Little Fairy Skin - Myanmar
Glow Nation
23/04/2022
ကျန်ောတို့တချို့ကိတ်ဒီဇိုင်းတေ ဖန်တီးတဲ့အခါ
ကိတ်ကို ပဲ့ကျ မသွားအောင် တို့ လိုချင်တဲ့ဒီဇိုင်းလေးရအောင်တို့ စသည်ဖြင့်ပေါ့ သွားကြားထိုးတံတို့အကင်တုတ်တို့လို တုတ်ချောင်းလေးတေအသုံးပြုထားရပါတယ် ။အဲ့ဒါကြောင့်မို့ အပျော်သဘောနဲ့ မွေးနေ့ကိတ်ကိုခွဲပြီးမှ cream နဲ့မျက်နာလိုက်သုတ်တာပြသာနာမရှိပေမဲ့
စချင်တဲ့စိတ်ကြောင့် ခေါင်းကိုင်ပြီးကိတ်မုန့်ထဲမျက်နှာကြီးစိုက် ချပစ်တာ တို့
မျက်နာကြီး ကိတ်မုန့်နဲ့ကပ်ချတာတို့ မလုပ်ပါနဲ့အရမ်းအန္တရာယ်များပါတယ်။
Credit
28/03/2022
'' အပေါင်းအသင်း '' 👯🧑🤝🧑👭👬👫
ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။
ကျွေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မကျွေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။
ကူညီနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မကူညီနိုင်တဲ့တနေ့ ပစ်သွားမှာပါ။
ခိုင်းသ၍ လုပ်ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သူခိုင်းသ၍ သင်မလုပ်ပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။
ချေး ငှါး နိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မချေး မငှါးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။
တကယ်တော့ သူငယ်ချင်းဆိုတာ
ပေးဆပ်နိုင်မှုနဲ့ မရင်းနှီးပါနဲ့
ရယူမှုနဲ့ မရင်းနှီးပါနဲ့
မေတ္တာနဲ့ရင်းနှီးပါ
နားလည်မှုနဲ့ ပေါင်းသင်းပါ
စာနာစိတ်နဲ့ မိတ်ဖွဲ့ပါ
ညာတာစိတ်နဲ့ လက်တွဲပါ
အစားကောင်းစားရတိုင်း သတိရပါ
အသိတရားကောင်းရရှိတိုင်း ဝေငှပါ
ပျော်စရာတွေ့တိုင်း လှမ်းခေါ်ပါ
စိတ်ညစ်စရာတွေ့တိုင်း တိုင်ပင်ပါ
ဝမ်းနည်းစရာတွေ့တိုင်း ဖွင့်ဟပါ
သူဆီက ဆိုတဲ့ ရလိုမှုတွေ ဖျောက်ပစ်ပါ
ဘာတွေ ဘယ်လိုကြုံကြုံ
ဘဝက ခဏလေးပါ
ကိုယ့်ရဲ့ အတ္တစိတ်ကြောင့် မာန်မာနတွေကြောင့်
သူငယ်ချင်းကောင်းတွေကိုတော့
လက်မလွတ်လိုက်ရပါစေနဲ့........
original writer
23/03/2022
#စိတ်ညစ်မခံပါနဲ့
ဦးနှောက်နဲ့ ဆန့်သလောက်ပဲ
တွေးပါ
ကိုယ့်စိတ် ကျယ်ဝန်းသလောက်ပဲ
ခံစားပါ
ကိုယ် သိသလောက်ပဲ
ပြောပါ
#စိတ်ညစ်မခံပါနဲ့
မြင်နိုင်ခွင့် ရှိသလောက်ပဲ
ငေးမောပါ
ဆုံဆည်းခွင့်ရှိသလောက်ပဲ
ကျေနပ်ပါ
ရပိုင်ခွင့် ရှိသလောက်ပဲ
ယူလိုက်ပါ
#စိတ်ညစ်မခံပါနဲ့
ကိုယ်သိသင့် သလောက်ပဲ
နားထောင်ပါ
သူနားထောင်ချင် သလောက်ပဲ
ကိုယ်ပြောပါ
ကိုယ် လုပ်နိုင်သလောက်ပဲ
ကတိပေးပါ
#စိတ်ညစ်မခံပါနဲ့
လူတိုင်းအမှားနဲ့ မကင်းနိုင်တာကို
သတိရပါ
လူတိုင်းမှာ အခက်အခဲ ရှိတာကို
လက္ခံပါ
လူတိုင်းက ကိုယ် မဟုတ်ဘူးဆိုတာ
နားလည်ပါ
#စိတ်ညစ်မခံပါနဲ့
ကိုယ် သွားနိုင်သလောက်ပဲ
ခရီးဆန့်ပါ
ကိုယ် မနစ်နာ တဲ့အထိပဲ
သုံးစွဲပါ
နောင်တ ရစရာတွေနဲ့ မဆုံခင်
လှည့်ပြန်ပါ
စိတ်ညစ်နေလည်း
ပျော်စရာတွေက
ကိုယ့် စိတ်ထဲ အလိုလို
ရောက်လာမှာ
မဟုတ်လို့ စိတ်ညစ်မနေပါနဲ့
အတိတ်က
