်လို့ ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို အဝ စားပေးသင့်ပါတယ်။
____________________________________

7. နှလုံးရောဂါ ဖြစ်လာမယ်။
နံနက်စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ ကြာလာတဲ့အခါ silent killer လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။ နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။
____________________________________

8. ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။
နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။
____________________________________

9. ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်။
နံနက်စာမစားတဲ့အတွက် သွေးတွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
____________________________________

10. အသက် ၄၀ လောက်နဲ့ အားအင်ချိနဲ့လာမယ်။
နံနက်စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။ အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။ သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့် နံနက်စာမစားတဲ့သူကတော့ အသက် ၄၀ လောက်နဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ဖြစ်နေကြမှာပါ။

နံနက်စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကနေ ၉ နာရီအတွင်း ဖြစ်ရပါမယ်။ ကျွန်တော်ကတော့ ၇ နာရီခွဲဆို အိပ်ရာထပြီး ၈ နာရီခွဲကနေ ၉ နာရီအတွင်း နံနက်စာ ပုံမှန်စားဖြစ်ပါတယ်။ နံနက် ၁၀ နာရီလောက် အိပ်ရာထပြီး နေ့လည် ၁၁ နာရီမှာ စားတဲ့အရာကိုတော့ နံနက်စာလို့ မခေါ်ပါဘူး။

နံနက်စာ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေမယ့်အရာတွေ စားပေးဖို့လိုပါတယ်။ ကြက်ဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ဘယ်ရီသီးတွေနဲ့ အခွံမာသီးတွေက ကျွန်တော်တို့ စားပေးသင့်တဲ့ နံနက်စာတွေ ဖြစ်ပါတယ်။

#

22/04/2022

ဝိတ်ချတဲ့အခါမှားကြတဲ့ အမှား နံပါတ် (၁)👇👇

ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်း တေကို ပဲ အာရုံစိုက်လွန်းတာ ဖြစ်ပါတယ်🤷‍♂️😖
​ ပေါင်ချိန်စက်ပေါ်ကကိန်းဂဏန်းတေကိုပဲအာရုံစိုက်တဲ့အခါ ဝိတ်ချ တဲ့မိတ်ဆွေများအနေနဲ့ ကျန်းမာရေးနဲ့အညီ လေ့ကျင့်ခန်းတေလုပ်/အစားကိုသေချာဂရုစိုက်စားသော်လဲ ဝိတ်အမြန်မကျပါလားလို့ ခံစားရပါလေ့မယ်😖
ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းသည် ကိုယ်အလေးချိန် ပြောင်းလဲမှု ၏အတိုင်းအတာ တစ်ခုသာဖြစ်သည်🤷‍♂️
မိတ်ဆွေက လေ့ကျင့်ခန်း လုပ်တဲ့ သူဆိုရင် ကိုယ်အလေးချိန် မကြရင်တောင် ကိုယ်တွင်းအဆီတေကြလာမယ်✔
ကိုယ်တွင်းကြွတ်သားတက်လာမယ်✔
ဝတ်နေကြ အဝတ်တေချောင်လာမယ်✔
ခါးဆိုဒ်တေ လျော့လာမှာပဲဖြစ်ပါတယ်🤷‍♂️
အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ❤



#ကျန်းမာရေးနဲ့အညီဝိတ်ချမယ်



Crd

Photos from Weight Loss By Thae's post 22/04/2022

မိန်းကလေး တွေ ပြောင်းလဲ ပစ် လိုက်ပါ။
မင်းတို့လုပ်နိုင် ပါတယ်။
ကြိုးစားကြ ရ အောင်။

Want your business to be the top-listed Beauty Salon in Sagaing?
Click here to claim your Sponsored Listing.

Category

Website

Address


Sagaing
MONYWA