Twan Mrat Naing
Saittway the state of Arakan
11/11/2025
ဗိုလ်ချုပ်ချစ်သူတိ ပျော်နိုင်ဖို့အတွက်
ဗိုလ်ချုပ် ကိုးကန့်ရွာတစ်ရွာရောက်အမှတ်တရပုံချေတိတင်ပီးလိုက်ယင့်
ငါအေနိမိုးထ တင်ပီးလိုက်တေပုံချေနှစ်ပုံ မိုက်တေမနှား
အစ်ကိုကြီးကိုယ်တိုင်ရိုက်ထားလိုက်စွာတိပါ
23/07/2025
■ AA တပ်ဖွဲ့ဝင်များက မွတ်ဆလင်များအပေါ် ရာဇဝတ်မှုကျူးလွန်နေဟု Fortify Rights အဖွဲ့ ပြော
(အာရက္ခတပ်တော် AA က Fortify Rights စွပ်စွဲချက်များကို ပယ်ချထား)
Western News| ဇူလိုင် ၂၃
ရခိုင်ပြည်အတွင်း မွတ်ဆလင်များအပေါ် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက ရာဇဝတ်မှုကျူးလွန်နေသည်ဟု လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းဖောက်ထုတ်နေသည့် Fortify Rights အစီရင်ခံစာ ထုတ်ပြန်သည်။
AA တပ်ဖွဲ့ဝင်များသည် မွတ်ဆလင်များအား ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိက်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်နေသည်ဟု Fortify Rights က အဖွဲ့က ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် စွပ်စွဲထား ထုတ်ပြန်ထားသည်။
AA တပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများမှ လွတ်မြောက်လာသူများနှင့် မျက်မြင်သက်သေများဖြစ်သည့် အမျိုးသမီး ၈ ဦးအပါအဝင် မွတ်ဆလင် ၃၉ ဦးအား မေးမြန်းထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
၎င်းတို့၏ ပြောဆိုချက်များနှင့် ရာဇဝတ်မှုကျူးလွန်သော ဓါတ်ပုံများ၊ ဗီဒီယိုမှတ်တမ်း အထောက်အထားများအား ခွဲခြမ်းစိတ်ဖြာထားသည်ဟု ဆိုသည်။
မွတ်ဆလင်များအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းအတွက် အာရက္ခတပ်တော် AA မှာ တာဝန်ရှိပြီး တပ်ဖွဲ့ဝင်များက စစ်ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်းနှင့် ရခိုင်ပြည်က ပြင်းထန်သော ရာဇဝတ်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights အဖွဲ့က တောင်းဆိုထားသည်။
ဖုန်းဖြင့်ရိုက်ကူးထားသည့် ၁၈ စက္ကန့်ကြာ ဗီဒီယိုဖိုင်တစ်ခုတွင် ငါးကန်ငယ်တစ်ခုမှ အလောင်း ၅ လောင်းတွင် ခေါင်းဖြတ်သတ်ခံထားရသော အလောင်း ၄ လောင်းလည်း ပါရှိသည့် အထောက်အထားကို Fortify Rights အဖွဲ့က ရရှိထားသည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်အား ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ ၂၀၂၄ ခုနှစ် စက်တင်ဘာလ အစီရင်ခံစာတွင်လည်း မှတ်တမ်းတင်ထားကြောင်း သိရသည်။
ထိုရာဇဝတ်မှုကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်းတွင် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း Fortify Rights အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။
မွတ်ဆလင်များအပေါ် ရာဇဝတ်မှု ကျူးလွန်ထားခြင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် Fortify Rights အဖွဲ့က အာရက္ခတပ်တော် AA ထံသို့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် တောင်းဆိုသည့် စာတစ်စောင် ပေးပို့ခဲ့သည်။
အာရက္ခတပ်တော် AA ကလည်း Fortify Rights အဖွဲ့ တောင်းဆိုချက်နှင့် ပတ်သက်၍ ဖြစ်စဉ် အသေးစိတ် အချက်အလက်များအား တောင်းခံခဲ့သည်။
Fortify Rights အဖွဲ့ကလည်း AA တောင်းခံမှုအပေါ် ဇူလိုင်လ ၁၈ ရက်နေ့တွင် သုံးမျက်နှာပါ စာတမ်းတစ်စောင်ကို ပေးပို့ခဲ့ပြီးနောက် အာရက္ခတပ်တော် AA က Fortify Rights အဖွဲ့၏ စာတမ်းအား ပယ်ချထားသည်ဟု သိရသည်။
"ဤမမှန်မကန် လုပ်ကြံဖန်တီးထားသော စွပ်စွဲချက်များနှင့် အသရေဖျက်မှုများကို ပြတ်ပြတ်သားသား ပယ်ချကြောင်း" AA က တုန့်ပြန်ထားသည်ဟု Fortify Rights အစီရင်ခံတွင် ဖော်ပြထားသည်။