ကြည်နူးစရာလေးတွေကို
တစ်ခုစီ ပြန်ရှာကြည့်ပါ
နာကျင်စရာ
ဘဝ စာမျက်နှာတွေကို
ကျော်ဖတ်ပါ
စိတ်ညစ်စရာဆိုတာ
နေ့တိုင်း မရှိနိုင်ဘူးလို့
ပေါ့ပေါ့ပါးပါး ဖြည့် တွေး
ကြည့်လိုက်ပါ
ကိုယ့် စိတ်ပျော်အောင် လုပ်နိုင်တာ
ကိုယ် ကိုယ်တိုင်ပဲ ဆိုတာ
မြင်ရပါလိမ့်မယ်…။
08/03/2022
အသီးဖျော်ရည် ..😍😋
07/03/2022
အဲလို Power ဖြည့်ဖို့ ချစ်သူရှိပြီလား ❓❓
07/03/2022
ဆိုလာပြား မှမီးလောင်ရခြင်းနှင့် မီးမလောင်အောင်ဘယ်လိုကာကွယ်မလဲ
ဆိုလာပြား မှမီးလောင်ရခြင်း
=====================
ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်ကြခြင်း ကြောင့် ဖြစ်ပွားနိုင်ပါတယ်
‘‘ဆိုလာကနေထွက်တဲ့ ကြိုး ကို သင့်တော်တဲ့ကြိုးမသုံးတာ၊ အရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ၊ ဆိုလာပြားကို သယ်လာ သယ်သွားလုပ်ရင်း ဝိုင် ယာကြိုးတစ်လျှောက် ကြိုးပေါက် တာကို ဂရုမစိုက်မိတာ၊ ဆိုလာ ပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင် ခြင်း မပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း၊ အနုတ်ငုတ်မှာ ကြိုးချောင်နေတာ၊ ကြားထဲမှာ ကြိုးဆက်ထား တဲ့ အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် ”
ဆိုလာပြား မှမီးလောင်ခြင်းများ မဖြစ်ပွားရအောင်ဘယ်လိုကာကွယ်မလဲ
======================================
၁/Controller ခံသုံးပါ။
၂/အဝင်ကြိုးကို သတိမှတ်ထား သောoriginal ဝါယာကြိုးကိုသာအသုံးပြုပါ။
၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ။
၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပါွးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင်controller ခံထားပါ ခရီးရှည်ထွက်လျှင် ပိတ်ထားခဲ့ပါ။
၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည် ။ ။
Credit: Kyaw Swa Win
#လျှပ်စစ်ရေးရာ
07/03/2022
မြန်မာစာ
🇲🇲🇲🇲🇲🇲
"ဘူးသီး" ကို "ဗူးသီး"လို့ မရေးမိစေနဲ့။
"ဗူး"မှုတ်တာကလွဲရင်
ဘာထည့်တဲ့ ဘူးဖြစ်ဖြစ် ၊
အကုန်လုံး ဘကုန်းနဲ့ "ဘူး" ။
[ပန်းရန်ဆရာတွေ၊ကိုင်တဲ့ကိရိယာကို
"သံလျက်"လို့ ၊မရေးမိစေနဲ့နော်။(ကိုယ်လည်းမှားရေးဖူးတယ်)။
"သံလက်"လို့ ရေးမှ မှန်တယ်။]
[ဘုရင်တွေကိုင်တဲ့ ဓားအမျိုးအစားကိုလည်း"သံလက်"လို့ မရေးမိစေနဲ့ ။
"သန်လျက်"လို့ ရေးမှ အမှန်]
"ပါတ်သက်"လို့ရေးထားတာတွေ့ရင်၊
"ပတ်သက်"လို့ ပြင်ပေးလိုက်ပါ။
"တစ်ချို့"လို့ ရေးထားတာတွေ့ရင်၊
"တချို့"လို့ ပြင်ပေးလိုက်ပါ။
"မျိုးမျိုးမြတ်မြတ်"မဟုတ်ဘူးနော်။
"မြိုးမြိုးမြက်မြက်"
"မျက်ခြေပြတ်"လို့မှား မရေးနဲ့။
"မျက်ခြည်ပြတ်"လို့ရေးမှအမှန်။
"ဟိုလိုတက်ကတယ်"
"ဒီလိုတက်ကတယ်"ဆိုပြီး
"တက်ရတယ်"လို့ ပြောတဲ့အခါမှာ၊
"ရ" နဲ့ "က"တောင်
အထားအသို မမှန်ဘဲ ပြောနေတဲ့၊
နိုင်ငံခြားဘာသာ သင်တန်းဆရာတချို့လည်းရှိတတ်တယ်။
"တက်ရတယ်"လို့ ပြောမှ မှန်ပါတယ်။
"တက်ကတယ်"ဆိုတာ၊ အပေါ်ကိုတက်ပြီး ကတယ်လို့ ဆိုလိုတာပါ။
