MURAI
To every action there is an equal and opposite reaction.
credit
26/02/2023
#ဘဝကိုအရှုံးမပေးနဲ့........
( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် )
*********************************
လောကကြီးမှာ ရည်ရွယ်ချက်အတွက်
ပန်းတိုင်ကို ရောက်အောင်
လျှောက်နေသေးသ၍ သင်မှန်တယ်...။
လေတိုက်တိုင်း လွင့်နေရအောင်
သစ်ရွက်ခြောက်မှ မဟုတ်တာ....။
အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင်
ကိုယ့်မျက်ရည်နဲ့ကိုယ်တောင်
ကမ်းမမြင် လမ်းမမြင်
လွင့်မျောနေလောက်ပြီ.....။
ချောက်တိုင်း ကြောက်ရရင်လည်း
ဒီကမ္ဘာမှာ နေစရာ နေရာတောင်
ရှိမှာမဟုတ်တော့သလို
ကြောက်တိုင်း ပြေးရရင်လည်း
ကမ္ဘာ့အပြင်ဘက်တောင်
ရောက်နေလောက်ရောပေါ့.....။
ပုံသေနည်း မရှိတဲ့ဘဝ
သမိုင်းစာမျက်နှာပေါ်မှာ
အမှားပေါင်း သောင်းခြောက်ထောင်
အဖျက်ရာတွေ ဗလပွနဲ့ ဘယ်သူမှ
ဒဏ်ရာနဲ့တော့ မကင်းဘူး....။
ဒီလိုပဲ... မှားသွားလိုက်
ပြန်ပြင်လိုက်၊ လဲကျလိုက်
ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို
လှမ်းကိုင်ကြတာပဲလေ....။
အမေက လမ်းလျှောက်တတ်အောင်
သင်ပေးခဲ့တယ်။
လောကကြီးက နေတတ်အောင်
သင်ပေးလိမ့်မယ်။
ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား....။
ငယ်ငယ်က အကြိမ်ကြိမ်
လဲကျခဲ့တာတောင် ပြန်ထပြီး
ဒီနေ့အထိရောက်အောင်
လျှောက်နိုင်ခဲ့သေးရင်
အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်...။
နောက်နေ့တွေအတွက်....
ဆက်သာလျှောက် လမ်းမပျောက်စေနဲ့
ပန်းတိုင်က ရောက်ကို ရောက်တယ်
မင်း ကံ ကောင်းနေဖို့ မလိုဘူး...
မင်း ကောင်းနေဖို့ပဲ့ လိုတာပါ...
ကံကောင်းနေခြင်းက မင်းကို မကောင်းစေပါဘူး... ဒါပေမဲ့...
မင်းကောင်းနေခြင်းက
မင်းကံကိုပါ ကောင်းစေပါတယ်..
- ဘာလို့လဲ ဆိုတော့...
ကံဘယ်လောက်ကောင်းကောင်း
မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့စိတ် မရှိရင်
ကံဆိုတဲ့အရာကြီးက မင်းဘဝရဲ့...
စားဝတ်နေရေးကို တာဝန်ယူမှာ မဟုတ်ပါဘူးလေ...
- အေး...ဒါပေမဲ့...
ကံဘယ်လောက်ပဲ ဆိုးနေပါစေ...
မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့ စိတ်
ရှိနေသေးရင်တော့...
- မင်းဘဝရဲ့ စားဝတ်နေရေးကို
မင်းရဲ့ ကြိုးစားမှုတွေ မင်းရဲ့ လုပ်အားတွေက
တာဝန်ယူသွားလိမ့်မယ်...
- ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့
ကံကို မယုံပါနဲ့ လို့တော့ မပြောလိုပါဘူး...
- ဒါပေမဲ့...
လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာတစ်ခုက...
ကံဆိုတဲ့ မမြင်ရတဲ့ အရာထက်
မင်းဆိုတဲ့ မြင်နေရတဲ့ မင်းကိုယ်မင်း
ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါတယ်...
- ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ...
မင်းအပေါ်မှာပဲ့ မူတည်ပါတယ်...
ရိုးရိုးလေးပါပဲ....
- မင်းကောင်းနေရင် မင်း ကံကောင်းလိမ့်မယ်...
မင်းဆိုးနေရင်တော့ မင်းကံဆိုးလိမ့်မယ်...
"ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့
ငြီးငြူမနေပါနဲ့...."
- မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို
ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ?????
