PHYU-Skincare & Beauty Accessories

PHYU-Skincare & Beauty Accessories

Share

Warmly welcome ďż˝

Photos from PHYU-Skincare & Beauty Accessories's post 26/02/2022

🙆‍♀မန္တလေးသွားမယ့် ရွှေဘိုသနပ်ခါးလေးများ 🙆‍♀

👉ရပ်နီးရပ်ဝေးကအမျိုးတို့လဲ မှာလို့ရပါတယ်နော်
ကားဂိတ်ထိတင်ပေးပါတယ် 🎁👈

Contact to 09-975034221

Photos from PHYU-Skincare & Beauty Accessories's post 05/02/2022

ကဲအမျိုးတို့ရေ......

ရွှေဘိုသနပ်ခါးလေးတွေမှ ရချင်ပါတယ်ဆိုလို့ တင်ပေးလိုက်ပြီနော်

ပုံလေးပဲကြည့်ပီး ပြန်မသွားနဲ့ 🙄

🤔ချစ်ဖို့ကောင်းတဲ့ မင်မင်လေးနဲ့စကားလာပြောဦး ၊ဝယ်သွားဦး 😘

ချစ်ဖို့ကောင်းတဲ့ customerလေးတွေကိုမျှော်နေပါတယ်နော်

(အမြို့မြို့အနယ်နယ်ကို ကားဂိတ်တင်ပေးပါတယ်
ရွှေဘိုဆိုရင်တော့အရောက်ပို့ပေးပါတယ်နော်)

Kpay,Wave pay % 🙅‍♀မယူပါဘူးနော်
ကားဂိတ်တင်ခလည်းမယူပါဘူး 🙅‍♀
Deliverခကိုတော့ ဝယ်သူရှင်းပါနော် 😘

#ရွှေဘိုသနပ်ခါးစစ်စစ်
-09975034221

Photos from PHYU-Skincare & Beauty Accessories's post 05/02/2022

ရွှေဘိုသနပ်ခါးမှ လိမ်းချင်ပါတယ်ဆိုသူတွေအတွက်

မင်မင့်ဆီမှာ မှာလို့ရပါတယ်နော်

♥ကိုယ်တိုင်ပဲလိမ်း မလား ?
♥လက်ဆောင်ပဲပေး မလား?

မြန်မာ့ရိုးရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေဘိုသနပ်ခါးလေးကိုသတိရလိုက်ပါနော်

လက်ဆောင်ပေးချင်သူတွေအတွက်လည်း
🎁packingသေချာလေးထုတ်ပေးပါတယ်

#ရွှေဘိုသနပ်ခါးစစ်စစ်
@09975034221ကို helloလိုင်ပါနော် 💙

Photos from PHYU-Skincare & Beauty Accessories's post 31/10/2021

လူကြိုက်များတဲ့ 10x gluta glow lotionလေး

မင်မင်ကိုယ်တိုင်လဲကြိုက်ဆုံးလေး

1buu = 10000 MMK

Photos from PHYU-Skincare & Beauty Accessories's post 31/10/2021

📣Can preorder💙

30/10/2021

💙💙💙
👀Pearls
ညစ်နေသော အသားအရေ ကိုတောက်ပစေကာ Glow Effect ကိုရရှိစေပါတယ် အသားရေ ဖြူ၀င်းစိုပြေစေပြီး အမာရွတ် အမဲစက်တွေကို သက်သာစေပါတယ်

💦 Aqua
ရေဓာတ်ပြည့်ဝကာ အသားအရေကို
ကြည်လင်စိုပြေစေပါတယ် အသားအရေအတွက် လိုအပ်တဲ့ nourishment တွေဖြည့်ပေးလို့ နူးညံ့တဲ့ Result ကိုရစေပါတယ်

🍋 Vitamin
Vitamin C အမဲစက် တင်းတိတ် အမာရွတ် တွေကို ဖယ်ရှားပေးပြီး ကြည်လင်တဲ့ အသားအရေကိုရရှိစေပါတယ် ရေဓာတ်ကိုထိန်းပေးပြီး အသားအရေညိုညစ်ခြင်းကလည်းကာကွယ်ပေးပါတယ်

🍯 Propolis
အမဲစက် နှင့် ခြောက်သွေ့အသားအရေ ပိုင်ရှင်များတွက် အထူးကောင်းမွန်ပါတယ်
ဆားဝက်ခြံ သက်သာစေပြီး အသားရေကိုစိုပြေစေပါတယ် တင်းတိပ် နဲ့ အမဲစက်တွေကိုလည်း သက်သာစေပါတယ်

❄️Hyaluronic collagen
အသားအရေအတွက် လိုအပ်တဲ့
ရေဓာတ်ကို ပြန်လည်ဖြည့်ပေးပြီး အသားအရေ တင်းရင်းကာ အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်