လုပ်ရတယ်ကို လုပ်ကတယ်
စားရတယ်ကို စားကတယ် ၊
စားရဦးမယ်ကို စားကဦးမယ် စသည်ဖြင့် ၊
(ဒါဟာ စကားမပီတာ မဟုတ်ပါဘူး။
စာမပီတာပါ။စာမတတ်တာပါ။
မြန်မာစာကို တိတိကျကျ ၊မသိ မတတ်တာပါ။
မြန်မာစကား မတတ်တာပါ။
မြန်မာစကား ပီပီသသ၊မပြောတတ်တာပါ)။
"ပဠိပကၡ"လို့
ရေးတဲ့ပညာရှင်ရှိနေတယ်။
"ပဋိပက္ခ"သာ အမှန် ဖြစ်ပါတယ်။
ကာတွန်းမှာပဲ ဖြစ်ဖြစ်၊
တခြားဝါကျမှာပဲဖြစ်ဖြစ်၊
"ဝုန်းကနဲ့"တို့
"ဒိုင်းကနဲ"တို့ တွေ့ပြီဆိုရင်၊
"ဝုန်းခနဲ" "ဒိုင်းခနဲ"လို့သာ
ပြင်ပေးလိုက်ပေတော့။
"ကတ်ပြား"လို့ ရေးမှ အမှန်။
["ကပ်ပြား" "ကဒ်ပြား"(အမှား)]
သေနတ်ထဲ ထည့်တဲ့ ယမ်းတောင့်ကို
"ကျည်ဆံ"လို့ ရေးရင် အမှား။
["ကျည်ဆန်"လို့ရေးမှ အမှန်။
(ကိုယ်လည်း မှားရေးဖူးတယ်)]
{တစ်ဆက်တည်း မှာပါရစေ။ကျည်ဆံလို့ အသံမထွက်ဘူးနော်။ ကျည်ဇန်လို့အသံထွက်ရမယ်}
သူ့ထက်ပိုတယ်လို့ ရေးရမှာကို၊
သူ့ထပ်ပိုတယ်လို့ ရေးနေမိကြတယ်။
မြန်မာစာ သိပ်မရင်းနှီးတဲ့သူဆိုရင်၊
"ကရဝိက်"ငှက်ကို ၊
"ကရဝိတ်ငှက်"
"ကရဝိတ်ဌက်"လို့၊ရေးမိတတ် ကြတယ်။
"ကြေငြာ" လို့ရေးရင်အမှား၊
"ကြေညာ"လို့ရေးမှ အမှန်။
"ကြော်ညာ"လို့ရေးရင် အမှား၊
"ကြော်ငြာ"လို့ရေးမှ အမှန်။
"ရှုခင်း"ကို
"ရှု့ခင်း"လို့ မရေးမိစေနဲ့။
{"မွှေ့ရာ"လည်း မဟုတ်ဘူး။
"မွှေ့ယာ"လည်း မဟုတ်ဘူး။
"မွေ့ယာ"လည်းမဟုတ်ဘူး။
"မွေ့ရာ"လို့ ရေးမှ အမှန်။}
{"အိပ်ယာ"လို့ရေးရင် အမှား။
"အိပ်ရာ"လို့ရေးမှ အမှန်။}
{"အိမ်ယာ"လို့ ရေးရင် အမှား။
"အိမ်ရာ"လို့ရေးမှ အမှန်။}
သတင်းရေးသူတွေပဲဖြစ်ဖြစ်
တခြားရေးသူတွေပဲဖြစ်ဖြစ်၊
"တုန့်ပြန်"လို့ ရေးနေမိကြလိမ့်မယ်။
"တုံ့ပြန်"သာအမှန်ဖြစ်ပါတယ်။
"သံပုရာသီး"လို့ မှားမရေးမိစေနဲ့။
"သံပရာသီး"လို့ ရေးမှ အမှန်။
"ပုခုံး"လို့ မှားမရေးမိစေနဲ့။
"ပခုံး"လို့ ရေးမှ အမှန်။
"အမွှာပူး"လို့ ရေးရင် မှားတယ်။
"အမြွှာပူး"လို့ရေးမှ အမှန်။
ဗံဒါပင်လည်းမဟုတ်ဘူး၊
ဗန်ဒါပင်လည်း မဟုတ်ဘူး၊
ဗန္ဒာပင်လည်း မဟုတ်ဘူး။
"ဗာဒံပင်"
"ဆက်နွယ်"လို့ရေးတာ
အမှန် ထင်ခဲ့ဖူးတယ်။မဟုတ်ဘူး။
"ဆက်နွှယ်"လို့ရေးမှ အမှန်။
"ပတ်သက်"ကို "ပတ်သတ်"လို့ရေးသလို၊
"ဖြစ်ရပ်"ကို "ဖြစ်ရက်"လို့ ရေးနေကြတယ်။
(မြန်မာပြည်က မြန်မာတွေရဲ့ မြန်မာစာအခြေအနေ)
___________
"တစ်ခြား"လို့ အရေးမှားသူတွေ
ရှိနေသေးတယ်။
"တခြား"ကအမှန် ။
"အဓိဠာန်"လို့ မှားရေးထားတာလည်း တွေ့ကြရမယ်။
"အဓိဋ္ဌာန်"သာအမှန်ဖြစ်ကြောင်း
သိထားရမယ်။
"လှေခါး"လို့ရေးရင်မှားတယ်။
"လှေကား" (အမှန်)
ကမ္ဘာ"တစ်ဝှမ်း"နိုင်ငံ"တစ်ဝှမ်း"လို့
ရေးမိတတ်ကြတယ်။
ကမ္ဘာတစ်ဝန်း
နိုင်ငံတစ်ဝန်းလို့ ရေးမှမှန်တယ်နော် ။
"တစ်ခါတစ်လေ"လို့ရေးထားတာပဲဖြစ်ဖြစ်၊
"တခါတလေ"လို့ ရေးထားတာပဲဖြစ်ဖြစ်၊ တွေ့ခဲမြင်ခဲ့ရင်၊
"တစ်ခါတလေ". .သာ အမှန်ဖြစ်ကြောင်း၊
ကိုယ့်ဘာသာ မှတ်သားထားလိုက်ပါ။
"မြင့်မိုရ်တောင်"လို့ရေးထားတာတွေ့ရင်၊
"မြင်းမိုရ်တောင်"လို့ ပြင်ရေးပေးလိုက်ပါ။