တစ်ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့...
အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး...
မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ...
- ဘာပဲ့လုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့...
မင်းကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး...
အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ်ဘူး...
အဲဒါတွေ ဖြစ်နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့...
လူငယ်တွေ မြဲမြဲမှတ်ထားပါ...
- မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့...
ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို
အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး...
- မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်...
"ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို ကျွန်တော်တို့ ဘာလို့မရလဲ..."
မင်းတို့ ဘာလို့ မရလဲ သိလား?????
- "မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီနေ့ အသုံးမကျလို့ မရတာကွ..."
အနာဂတ် မနက်ဖြန်တိုင်းရဲ့
ကံကောင်းခြင်းတွေ လိုချင်ရင်...
- ပစ္စုပ္ပန် နေ့ရက်တိုင်းကို
အကောင်းဆုံး ကြိုးစားဖို့ လိုတယ်ဆိုတာ...
ဘယ်တော့မှ မမေ့ပါနဲ့....
မင်းလိုချင်တဲ့ ကံကောင်းခြင်းကို...
မင်းကလွဲပြီး ဘယ်သူမှ မယူပေးနိုင်ဘူးနော်...
- လူငယ်တွေပြန်လည် မျှဝေပေး
- မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ...
မင်းတို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့ပဲ့...
ကံကောင်းချင်ရင်...
- ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေးက ရှောင်ပါ...
လူငယ်တွေ တိုးတက်စေဖို့ ရည်ရွယ်လျက်...
thats everything happens for a reason...
17/02/2023
ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်လာစေဖို့စိတ်ကိုလိုသလိုပုံသွင်းနည်း
==============================================
လူတိုင်းမှာစိတ်စွမ်းအားရှိသတဲ့။ လူတိုင်းသုံးခွင့်မရကြပါဘူး။
စိတ်စွမ်းအားကို အသုံးချလိုသူများအတွက်စိတ်ညှို့အိပ်မွေ့ချပညာရှင်တစ်ဦးဖြစ်တဲ့ Marisa Peerရဲ့ဟောပြောချက်များကို ထုတ်နှုတ်ရေးသားလိုက်ရပါတယ်။
သူမရဲ့ပြောကြားချက်အရ စိတ်ရဲ့သဘောသဘာ၀အချက်(၄)ချက်ကိုနားလည်သဘောပေါက်ပြီးစနစ်တကျအသုံးချမယ်ဆိုရင်စိတ်နဲ့ကိုယ်ဟာ ဟန်ချက်ညီညီ ပူးပေါင်းအလုပ်လုပ် စေခြင်းဖြင့် စိတ်စွမ်းအားဟာ သိသိသာသာမြင့်တက်လာမှာဖြစ်တာကြောင့် လိုသလိုပုံသွင်းယူလို့ရပါတယ်။
(၁) Collaboration (ရုပ်နှင့်စိတ်ပူးပေါင်းဆောင်ရွက်စေခြင်း)
(၂) Avoiding pain and moving towards pleasures
