Be LIMÓN - Girly Hub

Be LIMÓN - Girly Hub

Share

Be Lemon. Let's be Fresh and Cool Everyday.

Photos from Be LIMÓN - Girly Hub's post 21/03/2025

Hello eveylemon🍋

လူတိုင်းရဲ့ဘဝမှာ ပထမဆုံးစသုံးဖူးတဲ့ cosmetic ဒါမှမဟုတ် Skincare ဟာ lip balm ပဲဖြစ်မှာသေချာတယ်။ အထူးသဖြင့် ကိုယ့်လို ရေသောက်နည်းတတ်တဲ့လူ၊ မွေးရာပါ နှုတ်ခမ်းခြောက်ပြီး ညိုတဲ့သူ၊ ဆောင်းရာသီရောက်တာနဲ့ နှုတ်ခမ်းတွေအက်ကွဲပြီး အဖက်တွေလန်တတ်တဲ့တွေဆိုရင်ပေါ့။ ကိုယ်က အလှအပ သိပ်ကြိုက်ခဲ့သူမဟုတ်တာတောင်မှ ကျောင်းသူငယ်ငယ်အရွယ်ကတည်းကစပြီး ဆောင်းရာသီဆိုရင် နှုတ်ခမ်းအဆီဘူးကိုတော့ ကိုယ်နဲ့မကွာ ဆောင်နေခဲ့ရပြီ။ အဲ့ဒီတော့ Lip Balm ဆို တံဆိပ်တော်တော်များများ သုံးခဲ့ဖူးတာပေါ့။

ဒါပေမဲ့ အစပိုင်းတော့ ဘယ်ဟာနဲ့မှ အဆင်မပြေဘူး။ အရမ်းအရောင်ထွက်နေတာ၊ စေးကပ်ပြီး အလွှာတစ်ထပ်လိုဖြစ်နေတာနဲ့ နောက်ကျတော့ Mistine က Magic Lipstickလေးတွေနဲ့ အဆင်ပြေနေခဲ့တာ။ အဲ့ဒါကလည်း တက္ကသိုလ်စတက်တဲ့အချိန်ကျတော့ အတုနဲ့မိခဲ့လို့လားမသိဘူး နှုတ်ခမ်းမှာ အရေကြည်ဖုကလေးတွေထလာတာနဲ့ ဆက်မသုံးရဲတော့ဘူး။ အဲ့ဒါနဲ့ ရိုးရိုး Vaseline gel ဘူးအသေးလေးတွေပဲသုံးနေခဲ့ရတယ်။

အဲ့ဒီလိုနဲ့ ကုန်စုံဆိုင်မှာ Nivea က Lip Balm အနီရောင်လေး တွေ့တာနဲ့စမ်းသုံးရင်းကနေ ကိုယ်အကြိုက်ဆုံး Product တွေ စတွေ့တော့တာပဲ။ အောက်မှာ ကိုယ့်ရဲ့ Favorite lip balm စုစည်းမှုကို ပြောပြမယ်နော်။

1. Nivea Strawberry Shine🍓

သူကကွာ ဝယ်ပြီးရင် ဘယ်တော့မှ နောင်တရမှာမဟုတ်တဲ့ Product ပဲ ကိုယ်အာမခံတယ်။ သူ့ Texture က စိုအိနေပြီး Matte Type Lipstick တွေဆိုးလို့ ခြောက်ကပ်ကွဲအက်နေတဲ့ နှုတ်ခမ်းကို ချက်ချင်းအိစက်သွားစေတာနော်။ နောက်ပြီး သူ့ပင်ကိုအရောင်ကိုက Strawberry Jam လိုနီနီရဲရဲလေးဆိုတော့ ကိုယ့်လို နှုတ်ခမ်းသားညိုတဲ့လူတွေအတွက် အရမ်းအဆင်ပြေ။ Skincare Step လောက်နဲ့ အပြင်ထွက်ချင်ပေမဲ့ နှုတ်ခမ်းနီမပါရင် လူမမာရုပ်ပေါက်နေတဲ့ကိုယ်တွေအတွက် ဒီဟာလေးကမရှိမဖြစ်။ နောက်ပြီး တစ်နေ့ကို 5 ခါထက်မနည်း သတိရတိုင်း ထ အွန်နေတာတောင်မှ တစ်နှစ်ကျော်ကျော်ခံတယ်နော်။ skincare ကြိုက်တတ်သူပဲဖြစ်ဖြစ်၊ ဘာမှမလိမ်းချင်တဲ့ ပလိန်းဂဲလ်ကလေးတွေပဲဖြစ်ဖြစ် Must Buy ပဲနော်။

