Heffey Korea Skincare Rakhine

Heffey Korea Skincare Rakhine

Share

Heffey Skin Care for Men and Women

10/05/2026

အမျိုးယုတ်တွေနဲ့ အိမ်ထောင်မပြုမိစေနဲ့ 👩👩👩 ပျော်ရွှင်ကြပါစေ

ကိုယ်က ကွားရှင်းပီးသားဆိုရင် ကိုယ့်ကို စွဲစွဲလမ်းလမ်း ချစ်နေတဲ့လူနဲ့ မဆုံရင် နောက်အိမ်ထောင်မပြုပါနဲ့။ မဆုံခဲ့ရင်လည်း ပိုက်ဆံပဲရှာပါ နောက်ကျမှ အိမ်ထောင်ပြုလို့ ရသလို လူပျိုအပျိုကြီးအဖြစ်နဲ့လည်း နေလို့ရပါတယ်။ အိမ်ထောင်အမှားတော့ မပြုလိုက်ပါနဲ့ အိမ်ထောင်မှားပြုမိတာဟာ အိမ်ထောင်မပြုတာထက် အများကြီး ဆိုးပါတယ်။ အရည်သွေးနိမ့်တဲ့ အိမ်ထောင်ရေးအစား အရည်သွေးမြင့်တဲ့ တစ်ကိုယ်တည်းဘဝနဲ့ နေလိုက်ပါ။ ဘာလို့လဲဆိုရင် ခြေလှမ်းတစ်ချက်မှားတာနဲ့ တစ်ပွဲလုံး ရှုံးသွားလို့ပါ။ အိမ်ထောင်ပြုတာကလည်း ပျော်ရွှင်ဖို့ပါ။ ကွာရှင်းတာကလည်း ပျော်ရွှင်ဖို့ပါပဲ။ အိမ်ထောင်မပြုတာကလည်း ပျော်ရွှင်ဖို့ပါပဲ။

10/05/2026

စွန်လွှတ်လိုက်ပြီ 10/10/2022 မှသည် ယနေ့အချိန်ထိ 👸👸👸

အေးချမ်းစွာ လက်လွှတ်ခြင်း

ကိုယ့်ကို မချစ်တော့တဲ့ လူတစ်ယောက်ကို ဘာ ပြဿနာမှ မရှာဘဲ အေးအေးချမ်းချမ်းနဲ့ လွှတ်ချ နိုင်အောင် ကြိုးစားခြင်းဟာ ဘဝရဲ့ ငြိမ်းချမ်းခြင်း အစပါပဲ။

ဒီလိုမှမဟုတ်ဘဲ “ငါ နာကျင်စေသလို သူ့ကို နာကျင်စေချင် တယ်”၊ “ငါ မျက်ရည်ကျသလို သူ့ကို မျက်ရည်ကျအောင် လုပ်ချင် တယ်” "ဒါ မှ ငါ ဘယ်လို နာကျင်ခံစားခဲ့ရသလဲဆိုတာ သူ သိမှာ၊ "ဒါမှ ငါ့မျက်ရည်တွေကို သူ ကိုယ်ချင်း စာတတ်မှာ” ဆိုတဲ့ အတွေး တွေကို တွေးတောပြီး လက်စားချေလိုတဲ့စိတ် ဖြစ်နေမယ်ဆိုရင် ကိုယ် ကိုယ်တိုင်ပဲ မအေးမချမ်းဖြစ်ရမှာ ဖြစ်ပါတယ်။

ကိုယ့်ဘက်ကလည်း ခံရသေးတယ်၊ ကိုယ် ကိုယ်တိုင်လည်း မအေးမချမ်း ဖြစ်နေရတယ် ဆို တာကတော့ လုံးဝ မဖြစ်သင့်ဘူး မဟုတ်လား။ ဒါ ကြောင့် အေးချမ်းစွာ လွှတ်ချတတ်ဖို့ကိုပဲ ကြိုးစား ပါ။ တစ်ဖက်က မသိတတ်တဲ့အခါ ကိုယ့်ဘက်