(နာကျင်မှုကိုရှောင်ခွာပြီးသာယာမှုနောက်ကိုပြေးလိုက်ပါတယ်)
(၃) Respond the pictures you see and the words you say
(စိတ်ဟာ ကိုယ်မြင်ခဲ့ဖူးတဲ့ပုံရိပ်တွေ ကိုယ်ပြောနေတဲ့စကာလုံးတွေကိုသာတုန့်ပြန်ပါတယ်)
(၄) Love what is familiar
(စိတ်ဟာ သူနဲ့နီးစပ်နေတဲ့အရာတွေကို ချစ်ခင်သတဲ့)
တစ်ခုချင်းဆီရှင်းပြပါရစေ။
************************************************************************************************
(၁) Collaboration (ရုပ်နှင့်စိတ်ပူးပေါင်းဆောင်ရွက်စေခြင်း)
စိတ်ရဲ့သဘောဟာ ကိုယ်ဖြစ်ချင်တာတွေကို ပြင်ဆင်ပေးပါတယ်။
ဟုတ်ပါတယ်။ စိတ်ဟာ ကိုယ်တကယ်လိုချင်စိတ်ပြင်းပြင်းပြပြရှိနေတဲ့အရာတွေဖြစ်လာစေဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ပြင်ဆင်ဆောင်ရွက်ပေးပါတယ်။
တစ်ခါခါကျွန်မတို့စိတ်ဟာ ကိုယ်ဖြစ်ချင်တာတွေကို ဆွဲချနေတဲ့အခါရှိပါတယ်။
အဓိပ္ပာယ်က ကျွန်မတို့ဟာ ကျွန်မတို့စိတ်နဲ့ပီပီပြင်ပြင်ပူးပေါင်း
အလုပ်မလုပ်ဘူးဆိုတာသဘောပေါက်ရမယ်။
စိတ်ဟာ ကိုယ်စိတ်တွင်းမှာပြောနေတဲ့စကားလုံးတွေကို အစဉ်အမြဲနာခံပါတယ်။
ဥပမာ - ဒီစကားလုံးတွေကိုသေချာကြည့်ပါ။
***ဟား စာမေးပွဲကလည်းခက်လိုက်တာ။ ငါတော့ကျပါပြီ။
ငါ့ဘော့စ်ကတကယ့်ကို ငါ့အပေါ်မကောင်းတဲ့လူပဲ။ သူ ့ရဲ့ဒဏ်ကိုမခံနိုင်တော့ဘူးကွာ/မရင်ဆိုင်ချင်တော့ဘူး***
အဲ့သလိုစကားလုံးတွေသုံးရင် စိတ်ကိုနာကျင်စေပါတယ်။
စိတ်ရဲ့သဘာ၀ဟာ သူ့ကိုနာကျင်စေမယ့်အရာတွေကို ရင်မဆိုင်ချင်တော့ဘူး။
ဒါ့ကြောင့် နှောင့်နှေးပစ်ဖို့၊ ပျင်းရိလေးဖင့်ဖို့ အခြေအနေတွေကိုဖန်တီးပေးပါတယ်။
တစ်ခါခါ အလုပ်ပင်ပန်းလို့ညောင်းကိုက်ပြီး အိပ်ရာပေါ်လှဲနေတဲ့အခါတွေမှာ
*** ငါတအားပင်ပန်းတယ်။ ဒီအလုပ်ကလည်းစိတ်ပျက်စရာပဲကွာ***လို့မျာပြောလိုက်မိရင် တကယ်ပဲတုပ်ကွေးကွေးလို့ဖျားနာတာမျိုးဖြစ်ဖူးကြပါလိမ့်မယ်။
ဒါ့ကြောင့်ကိုယ်ဖြစ်ချင်တဲ့အရာတွေအပေါ်စိတ်ပါလာစေဖို့
အတွက် နာကျင်မှုကင်းတဲ့စကားလုံးတွေပြောင်းပြောဖို့လိုပါတယ်။
***ငါလုပ်ရင်ဖြစ်တယ်။
ငါတကယ်ပဲဖြစ်ချင်တယ်။
ငါဟာလူတော်တစ်ယောက်ဖြစ်တယ်။
ငါတကယ်ပဲလိုချင်နေတာဖြစ်တယ်။
ငါပြောရင်လုပ်ရင် တကယ်ပဲရကိုရရမယ်*** စသည်ဖြင့်အစားထိုးပြီး စိတ်ကို ပုံသွင်းကြဖို့လိုပါတယ်။
ဒါဟာ အကောင်းမြင်စိတ်ဖြင့်တွေးခေါ်ခြင်း (positive thinking) ထက် အစပေါင်းများစွာသာလွန်တဲ့
ရုပ်နှင့်စိတ်ကိုပူးပေါင်းတဲ့လုပ်ငန်း (collaboration)ပဲဖြစ်ပါတယ်။
ဒီလောက်ဆိုစိတ်ရဲ့အလုပ်လုပ်ပုံနားလည်လောက်ပါပြီ။
=============================================================
(၂) Avoiding pain and moving towards pleasures
(စိတ်ဟာ နာကျင်မှုကိုရှောင်ခွာပြီးသာယာမှုနောက်ကိုပြေးလိုက်ပါတယ်)
စိတ်ရဲ့သဘာ၀တစ်ခုဟာ နာကျင်မှုကို ရွံမုန်းတတ်ပါတယ်။