2. Nivea Hydro Care 🩵

ကိုယ် အခုလို Skincare နဲ့ပတ်သတ်တဲ့စာစရေးချင်စိတ် ပေါ်လာတာ သူ့ကြောင့်။ သူက အပေါ်က Strawberry Shine လေးကုန်သွားလို့သွားဝယ်ရင်း Buy 1 Get 1 နဲ့ရလာခဲ့တာ။ ဆိုပေမဲ့ ဘဝမှာ နေရင်းထိုင်ရင်း Hidden Treasure ကို ရှာတွေ့သလို ပျော်လွန်းလို့ လူတကာကို လိုက်ပြောပြနေရင်း အခုလို Page နဲ့ကို ညွှန်းရတဲ့အဆင့်ထိ ရောက်လာတာ။ သူက အရောင်မပါဘူး။ ဒါပေမဲ့နော်... ဒါပေမဲ့ သူ့လောက်အချိန်ကြာကြာ ရေဓာတ်ဖြည့်ပြီး နှုတ်ခမ်းကို နူးညံ့နေစေတာ သူပဲရှိမယ်ထင်တယ်။ Lip Balm တော်တော်များများရဲ့ အားနည်းချက်က တစ်ခြား Lipstick တွေနဲ့ တွဲသုံးရင် အရောင်ကြာရှည်မခံပဲ ပျက်လွယ်တာမလား။ နောက်ပြီး ဆံပင်ရှည်ရင် နှုတ်ခမ်းမှာ ဆံပင်တွေသွားကပ်နေရောလေ။ သူက အဲ့ဒီပြသနာတွေရဲ့ Solution ပဲ။ သူ့ကိုအရင်လိမ်းပြီးမှ တစ်ခြားLipstick on တာပဲဖြစ်ဖြစ်၊ တစ်ခြား‌အရောင်နဲ့ နှုတ်ခမ်းနီဆိုးထားပြီးမှ နှုတ်ခမ်းခြောက်နေတယ်ခံစားရလို့ အပေါ်ကနေ ထပ်ဆိုးတာပဲဖြစ်ဖြစ် အရောင်က ရေရှည်ခံနေတာပဲ။ နောက်ပြီး အဆီနဲ့ပြောင်နေသလိုမဟုတ်ပဲ Hydrated ဖြစ်နေတဲ့ ခံစားချက်ကလေး။ အနံ့ကလည်း သင်းသင်းကလေး။ နှုတ်ခမ်းသားဆိုလည်း အိစက်နေတာ။ SPF ပါတယ်ဆိုတော့ နေရောင်လည်း ကာကွယ်မယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှိထားသင့်တဲ့တစ်ခုပဲနော်။

3. Vaseline Rosy Lip Therapy ❤️

သူကတော့ Skincare လောကက လူတိုင်း သိပြီးသားနေမှာပါ။ ညအိပ်ခါနီး အဲ့ဒါလေးမှ လိမ်းပြီးမအိပ်ရရင် အိပ်မပျော်ဘူး။ ငယ်ငယ်က နှုတ်ခမ်းအရမ်းညိုခဲ့ပေမဲ့ အခုဆို သူ့ကိုသုံး‌တာ သုံးနှစ်လောက်ရှိပြီ အဲ့လောက်မဆိုးတော့ဘူး။ ဆောင်းရာသီမှာဆိုလည်း အရမ်းအသုံးဝင်တဲ့ ပစ္စည်းကလေး။ တစ်ခါဝယ်ထားရင် ကိုယ်တော့ 2နှစ်ကျော်လောက် သုံးလိုက်ရတယ်။ Must Have Skincare Item တွေထဲက တစ်ခုပဲနော်။