✅Q-10
မျက်နှာရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ် နေလောင်ထားတဲ့ အသားအရေကို ပြန်လည်ကုသပေးပါတယ် အသားရေတင်းရင်းစေပြီး အာဟာရပြည့်ကာ နုပျိုစေပါတယ်

🐌 Snail
ချိုင့်ခွက်ရှိပြီး အသားအရေကြမ်းတမ်းသူ အသားအရေခြောက်ပြီး အရေးကြောင်း ရှိသူများ အတွက် ပျက်စီးနေတဲ့ skin ကို ပြန်လည်ကောင်းမွန်လာစေပြီး အသားအရေနူးညံ့စေပါတယ်

🥒 Cucumber
အသားအရေကို စိုပြေအေးမြစေပြီး
Glow effect ကိုရစေပါတယ် နေလောင်ထားတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးပြီး အသားရေကို ကြည်လင်စေပါတယ်

❤️ Pomegranate
အသားရေတင်းရင်းပြီး အရေးကြောင်းသက်သာစေပါတယ် Antioxidant ပြည့်ဝစွာ ပါဝင်လို့ အသားရေကို နုပျိုမှု စိုပြေကြည်လင်မှု ကိုရရှိစေပါတယ် အမဲစက်လည်း သက်သာစေပါတယ်

🌵Aloe
Moisture ဓါတ်အပြည့်ဝပါဝင်တဲ့ အတွက် အသားရေအေးမြမှုကိုပေးပြီး နူးညံ့ချောမွေ့စေပါတယ် အမာရွတ် သက်သာစေပြီး အသားရေကို စိုပြေစေပါတယ်

🍂 Red ginseng
အသားအရေ တင်းရင်းစေပြီး အဆီပြန်သက်သာစေပါတယ် အမဲစက် အရေးကြောင်း လျော့ပါးစေပြီး ချွေးပေါက်ကျယ်တာလည်း သက်သာစေပါတယ် 🍂

Photos from PHYU-Skincare & Beauty Accessories's post 29/10/2021

Reviewကောင်းတာလေးတွေကိုသိမ်းပိုက်ထားတဲ့
Lebelage Face Mask လေးတွေရပြီနော်

၁ချပ်ကို ၁၀၀၀ကျပ်ထဲနဲ့ အသားအရေလေးထိန်းသိမ်းကြမယ်

1sheet -1000
10sheet-9000

Contact to cb or 09455723057(viber)

29/10/2021

💥ကိုယ်တိုင်လည်းမသိသေးတဲ့ရေသောက်နည်း💥

အခုကစလို့အဲလိုသောက်တတ်အောင်လေ့ကျင့်မယ်

🔰အသားအရေ စိုပြေအောင် ရေသောက်နည်း🔰

ရေသောက်တာ လူတိုင်းသောက်တတ်ပါတယ်

ဒါပေမယ့် စနစ်တကျသောက်လို့ လှပမယ်ဆိုရင် မကောင်းဘူးလား❓

သင့်အသားအရေကို level 3 ခုလောက် glow သွားစေမယ်ဆိုရင် မကောင်းဘူးလား❓

ရေ၁ခွက် ကို 300 မီလီလီတာ လောက်တော့ သောက်ပေးပါ။

1st glass - မနက် ၇ နာရီမှာ ရေနွေးနွေးလေး ၁ ခွက် အပြည့်သောက်ပြီး အဆိပ်ထုတ်ကြမယ်

2nd glass - မနက် ၉ နာရီမှာသောက်ခြင်းဖြင့် စိတ်ကြည်သွားစေတဲ့အပြင် ရေဓာတ်ပြန်ဖြည့်မယ်

3rd glass - မနက် ၁၁ နာရီမှာ သောက်ခြင်းဖြင့် အစားမစားခင် ဗိုက်ပြည့်စေတဲ့ ခံစားမှုမျိုးရစေမယ်

4th glass - နေ့လည် ၁ နာရီမှာ ထမင်းစားပြီး ရေထပ်သောက်မယ်

5th glass - ညနေ ၃ နာရီမှာ သောက်ခြင်းဖြင့် ညောင်းညာနေမှုတွေကို ပြေပျောက်စေပါတယ်

6th glass - ညနေ ၅ နာရီမှာတော့ အစာမစားခင် ကြိုသောက်ပြီး ဗိုက်ပြည့်စေမယ်

7th glass - ည ၈ နာရီမှာတော့ အိပ်ရာမဝင်ခင် ကြိုသောက်ထားကြမယ်

ကဲ ဒီလို ၇ ခွက်လောက်သောက်ထားတော့ ၁ နေ့ကို ၂ လီတာကျော်ဝင်သွားပြီဖြစ်တဲ့အတွက် နေ့စဉ် daily intake လည်း လုံလောက် ၊ သတိရချိန်မှ ထထသောက်တာမျိုးမဟုတ်ပဲ ပုံမှန်သောက်လို့ အသားအရေလည်း စိုပြေစေပါတယ်