ကျွန်မတို့တစ်ယောက်ယောက်ကို နာကျင်တဲ့စကားပြောမိရင် လူတစ်ဖက်သားကျွန်မတို့ကိုရှောင်သလိုပဲ စိတ်ဟာသူ့အတွက်နာကျင်မှုပေးတယ်လို့ထင်နေတဲ့အရာမှန်သမျှရဲ့ ဝေးရာဆီကိုထွက်ပြေးတတ်ပါတယ်။
ထို့နည်းတူစိတ်ဟာ သာယာမှုတွေနောက်ကိုပြေးလိုက်တတ်ပါတယ်။
ကျွန်မ စာအုပ်တစ်အုပ်ရေးခဲ့တုန်းက ရေးချင်တဲ့စိတ်ပဲရှိတယ်။
လက်တွေ့အကောင်အထည်ဖော်တဲ့အဆင့်ရောက်မလာခဲ့ဘူးလေ။
နောက်ကျွန်မ စိတ်ထဲကအကြိမ်ကြိမ်ရွတ်တယ်။
ငါစာရေးချင်တယ်။ စာရေးရတာပျော်တယ်။
စာရေးရတာသိပ်ကောင်းတယ်လို့ပေါ့။ ဒီလိုနဲ့စာအုပ်တစ်အုပ်ပြီးအောင်ရေးနိုင်ခဲ့တယ်။
ကျွန်မတစ်ခါက ပရီးမီယားဘောလုံးသမားတွေကို လေ့လာခဲ့ဖူးတယ်။
သူတို့လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ ရေတွေခဲနေမယ်။
ဆိုးရွားတဲ့ရာသီဥတုဒဏ်ကိုရင်ဆိုင်နေရတဲ့အခါ
သူတို့တွေသီချင်းသီဆိုနေကြတယ်။
သီချင်းသီဆိုနေတယ်ဆိုတော့ စိတ်ဟာဆိုးရွားတဲ့ရာသီဥတုရဲ့နာကျင်မှုဒဏ်ကို သတိမပြုမိတော့ဘူး။ သီချင်းဆိုတဲ့သာယာမှုလေးနဲ့ပဲလေ့ကျင့်ခန်းဆက်လုပ်နေကြတာပေါ့။
နောက်တော့ မာရသွန်အပြေးသမားတွေ ပြေးရတဲ့ခရီးက၂၄မိုင်လောက်ရှိတယ်။
တော်တန်ရုံစိတ်နဲ့ဆိုဘယ်လိုလုပ်ပြေးလို့ရပါ့မလဲ။
ပုံမှန်ဆိုစိတ်ထဲမှာ ***အင်း ခရီးကရှည်တယ် ပျင်းစရာကြီး ငြီးငွေ့စရာကြီးပြေးရဦးမှာလား***လို့ပြောပြီး
တွေးမိနေလိမ့်မယ်။
အဲ့ဒီအစား ***ပြေးရတာကောင်းတယ်။ ပျော်စရာကောင်းတယ်။ ဒါကိုငါရွေးချယ်တယ်။ လေကောင်းလေသန့်ရတယ်***လို့အထပ်ထပ်ပြောနေရင်တော့ စိတ်အလုပ်လုပ်တဲ့ပုံစံပြောင်းသွားမှာဖြစ်ပါတယ်။
လူရှေ့သူရှေ့မှာစကားပြောရတဲ့အခါလည်းထို့အတူပဲပေါ့။
ငါမလုပ်နိုင်လောက်ဘူး။ လူတွေကိုငါကြောက်တယ်လို့ပြောနေခဲ့ရင် စိတ်ဟာလူနဲ့ဘယ်ပူးပေါင်းပါ့မလဲ
အဲ့ဒီအစား ငါလုပ်နိုင်တယ် ငါပြောရင်ဖြစ်တယ် လူရှေ့မှာစကားပြောရတာငါပျော်တယ်လို့ထပ်တလဲလဲပြောရမယ်။
ပြောချင်တာကတော့ စိတ်ကို ကိုယ်ဖြစ်စေချင်တာကိုပဲ အတိအကျပြောရမှာဖြစ်ပြီး ကိုယ်လုပ်ရင်ဖြစ်မယ့် နာကျင်မှုရလဒ်နဲ့မချိတ်ဆက်ပဲ သာယာမှုပျော်ရွှင်စရာဖြစ်ရပ်တွေနဲ့အထပ်ထပ်ပြောပြီးချိတ်ဆက်ပေးဖို့လိုပါမယ်။
=========================================================
(၃) Respond to the pictures you see and the words you say
(စိတ်ဟာ ကိုယ်မြင်ခဲ့ဖူးတဲ့ပုံရိပ်တွေ ကိုယ်ပြောနေတဲ့စကာလုံးတွေကိုသာတုန့်ပြန်ပါတယ်)
ဥပမာလေးတစ်ခုပြောပြပါ့မယ်။
ကျွန်မတို့အယ်လ်အေကိုလေယာဉ်နဲ့အပျော်ခရီးထွက်လာမယ်ဆိုပါစို့။
လေယာဉ်ပေါ်မှာ လူတွေဟာ ပျော်နေကြတယ်။ ရာသီဥတုကလည်း သာသာယာယာနဲ့စိတ်ချမ်းသာစရာဖြစ်နေမယ်။
ရုတ်တရက် စိတ်ထဲကနေတုံ့ပြန်ပုံပြောင်းပြီး စကားတွေပြောနေမယ်။
***လေယာဉ်သံဟာ တမျိုးကြီး ဟိုရှေ့က၀တ်ရုံခြုံထားတဲ့အရှေ့အလယ်ပိုင်းကလာတဲ့တစ်ယောက်က အကြမ်းဖက်သမားလားမသိဘူး။
သူလက်နက်နဲ့အကြမ်းဖက်ပြီးလေယာဉ်ပျက်ကျအောင်လုပ်လိုက်ရင်သေပြီ။***