က သိတတ်ဖို့ လိုအပ်ပါတယ်။
#စာပေချစ်သူ

07/05/2026

မှန်လိုက်တဲ့စာသားလေး 👸👸👸မျှဝေပါတယ်

ဘယ်တော့မှ တခြားသူနဲ့ ယောကျ်ားတစ်ယောက်ကို မလုပါနဲ့။ အဲ့ဒီလူက မင်းရဲ့ခင်ပွန်းဖြစ်နေရင်တောင်မှပဲ သူ့ကို (တခြားသူကို) စိတ်သဘောထားကြီးကြီးနဲ့ ပေးလိုက်ပါ။ ယင်ကောင်တွေ အုံနေတဲ့ အသားတစ်တုံးဟာ အဲ့ဒီအသားက အရသာရှိလွန်းလို့ မဟုတ်ဘဲ ပုပ်စပြုနေပြီမို့လို့ဆိုတာကို သိထားပါ။
တစ်နည်းအားဖြင့် ပြောရရင် မင်းနဲ့ တခြားလူနဲ့ ကြားထဲမှာ လုယူနေရတဲ့ ယောကျ်ားတစ်ယောက်ဟာ စိတ်ဓာတ်မကောင်းဘူး၊ ဦးနှောက်မရှိဘူး၊ အောက်တန်းစားတစ်ယောက်ပဲ။ အဲ့ဒီလို ယောကျ်ားမျိုးနဲ့ အတူရှိနေရင် မင်းရဲ့ဘဝဟာ ဘယ်တော့မှ ကောင်းမွန်လာမှာမဟုတ်ဘဲ မင်းကိုပါ ချောက်ထဲကို ဆွဲချသွားလိမ့်မယ်။ ပြီးတော့ မင်းက သူ့အတွက် သားသမီးတွေမွေးပေး၊ အိမ်မှုကိစ္စတွေအကုန်လုပ်ပေးပြီး ပင်ပန်းနေရင်တောင် ဒါဟာ မင်းလုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုလိုပဲ သူက သတ်မှတ်ထားလိမ့်မယ်။
အဲ့ဒီလို ယောကျ်ားတစ်ယောက်ကို လိုက်လုနေတာဟာ "အိမ်ဖော်ပြိုင်ပွဲ" ဝင်နေသလိုပါပဲ။ မင်းက သူ့ဆီမှာ အိမ်ဖော်လုပ်ဖို့အတွက် လိုက်လုနေတာလား? ဒါကြောင့် အဲ့ဒီ (တခြား) မိန်းမဟာ မင်းရဲ့ရန်သူမဟုတ်ဘဲ မင်းကို ကယ်တင်လိုက်တဲ့သူလို့ မှတ်ယူလိုက်ပါ။ သူက မင်းကို ဘယ်လိုယောကျ်ားမျိုးနဲ့ လက်ထပ်ထားမိလဲဆိုတာကို သိအောင် လုပ်ပေးလိုက်တာပါ။
ဒါကြောင့် သူတို့ကိုပဲ အဲ့ဒီလို အရှုပ်အထွေးတွေကြားထဲမှာ လွှတ်ထားလိုက်ပါ။ မင်းမရှိတဲ့နောက်ပိုင်း အဲ့ဒီယောကျ်ားရဲ့ဘဝ ဘယ်လောက်တောင် စုတ်ပြတ်သတ်သွားမလဲဆိုတာကို စောင့်ကြည့်လိုက်ပါ။ ဒါပေမဲ့ အဓိကအချက်ကတော့ သူတို့ မင်းအပေါ် အကြွေးတင်ထားတာမှန်သမျှကိုတော့ အဆပေါင်းများစွာ ပြန်တောင်းယူဖို့ မမေ့ပါနဲ့။
@

03/05/2026

ဇာတ်ကားထဲကဘုရင်ငယ်လေးအကြောင်းနဲ့အတူ ရရှိလိုက်တဲ့ ခံစားချက်များ
အခွင့်သင့်ရင် ဘုရင်ငယ်လေးအုတ်ဂူရှိရာ ရောက်ဖူးချင်မိ
😪😪😪ရင်ထဲထိမိသော ဇာတ်ကားလေးပါ

