Herbal Plus natural shampoo
သင့်ဆံသားကျန်းမာဖို့ Herbal Plus နဲ့လက်တွဲစို့
05/02/2024
ခေါင်းလျှော်ဆိုင်သွား သတိထား
ခေတ်လည်းမှီတယ် လွယ်လည်းလွယ်တယ်ဆိုပြီး အများအားဖြင့် ဆံကေသာအတွက်ဆိုင်မှာလျှှော်ခြင်း၊ ဆံပင်နှင့်ပတ်သက်သည့်ပေါင်း
တင်ခြင်း ၊ အရောင်ဆိုးခြင်း အပါအဝင် ဆံကေသာအလှအတွက် လုပ်ဆောင်နေကြပါ တယ်။ အားလုံးအတွက် အစဉ်ပြေပေမဲ့ ကျန်းမာရေးအတွက် သတိလေးတော့
ပေးချင်လို ့ပါ။
လူတစ်ဦးတိုင်းတွင် ဓာတ်တည့်ခြင်း မတည့်ခြင်းဆိုသည့် ဇီဝဖြစ်
စဉ်တွေအများအပြား ရှိပါတယ်။ များသောအားဖြင့် အမျိုးသမီးများတွင် တစ်ယောက်က ဆံကေသာကို ဒါလေးလုပ်ထားတယ် လှတယ် အစဉ်ပြေပေမဲ့ နောက်တစ်ယောက်
အတွက်ကျတော့ လူု ့အရေပြားမှာ တစ်ခြားတစ်ယောက်သုံးစွဲသော ခေါင်းလျှော်ရည် ၊ မိတ်ကပ် နှင့် အရောင်ဆို်ခြင်းတွေတွင် ဓာတ်တည့်ချင်မှ တည့်ပါလိမ့်မယ်။ အဲလိုမျိုးတွေရှိပါတယ်။
ခေါင်းလျှော်နေသည့် ဦးခေါင်းအနီးတွင် ပန်ကာလေခံခြင်း ၊ အဲယာကွန်းလေ တည့်တည့်ကျရောက်နေရာမျိုးတွင် ခေါင်းလုံးဝ လျှော်ခြင်းမပြု ့ လုပ်သင့်ပါ။
လျှော်ပေးသူသည် တစ်ကိုယ်ရည်သန် ့ရှင်းရန်လည်း လိုအပ်ပါတယ်။ လူအများအပြားဥိးခေါင်းကို ကိုင်တယ်ရသဖြင့် အရေပြားကူးစက်ပိုးများ
သည့် လက်သည်းကြားအတွင်းမှနေ တစ်ခြားကို ဝင်ရောက်ကူးစေ
တက်လို ့ပါ။ လက်သည်းရှည်ထားပြီး မသန် ့ရှင်းခြင်း ၊ တစ်ဦးလျှော်ပြီးလျှင်လက်ကို ပိုးသတ်ဆေးရည်များဖြင့် မဆေးကြောခြင်းကြောင့် တစ်ခြား
တစ်ဦးကို ရောဂါကူးစေတက်သည်။ခေါင်းလျှော်ပြီးလို ့ နှိပ်နယ်ပေးခြင်း
သည် အလွန်သတိထားဖွယ် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကို မသိနားမလည်
ဘဲ ခေါင်းနဲ ့ဂုတ်ပိုးများကို နှိပ်နယ်ခံယူတတ်ကြပါတယ်။ ခေါင်းလျှော်စင်ပေါ်တွင် အိပ်နေသည့်နေအထားဖြစ်နေပြီး ခေါင်းကိုမပြီး နှိပ်နယ်ပေးခြင်း နားနောက်နေရာတွင် နှိပ်နယ်ပေးခြင်း နားထင်များကို နှိပ်နယ်ပေးခြင်း အများဆုံးလုပ်ဆောင်ခြင်းခံကြရပါတယ်။ တစ်ချို့ကအဲလိုလုပ်မှ ကောင်း
တယ်။ လူကိုပေါ့သွားတယ်အကြောတွေပြေတယ်။ ခေါင်းကြည်တယ်လို ့ ပြောပါ
တယ်။
နားထဲကိုလည်း ရေဝင်အောင်လုပ်သည့် လုပ်ဆောင်နည်း
တစ်မျိုးထပ်လုပ်ကြပါတယ်။ ကျန်းမာရေးအတွက် အထူးသတိထားရန် အရေးကြီးပါတယ်။ အကြောဆိုင်ရာ အာရုံကြောဆိုင်ရာ ရောဂါမျိုးဖြစ်တက်ပါတယ်။ အသက်အရွယ်ရလာသည့်အခါတွင် အဲလိုမျိုးတွေ များနေခဲ့ရင် ဥိီးခေါင်းပိုင်းတုန်တုန်ဖြစ်နေခြင်း၊အကြားအာရုံအလွန်နည်းလာခြင်း ခေါင်းကျင်ဝေဒနာ
