Chan Wai

Chan Wai

Share

Fashion

Photos from Chan Wai's post 12/11/2024

🤩🤩🤩

Photos from Chan Wai's post 03/01/2024

Dress by me😍

30/05/2023

" Make my heart smile "
မင်းနဲ့မှ ကိုယ့်နှလုံးသားလေး ပြုံးတတ်သွားပြီ

25/05/2023

လွယ်လွယ်ယုံတတ်ရင်
လွယ်လွယ်လှည့်စား ခံရတတ်ပါတယ်
သတိထားပါ

16/05/2023

သူတစ်ပါးကို
ဘယ်တော့မှ အပြစ်တင်မစောလိုက်ပါနဲ့
သူ့မှာ သင်မသိတဲ့ အခက်အခဲတွေရှိနိုင်တယ်။

သူတစ်ပါးကို
ဘယ်တော့မှ အထင်မသေးလ်ိုက်ပါနဲ့
သူ့မှာ သင်မသိတဲ့ ကြီးမြတ်မှုတွေ ရှိနိုင်တယ်။

သူတစ်ပါးကို
ဘယ်တော့မှ မစွပ်စွဲလိုက်ပါနဲ့
သူ့မှာ သင်မသိတဲ့ အမှန်တရားတွေ ရှိနိုင်တယ်။

သူတစ်ပါး အသက်မွေးဝမ်းကြောင်းအလုပ်ကို
ဘယ်တော့မှ မပုတ်ခတ်လိုက်ပါနဲ့
သူ့မှာ သင်မသိနိုင်တဲ့
ရုန်းကန်းဖြတ်သန်းမှုတွေ ရှိနိုင်တယ်။

သူတစ်ပါးအကြောင်းကို
သင် တစ်ခါ မကောင်းပြောတိုင်းပြောတိုင်း
သင့် စိတ်နဲ့ခန္ဓာက စွမ်းအားတွေ ယုတ်လျော့နေတာကို သင်သိပါသလား......

သူတစ်ပါးအပြစ်ကို ရှာခြင်းထက်
ကိုယ့် လိုအပ်ချက်ကို
ရှာဖွေ ဖြည့်ဆည်းနိုင်တဲ့သူကသာ တချိန်မှာ
အောင်မြင်မှုတစ်ခုခုနဲ့တင့်တယ်တောက်ပရစမြဲဖြစ်ပါတယ်

လောက နိယာမတရားက
သင့်စိတ်ထားနဲ့ထိုက်တန်တဲ့ နေရာတစ်နေရာကို
သင့်အတွက် အဆင်သင့်ပြင်ပေးထားတယ်။

သင် ဘယ်လိုနေရာမှာ
နေရမယ်ဆိုတာကတော့ သင့်အပေါ်မှာပဲ
မူတည်တယ် ။

credit - ပန်းပျိုးလက်
🌸❤

16/05/2023

အကောင်းဘက် မဖြစ်ခဲ့ပေမဲ့လည်း

တချို့အမှားတွေ အတွက်က

နောင်တရနေစရာ မလိုပါဘူး

ဒါတွေကို သင်ခန်းစာယူပြီး

ကိုယ့်ကိုယ်ကိုယ် ပြုပြင်တတ်ဖို့ပဲ လိုပါတယ် !!

Crd

23/03/2023

နောက်ထပ်....
ဘာဆုထပ်ယူအုံးမှာလဲလို့မေးရင်

" မနက်ဖြန်တိုင်း
မင်းကိုယ့်ကိုပိုချစ်ပါစေပေါ့ "

23/03/2023

မာကျောတယ်လို့ထင်ခဲ့တဲ့ နှလုံးသားက မင်းနဲ့တွေ့မှ အရည်ပျော်သွားခဲ့တယ်💌💌
ချစ်တတ်လာပီးနောက်ပိုင်း မင်းကိုဆုံးရှုံးရမှာကြောက်မိလာတယ်🥺🥺
အချစ်ဆိုတာကို မင်းနဲ့စပြီး မင်းနဲ့ပဲအဆုံးသတ်ချင်တယ်😌😌

25/08/2022
02/03/2022

မင်းက သိပ်ခက်တဲ့ ကလေးမလေးပဲ။
တစ်ခုခုခံစားနေရရင် တစ်ယောက်ထဲ
မမြိုသိပ်ထားပါနဲ့လို့ ပြောနေရက်နဲ့ ။

ခေါင်းသိပ်မမာပါနဲ့လားကွာ။
မင်းကသာ ဘာမှမဖြစ်သလို
မာကြောချင်ယောင်ဆောင်နေတာ

ဟိုမှာ မင်းမျက်လုံးလေးတွေက ပြောနေပြီ
မင်း ခံစားနေရတယ်တဲ့။

ဘာမှမဖြစ်ပါဘူးလို့ ပြောနေပေမယ့်
တစ်ခုခုဖြစ်နေတာကို ကိုယ်ကသိတယ် ။

မက်မက်မောမောနားထောင်ပေးမဲ့သူပါကွယ်
မင်းရဲ့ အဆင်မပြေမှုတွေကို
ရက်ရက်ရောရော နားလည်ပေးချင်မိတာပါ။
မင်းမှာ ပြေးကြည့်မှ ကိုယ်ပဲ ရှိတာမလား။

စိတ်ညစ်လာရင် တစ်ယောက်ထဲ
ကြိတ်မှိတ် ခံစားတတ်တဲ့ အကျင့်ကို ပြင်တော့ကွယ် ။

တစ်ယောက်တည်း ခံစားနေရင် ပိုဆိုးတတ်တယ် ။
အမြဲတမ်း သန်မာချင်ယောင်ဆောင်နေဖို့ မလိုပါဘူး။

အဆင်မပြေမှုတွေကို ငိုချမိတတ်တာလည်း
မွန်းကျပ်ခြင်းကနေ လွတ်မြောက်ခြင်းနည်းတွေပါပဲ။

#ခဲတံ
𝘾𝙧𝙚𝙙𝙞𝙩

02/03/2022

I'm OK....