4. Romand Glasting Melting Balm 🩷

သူကကျ အချစ်‌ဦးကို စွဲလမ်းသူတစ်ယောက်ရဲ့ စွဲလမ်းမှုမျိုးနဲ့ ဝယ်ခဲ့တဲ့ အရာကလေး။ သူ့ကို ဆိုင်မှာမြင်တော့ ငယ်ငယ်က ဆိုးခဲ့ဖူးတဲ့ Mistine ကို သတိရလို့ ဝယ်ခဲ့တာ။ ဒါပေမဲ့ ကိုယ့် Skin Color က Warm Tone ဘက်သွားတာကို 02 Lovely Pink ကာလာဝယ်ခဲ့မိတော့ ထူထူဆိုးလိုက်ရင် ကိုယ်နဲ့ တော်တော်မလိုက်တာ။ အဲ့ဒါနဲ့ မဆိုးဖြစ်ပဲ သိမ်းထားရင်း ဒီနှစ်ဆောင်းတွင်းတော့ ခနခနထုတ်ဆိုးဖြစ်ခဲ့တယ်။ ကိုယ်ရောက်နေတဲ့မြို့က ဒီနှစ်ဆောင်းတွင်းမှာ အရမ်းအေးတော့ နှုတ်ခမ်းအရမ်းခြောက်တတ်တဲ့သူကိုယ့်မှာ တစ်ခြား Matte type Lipstick တွေရော Lip Tint တွေရော မဆိုးချင်ပဲ သူနဲ့ပဲ ဖြတ်သန်းခဲ့ရတာ။ နှုတ်ခမ်းနီပဲဖြစ်ဖြစ် ဘယ် cosmetic မဆို အနံ့အရမ်းမွှေးလွန်းရင် မ‌ခံနိုင်တဲ့ကိုယ့်အတွက် အနံ့ကလည်း အဆင်ပြေတဲ့ အနံ့ကလေး။ Clean Girl Look ရချင်လို့၊ Natural ဆန်ချင်လို့ Lipstick တွေမဆိုးချင်ရင် Try ကြည့်သင့်တဲ့ တစ်ခုနော်။

အပေါ်က Product တွေထဲက တစ်ခုမဟုတ် တစ်ခုကတော့ ကိုယ်တို့မိန်းကလေးတိုင်းရဲ့ဘဝမှာ ရှိထားသင့်တယ်နော်။ နောက်ပြီး ရေဓာတ်အပြည့်အဝရဖို့ အဓိက အရေးအကြီးဆုံးကတော့ ရေသောက်ဖို့ပေါ့။ " ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ နောက်ပြီးရင် ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက် ကာကွယ်ပါတဲ့ "။ ကိုယ်က ကိုယ်တို့မိန်းကလေးလေးတွေကို ချစ်လို့ လာပြောပြတာ။

21/03/2025

Hello eveylemon🍋

Skincare နဲ့ပတ်သတ်တဲ့ သိသမျှအကြောင်းရာလေးတွေ ဝေမျှပေးချင်တာရယ်၊ စာအရေးအသားတိုတက်ချင်တာရယ်ကြောင့် adminက အခု Page လေးကို Beauty and Skincare review page တစ်ခုအဖြစ် Run ဖို့ ကြိုးစားနေပါတယ်ရှင့်။ Skincare ပိုင်းကိုစိတ်ဝင်စားတာပဲဖြစ်ဖြစ် admin ကိုအားပေးကူညီချင်ရင်ပဲဖြစ်ဖြစ် follow ခဲ့လုပ်ပေးကြပါဦးနော်။

10/11/2022

Mango, glutinous rice and coconut milk colour🥭🍚🥥

05/11/2022

Crochet baby cardigan.

