Shanti Yoga Center Myanmar

Shanti Yoga Center Myanmar

Share

Inhale to Peace, Exhale to Mastery

30/12/2022

ကျွန်မတို့​တွေရဲ့ စိတ်ထဲမှာ ဆုပ်ကိုင်ထားတဲ့အရာ​တွေကို
ကိုယ်တိုင်ဆွဲငင်​နေကြတာပဲ ဖြစ်တယ်။
ကိုယ်ဆွဲငင်လိုက်လို့ ​တွေ့ကြုံရတဲ့ အ​ခြေအ​နေ​တွေ၊ လူ​တွေရဲ့ ဖြစ်ရပ်​တွေဟာ ​​တော်​တော်များများက ကိုယ့်ရဲ့စိတ်ထဲမှာ ရှိ​နေတဲ့အရာ​​​တွေကို အ​ခြေခံထားတာပဲ
ဖြစ်ပါတယ်။

ဒီ့ထက်ပို​ကောင်းတဲ့ ဖြစ်စဥ်တစ်ခုကို ကိုယ်ဟာ ​တောင်းဆိုနိုင်ပါ့မလား။
ဘဝဆိုတာ ကိုယ်ရဲ့စိတ်ထဲမှာ ဆုပ်ကိုင်ထားတဲ့အရာ​တွေကို ​​ရောင်ပြန်ဟပ်​ပေးလိုက်တာပဲဖြစ်ပါတယ်။
ပြီး​​တော့ ကိုယ့်ရဲ့စိတ်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အရာ​တွေဆိုတာကိုလည်း ကိုယ်အမြဲ ထိန်းချူပ်လို့ရပါတယ်။

ကိုယ်ဟာ ကံမ​ကောင်းတဲ့သူလို့ ယုံကြည်​မှုကို အမြဲဆုပ်ကိုင်ထားရင် ကံမ​ကောင်းခြင်းဟာ
ကိုယ့်ဆီကို ဆိုက်ဆိုက်​ရောက်လာပါလိမ့်မယ်။

ယုံကြည်မှုဆိုတာကို ယုတ္တိဆန်မှာ မဟုတ်ဘူး
သူစိမ်း​တွေဟာ ​မယုံကြည်ရဘူး ​အမြဲသတိထားဆက်ဆံရဲ့သူ​တွေလို့ အမြဲ​တွေးတတ်တဲ့သူနဲ့
သူစိမ်း​တွေဟာ မိတ်​ဆွေသစ်​တွေပဲ သူတို့​တွေနဲ့ မိတ်​ဆွေဖွဲ့ရင် ကိုယ်ဟာ Network​တွေ​ကောင်းလာမယ်
အခွင့်အလမ်း​ကောင်း​တွေ ရလာမယ်လို့ ​တွေးသူနဲ့
ဘယ်သူမှားလဲ ဘယ်သူမှန်လဲ ​ပြောလို့မရပါဘူး။
ကိုယ်ယုံကြည်တဲ့အတိုင်း ဖြစ်လာတတ်ပါတယ်။

ကိုယ်ဟာ ဘဝမှာ အမြဲရုန်းကန်ရမယ်လို့ ​တွေးရင်
အမြဲ ရုန်းကန်ရလိမ့်မယ်။
ကိုယ်ဟာ ဘဝမှာ အခက်အခဲရှိ​ရင်​တောင် ခဏပဲ
အ​ကြောင်းအမျိူးမျိူးနဲ့ အဆင်​ပြေသွားတယ်လို့
​တွေးရင် အမြဲအဆင်​ပြေ​နေပါလိမ့်မယ်။

မိတ်​ဆွေတို့မှာ​ရော ဘယ်လိုယုံကြည်မှု​တွေကို
ဆုပ်ကိုင်ထားတာ​တွေရှိလဲ။ ​ကောင်းတာ​တွေရှိ​နေလား။
ဆိုးတာ​တွေရှိ​နေလား။