"အနူးအညွန့်"တောင်းပန်ပါတယ်လို့
ရေးထားတာတွေ့ရင်၊
"အနူးအညွတ်"တောင်းပန်ပါတယ်လို့၊ ပြင်ပေးလိုက်ပါ။
ဒါဏ်ရိုက်မယ်လို့ရေးထားရင်၊
ဒဏ်ရိုက်မယ်လို့ ပြင်ပေးလိုက်ပါ။
ပါတ်ဝန်းကျင်လို့ ရေးထားရင်
ပတ်ဝန်းကျင်လို့ ပြင်ပေးလိုက်ပါ။
"လျှက်"ဆိုတဲ့ စာလုံး
ဘယ်မှာမှ မသုံးဘူး ။ ။
ဘာကြောင့်သတိရလျှက်
ခင်မင်လျှက်၊လေးစားလျှက်လို့
ရေးနေကြသလဲဆိုတာ့။
"လျက်"နဲ့ ရေးရတာကို မသိကြလို့ပေါ့။
လျက်ဆားကိုလည်း လျှာနဲ့ လျက်တယ်။
လေပြေလေညှင်းလို့ ရေးထားတာတွေ့ရင်၊
"လေပြည်လေညင်း"လို့ပြင်ပေးလိုက်ပါ။
(တိုက်ခတ်တဲ့လေကို၊"လေပြည်"လို့ခေါ်ပါတယ်။
"လေပြေ"လို့ ရေးရင် ၊ မှားပါတယ်)။
(ဇာတ်သဘင်မှာ ၊ အခန်းအကူးအပြောင်းအတွက်၊ ပြောတဲ့စကားကို၊ "လေပြေထိုး"တယ်လို့ ခေါ်သလို၊
စိတ်ဆိုးနေသူကို ပြေလည်အောင် ၊ ပြောတဲ့စကားကိုလည်း ၊ "လေပြေထိုး"တယ်လို့ခေါ်ပါတယ်)။
သတ်ပုံ မမှားစေနဲ့
အမှန် (အမှား)
ကောက်နုတ် ✅
(ကောက်နှုတ်)❌
(အပေါင်းအနုတ်၊ ထုတ်နုတ်၊ ပေါင်းနုတ် စသည်တို့မှာလည်း 'နှုတ်' မဟုတ်ပါ။ 'နုတ်'သာ ဖြစ်ပါသည်။)
ကျစ်လျစ် ✅(ကျစ်လစ်)❌
(ကျောင်းသားများ မေးခွန်းကူးရာကစ မှားတတ်သော စာလုံးပေါင်း ဖြစ်ပါသည်။)
ခုနစ် ✅= ၇ (ခုနှစ်)❌
ခေတ်မီ ✅(ခေတ်မှီ)❌
(မကြာမီ၊ အမီလိုက်၊ သူတို့ကိုမီပြီ စသည်တို့မှာလည်း 'မီ' ကိုသာ သုံးပါသည်။)
ဂုဏ်ရည်တူချင်း ✅(ဂုဏ်ရည်တူခြင်း)❌
(ရူပကအလင်္ကာ ဖြေဆိုရာတွင် မှားတတ်သည်။)
စိုပြည်✅ (စိုပြေ)❌
စွဲလမ်း✅ (စွဲလန်း)❌
တကယ်✅ (တစ်ကယ်)❌
တချို့✅ (တစ်ချို့)❌
တခြား ✅(တစ်ခြား)❌
(ဤစကားလုံးများမှာ အမှားများလှသည်။)
တစ်ဝန်း✅ (တစ်ဝှမ်း)❌
(နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်း၊ လောကတစ်ဝန်းဟု ရေးမှ မှန်ပါသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သမ္မတရုံးက ထွက်လာသော စာများပင် မှားသုံးနေသည်ကို တွေ့ရသည်။)
တွန်ကျူး ✅(တွန်ကြူး)❌
ထို့ပြင် ✅(ထို့အပြင်)❌
(ထို့အပြင် ဟူသော အမှားကို စာနယ်ဇင်းလောကမှာ မမြင်ချင်အဆုံးပါ။ စာစီစာကုံးစာအုပ်များမှာပင် တွေ့နေရသည်။)
ဒါပေမဲ့✅ (ဒါပေမယ့်)❌
နေ့လယ် ✅(နေ့လည်)❌
(ဤ အမှားကို ဖိတ်စာများတွင် အများဆုံးတွေ့ရသည်။)
ပရိသတ်✅ (ပရိတ်သတ်)❌
ပင်ကို✅ (ပင်ကိုယ်)❌
ပြာသာဒ် ✅(ပြသာဒ်\ပြဿာဒ်)❌
(ကျောင်းသားများ ရေးတိုင်းမှားတတ်သော စာလုံးပေါင်း ဖြစ်သည်။)
ဖြည်းဖြည်း ✅(ဖြေးဖြေး)❌
မြောက်မြား ✅(မြောက်များ)❌
(ရှေးသုံးစကားကို မသိသူများ မှားလေ့ရှိသည်။)
မြင်းမိုရ်တောင်✅(မြင့်မိုရ်တောင်)❌
မြိန်ရှက်✅ (မြိန်ယှက်)❌
ရှိခိုး ✅(ရှစ်ခိုး)❌
(ယနေ့ခေတ်တွင် အံ့သြစရာ ကောင်းလောက်အောင် မှားလာကြသော စာလုံးပေါင်း ဖြစ်သည်။)
လေပြည်လေညင်း✅ (လေပြည်လေညှင်း)❌
(စာစီစာကုံးတွင် အသုံးရဆုံး စကားလုံးဖြစ်သည်။ မှားသူ များသည်။)
လက်ထပ် ✅(လက်ထက်)❌
('လက်ထပ်'ကို 'လက်ထက်'ဟု မှားပြီး
မင်းတုန်းမင်း၊ သီပေါမင်းတို့'လက်ထက်' ဆိုသည်ကိုတော့ 'လက်ထပ်'ဟု