စွဲကပ်လာနိုင်ခြင်းတို ့ ဖြစ်လာတက်ပါတယ်။ နားအတွင်းရေဝင်ခြင်းကြောင့်
ကျန်ရှိနေခဲ့ပါက မှိုရောဂါကျရောက်တက်သလို နားအူခြင်း ၊ နားကိုက်ခြင်း နှင့် နားပြည်တည်ခြင်း တို ့ ဖြစ်တက်ပါတယ်။
ဆံကေသာအရောင်ဆိုးခြင်း သင်လုပ်ဆောင်ပါက လူတစ်ချို ့တွင် ဦးခေါင်းယားယံခြင်း၊ ပူစပ်သလိုခံစားမိခြင်း၊ ခေါင်းကိုက်ခေါင်းခဲသလို
ခေါင်းမကြည်ခြင်းသုံးရက်ကျော်ကျော်ခံစားနေရလျှင် နီးစပ်ရာဆေးခန်းတစ်ခုကို ပြသပေးရန် လိုအပ်ပါသည်။ ရက်ကြာလာပါက ဦးခေါင်းအရေပြားနီရဲပြီး ကုတ်ခြစ်ရာများကြောင့်ပိုးဝင်ပြီး မှိုတက်ရောဂါ ဖြစ်လာတတ်ပါသည်။
ဘောက်ဖတ်လိုလို အနာဖတ်များဖြစ်လာပြီး ဦးရေတစ်ခုလုံး အနာများပေါက်ပြိး
ကုသမှု ကြာရှည်တက်ပါတယ်။
05/02/2024
ဆံသားဆုံးရှုံးမှုအတွက် အိမ်တွင်းနည်းလမ်းများ
ဆံပင်ကျွတ်တာ၊ ဆံပင်ကြမ်းတာ၊ ထိပ်ပြောင်တာ၊ ဦးရေပြားအဆီပြန်တာနဲ့ အမျိုးသားတွေဖြစ်တတ်တဲ့ ဆံသားပြဿနာတွေကို ဖြေရှင်းနိုင်စေဖို့ အောက်ပါနည်းလမ်းတွေ က ကူညီပေးနိုင်ပါလိမ့်မယ်။
ဆီဖြင့်နှိပ်နယ်ပေးပါ
တစ်ပတ်ကို နှစ်ကြိမ်လောက် သင့်ဦးရေပြားနဲ့ ဆံသားတွေကို သံလွင်ဆီ၊ အုန်းဆီ၊ ဗာဒံစေ့စတဲ့ အဆီတစ်မျိုးကို အသုံးပြုပြီး နှိပ်နယ်ပေးတာကြောင့် ဆံပင်ကို အာဟာရဖြစ်စေနိုင်ပါတယ်။
အုန်းနို့သုံးပါ
အုန်းသီးကိုအရည်ညှစ်ပြီးရတဲ့အုန်းနို့ဟာသင့်ဆံသားအတွက်အကောင်းဆုံးဖြည့်စွက်စာလိုပါပဲ။ ဆံသားပျော့ပျောင်းစေပြီး ရေဓာတ်ပြည့်ဝနေစေပါတယ်။ အုန်းနို့ကို ခေါင်းမလျှော်ခင် ပေါင်းတင်နည်းအတိုင်း အသုံးပြုနိုင်ပါတယ်။
ရှားစောင်းလက်ပက်သုံးပါ
ရှားစောင်းလက်ပက်အနှစ်ကို ဦးရေပြားပေါ်မှာ တစ်ပတ်နှစ်ကြိမ်လောက်နှိပ် နယ်ပေးနိုင်ပါတယ်။ ဦးရေပြားမှာ အညစ်အကြေးနဲ့ ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်နိုင် ပြီး ဆံပင်ကျွတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။
တမာရွက်သုံးပါ
တမာရွက်ဟာ ဦးရေပြားကျန်းမာစေပြီး ဆံပင်ကျွတ်တာကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ တမာရွက်ကို ကြိတ်ခြေပြီး ဦးရေပြားပေါ်မှာ လိမ်းကာ နှိပ်နယ်ပေးတာမျိုး တစ်ပတ်နှစ်ကြိမ် ပြုလုပ်ပါ။
ထောပတ်သီးသုံးပါ