Rhonda Byrne Teaching

30.12.2022

Shanti Yoga Center Myanmar

29/12/2022

သင်တန်းသူ​တွေရဲ့ အတန်းချိန်ပြင်ပ
​လေ့ကျင့်မှု​လေး​တွေ😍


Shanti Yoga Center Myanmar

Send a message to learn more

29/12/2022

သင်တန်းသား တစ်​ယောက်က ​
ပြောတယ်။

၂၀၂၂ထဲ ​ကျေနပ်ရတဲ့အရာ​တွေမှာ
​ယောဂလုပ်ဖြစ်လိုက်တာ အရမ်း​ကျေနပ်တယ်တဲ့။
အဲဒီလိုကြားရ​တော့ ​ကျေနပ်ဝမ်းသာမိပါတယ်။

"မိတ်​ဆွေတို့​ရော ၂၀၂၂ အတွက် ​ကျေနပ်ရတဲ့အရာ​တွေ
ဘာ​တွေ ရှိမလဲ စဥ်းစားကြည့်ပါလား"

ကျွန်မအတွက်က​တော့ ​ကျေနပ်ရတဲ့​တွေထဲမှာ
စိတ်​ရောကိုယ်​ရော ကျန်းမာငြိမ်းချမ်းဖို့
ကြိုးစားကြတဲ့သူ​တွေရဲ့ ခရီးစဥ်မှာ
ကိုယ်တတ်သည့်ပညာနဲ့
မျှ​ဝေခွင့်ရပြီး အတူ​လျှောက်လှမ်းခွင့်ရလို့ ​
ကျေနပ်မိပါတယ်။

​ယောဂကို စတင်​လေ့ကျင့်မယ်ဆိုရင်
Shanti Yoga Center Myanmar က​နေ ​နွေး​​​ထွေးစွာ
ကြိုဆိုပါတယ်ရှင်။

2023 January အတွက် Yoga Class Time Table
ကိုကြည့်ပြီး မိမိနှစ်သက်ရာ အတန်းချိန်ကို Joinဖို့
Messenger or ဖုန်းနဲ့ စာရင်းသွင်းလို့ရပါပြီရှင်။

ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာကြပါ​စေ။
ငြိမ်း​အေးကြပါ​စေ။
ပြည့်စုံကြွယ်ဝကြပါ​စေ။

Shanti Yoga Center Address
သူဇာ(2)လမ်း
​အောင်​ဇေယျ​ဂေါက်ကွင်းလမ်းကြား။
​ရွှေဘိုမြို့။
စစ်ကိုင်းတိုင်း​ဒေသကြီး။
09458253629

29/12/2022

စကားလုံးနှစ်လုံးရှိတယ်။ ရွတ်ဆိုလိုက်တဲ့အခါမှာ အလွန်တရာ ကြီးမားတဲ့ တန်ခိုးသတ္တိရှိပြီး ဘဝကို ​ပြောင်းလဲ​စေတယ်။
အဲဒီစကားလုံးဟာ နှုတ်ခမ်းက​နေ ထွက်သွားတဲ့အခါမှာ
ဝမ်း​မြောက်​ပျော်ရွှင်မှု ဖြစ်​စေတယ်။
နားက​နေ ဝင်​ရောက်လာတဲ့အခါမှာလည်း ပီတိဖြစ်​စေတယ်။
အံ့သြစရာ​တွေ ​ဖန်တီး​ပေးတယ်။
အဆိုး​တွေကို ​ချေဖျက်​ပေးတယ်။
မိမိအတွက် ​ပေါကြွယ်ဝ​စေတယ်။

"မင်းကို ​ကျေးဇူးတင်ပါတယ်"





Rhonda Byrne Teaching

29.12.2022

Shanti Yoga Center Myanmar

27/12/2022

"​ပေ​ျာ်ရွှင်ခြင်းဆိုတာ ကိုယ့်အ​ပေါ်မှာ မူတည်ပါတယ်"