ကိုရွှေကျောင်းသားတို့
မှားတတ်ကြပါသည်။)
လျက်✅ (လျှက်)❌
(မြန်မာစာတွင် 'လျှက်' မရှိဟု မှတ်ထားလျှင် မမှားဟု ဆိုနိုင်ပါသည်။)
ဝီရိယ ✅(ဝိရိယ)❌
သာမန်✅ (သာမာန်)❌
သဏ္ဌာန်✅ (သဏ္ဍာန်)❌
သန္နိဋ္ဌာန် ✅(သံဓိဋ္ဌာန်)❌
ဟေမန် ✅(ဟေမာန်)❌
(ဟေမန် = ဟေမန္တ = ဆောင်းဥတု။
ဂိမှန် = ဂိမှာန = နွေဥတု။
ဝသန် = ဝသန္တ = နွေဥတု။
ဝသန် = ဝ ဿာန = မိုးဥတု။)
အနှောင့်အယှက်✅ (အနှောက်အရှက်)❌
အလျင်အမြန် ✅(အလျှင်အမြန်)❌
အရုဏ် ✅(အာရုဏ်)❌
(အာရုံနှင့် အရုဏ်ကို ကွဲကွဲပြားပြား
သိထားသင့်ပါသည်။)
အလွန်အကြူး✅ (အလွန်အကျူး)❌
(အတိသယဝုတ္တိအလင်္ကာ ဖြေဆိုရာတွင် မှားတတ်ကြသည်။)
သြော် ✅(အော်...)❌
('သြော်' သာလျှင် အာမေဍိတ်စကား
အမှန် ဖြစ်ပါသည်။ အမှားများသည်။)
အိပ်ရာ✅ (အိပ်ယာ)❌
(မွေ့ရာ၊ အိမ်ရာ၊ ကြင်ရာတို့မှာ 'ရာ' သာ အမှန် ဖြစ်ပါသည်။)
စာလုံးပေါင်းသတ်ပုံမှာ
ကျွန်တော်လည်း ခဏခဏ မှားပါသည်။
သို့သော် အသုံးများသော စကားလုံးများကိုတော့ မမှားအောင် သတိထား
သုံးပါသည်။
သတ်ပုံမှားသောစာမှာ
စာအရသာ ပျက်သည်။
ယခု ဖော်ပြထားသော စကားလုံးများမှာ တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသားများ မှားလေ့ရှိသော၊
မှားလျှင် အမှတ်လျော့နိုင်သော
စာလုံးပေါင်းတချို့ ဖြစ်ပါသည်။
စာရလျက်၊ ဖြေနိုင်လျက်
သတ်ပုံကြောင့် အမှတ်ဝက်မျှမရသော
အဖြစ် မကြုံ ကြစေရန်
ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။
#တစ်ဆင့်ကူးယူဖော်ပြပေးပါတယ်။
အရှင်ခန္တီစာရ (ဒီပဲယင်း)
21. 2. 2022
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
#နော်ဂဲလယ်ထူး (စာပေပရဟိတ)
07/03/2022
နိုင်ငံတစ်ဝန်း မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိ လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဟု စစ်ကောင်စီက ကြေညာ
ရန်ကုန်၊ မတ် ၆
လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာ၀ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အချို့သောနေရာများတွင် ၂၄ နာရီ မီးပြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများတွင် LNG စျေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားကြောင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းများလည်း ဖောက်ခွဲခံထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရကြောင်း စစ်ကောင်စီက ကြေညာသည်။
ယခင်က အမြင့်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂၀၀ ထုတ်လုပ်နိုင်ကြောင်း၊ လက်ရှိတွင် ဓာတ်အား ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ် လုပ်နိုင်ကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း သစ်များသွယ်တန်းရန်အတွက် ဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် ထပ်မံ လျော့နည်းမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ၈၇၃ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၄ နာရီ မီးဖြတ်တောက်မှုများဖြစ်ပေါ်မည်ဖြစ် ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