ထောပတ်သီးနှင့် ငှက်ပျောသီးဟာ ဆံသားကျန်းမာစေတဲ့ ပစ္စည်းတွေဖြစ်ပါ တယ်။ ဖော်ပြပါ အသီးတွေကို ကြိတ်ခြေကာ နာရီဝတ်လောက်ကြာအောင် ဆံသားပေါ် မှာ ပေါင်းတင်ပေးပါ။
ဆံသားကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာများ
===========================
သရက်သီး – သရက်သီးက အရသာတင်ရှိတာမဟုတ်ပါဘူး။ သရက်သီးမှာပါတဲ့ ဆီလီကာ(Silica)၊ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် C နဲ့ ဖောလိတ်တို့က ဆံသားတွေသန်စွမ်းအောင်အားဖြည့်ပေးသလို ဆံပင်ပိုသန်လာအောင်လည်း အားဖြည့်ပေးပါသတဲ့။ တစ်နေ့ကို သရက်သီး နှစ်စိတ်လောက်တော့စားပေးပါ။
ပဲပိစပ် – သံဓါတ်၊အိုမီဂါ-3၊ ဗီတာမင် B2၊ မဂ္ဂနီဆီယမ်တို့က ခန္ဓါကိုယ်တွင်းကဟော်မုန်းတွေကို ထိန်းညှိပေးပြီး ဆံပင်ကျွတ်သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ပဲပိစပ် ၃ကြိမ်လောက်စားသုံးပေးပါ။
ဥအမျိုးမျိုး – ပရိုတင်းဓါတ်၊ ဗီတာမင် A၊ ဗီတာမင် D၊ ကာရိုတင်း၊ လူတိန်း(lutein) နဲ့ ဇင့်ဓါတ်တို့ပါဝင်နေတဲ့ ကြက်ဥ၊ဘဲဥ၊ ငုံးဥတို့ကို တစ်ပတ်မှာ ၄ ကြိမ်ခန့် စားသုံးပေးမယ်ဆိုရင် ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်မှာ အသေအချာပါ။
ဟင်းနုနွယ် – ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့အစိမ်းရောင်ရင့်ရင့် ဟင်းနုနွယ်ရွက်မှာဖောလိတ်၊ သံဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C တို့လိုမျိုးဓါတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။ ဒီဓါတ်တွေက ဆံသားတွေကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် A ကဦးရေပြားကို အစိုဓါတ်ထိန်းပေးပြီး ဆံသားတွေကို ကျန်းမာသန်စွမ်းစေမှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ဟင်းနုနွယ်ရွက်ကို ကြော်ပြီးဖြစ်ဖြစ် သုပ်ပြီးဖြစ်ဖြစ်စားပေးပါ။
အဆီများတဲ့ငါး – ငါးကနေရတဲ့အဆီက ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ အဆီများတဲ့ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်း၊ မက်ကာရယ်တို့လိုမျိုးomega-3 နဲ့ omega-6 fatty acid ကြွယ်ဝတဲ့ငါးတွေက ဆံပင်ကျွတ်တာကို သိသိသာသာလျော့ကျစေပြီး ဆံပင်ကို ပိုမိုကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ငါးတွေကိုစားသုံးဖို့ အကြံပြုပါရစေ။