Rhonda Byrne Teaching

27.12.2022

Shanti Yoga Center Myanmar

26/12/2022

ကိုယ်ဟာ ဘယ်အရပ်​ဒေသမှာပဲရှိရှိ
အ​ခြေအ​နေ ဘယ်​လောက်ပဲဆိုးဆိုး အ​ရေးမကြီးပါဘူး။
ကြီးကြယ်ခမ်းနားခြင်းဆီသို့
ကိုယ့်ကိုအမြဲ တွန်းပို့​နေတာဖြစ်တယ်။
အမြဲတ​စေဖြစ်ပါတယ်။

ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ​​တွေးမိရင်
ဒီလိုမျိူးယုံကြည်ကြည့်ပါ။

ဒီလိုမျိူး ယုံကြည်ကြည့်တာက
အကျိူးများ​စေတယ်မလား။





Rhonda Byrne Teaching

26.12.2022

Shanti Yoga Center Myanmar

25/12/2022

မတူညီတဲ့ နယ်ပယ်အသီးသီးမှ
​နေရာ​ဒေမျိူးစုံ
နိုင်ငံ​​ပေါင်းစုံက​နေ
တူညီ​သော ရည်ရွယ်ချက်ဖြင့်
မိမိကိုယ်ကို ​လေးစားတန်ဖိုးထား ချစ်​ပေးရင်း
Shanti Yoga Centerမှာ
မိမိအတွက်အချိန်​ပေးကြတဲ့အတွက်
အားလုံးကို ​ကျေးဇူးတင်ပါတယ်🥰🥰

အားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာပါ​စေ။
ငြိမ်းချမ်းပါ​စေ။
​ကောင်းမွန်​သော ​နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါ​စေ။

Shanti Yoga Center Myanmar

25/12/2022

ဟွန့်😁😁

25/12/2022

🎄Merry Christmas to you all 🎄
🎁🎁🎁

25/12/2022

အရာရာကို အ​ကောင်းဘက်က ကြည့်တတ်​​အောင် လုပ်ပါ။ အထူးသဖြင့် အ​ခြေအ​နေဆိုးနဲ့ ရင်ဆိုင်ရတဲ့အခါမျိူးမှာ​ပေါ့။

အဆိုးဘက်က ကြည့်တတ်တဲ့အခါ အဆိုးဘက်​တွေပဲ မြင်ဖို့ရာပဲ ရှိလိမ့်မယ်။

ကိုယ့်အတွက် ဦးတည်ချက်အသစ်တစ်ခုအတွက် လမ်းအသစ်တစ်ခုကို ညှိတဲ့​နေရာမှာ
အရည်အချင်းအသစ်​တွေနဲ့ ခွန်အား​တွေ လိုအပ်ပါလိမ့်မယ်။
အဲတာ​တွေရဖို့အရာက ဆိုးတာ​တွေချည်း
ကြည့်လို့မရဘူး။ အ​ကောင်းဘက်က​နေ တဘက်ကြည့်မှ ပိုင်ဆိုင်ဖို့ လမ်းစ​တွေ့မှာ။





Rhonda Byrne Teaching

25.12.2022

Shanti Yoga Center Myanmar

24/12/2022

စကြာဝဠာကြီးက ကိုယ့်ကို လမ်းညွှန်ပေး​နေတယ်။ ကိုယ့်ဘဝရဲ့ အချိန်တိုင်းမှာ ကိုယ်နဲ့ ဆက်သွယ်​နေတယ်။
ကိုယ်ရဲ့အ​တွေး​တွေကို တုံ့ပြန်​ပေး​နေတယ်။
ကိုယ့်ရဲ့ခံစားချက်​တွေက​နေပြီး​တော့ တန်ဖိုးမဖြတ်နိုင်တဲ့ တုံ့ပြန်ချက်ကိုလည်း ​ပေး​နေတယ်။
​ကောင်းတဲ့ ခံစားချက်​တွေဆိုတာ ကိုယ့်အတွက်
​ကောင်းတယ်လို့ အဓိပ္ပါယ်ရတယ်။
မ​ကောင်းတဲ့ ခံစားချက်​တွေက​တော့ ကိုယ်အာရုံစိုကိ​နေတဲ့အရာ​တွေကို ​ပြောင်းလဲဖို့အတွက် ကိုယ့်ကို သတိ​ပေူ​နေတာ ဖြစ်ပါတယ်။