အဲ့သလိုများ စိတ်ထဲမှာပြောနေမိပြီဆိုရင် ခဏကပျော်စရာခရီးစဉ်ရဲ့အရသာပျက်သွားပြီပေါ့။
ဒီလိုဖြစ်ရတာဟာ နှစ်ချက်ကြောင့်ဖြစ်ရတာပါ
ဒါဟာအရင်ကကိုယ်မှတ်သားခဲ့ဖူးတဲ့ အကြမ်းဖက်ပုံရိပ်တွေရယ် ပြောခဲ့ဖူးတဲ့စကားလုံးတွေကြောင့်ဖြစ်ရတာပါပဲ။
ဒီလိုမဖြစ်လေရအောင် ကိုယ်စိတ်ကူးထဲကပုံရိပ်တွေကိုဖျောက်ပစ်ဖို့နဲ့ကိုယ့်ကိုယ်ကိုယ်ပြောနေတဲ့စကားလုံးတွေကိုပြောင်းလိုက်ဖို့အရေးကြီးပါတယ်။
ကျွန်မဆီကို တစ်ခါက အရပ်ပုပြတ်ပြတ်နဲ့ဘောလုံးသမားလေးတစ်ယောက် အကူအညီလာတောင်းဖူးတယ်။
သူပြောတာက ***ကျွန်တော်အရပ်က အရမ်းပုနေလို့စိတ်ထဲမှာ ဘ၀င်မကျနေဘူး။ ဘောလုံးသမားကောင်းတစ်ယောက်ဖြစ်ဖို့စံမ၀င်ဘူးလို့ထင်နေသတဲ့***
ကျွန်မအကြံပေးလိုက်တယ်။ မာရာဒိုနာ အရပ်မြင့်လို့လား။ သူဘောလုံးသမားကောင်းမဟုတ်ဘူးလား။
ဒါ့ကြောင့် ကျွန်မတို့စိတ်ကူးထဲကပုံရိပ်တွေကိုပြောင်းပြီး ကိုယ့်ကိုယ်ကိုယ်အတွင်းကပြောတဲ့စကားလုံးတွေ
ပြောင်းလိုက်ဖို့ဆိုတာပဲပေါ့။
===============================================================
(၄) Love what is familiar
(စိတ်ဟာ သူနဲ့နီးစပ်နေတဲ့အရာတွေကို ချစ်ခင်သတဲ့)
ကျွန်မတို့ဖြစ်ချင်တာတွေနဲ့ကျွန်မတို့ဝေးနေရတာဟာ အဲ့ဒီအရာတွေနဲ့သိပ်ပြီးနီးစပ်မှုမရှိနေလို့နဲ့
နဂိုရှိနှင့်ပြီးတဲ့ခံယူချက်တွေကို နီးစပ်မှုကို မခွာမရက်နိုင်ဖြစ်နေလို့ပါပဲ။
နဂိုရှိနှင့်တဲ့အရာတွေဟာ
မိမိကိုယ်ကိုယ်လုပ်ရင်ဖြစ်မယ်ဆိုတဲ့ယုံကြည်မှုမရှိနေဘူး။
လူသူရှေ့မှောက်မှာစကားပြောဆိုတတ်တယ်လို့ကိုယ့်ကိုယ်မထင်ဘူး။
အဲဒါတွေလုပ်ဖို့စိတ်ထဲမှာမရဲရင့်နေဘူး၊ စိတ်လက်မအီမသာဖြစ်နေတယ်။
ဒီခံယူချက်တွေအားလုံးလို မြေလှန်ဖြစ်ဖို့စကားလုံးသစ်တွေနဲ့အစားထိုးပစ်ရမယ်
ငါသိပ်တော်တယ်။
ငါလုပ်တာအကောင်းဆုံး။
ငါကိုယ်ငါအပြည့်အ၀ယုံကြည်တယ်။
ငါလုပ်ရင်ဖြစ်ကိုဖြစ်တယ်။
ဒီလိုပြောတာဟာအစမှာတော့ဟန်ဆောင်ပြောနေတာဖြစ်ပေမယ့်
အကြိမ်ကြိမ်ပြောတဲ့အခါ ကိုယ်ပိုင်ဖြစ်လာပါလိမ့်မယ်။
ဂန္တ၀င်လက်ဝှေ့အကျော်အမော်မိုဟာမက်အလီတစ်ခါကပြောဖူးတယ်။
သူဟာသူ့ရဲ့ပြိုင်ဖက်နဲ့အခက်အခဲတွေအားလုံးကို သူ့ကိုယ်သူ
အကောင်းဆုံးဆိုတဲ့ခံယူချက်နဲ့အထပ်ထပ်စိတ်တွင်းကယုံကြည်စွာရွတ်ဆိုရင်း ကျော်လွှားနိုင်ခဲ့သတဲ့။
ကျွန်မလေ့လာခဲ့ဖူးတဲ့ ထိပ်တန်း ဟောလီးဝုဒ်မင်းသားမင်းသမီးတွေ၊ ထိပ်တန်းခေါင်းဆောင်ကြီးတွေ၊
ထိပ်တန်းစီအီးအိုတွေအားလုံးဟာ သူတို့ကိုယ်သူတို့အကောင်းဆုံး အတော်ဆုံးရယ်လို့ယုံကြည်မှုအပြည့်ရှိကြသူတွေပါပဲ။
အဲ့ဒါနဲ့ဆန့်ကျင်ဖက်စကားလုံးတွေက
***ငါကအရည်အချင်းမပြည့်ဘူး။
ငါမလုပ်နိုင်လောက်ဘူး။
ငါမတော်နေဘူး။
ငါလုပ်လည်းရမှာမှမဟုတ်တာ။
ငါ့အတွက်အရမ်းခက်တယ်***လို့များပြောနေသမျှတော့ တိုးတက်လာမှာတော့မဟုတ်ပါဘူး။