ကန်စွန်းဥ – ကန်စွန်းဥထဲမှာ ဘီတာ ကယ်ရိုတင်း(beta-carotene) ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်တွေကို သန်စွမ်းအောင် အထောက်အပံ့ပေးပါတယ်။ ကန်စွန်းဥအရွယ်တော်တစ်လုံးမှာbeta-carotene ၁၁၄ ဂရမ်ပါဝင်ပြီး တစ်နေ့တာအတွက် ခန္ဓါကိုယ်က လိုအပ်တဲ့ ပမာဏရဲ့ ၄ ဆကျော်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဆံသားကျန်းမာသန်စွမ်းချင်သူတွေအနေနဲ့ ကန်စွန်းဥကမေ့ထားလို့မဖြစ်ပြန်ပါဘူး။ ကန်စွန်းဥရဲ့နောက်ထပ်အားသာချက်တစ်ခုက ဆံပင်ရှည်မြန်စေတာပါ။
အခွံမာသီးတွေ – အခွံမာသီးတွေက အရသာရှိသလို ဆံပင်သန်စွမ်းဖို့လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း များစွာဖြည့်တင်းပေးနိုင်ပါတယ်။ အခွံမာသီးတွေက ဆံသား၊ လက်သည်းနဲ့ အသားအရေကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် E ကိုထောက်ပံ့ပေးပါတယ်။ အခွံမာသီးတွေက ဗီတာမင် E အပြင် ဇင့် နဲ့ မရှိမဖြစ်လိုအပ်တဲ့ Fatty Acids ပါဝင်နေတာကြောင့် ဆံပင်ကျဲပါးတာကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက် အစေ့အဆန်တွေစားပေးပါ။
ထောပတ်သီး -ထောပတ်သီးကအရသာတင်ရှိတာမဟုတ်ဘဲ၊ အာဟာရဓါတ်နဲ့ အဆီဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ထောပတ်သီးမှာပါတဲ့ ဗီတာမင် C၊ ဗီတာမင် E နဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေက ဆံပင်ကျန်းမာသန်စွမ်းအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးထောပတ်သီးမှာပါတဲ့ဓါတ်တွေက Free Radicalsတွေကြောင့် ဆံပင်ကျွတ်တာတွေကိုကာကွယ်ပေးပါသေးတယ်။
03/09/2023
ဆံကေသာကျန်းမာစေကြောင်း နည်းလမ်းကောင်းများ
***********************************
ဆံကေသာ ကျန်းမာလှပဖို့ဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေး ထိန်းသိမ်းမှုတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆံကေသာကို လူ့ခန္ဓာကိုယ်ရဲ့ ဒုတိယ မျက်နှာလို့ပြောရင်လည်း မမှားဘူးပေါ့။ အထူးသဖြင့် အမျိုးသမီးများဟာ မိမိရဲ့ ဆံကေသာအလှနှင့် ပတ်သက်လို့ အမြဲလိုလို ဂရုတစိုက် ပြုပြင်ကြပါတယ်။ အသက်အရွယ်၊ ဦးရေပြား၊ ကျန်းမာရေး၊ ဆံပင်သန်စွမ်းစေဖို့ စတဲ့ ဂရုစိုက်မှုတွေကိုလည်း အမြဲမပြတ် ထိန်းသိမ်းလေ့ရှိကြပါသည်။ အစားအသောက်အနေအထိုင်စတဲ့ အမူအကျင့်များကလည်း ဆံသားရဲ့ကျန်းမာသန်စွမ်းမှုအပေါ် များစွာအကျိုးသက်ရောက်စေပါတယ်။
