Amra Hnin

Amra Hnin

Share

beauty

02/06/2021

မြ၀တီမြို့၊ ဝေါ်လေမြို့ရဲစခန်း အပစ်ခံရ၊ ဖလူးတွင် တိုက်ပွဲများ ဆက်ဖြစ်နေ

ရန်ကုန်၊ ဇွန် ၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ဝေါ်လေမြို့ရဲစခန်းကို ယနေ့ နံနက် ၄ နာရီ ၃၀ ခန့်တွင် ဝင်ရောက်ပစ်ခတ်မှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော ဖလူးကျေးရွာအနီးတွင်လည်း ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

"ဒီနေ့ နံနက် ၄ နာရီ ၃၀ လောက်တော့ မြ၀တီ တောင်ခြမ်းမှာရှိတဲ့ ဝေါ်လေမြို့ ရဲစခန်းကို ဝင်ပစ်တယ်လို့ သိရတယ်။ ဘယ်အဖွဲ့က ပစ်လဲဆိုတာတော့ သေသေချာချာမသိဘူး။ တချို့ကလည်းပြောတာက ခွဲထွက် DKBA ဗိုလ်ချုပ်စောကျော်သက်တို့နဲ့များ သက်ဆိုင်မလားဆိုပြီး ယူဆကြတယ်။ မြ၀တီမှာ လက်နက်ကိုင်က များတော့ ဘယ်အဖွဲ့ က လုပ်ပါတယ်လို့ မကြေညာရင်တော့ သေသေချာချာ မသိနိုင်ဘူး။ ရဲစခန်း ဝင်ပစ်မှုမှာ အထိအခိုက်အကျအဆုံး မသိရသေးပါဘူး" ဟု မြ၀တီဒေသခံတစ်ဦးက ပြောဆိုသည်။

ယမန်နေ့က စစ်ကောင်စီတပ်များ၊ BGF များနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော မြ၀တီမြို့၊ ဖလူးကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

"ဒီနေ့ မနက် ၆ နာရီလောက်ကစပြီး လက်နက်ကြီးသံတွေ စကြားတယ်။ နည်းနည်းလှမ်းတဲ့ရွာတွေတောင် အခုက ပြေးရမယ့် အခြေအနေရှိပါတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဖလူးကျေးရွာတွင် ခွဲထွက် DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောကျော်သက်နှင့်အတူ KNU One Command ၊ G-Z များနှင့်အခြားလက်နက်ကိုင်များ ပူးပေါင်းပါဝင်နေကြောင်း၊ စစ်ကောင်စီဘက်မှ BGF က ပါဝင်တိုက်နေကြောင်း၊ ယမန်နေ့ ဖလူးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၉ ဦးနှင့် BGF မှ ၃ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း KNU သတင်းရင်းမြစ်များက သတင်းဖော်ပြထားသည်။

ဓာတ်ပုံ- ယမန်နေ့ဖလူးတိုက်ပွဲတွင် ကျဆုံးသော စစ်ကောင်စီနှင့် BGF အလောင်းတချို့ ။ Photo Credit - သူလေး

01/06/2021

အကြမ်းဖက်စစ်ကောင်စီက ပစ်သတ်လိုက်သည့် လောပိတကျေးရွာမှ ကိုဝေလင်းအောင် နာရေး ယနေ့ သဂြိုလ်ပြီးစီး

ရန်ကုန်၊ ဇွန် ၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာတွင် နေထိုင်သူ ကိုဝေလင်းအောင်သည် မေလ ၃၀ ရက်နေ့ ညပိုင်း ၁၀ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်ခံလိုက်ရပြီး ယနေ့ ဇွန်လ ၁ ရက်နေ့ တွင် သဂြိုလ်ပြီးစီးကြောင်း ဒေသခံများထံမှ သိရှီရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ လောပိတကျေးရွာတွင် မေလ ၃၀ရက် ည ၁၀ နာရီအချိန် ကျောက်တောင်ကျေးရွာမှ လောပိတကျေးရွာသို့ ဆိုင်ကယ်စီးပြန်လာသော ကိုဝေလင်းအောင် အသက် ၂၉ နှစ်ကို စစ်ကောင်စီ၏ ၇၂ တပ်က စစ်ဆေးမေးမြန်းမှုမရှိဘဲ အကြောင်းမဲ့ ပစ်သတ်မှုပြုလုပ်ခဲ့ကြောင်း၊ယင်းနောက် အလောင်းကို စစ်တပ်က ယူဆောင်သွားပြီး မေလ ၃၁ ရက်နေ့တွင်မှ မိသားစုကို ပြန်လည် ပေးအပ်ကြောင်း၊ ယနေ့တွင် မူ သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

" စစ်တပ်ဘက်က ပြောတာကတော့ ကာဖျူးချိန်ကျော်တယ်။ ဆိုင်ကယ်တားတာ ရပ်မပေးဘူး အဲဒီလိုပဲ အကြောင်းပြချက်တွေ လျှောက်ပေးတယ်။ အဲဒီနားက မျက်မြင်တွေ့သူတွေ ပြောတာက ဆိုင်ကယ်မောင်းလာတာကို ဘာမမေး ညာမမေးဘဲ ပစ်သတ်လိုက်တာ" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကိုဝေလင်းအောင်သည် ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် လသားအရွယ် ကလေးငယ်နှင့် ဇနီးသည်ကျန်ရစ်ခဲ့ကြောင်း သိရှိသည်။

31/05/2021

အချစ်ကဘာကြီးမဟုတ်ပါဘူးး

ကိုကြီးကသာ ဘ၀ကြီးပါ😜

19/05/2021

စောက်ဒုက္ခတွေဟေ့.. စောက်ဒုက္ခတွေ
စိတ်၏ဆင်းရဲခြင်း
ကိုယ်၏ဆင်းရဲခြင်းတွေ အပြည့်အဝနဲ့ ရက်ပေါင်း၁၀၇ရက်။

သေစေချင်နေလို့ မသေအောင် နေနေတာအပြင်
သေလိုက်ချင်စိတ်ကလွဲပြီး ဘာမှဆက်လုပ်စရာမရှိ။

ဒုက္ခကြုံတိုင်း ပိုနာကျည်းမယ်။
ပိုတော်လှန်မယ်။
နင်တို့ ဒုက္ခပေါင်းစုံ ကျရောက်မယ့်နေ့ကို
မသေအောင်နေရင်း စောင့်နေမယ်။

MaALoe မင်းအောင်လှိုင်

14/03/2021

ငလိုးမ မင်းအောင်လှိုုင်
ရိုင်းတာလေးက
ချစ်စရာလေးဆိုလို့ 😝

Photos from Amra Hnin's post 13/03/2021

ကို့ထက်ပုတဲ့လူ
အုပ်ချုပ်မှာကိုတော့
လက်မခံနိုင်းဘူးး 😅😅

💛

Photos from Amra Hnin's post 11/03/2021

ပြန်လိုချင်ပီ
ပျော်ပျော်ရွှင်ရွှင်နဲ့
ကျောင်းတော်ကြီးထဲမှာ
စာသင်နေရတဲ့ နေ့ရက်လေးတေကို 💙


#အာဏာရှင်စနစ်ကျရှုံးပါစေ

Want your business to be the top-listed Beauty Salon in Sagaing?
Click here to claim your Sponsored Listing.

Category

Website

Address


Sagaing