Beauty By Thwe

Beauty By Thwe

Share

Thwe နဲ့ အတူတူ အလှပတွေမျှဝေလိုက်ကြရအောင်

Beauty be your life Beauty be your life

29/08/2022

မင်္ဂလာပါရှင့် Beauty by Thweမှကြိုဆိုပါတယ်ရှင့်
သွယ်ကြားထဲမအားတာနဲ့အလုပ်များနေတာနဲ့ပိုစ်လေးတွေမတင်ဖြစ်တာအတော်ကြာပြီမို့
Advice post လေးပြောပြချင်လို့ပါရှင့်(ယခုပိုစ်အားအကြံပေးခြင်းသာဖြစ်တာကြောင့် သိသူများကျော်သွားနိုင်ပါတယ်ရှင့်)
--------------------------------------------------------------------------

မိန်းကလေးတစ်ဦးမှာ အဓိကလိုအပ်ချက်က ဘာဖြစ်မလဲ?
>
ဒီခေါင်းစဉ်လေးကိုဆွေးနွေးရရင်တော့

💓မိန်းကလေးတစ်ဦးမှာက အဓိကလိုအပ်တာကတော့သွယ့်အနေနဲ့ကြံခိုင်မှုကျန်းမာရေးလို့ပြောချင်တယ်ရှင့်

ဘာတွေပါမလဲဆိုတော့ အသားအရေကအစ ခေါင်းစခြေဆုံးပေါ့နော်ရှင့်

ပထမချက်အနေနဲ့ကတော့အစားသောက်လေးတွေပြောချင်တယ်ရှင့်
အစားသောက်နဲ့ပတ်သတ်ပြီးကွာ များကြီးရေးထားကြတာသွယ်လည်းတွေ့ဖူးတယ်

အသီးရွက် diet တို့ဘာတို့ပေါ့နော် သွယ်တော့အဲ့ tipsတွေထက် အဓိကပြောချင်တာကတော့
ယခု ရာသီဥတုအကူးပြောင်းတွေနဲ့ရောဂါတွေဖြစ်နေတဲ့ကာလမှာ အဲ့လိုသွားမလုပ်မိစေနဲ့နော်
လုပ်မိရင်တော့ ဇော်ကန့်လန့်လိုဖြစ်ပြီး ဟိုမကျဒီမကျအပြင်ကျန်းမာရေးပါထိခိုက်သွားနိုင်တယ်

💓သွယ်အနေနဲ့ကတော့လေ မနက်စာလေးကို အာဟာရပြည့်အောင်စားပေးစေချင်တယ်
အဓိကကတော့မနက်စာအစားစာမှာ ခရမ်းချဉ်သီးပါဝင်တဲ့အစားစားတစ်ခုခု ဒါမှမဟုတ်
သခွားသီးပါတဲ့အစားစာလေးတစ်ခုခု ဒါမှမဟုတ် နို့ပါတဲ့တစ်ခုခုပေါ့နော် အဲ့တာလေးတွေတော့ စားစေချင်တယ်

💓သွယ်ကတော့မနက်ဆို အစားကိုသေချာလေးချိန်စားဖြစ်ပေမယ်တစ်ခါတစ်လေ အလုပ်ပင်ပန်းတဲ့ရက်တွေမှာတော့
သွယ်ကတော့ဒိန်ချဉ် ဒါမှမဟုတ်နို့လေးတော့အမြဲဆောင်လေ့ရှိတယ်ရှင့်
နေ့လည်စာတို့တော့စားနိုင်သလောက်စားလို့ရပါတယ်ရှင့်

💓တစ်ချို့မိန်းကလေးတွေကျတော့စားပေမယ် စားချိန်က မမှန်ဖြစ်တော့
အဆီအဆိပ်တောက်တွေပိုများလာတော့တွေ့ရတယ်ရှင့်
ညစာတော့စောစောစားပါနော်ရှင့် ညသန်းခေါင်အစားစားတာကိုတော့သွယ်လည်းရှောင်စေချင်ပါတယ်ရှင့်

💓မိန်းကလေးကိုယ်ခန္ဓာအလှအပြင် တစ်ခြား ကျန်းမာရေးဆိုးကျိုးကြောင့်လည်းပါလို့ပါရှင့်
ဒါလေးကတော့သွယ့်အကြံပေးတာပေါ့နော်