ဆံသားကို ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းကတော့ မိမိဆံပင်ကို ဂရုစိုက်လွန် ထိန်းသိမ်းခြင်းနှင့်၊ မဖြီးမလိမ်းနှင့် သေသေသပ်သပ် မထိန်းသိမ်းဘဲ ပစ်ထားခြင်းဆိုတဲ့ အစွန်းနှစ်ပါးပါတဲ့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို လျင်မြန်စွာ ခြောက်သွေ့ပျက်စီးရုံသာမက ဦးခေါင်းမှ အပူများဝင်ကာ အပူငုပ်ခြင်း၊ ကိုယ်အပူချိန် လျင်မြန်စွာပြောင်းလဲကာ ပူလိုက်အေးလိုက်ဖြစ်ခြင်းကြောင့် ဖျားနာခြင်းတို့ ဖြစ်တတ်ပါတယ်။
အသုံးပြုတဲ့ ဆံပင်ပျော့ဆေး ခေါင်းလျှော်ရည်ဟာ သင့်ရဲ့ ဦးရေပြားနဲ့ သင့်လျော်ပါသလား။ ဆန်းစစ်ဖို့လိုအပ်ပါတယ်။ တွေ့ကရ တံဆိပ်ကို မသုံးဘဲ သင့်လျော်မယ့် ကုန်ပစ္စည်းကို သတ်သတ်မှတ်မှတ် ရွေးချယ်သုံးစွဲဖို့ လိုအပ်ပါတယ်။ နေ့စဉ် ခေါင်းလျှော်ဖို့ မလိုအပ်သလို ခေါင်းလျှော်မယ့်ရက်ကို အကြာကြီး ပစ်ထားဖို့လည်း မလိုအပ်ပါဘူး။ အလုပ်မအားဘူး ဆိုရင်တောင်မှ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်မှ အများဆုံးသုံးကြိမ်ခန့် လျှော်ပေးဖို့ လိုအပ်ပါတယ်။
နေလောင်ဒဏ်ကို လူ့ခန္ဓာကိုယ်အရေပြားတင် ဂရုစိုက်ဖို့ မလိုဘဲ သင့်ဆံသားကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အဓိကတော့ ဆံသားကို အလွန်ပြင်းထန်တဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ဖို့ လိုအပ်ပါတယ်။ အေးမြတဲ့ အရိပ်မှာနေတာပဲဖြစ်ဖြစ်၊ အရိပ်ဘက်ကနေ လှုပ်ရှားသွားလာတာပဲဖြစ်ဖြစ် နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်သလို နေရောင်ဒဏ်ကို ကာကွယ်ပေးတဲ့ ထီး၊ ဦးထုပ်၊ ခပ်ကြီးကြီးဆောင်းပြီး သွားလာတာပဲ ဖြစ်ဖြစ်၊ နေလောင်းဒဏ်ကို ကာကွယ်နိုင်ပါတယ်။
သံလွင်ဆီ၊ ဗီတာမင် အီး ပါဝင်သော အဆီများ၊ Hair Coat အစရှိတဲ့ အဆီတွေကို မကြာခဏ လိမ်းကျံပေးခြင်းဖြင့် ဆံကေသာကို ထိန်းသိမ်းကာကွယ်ပေးနိုင်ပါတယ်။ ဆံပင်ကိုပျက်စီးစေတဲ့ ဖယောင်း၊ ဂျယ်လ်၊ အခြားဓာတ်မတည့်သည့်အရာများ အသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြင့် အသားကို ထိန်းသိမ်းနိုင်ပါတယ်။ ဗီတာမင် စီ၊ ဗီတာမင် အီး စသည်တို့ ပါဝင်သော အစားအစာများ အသီးအရွက်များ အသုံးပြုပေးခြင်းဖြင့်လည်း ဆံကေသာအလှပစေရန် ထိန်းသိမ်းပေးနိုင်ပါတယ်။
Credit: ယွန်းသော်တာ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Shwebo