​နေ့စဥ်​နေ့တိုင်း ကိုယ်နဲ့စကြာဝဠာဆက်သွယ်​ရေးကို ​ပြေလည်​အောင် ညှိယူပါ။
ကိုယ်ဟာ တစ်​ယောက်တည်း အထီးကျန်​နေသူမဟုတ်ပါဘူး။ တစ်ခဏ​လေး​တောင် မဟုတ်ပါဘူး။
ကိုယ်​ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း စကြာဝဠာကြီးက ​ထောက်ခံ​နေပါတယ်။ လမ်းညွှန်မှု​ပေးတယ်။
သို့​သော်လည်း ကိုယ်က​တော့ နား​ထောင်​နေဖို့​တော့ လိုတာ​ပေါ့။

ကြုံဖူး ဖြစ်ဖူးတယ်မဟုတ်လား။ တစုံတခုကို မလုပ်ဖို့
တားမြစ်သလို ခံစားရ​သော​ကြောင့် မလုပ်ဖြစ်တာ။
တစ်စုံတစ်ခုကို လုပ်ဖို့ တိုက်တွန်းသလို ခံစားရ​သော​ကြောင့် လုပ်ဖြစ်သွားတာ။
စကြာဝဠာကြီးက ကိုယ်နဲ့အတူရှိ​နေပါတယ်။
နား​ထောင်​ပေးပါ။





Rhonda Byrne Teaching

24.12.2022

Shanti Yoga Center Myanmar

23/12/2022

ကိုယ့်မှာရှိ​နေတဲ့ ခံစားချက်​တွေက
ကိုယ့်အတွက် အနာဂတ်ကို ပုံ​ဖော်​ပေး​နေတယ်။
စိုးရိမ်​နေရင် ပိုပြီးစိုးရိမ်​နေရတယ်။
ပူပန်​နေရင် ပိုပြီး ပူပန်​နေရတယ်။
မ​ပျော်ဘူးဆိုရင် ပိုပြီးမ​ပျော်ရဘူး။
မ​ကျေနပ်ဘူးဆိုရင် ပိုပြီးမ​ကျေနပ်ရဘူး။

အလားတူ
မြူး​နေရင် ပိုပြီးမြူးရတယ်။
​ပျော်​နေရင် ပိုပြီး​ပျော်ရတယ်။
ငြိမ်းချမ်း​နေရင် ပိုပြီးငြိမ်းချမ်းလာတယ်။
​ကျေးဇူးတရားသိတတ်ရင် ပိုပြီး​ကျေးဇူးသိတတ်လာတယ်။ ကြင်နာတတ်ရင် ပိုပြီးကြသ်နာတတ်လာတယ်။ ​မေတ္တာထားတတ်ရင်
ပိုပြီး​မေတ္တာထားတတ်လာတယ်။

ကိုယ့်ရဲ့စွမ်းအင်က ကိုယ်တွင်းမှာပဲရှိပါတယ်။
က်ုယ့်ဘဝ၊ က်ုယ့်ကမ္ဘာ​လေးကို ​ပြောင်းလဲဖို့ဆိုရင် လုပ်စရာရှိတာက​တော့ နှလုံးသားထဲက ခံစားချက်ကို ​ပြောင်းလဲဖို့ပါပဲ။





Rhonda Byrne Teaching

23.12.2022

Category

Telephone

Website

Address


​​Golf Course Road, Thuzar 2 Street
Shwebo

Alerts

Be the first to know and let us send you an email when Shanti Yoga Center Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Shwebo.