ယုံကြည်မှုအပြည့်နဲ့တွေးမယ်ပြောမယ်လုပ်ဆောင်ပါမှ အောင်မြင်မှုပန်းတိုင်ကို နောက်ပြန်မလှည့်ပဲဦးတည်လျှောက်လမ်းနိုင်မှာပဲဖြစ်ပါတယ်။
ယုံကြည်မှုနဲ့ခြေတစ်လှမ်းရှေ့ဆက်လိုက်တိုင်း ကိုယ်ရဲ့စွမ်းအားတွေဟာ ကျယ်ပြန့်လာမယ်။ အဆုံးအစမဲ့တိုးတက်လာတာကို သိလာလိမ့်မယ်။
ကျွန်မတစ်ခါက စိတ်ပညာနဲ့ပတ်သက်တဲ့ အခန်း(၁၀)ခန်းပါတဲ့စာအုပ်ကိုပြုစုခဲ့တုန်းကဆို စိတ်ထဲကမရနိုင်ဘူးပြောနေတာကို ကျွန်မစနစ်တကျ ပရိုဂရမ်ဆွဲတိုက်ဖျက်ပြီး စိတ်ကိုပုံသွင်းလိုက်တော့ နောင်မှာ (၃၆)ခန်းရှိတဲ့ စာအုပ်တွေ ကျမ်းတွေကိုပြုစုနိုင်ခဲ့ပါတယ်။
ကျွန်မရဲ့ဟောပြောချက်ကို နိဂုံချုပ်ရရင်
(၁) ကိုယ့်စိတ်ကို ကိုယ်ဖြစ်ချင်တဲ့အကြောင်းအရာကို စကားလုံးအတိအကျသုံးပြီးပြောပါ။အားအင်ပြည့်၀တဲ့ စွမ်းအားမြင့်စကားလုံးတွေသုံးပြီးပုံသွင်းလိုက်ပါ။
(၂) ကိုယ်လုပ်ချင်တဲ့ ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်ဆီရောက်တဲ့အခါ ရလာမယ့်နာကျင်မှုတွေကို ရှောင်ခွာပြီး ပျော်ရွှင်စရာတွေ သာယာစရာတွေနဲ့ချိတ်ဆက်လိုက်ပါ။
(၃) မဖြစ်ချင်တဲ့စိတ်ကူးတွေ မဖြစ်စေချင်တဲ့စကားလုံးတွေအားလုံးထာ၀ရ စွန့်လွှတ်ပြီး ကိုယ်ဖြစ်ချင်တဲ့စိတ်ကူးပုံရိပ်တွေနဲ့စကားလုံးတွေကိုသာ တွေးပါ၊ကြံစည်ပါ။
(၄) ကိုယ်ဖြစ်ချင်တာတွေနဲ့နီးနီးစပ်စပ်ဖြစ်လာအောင် ပြောပါ။ ပြုမူကြံစည်ပါလို့ပြောရင်း အဆုံးသတ်လိုက်ပါရစေ။
ဆြာသိန်း(ဘာသာပြန်)
Credit Collaboration : Pursuit of Excellence by Marisa Peer
အရမ်းကောင်းလို့.(ဖတ်စေချင်)
"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
📖📖📖📖📖📖📖
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အ့ပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။
Be Strong !!!
ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
Stay like Independent person !!!
ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။
Be Active !!!
ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။
Believe Yourself.!!!
ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်ပါ။
Forget !!!
မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။
Stop !!!
မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။
Have Resistance !!!
လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။
Accept !!!
မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိတိုင်းလက်ခံပါ။
Reject !!!
ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။
Prepare !!!
ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။
Don't feel so much !!!
တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို) ။