Credit

28/10/2021

အသားဖြူအောင် ဘယ်လိုနေမလဲ

မြန်မာနိုင်ငံကမိန်းကလေးအများစုကအသားဖြူချင်ကြပါတယ်.
နေထိုင်မှုတွေ မှားယွင်းနေတော့အသားအရေက ညစ်သည်ထက်ညစ်လာတယ်.
အဲ့အတွက် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာလေး ပြောပေးပါမယ်ရှင်... 😻

💧ရေ များများသောက်ပါ 💧
ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ် မလုံလောက်တဲ့အခါ အသားအရေ က အရင်ကထက် ပိုပြီး ညစ်ထေးထေး ဖြစ်လာတတ်ပါတယ်
အဲ့အတွက် ရေအများကြီးသောက်ပါပိန်ချင်တဲ့ သူတွေကလည်း အစာမစားခက်နာရီဝက်အလိုမှာရေအဝသောက်ပြီးမှအစာစားပါပိန်လာပါမယ်

🌞နေလောင်ကာခရင် လိမ်းပါ 🌞
မြန်မာနိုင်ငံ ရဲ့ ဒေသအများစု က နေတကယ်ပူပါတယ်
အဲ့အတွက် အပြင်ထွက်တိုင်း နေလောင်ကာခရင် လိမ်းပေးပါ
ခန္ဓာကိုယ်အတွက်ရော မျက်နှာအတွက်ပါ လိမ်းပေးရမယ်နော် 😍

🚴🏻‍♀️ ချွေး ထွက်အောင်နေပါ 🚴🏻
လေ့ကျင့်ခန်း လုပ်တာ, spa သွားပြီး ချွေးထုတ်တာတို့ကို တစ်ပတ် တစ်ကြိမ်လောက် လုပ်ကြည့်ပါ ချွေး ထွက်ရင်သိသိသာသာအသားကြည်လာလိမ့်မယ် 😎

✨Scrub တွေ သုံးပါ ✨
ခန္ဓာကိုယ်အတွက် ဆိုရင် body scrub,
မျက်နှာအတွက်ဆိုရင် facial scrub တွေ ပုံမှန် သုံးပေးဖို့ လိုပါတယ်. ဒါကလည်း တစ်ပတ်ကိုတစ်ခါ သုံးရမှာမှာပါ 🤠

💆အသားရေကိုပေါင်းတင်ပါ 💆
အသားရေပေါင်းတင်ပေးခြင်းဖြင့်ခန္ဓာကိုယ်ရဲ့ကြမ်းတမ်းနေတဲ့အသားရေတွေကပြန်လည်နူးညံ့လာမှာပါ
အခုဆိုရင် Body maskတွေထုတ်လာတဲ့အတွက်အိမ်မှာမိမိကိုယ်တိုင်လဲပေါင်းတင်လို့ရပါပီ
ပေါင်းတင်တာကိုတော့တစ်ပတ်
၂ကြိမ်ကနေ၃ကြိမ်ထိလုပ်လို့ရပါတယ်🤗

🌸 Detox လုပ်ပါ 🌸
အလွယ်ကူဆုံးပြောရရင် အဆိပ်ထုတ်ပါပေါ့.
နေ့စဉ်စားသောက်နေတဲ့ အရာတိုင်းမှာ အဆိပ်အတောက်တွေ ရှိနေပါတယ်
အဲ့အတွက် detox water လေး သောက်ပေးပါ detox water = အသီးအရွက်တွေ စိမ်ထားသော ရေ (အသေးစိတ်ကို internet ပေါ်တွင်ဖတ်ရှုပါ)😝

🙏🏻 ဘုရားသွားပါ 🙏🏻
ကိုယ့်ဘာသာနှင့် ကိုယ် ကိုယ်တိုင်ယုံကြည်ကိုးကွယ်သော နေရာကို တစ်ပတ်တစ်ခါသွားပါ
စိတ်ရှင်းမှ ကျန်းမာမှာ ကျန်းမာမှ အသားအရေ ကောင်းမှာနော်🙏🏻

💋 Skincare ပုံမှန် လုပ်ပါ 💋
နေ့စဉ် မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပြီးမှ အိပ်
သေချာ အသားအရည်အတွက် တကယ်ကောင်းမယ့် ပစ္စည်းလေးတွေကို ပုံမှန် သုံးပေးပါ. အသားအရေ သိသိသာသာကြည်လာပါလိမ့်မယ်