"သင်တို့ရဲ့ပေးစာထဲက စွပ်စွဲချက်တွေကို သေချာ ဂရုတစိုက် စစ်ဆေးကြည့်တဲ့အခါ ဒါဟာ ကျွန်ုပ်တို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး တမင်တကာ၊ ထပ်တလဲလဲနဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာဖြစ်တယ်ဆိုတာ လုံးဝ ရှင်းပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ လုပ်ကြံဖန်တီးထားတဲ့ ဒီဇာတ်လမ်းတွေဟာ လူမျိုးရေးခွဲခြားတဲ့၊ အစ္စလာမ္မစ် အစွန်းရောက် လူတချို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် လူ့အခွင့်အရေး ကိစ္စတွေကို အမြတ်ထုတ်ဖို့ ကြံစည်တဲ့ နည်းဗျူဟာတွေကို အသုံးပြုထားတာ ဖြစ်ပါတယ်" ဟု AA တုန့်ပြန်စာဖြစ်ကြောင်း Fortify Rights အဖွဲ့က ဆိုသည်။
Fortify Rights အဖွဲ့ကမူ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက မွတ်ဆလင်များအပေါ် ရာဇဝတ်မှု ကျူးလွန်ထားသည်ဟု အခိုင်အမာ ပြောဆိုနေပြီး အထောက်အထားများလည်း ရှိနေသည့်အတွက် နိုင်ငံတကာ ရာဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုနေသည်။
#ရခိုင်ပြည် #အာရက္ခတပ်တော် #မွတ်ဆလင်များ #ရာဇဝတ်မှု #စုံစမ်းစစ်ဆေးရန် #နိုင်ငံတကာရာဇဝတ်ခုံရုံး
13/03/2025
■ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံး
Western News| မတ် ၁၃
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံးသွားကြောင်း သိရသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ ကောက်ယူထားသော စာရင်းအရ ရခိုင်ပြည်အတွင်း အမျိုးသမီး ၂၄ ဦးနှင့် အမျိုးသား ၂၁ ဦး သေဆုံးသွားခဲ့ရသည်ဟု AAPP က မတ်လ ၁၁ ရက်တွင် ပြောသည်။
ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံးခဲ့သည်ကို AAPP က အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟုလည်း ပြောဆိုထားသည်။
ထိုအထဲတွင် အသက် ၂ နှစ်အရွယ် ကလေးငယ် (အမျိုးသား) တစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၂ ဦးပါဝင်ကြောင်းနှင့် သေဆုံးသူများအနက် ၄၀ ဦးမှာ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။
ယခု အချက်အလက်သည် AAPP က လက်လှမ်းမှီသလောက် စုစည်းထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုစာရင်းထက် များပြားနိုင်ကြောင်းလည်း ပြောသည်။
၂၀၂၁ အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ မတ်လ ၁၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သား ၆၄၀၀ ဦး သေဆုံးခဲ့ရသလို ၂၈၈၁၂ ဦးမှာ မတရားဖမ်းဆီးခံခဲ့ရသည်ဟု AAPP က ပြောသည်။
ဖမ်းဆီးခံရသူ ၂၈၈၁၂ ဦးအထဲမှ ၂၂၀၃၂ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၁၀၅၉၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။
#ရခိုင် #အရပ်သားသေဆုံး #စစ်ကောင်စီ #လေကြောင်းပစ်ခတ်မှု #ဗုံးကြဲမှု #လက်နက်ကြီးပစ်ခတ်မှု
YouTube: https://youtu.be/5yegFl_bCnM
Website: https://westernnewsmm.com/news/9969/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News
08/01/2025
သာလီစွပါ
2025 welcome
01/01/2025
ရခိုင်မှန်ကေ့ သာလီစွာပါလို့ နှုတ်ဆက်ခကတ်ပါ...❤
01/01/2025
"ဒေါက်တာညို"
/လူငယ်တိစာဖတ်ကတ်ပါ/
ဗဟုသုတ.အတွေးအခေါ်.ဖြတ်ထိုးဥာဏ်.ဖြန့်ကျက်တွေးခေါ်စဥ်စားဉာဏ်.သိပ္ပံသဘောတရားထီထွင်မူအားကောင်းရေစာအုပ်ချေတိကိုဖတ်ကတ်ပါလို့အကြံပြုပါရေ။
"ဒေါက်တာညိုထွန်းအောင်"
10/12/2024
သာလီစွပါ
Click here to claim your Sponsored Listing.
Category
Website
Address
Arakan State
Sittwe
08/01/2025