ကိုယ့်အကြောင်းကိုယ့် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
Only one....but lion ဆိုတဲ့စကားအတိုင်းလေး....။
Credit မူရင်း
===================================
👉''မင်းထက်တော်တဲ့သူ မရှိဘူး''👈
🌻🌻🌻🌻🌻🌻🌻🌻🌻🌻
📖လောကကြီးမှာ~~~
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။
📖မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာမရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင်
ကြိုးစားနေသူတွေပဲရှိတယ်။
📖မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊
ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲရှိတယ်။
📖မင်းတစ်ယောက်တည်း
မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက
အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာ
သဘာဝပဲ။
📖မင်း တစ်ယောက်တည်း
က်ရွုံးဖူးတာ မဟုတ္ဘူး
ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာ ကို
လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။
📖မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ
မဖြစ်ခဲ့ရတာ မဟုတ်ဘူး လူသားတိုင်း
ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ
မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။
👉မင်းဘာကြောင့် အားငယ်နေမှာလဲ~~~
👉မင်းဘာကြောင့်တွေဝေနေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ဓာတ်ကျနေမှာလဲ~~~
👉မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ~~~
👉ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ
အရှုံးမပေးနဲ့
📖မင်းအမေကမင်းကို ဘဝကို
လွယ်လွယ်မယနဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။
📖ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက်။
မနက်ဖန်တိုင်းမှာ မင်းအတွက်
ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။
📖မင်း လည်း လူ ပဲ
အခြားသူတွေလည်း လူတွေပဲ။
📖လူဆိုတာ မျှော်လင့်ချက်နဲ့
အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ ဖြစ်အောင်
လုပ်နိုင်သူရယ်....
မလုပ်နိုင်သူရယ်ပဲရှိတယ်။
📖အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့
မင်း''' မဖြစ်စေနဲံ။
👉''မိတ်ဆွေ''👈
👉သင့်အတွက် စိတ်ခွန်အား၊
အားဆေး🍶တစ်ခွက် ဖြစ်ခဲလျှင်
ပြန်လည်မျှဝေပါသည်
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"MR
17/02/2023
Get Started fbကနေ ကြိုက်လို့ဒေါင်းထားတာလေးပါ.....မူရင်းvideo OneAdvice pageအား credပါ..ခင်ဗျာ....facebookရဲ့ဖခင်ကြီး မာ့ခ်ဇူကာဘတ်ရဲ့ အောင်မြင်ခြ.....
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Rakhine
Sittwe