05/11/2022

အဖြူအနီကလေး လှနေတာပဲနော်။

03/11/2022

Venus ချည်နဲ့ထိုးထားတဲ့ Cardigan လေးပါ။ အရမ်းချစ်စရာကောင်းသောနော်။ (ကိုယ်ထိုးတာမို့ကိုယ်ပြောတာ😁)

03/11/2022

လူသားအားလုံး မင်္ဂလာပါ😎
November ကိုတောင်ရောက်လာခဲ့ပြီ။ မိုးရာသီက မျက်စိတစ်မှိတ်အတွင်း ကုန်သွားခဲ့ပြီနော်။ မနက်ခင်းအေးစိမ့်‌စိမ့်လေးကနေ သိပ်မကြာခင်မှာ အရမ်းအေးတဲ့ ဆောင်းရာသီကို ရောက်လာတော့မယ်နော်။ "လိုနေတာ အနွေးဓာတ်" ဆိုတဲ့အချိန်ပေါ့။

အေးစိမ့်နေအောင် နှင်းတွေဝေလာချိန် တစ်စုံတစ်ယောက်စီက နွေးနွေးထွေးထွေးနေနော်ဆိုတဲ့ မေတ္တာစာစကားလေးတွေကြောင့် နွေးထွေးကြရတယ်မလား။ ရင်ခွင်ထဲ ထွေးပွေ့လို့ထားမယ့်လူရှိရင်တော့ အကောင်းဆုံးပေါ့နော်။

တစ်ခါ‌တလေ ချစ်မေတ္တာနဲ့ထွေးရုံနဲ့ မနွေးတော့အောင် အေးလာတဲ့အခါတွေလည်း ရှိတယ်လေ။ လူသားဆန်ဆန်ပဲပေါ့။ အေးလာတဲ့အခါ အနွေးထည်တွေ ဆွယ်တာတွေ မာဖလာတွေက အကောင်းဆုံးပဲမဟုတ်လား။

အဲ့ဒါကြောင့် လူသားအားလုံးတို့ရေ... မကြာခင်အေး‌လာတော့မယ့် ဆောင်းရာသီအတွက် နွေးဖို့တစ်စုံတစ်ရာလိုအပ်လာမှာဆိုတော့ အနွေးထည်တွေဝယ်ကြရတော့မယ်နော်။

အဲ့ဒီလိုဆိုမှ အခုဆို Crochet တွေခေတ်စားနေတာနော်။stay home ကာလကနေ အခုချိန်ထိ ချည်တွေထိုးလာလိုက်ကြတာ။ ချည်မထိုးတတ်တော့ရင် ခေတ်နောက်ကျတဲ့ခေတ်။ အခုလိုဆောင်း‌‌ဦးပေါက်မှာ ကိုယ့်ဆီမှာ crochet cardigan လေးတစ်ထည်တော့ ရှိထားသင့်တာပေါ့။

ကိုယ်တိုင်မထိုတတ်ဘူး လိုလည်း လိုချင်တယ်ဆိုရင်တော့ မီ့ဆီမှာ လာအပ်လိုက်တော့ လူသားတို့ရေ။ Cardigan မှမဟုတ်ဘူးနော်။ ဦးထုပ်၊ မာဖလာကနေ croptop ထိ အစုံရတယ်နော်။ လိုချင်တဲ့ပုံနဲ့အရောင်ကို ပြောပြပြီး စိတ်ကြိုက် Customerized လာအပ်လို့လည်း ရတယ်ရှင့်။ မနွေးမှာတော့မပူနဲ့။ ဒီလူသားမှာ အပေါဆုံးက အချစ်တွေမို့ ချစ်မေတ္တာနဲ့ရက်ဖွဲ့ထားတာ။ ဟီး... ဒါပါပဲ။ (ချည်ထိုးမှာလား စာဖွဲ့တာလားမပြောတတ်တော့ပါဘူး🤭)

22/10/2022

Hello everyone !

Lily still Hopes ပါ😎
Crochet နဲ့ပတ်သတ်တဲ့ handmade တွေရောင်းမလို့ page ဖွင့်ထားပြီး ဘယ်ကနေ စrun ရမယ်မှန်းတော့ မသိသေးပါဘူး။ လောလောဆယ် page ကလေး Like and follow လုပ်ပေးထားကြပါဦးနော်။ personal account ကနေ နေ့စဉ် မျက်စိနောက်စရာတွေမမြင်ချင်ဘူးဆို လုပ်ပေးကြနော်😊😊😊
အခုချက်ချင်း လိုချင်တဲ့ပုံပြပြီး အထည်လာအပ်မယ်လည်းစိတ်မဆိုးတတ်ဘူးနော်ရှင့်😁

Want your business to be the top-listed Beauty Salon in Tachileik?
Click here to claim your Sponsored Listing.

Website

Address


Tachileik