ဓာတ်ပုံ- လျှပ်စစ်မီးပြတ်တောက်မှုကြုံနေရသည့် ရန်ကုန်မြို့ခံတစ်ဦး။(ပုံအဟောင်းဖြစ်သည်)
Photo - AFP
06/03/2022
နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏ ရက်သတ္တပတ်တာကာလအတွင်း လျော့နည်းထုတ်လုပ် ဖြန့်ဖြူးသွားမည့်အပေါ် အများပြည်သူသိရှိနိုင်ရန် အသိပေးပန်ကြားခြင်း
06/03/2022
⛔ နိုင်ငံတော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔
Omicron ထက်အဆပေါင်းများစွာ ကူးစက်လွယ်တဲ့ BA 2 Virus ကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပြီး Delta ကဲ့သို့ အဆုတ်လေပြွန်ကို တိုက်ရိုက်သက်ရောက်တာဖြစ်လို့ ယောင်ရမ်းပျက်စီးစေနိုင်ပါတယ် ✅
အခုလက်ရှိမှာဆိုရင် ဟောင်ကောင် နဲ့ ထိုင်ဝမ်မှာ အပြင်းအထန်ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံတော်တော်များများကိုလည်း ကူးစက်ပျံ့နှံ့နေပြီဖြစ်ပါတယ်။ အရင်ရက်သတ္တပတ်တုန်းကဆိုရင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ကူးစက်မှုနှုန်း ၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (W. H. O) ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါတို့မှာလည်း စ,တင်ဖြစ်ပေါ်နေပြီဆိုတာ သိထားရပါတယ် ‼
ဒါပေမယ့် Omicron BA 2 မှာဆိုရင် အရင်က Covid တို့လို စမ်းသပ်လို့မရနိုင်ဘဲ ရောဂါလက္ခဏာတွေပြသမှသာ သိရှိနိုင်တာဖြစ်လို့ သတိထားကာကွယ်စေချင်ပါတယ် 💪🏻
🚫 ဗီဇပြောင်းမျိုးကွဲ BA 2 က ပုံမှန်ထက်လည်း အကူးမြန်သလို ခန္ဓာကိုယ်ထဲမှာ Syncytia ပိုးတွေ မျိုးပွားနိုင်တာဖြစ်လို့ ကူးစက်ခံရတာနဲ့အမျှ အဆုတ်ကို ထိခိုက်လာနိုင်ပြီး လေပြွန်ပျက်စီးခြင်းနဲ့ သွေးကြောမျှင်ပိတ်ဆို့ခြင်း စ,တာတွေ ဖြစ်စေလာနိုင်ပါတယ်🚫
ဒီကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး လူတိုင်းသိချင်နေကြတဲ့ အချက် (၂) ချက်ရှိပါသေးတယ်။
✅ BA 2 ရဲ့ ဖြစ်ပွားမှုနှုန်းက Omicron ထက် အရှိန်မြင့်နိုင်လား?
✅ အရင် Covid တုန်းကကဲ့သို့ ရောဂါပြင်းထန်သူတွေကို ဆေးရုံမှာထားရမလား? ဆိုတဲ့မေးခွန်းတွေပါ။
ဒါပေမယ့် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေမှာ တိကျတဲ့အဖြေ မရှိသေးပါဘူး ❎
📌 ဒိန်းမတ်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ အဆိုအရဆိုရင် ဒီ BA 2 ရောဂါပိုးဟာ ယခင် Omicron ဖြစ်ဖူးတဲ့သူတွေဆီကိုလည်း ပြန်လည်ကူးစက်နိုင်ပြီး ပိုမိုပြင်းထန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။
📌 BA 2 ရဲ့ ကူးစက်နိုင်စွမ်းက အရင်က Covid Shield ကို အကြိမ်ရေအပြည့်ထိုးထားတဲ့သူတွေအပါအဝင် Covid ဖြစ်ဖူးတဲ့သူတွေကိုပါ ပြန်လည်ကူးစက်နိုင်ပါတယ်။ အကယ်၍ ဒီလို လက္ခဏာလေးတွေပြရင် သတိထားနေထိုင်ဖို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။