😻Sheet mask လေးတွေ ကပ်ပေးပါ 😻
Sheet Mask လေးတွေ က ချက်ချင်းအသားကို ဖြူအောင် လုပ်ပေးနိုင်ပါတယ်
သူ့အာနိသင်က ၃ရက်လောက်ထိခံတာဖြစ်လို့ အသားခြောက်သူဆိုရင်တစ်ပတ်နှစ်ခါ
အဆီပြန်သူဆိုရင်တစ်ပတ်တစ်ခါလောက်ကပ်ပေးသင့်ပါတယ်👩🏼

ဒီအချက် (၉) ချက်ကို သေချာ လုပ်ပေးမယ်ဆိုရင် အသားအရေ သိသိသာသာ ဖြူပြီး ကြည်လာမှာပါ. 😼နေ့စဉ်အသားအရေကို ဂရုစိုက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ကြပါစေရှင့် 💖

knowledgesharingwithlove

Credit.

Photos from PHYU-Skincare & Beauty Accessories's post 28/10/2021

💙

03/07/2020

ပျိုမေလေးတို့ မဖြစ်မနေသိထားသင့်တဲ့ face scrub လုပ်ရာတွင် အထူးသတိထားရမည့်အချက်များ
နေ့စဉ်သွားလာလှုပ်ရှားမှုတွေကြားထဲမှာ နေဒဏ် လေဒဏ်တွေအပြင် လေထုညစ်ညမ်းမှုကြောင့် မမြင်ရတဲ့ဖုန်မှုန့်တွေ အညစ်အကြေးတွေဟာ မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်လေးတွေမှာ ပိတ်ဆို့တတ်ပါတယ်။ ပုံမှန် cleaning foam တွေ သုံးပေးရုံက ချွေးပေါက်အတွင်းပိုင်းထဲအထိ Cleaning မလုပ်ပေးနိုင်တဲ့အခါမှာ ၀က်ခြံတို့ အဆီဖုတို့ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် အရေပြားအတွင်းပိုင်းမှာ ကျန်ရှိနေတဲ့ ဆဲလ်သေလေးတွေကို မဖယ်ရှားပေးနိုင်တဲ့အခါမှာလည်း မျက်နှာအသားအရည်ဟာ အရင်ထက် ပိုညစ်ညမ်းမှုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ တစ်ကြိမ်တော့ scrub လုပ်ပေးဖို့ လိုအပ်ပါတယ်။
Face Scrub တွေကို အသုံးပြုမယ်ဆိုရင် သင့်တော်တဲ့ ပမာဏကိုယူပြီး မျက်နှာကို စက်ဝိုင်းပုံစံ ညင်သာစွာ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ (၁)မိနစ်ကနေ (၃)မိနစ်ထိ ပွတ်တိုက်ပေးပြီး ရေဆေးချလိုက်ရင် မျက်နှာမှာရှိတဲ့ အဆီတွေ၊ ချွေးပေါက်ပိတ်နေတာတွေ၊ အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။
Face Scrub လုပ်ရာတွင် အထူးသတိထား လိုက်နာရမဲ့ အချက်တွေကတော့
၁. မျက်နှာကို scrub အသုံးပြုရာတွင် မျက်နှာအသားအရည်ဟာ အရမ်းကိုနူးညံတာဖြစ်တဲ့အတွက် ညင်သာစွာပွတ်တိုက် အသုံးပြုပေးရပါမယ်။
၂. Scrub က ဆဲလ်သေတွေကို ဖယ်ထုတ်ပြီး ချွေးပေါက်တွေ ပွင့်စေတာမို့ အသုံးပြုပြီးရင် အစိုဓာတ်ထိန်းပေးနိုင်ရန် ကိုယ်သုံးနေကျ moisture တစ်ခုခုလိမ်းပေးရပါမယ်။
၃. Scrub သုံးပြီးသည့် ချက်ချင်း အကာအကွယ်မပါဘဲ နေပူထဲထွက်ခြင်းကို လုံးဝရှောင်ရှားရပါမယ်။
၄. ထိလွယ်ခိုက်လွယ်တဲ့ အသားအရေရှိသူများနှုင့် ၀က်ခြံအထွက်များသူများ ကိုယ်နဲ့ကိုက်ညီမဲ့ product ကို စမ်းသပ်ရွေးချယ်ကာ အထူးဂရုစိုက် အသုံးပြုရပါမယ်နော်။
၅. လေဆာကုသမှု ခံယူထားတဲ့သူများကတော့ မည်သည့် scrub အမျိုးအစားကိုမဆို အသုံးပြုရန် မသင့်တော်ပါဘူးနော်…
ပျိုမေလေးတို့လည်း ဒီအချက်တွေကို လိုက်နာပြီး face scrub ကို စနစ်တကျအသုံးပြုလို့ရအောင် beauty boost ကပြောပြပေးရခြင်း ဖြစ်ပါတယ်ရှင်။

Want your business to be the top-listed Beauty Salon in Shwebo?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Shwebo