ဒီကမ္ဘာကို ကျွန်တော်တို့ တခေါက်ဘဲ လာခွင့်ရတာပါ
နောင် နှစ်တရာ ကြာတဲ့အခါ။ ခင်ဗျားရော ကျွန်တော်ပါ မရှိကြတော့ပါဘူး။
တသက်လုံးရုန်းကန်ခဲ့ပေမယ့် အုတ်တချပ် သဲတပွင့်တောင် သယ်သွားခွင့်မရပါဘူး
တသက်လုံးစွဲလမ်းခဲ့သမျှ အချစ် အမုန်း အာဃာတ တွေလည်း ထားသွားရမှာပါ
ဘဝဆိုတာ တိုတိုလေးပါ
ဒါကြောင့်
👉🏻စားချင်တဲ့အရာ စားပါ
👉🏻သွားချင်တဲ့နေရာ သွားပါ
👉🏻တွေ့ချင်တဲ့သူကိုတွေ့ပါ
👉🏻နှစ်သက်တဲ့အလှအပတွေက်ို ကြည့်ပါ
👉🏻ဝါသနာပါတဲ့ အလုပ်ကိုလုပ်ပါ
👉🏻ဘဝဆိုတာ မူလတည်းက ပျက်စီးခြင်းတရားပါ
အသက်တရက်ကြီးလာလေလေ ရှေ့ဆက်ရမယ့် အချိန်က နည်းလေလေပါ
👉🏻ပိုက်ဆံရှ်ိနေရင် နေ့ရက်တွေ ကို ကောင်းကောင်းဖြတ်သန်းပါ
👉🏻ပိုက်ဆံမရှိရင် စိတ်ခံစားချက်က်ိုကောင်းအောင်ထားပါ
👉🏻အချိန်တွေ ကုန်လာတဲ့တနေ့ အရာအားလုံးက်ို လက်လွှတ်နိုင်ဖို့ ပြင်ဆင်ပါ
👉🏻အေးအေးချမ်းချမ်းနေပါ
👉🏻ကျန်းမာအောင်လည်း ဂရုစိုက်ပါ
👉🏻ပျော်ပျော်ရွှင်ရွှင်ရယ်မောပါ
👉🏻သင့်တင့်ရုံလောက် အလုပ်များနေရင် လုံလောက်ပါပီ
👉🏻ကိုယ့်ဘဝထဲက ဘယ်သူ့က်ိုမှ အပြစ်မတင်ပါနဲ့
👉🏻အဆင်ပြေရင် ကောင်းကောင်းဆက်ဆံပါ။ဂရုစိုက်ပေးပါ။
👉🏻အဆင်မပြေရင် အကွာအဝေးတခုမှာထားပါ။ခပ်ခွါခွါနေလိုက်ပါ။
👉🏻လောကမှာ လူမျိုးစုံ ပုံစံမျိုးစုံကြံုတွေ့ရမှာပါဘဲ
လူကောင်းတွေက သင့်က်ု ပျော်ရွှင်မှုပေးလိမ့်မယ်
လူဆိုးတွေက အတွေ့အကြံုတွေ ပေးလိမ့်မယ်
အဆိုးဆုံးဆိုရင်တော့ သင်ခန်းစာတွေရတာပေါ့
👉🏻တွေ့ဆုံမှုအားလုံးဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး
ဝင်လာတဲ့သူကိုတန်ဖိုးထားပါ
ထွက်သွားတဲ့သူကို လွှတ်ပေးလိုက်ပါ
👉🏻ဆုံးရှံုးရမှာကို မကြောက်ပါနဲ့
ဘာလို့လဲဆိုတော့ သင်ဆုံးရှုံးသွားတဲ့အရာတွေက အစတည်းက သင့်အပိုင်မဟုတ်လို့ပါ
👉🏻နာကျင်ရမှာလည်း မကြောက်ပါနဲ့
သင်နာကျင်နေရတဲ့အရာတွေက အစတည်းက သင့်ဘဝရဲ့ကံကြမ္မာမို့ပါ
Crd@👸👸👸

27/04/2026

👸👸👸👸👸👸👸👸👸👩👩👩👩👩

ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝကို ချစ်ပါ
အခိုက်အတန့်တိုင်းကို
အကောင်းဆုံးအသုံးချပြီး
အကောင်းတွေကို အမြဲရှာဖွေပါ။
ဘယ်အခြေအနေပဲဖြစ်ဖြစ် ပျော်အောင်နေပါ
နာကျင်စရာတွေ ဝမ်းနည်းစရာတွေကို
မေ့နိုင်အောင်ကြိုးစားပြီး
ပျော်စရာတွေကို အမြဲရှာဖွေပါ။
မလိုလားတဲ့ရပ်ဝန်းတွေကို ရှောင်ပါ။
တန်ပြန်သက်ရောက်မှုမရှိတဲ့
မေတ္တာတွေကို ရှောင်ကြဉ်ပါ
နွေးထွေးမှုမရှိတော့တဲ့ ဆက်ဆံရေးတွေကို
ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။
ဘဝမှာ အပျော်ဆုံးလူဆိုတာ
အကောင်းဆုံးတွေကိုပဲ
ရနေတဲ့သူ ရှိနေတဲ့သူ မဟုတ်ပါဘူး ။
ကိုယ့်မှာ ရှိနေတဲ့အရာတွေကို
အကောင်းဆုံး လုပ်နိုင်တဲ့သူဟာ
အပျော်ဆုံး လူပါပဲ။

17/04/2026

နှစ်သစ်အခါသမယမှာအားလုံး လွတ်လပ်ပျော်ရွှင်ကြပါစေ🙏🙏🙏

17/04/2026

🙏နှစ်ဆန်းတစ်ရက်‌နေ့ဆုတောင်း🙏

နှစ်ဆန်းတစ်ရက်နေ့မှာ သတ္တဝါအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံပြီးပျော်ရွှင်နိုင်ကြပါစေ စိတ်သစ်ကိုယ်သစ်ဖြင့် သောကအပေါင်းမှကင်းဝေးပြီး အခက်ခဲမှန်သမျှရင်ဆိုင်ကျော်လွှားနိုင်သောခွန်အားဖြင့်ပြည့်စုံပါရစေ လွတ်လပ်ပျော်ရွှင်ကြပါစေ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

16/04/2026

နောင်တတွေ မရှိဘဲကျော်ဖြတ်နိုင်ပါစေ👩👩👩

ကျူးလွန်သူတွေဟာ
နစ်နာသူအဖြစ်ဟန်ဆောင်တတ်ကြတဲ့အခါ
လူကောင်းတွေဟာ လူဆိုးဖြစ်ခဲ့ရတယ် ။

တိမ်တွေလိုဖြူစင်ပေမယ့်လည်း
တွေ့ဆုံလာခဲ့တဲ့လူတွေဟာ
ပင်လယ်လို မာယာများတဲ့အခါ
ကျောက်ဆောက်တွေသာဒဏ်သင့်ခဲ့ကြရတယ်။

Want your business to be the top-listed Beauty Salon in Sittwe?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sittwe