⚠ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ လည်ချောင်းနာပြီး နှာစေးခြင်းဖြစ်ခဲ့ပြီး ဒီရက်ပိုင်းမှာ အရင် Covid ဖြစ်ခါနီးတုန်းကလို လက္ခဏာတွေ ပြန်ပြလာရင် သတိထားနေထိုင်ဖို့လိုအပ်ပါတယ် ⚠
🚫 ဥပမာ အနံ့ပျောက်ခြင်း ၊ လည်းချောင်းနာခြင်း ၊ ကိုက်ခဲခြင်း
ဒါ့ကြောင့် Test Kit စစ်ဆေးလို့ မရတာဖြစ်လို့ Positive ဖြစ်မှန်းမသိနိုင်လို့ အရင် Covid ကလိုမျိုး လက္ခဏာတွေ ပြန်လည်ပြသလာပြီဆိုရင် သတိရှိထားကြဖို့ လိုအပ်ပါတယ်နော် ။
Ref : CNBC Website
Link : https://tinyurl.com/cuhm83u8
06/03/2022
မိဘပြည်သူများသို့ အသိပေးကြေညာခြင်း
04/03/2022
ဆုံးအောင်ဖတ်ကြည့်
မီးပြတ်ခြင်း(ဝါ)ကျွန်ကျုံးသွင်းခြင်းနိဒါန်း
~~~~~~~~~~~~~~~~~~~~~~
တချို့က ဆိုက်ဝါးဆိုတာ သတင်းအမှားတွေလောက်မှာပဲ ရှိနေတယ်ထင်ကြတာ။
တကယ်တော့ မီးဖြတ်တာလည်း ဆိုက်ဝါးပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် တိုက်ခိုက်တာမျိုး။
ဟိုအရင်က ဒါမျိုးမီးဖြတ်တာမျိုးကို ဒီ့ထက်ဆိုးဆိုးဝါးဝါး ကြုံဖူးတယ်။ ကွန်ပြူတာနဲ့ စာစီစာရိုက်အလုပ် လုပ်ခဲ့ဖူးတော့ သန်းခေါင်မှ မီးလာရင်လည်း အဲ့အချိန်ထလုပ်ရတော့တာပဲ။ စာတမ်းတွေ၊ Thesis တွေ လုပ်ရတော့လည်း အဲ့အတိုင်းပဲ။ တကယ်အရေးကြီးပြီဆို မီးကပျက်တော့ မီးမျှော်ရင်း တစ်ညလုံးမအိပ်ရတာမျိုး။ ရိုက်လိုက် ပြတ်ကျသွားလိုက်၊ Save မလုပ်ထားမိတော့ ပလုံသွားလိုက်နဲ့ စိတ်ဓာတ်ပျက်ပြားရတာမျိုး။ တစ်နေရာမှာ မီးမလာရင် နောက်မီးလာတဲ့နေရာကို ပြေးရ။ ဟိုရောက်တော့ ဟိုမှာပျက်၊ ကိုယ့်နေရာမှာ ပြန်လာနေလို့ ပြန်ပြေးလာနဲ့ အချိန်ကုန် လူပန်းရတာမျိုး။
လျှပ်စစ်မီးက တိုင်းပြည်ရဲ့ အရင်းအမြစ်ဆိုတာ အုပ်ချုပ်တဲ့ သူတွေက မသိတာတော့မဟုတ်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ထက် သူတို့ကို မတော်လှန်ဖို့ကိုပဲ ပဓာနထား စဉ်းစားတာ။
တပ်ရဲ့ဗျူဟာမှာ ဖြတ် ၄ ဖြတ်ဆိုတာရှိတယ်။ ရိက္ခာဖြတ်တာ၊ သတင်းဖြတ်တာ၊ ဝင်ငွေဖြတ်တာ၊ တပ်သားသစ်စုဆောင်းနိုင်မယ့် အခွင့်အလမ်းဖြတ်တောက်တာတွေကို ဦးနေဝင်းလက်ထက်ကတည်းက ကျင့်သုံးခဲ့တယ်။ ဖြတ် ၄ ဖြတ်ဗျူဟာလို့ နာမည်ကြီးတယ်။ နအဖလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီဗျူဟာသုံးပြီး နှိပ်ကွပ်စစ်ဆင်ခဲ့တယ်။
လျှပ်စစ်မီးဖြတ်တာ၊ အင်တာနက်ဖြတ်တာတွေက ဒီဖြတ် ၄ ဖြတ်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုရမယ်။ လျှပ်စစ်မီးဖြတ်ရင် wifi သမားတွေ အင်တာနက်ပါပြတ်တယ်။ လူတွေကတော့ power bank တွေနဲ့ ဆက်သုံးကြတာပါပဲ။ ဒါလည်း ဘက်ထရီအလုံအလောက်မသွင်းထားမိရင် ခြွေတာရပြန်တယ်။ ဖုန်းတွေလည်း အတူတူပေါ့။ လျှပ်စစ်မီးကြောင့် အလုပ်တွေ အဆင်မပြေရင် ဝင်ငွေဖြတ်ခံရတာနဲ့ အတူတူပဲ။
အင်တာနက်ပြတ်ရင် သတင်းပြတ်တယ်။ အင်တာနက်ဖြတ်တယ်ဆိုတာ သတင်းဖြတ်တာပဲ။
ဒါကြောင့် လျှပ်စစ်မီးတို့ အင်တာနက်တို့ ဖြတ်တာဟာ ဖြတ် ၄ ဖြတ်ထဲ အကျုံးဝင်တယ်လို့ပြောတာ။
လျှပ်စစ်မီးက ဒီ့ထက်ပိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ လူတွေကို ညိုးနွမ်းနေစေတယ်။ ဒေါသသင့်စေတယ်။ ဘဝအမောဆိုက်စေတယ်။ မီးလာချိန်လေးလောက်ကပဲ သူတို့ရဲ့ တာတိုမျှော်လင့်ချက် ဖြစ်လာစေတယ်။ မီးကို အချိန်နဲ့ပေးချိန်မှာ လူတွေက ဆဲတယ်။ နောက်တစ်ဆင့် ပရမ်းပတာဖြတ်တော့ ပိုဆဲတယ်။ နောက်ဆို ပြတ်လိုက် လာလိုက် ပြတ်လိုက်လာလိုက်လုပ်မယ်။ ဆဲရင်း ဆဲရင်းနဲ့ မောလာမယ်။ စိတ်ပျက် စိတ်ကျလာမယ်။ နောက်ဆုံးမှာ အလှည့်လေးနဲ့ ပေးရင်တောင် တော်သေးတယ်လို့ လျှော့ဈေးလေးနဲ့ ငြီးတွားလက်ခံပေးလာမယ်။ အပိုးကျိုးသွားတဲ့သဘော။
ဆိုက်ဝါးမှာ တိုက်ပွဲကျသွားတဲ့သဘော။ ကျွန်ကျုံးသွင်းခြင်း ပထမအဆင့် အောင်မြင်သွားပြီ။ နောက်တစ်ဆင့်တက်တော့ မီးပြတ်ရင် စိတ်မဆိုးတော့ဘူး။ ပြတ်မှာဘဲဆိုတာ ကြိုသိထားပြီးသား။ မီးလာတိုင်း ဟေး ဟေး လို့ ထအော်ကြမယ်။ မီးလာတိုင်း ပျော်နေစေရမယ်။ ခဏ ခဏပျော်အောင်လည်း ခဏခဏ ဖြတ်ပေးမယ်။ ခေါက်ရိုးကျိုး အသားကျလာမယ်။
ကျွန်တော်တို့ဘဏ်ထဲက ပိုက်ဆံကို ကျွန်တော်တို့ ပြန်ထုတ်ဖို့ကို ရာခိုင်နှုန်းပေးထုတ်ရတယ်။ ၁၀ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်ရတော့ ပျော်လာတယ်။ K pay မှာ ၅ ရာခိုင်နှုန်းလောက်ကနေ ၃ ရာခိုင်နှုန်းလောက်ဖြစ်လာတော့ ပျော်လာတယ်။ လမ်းသွားရင်း ဖုန်း အစစ်ခံရ၊ ဖုန်းသိမ်းခံရနဲ့ လူ့အခွင့်အရေးဆုံးရှုံးတဲ့ ဘဝမှာ ဖုန်းတော့ မသိမ်းပါနဲ့ဆရာရယ်ဆိုပြီး တစ်သောင်းတန်တစ်ရွက်လောက် လက်ထဲထည့်ပေးပြီး ဖုန်းပြန်ယူလာနိုင်တဲ့ကောင်က ငါဆရာကြီးကွ ဖုန်းအသိမ်းမခံရဘူးဆိုပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေရော။ ပြောလိုက်သေးတယ်။ စစ်သားကြီးက သဘောကောင်းတယ်တဲ့။ ကိုယ်ကလည်း ပြောတတ်ဆိုတတ်ဖို့ လိုတာပေါ့တဲ့။ ဆရာတို့ အဘတို့ ပစ်ခေါ်လိုက်ရတယ်တဲ့။
ဒီလိုနဲ့ ရှိရင်းစွဲလူ့အခွင့်အရေးတွေ ဆုံးရှုံးသွားတာတောင် ပျော်တတ်လာပြီဆိုရင် ကျွန်ကျုံးသွင်းခြင်း ဒုတိယအဆင့် အောင်မြင်ပြီ။
အဲ့ဒီနောက်မှာတော့ ဘာမှ မလုပ်ရင် ဘာမှမဖြစ်ဘူးတို့၊ ကိုယ့်ထမင်းကိုယ်စားပြီး ဝင်မယောင်နဲ့ ထမင်းတလုတ်ရှာစားရတာ လွယ်တာမဟုတ်ဘူးတို့၊ မှန်တိုင်းလည်း မကောင်းဘူးတို့၊ ရေလိုက်ငါးလိုက်ပဲနေတို့၊ မီးစင်ကြည့်ကတို့၊ အုတ်နံရံကို ခေါင်းနဲ့ မတိုက်နဲ့ ခေါင်းပဲကွဲမှာတို့၊ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး၊ ဥဩတစ်ကောင်တွန်လို့ နွေမဖြစ်ဘူးတို့ ပြောလာပြီး ရှောင်လေဝေးဝေး နိုင်ငံရေး ဖြစ်လာပြီဆိုရင်တော့ ကျွန်ကျုံးသွင်းခြင်း အဆင့် ၃ အောင်မြင်သွားပါပြီ။
ပေါ့သေးသေး မမှတ်လေနဲ့။ အဲ့ဒီကျုံးသွင်းခံလိုက်ရပြီဆိုရင် မျိုးဆက်ရဲ့ လက်ရှိအားအထားရဆုံး Gen Z တွေကိုတောင် တစ်ချိန်မှာ Gen Lee တွေ ဖြစ်သွားစေလိမ့်မယ်။
Credit to original author ✍️
Click here to claim your Sponsored Listing.
Category
Website
Address
Sittwe