နောက်တစ်ခုကတော့ အသားရေနဲ့ဆံပင်ကိုတော့သေချာထိန်းသိမ်းစေချင်တယ်ရှင့်
အများစုက ဒါကိုအရေးကြီးတယ်လိုတော့ယူဆကြတယ်ကွာ ဒါပေ့မယ်မလုပ်ဖြစ်ဖူးဟုတ်တယ်မလား

>>>
💓သွယ်ကတော့ ဂရုစိုက်ဖြစ်တာများတယ်ရှင့် အသားရေနဲ့ပတ်သတ်ပြီး product စျေးကြီးတာတွေတိုင်းလည်းအကောင်းလို့ပြောမရဘူးရှင့်

တစ်ခြား blog ရေးတဲ့သူတွေပြောသလိုပဲပေါ့နော် ကိုယ်နဲ့ကိုက်တဲ့အသားရေကိုညှိပြီးသုံးကြဖို့
ဟုတ်ပါတယ်အဲ့လိုကတော့မှန်ပါတယ်ရှင့် ဒါပေ့မယ်လည်း reviewလုပ်တဲ့သူက ဒါလေးကောင်းတယ်သုံးကြည့်ဆိုပေ့မယ်လေ့လာချက်တွေတော့သေချာလေးဖတ်ပေးပါနော် ကိုယ့်အသားအရေသေချာလေးသိထားဖို့လိုအပ်ပါတယ်ရှင့်
--------------------------------------------------------------------

သွားဝယ်ပြီးရွေးတဲ့အခါမှာလည်း productတွေကိုသေချာလေးရွေးပြီမှဝယ်စေချင်တယ်ရှင့် ဒီတံဆိပ်ပဲဆိုပြီး တန်းမဝယ်စေချင်ဘူးရှင့်

သူ့သိသင့်တာနဲ့ကိုယ်သိတာနဲ့ကိုက်တယ်ဆိုမှယူဖို့အကြံပေးချင်တယ်ရှင့်
ဒါကတော့ မိန်းကလေးအများစု မှားတတ်ကြတာပေါ့နော်

အခုဆိုဆောင်းရာသီကိုရောက်လာတော့မယ်ဆိုတော့
မိန်းကလေးတွေအနေနဲ့ ပိုပြီးဂရုစိုက်ကြဖိုလိုလာပြီရှင့်

အသားရေခြောက်သွေ့တာမျိုးတွေကြုံရတတ်တဲ့သူတွေမှာဆိုပိုပြီး အခက်တွေ့ကြတယ်ရှင့်အဲ့တာကြောင့်

မရောက်ခင်ကတည်းက တစ်ခါတည်းပြင်စေချင်တယ်ရှင့်
------------------------------------------------------------------------
သွယ်အနေနဲ့ကတော့ ပြောခဲ့တာတွေက အကုန်လုံးသိကြတဲ့အရာတွေများလိမ့်ကြပါမယ်ရှင့်
ဒါပေ့မယ်လည်းသွယ်အနေနဲ့ အသိပေးတဲ့သဘောမျိုးဖြစ်စေကြောင့်စာလေးရေးပြီးတင်ထားတာပါရှင့်
သွယ်ဒီစာလေးကိုမြင်တဲ့သူများလည်းကျန်းမာရေးအထူးဂရုစိုက်ကြပါနော်ရှင့်

အဆုံးထိဖတ်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင့်🥰💓💓

16/07/2022

ရင်ခုန်သွားလို့ပါ🤧

13/07/2022

အဟိ

28/06/2022

လေ့ကျင့်ခန်းလုပ်တာကို ကြည်းရင်း ပိန်လာရင်သိပ်ကောင်းမယ်🤭❣️

27/06/2022

ပါးဖောင်းဖောင်းသမီးလေး ပေါ့ အဟိ🤭❣️

ငါက အမြွှာလေးတဲ့… 🤭❤️

26/06/2022

အဆင်ဆိုတာက ငမ်းဖိုးထားထားတာမို့ပါ🤭

25/06/2022

မိုးရွာရင် ဘ၀ကဆိုးတယ်ဆိုတာဒါမျိုး🥹

Photo crd

Want your business to be the top-listed Beauty Salon in Tachileik?
Click here to claim your Sponsored Listing.

Website

Address


Tachileik