မျက်ရည်တွေကျနေရင်တောင်... အဆင်မပြေဘူးဆိုတဲ့ စကားလုံး မသုံးဖြစ်တော့အောင်နေတယ် ။ သေလောက်အောင် ခက်ခဲနေပါစေ ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားကိုပဲ ထပ်ခါထပ်ခါ သုံးမယ် ။

ဘဝ... နာကျင်စရာတွေ ပြည့်နေပါစေဦးတော့ ဘယ်သူ့ရှေ့မှာ မဆို ပြုံးပြုံးလေးနေမယ် ။ အလှဆုံး မဟုတ်တောင် အကောင်းဆုံး ပြုံးပြီးနေမယ်လေ။ ဒီထက်ပိုပြီး မနာကျင်ချင်တော့တဲ့အခါ ဒီထက်ပိုပြီး မရှုံးချင်တော့တဲ့အခါ I'm Okဆိုတဲ့ စကားလုံးလေးက လက်သုံးစကားလေးဖြစ်လာတယ် ။

နာကျင်စေပြီးမှ... နာကျင်နေလားဆိုတဲ့ မေးခွန်းကို မျက်နှာပြောင်တိုက်ပြီးမေးတဲ့အခါ မနာကျင်ပါဘူး အေးဆေးပေါ့ ။ မျက်ရည်လွယ်တတ်တဲ့ လူတစ်ယောက်က မျက်ရည်ဝဲမိသွားရုံလောက်ပါပဲ မငိုတော့ဘူး ။

အဆင်မပြေဘူး ပြောလို့လဲ... အဖြစ်မှမရှိတာ အဆင်ပြေအောင်မှ မနေတတ်တာ ပြီးတော့ ကိုယ့်ဖက်ကို တစ်ချက်မှ မကြည့်ပဲ နင်ကိုက မှားတာဆိုတဲ့ စကားလုံးတွေ ထပ်ပြီး မကြားချင်တော့ဘူးလေ ။ အဆင်မပြေဘူးလား ရင်ထဲမှာ သိမ်းထားတယ် ။ မပျော်ဘူးလား ​ပိုပြီးတော့ ပြုံးတယ် ။ မဖြစ်ဘူး ဒီပတ်ဝန်းကျင်မှာ ကိုယ်အဆင်မပြေဘူးဆိုတဲ့ စကားလုံးကို ယောင်လို့တောင် ဖွင့်ပြောလို့ မဖြစ်ဘူးလေ ။

မချစ်ဘူးလား... ရပါတယ် ။ မလွမ်းဘူးလား ရတယ် ။ အရင်လို ဘာဖြစ်လို့လဲ ညာဖြစ်လို့လဲဆိုဆဲ့ မေးခွန်းတွေ အများကြီးမေးပြီး စိတ်မပါတဲ့ အဖြေတွေ ထပ်ပြီး နားမထောင်တော့ဘူး ။ ဘယ်သူမှ မရှိလဲဖြစ်တယ် ပြီးတော့ မင်းမချစ်လဲ ဖြစ်တယ်ဆိုတဲ့ စကားကို ထပ်ခါထပ်ခါသုံးပြီး မပျော်တဲ့ ဘဝမှာ ပြုံးပြီးတော့နေတယ် ။

I'm OK... ဘယ်နာကျင်ကိုမဆို ခံနိုင်ရည်ရှိသွားတဲ့အထိတော့ မသန်မာပါဘူး ။ ဒါပေမယ့် အဆင်မပြေနေဘူးဆိုတဲ့စကားလုံးကိုတော့ ရင်ထဲပဲ သိမ်းထားလိုက်တယ် ။အဆင်မပြေဘူးပြောလဲ ပိုပြီး နာကျင်ရရုံ အပြစ်တင်ခံရရုံ ရှိနေမှတော့ ပျော်ပါတယ်ဆိုတဲ့ စကားလေးတစ်လုံး သုံးရုံပေါ့ ။

ဒီလိုအချိန်တွေရောက်ရင်... တစ်ယောက်တည်း ခေါင်းအုံးလေးဖတ်ပြီး ငိုချင်ငိုမယ် ဘယ်သူဖေးမမှုကိုမှ မတောင့်တတော့ဘူး ။ (လိုချင်လို့လဲ ရတာမှ မဟုတ်ပဲဟာ ) သီချင်းတွေညည်းပြီး မျက်ရည်တွေကျရင်လဲ ကျမယ် ။အထီးကျန်ချင်လဲ ကျန်မယ် ။ ဒါပေမယ့် ဘယ်သူ့အားပေးမှုကိုမှ မျှော်လင့်မနေတော့ဘူး ။

I'm OK...

ပျော်စရာတွေ ရှိမနေတဲ့ ဘဝမှာ တစ်ယောက်တည်း အဆင်ပြေနေပါတယ်။

#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)

Want your business to be the top-listed Beauty Salon in Shwebo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwebo