SOE Online Shop

SOE Online Shop

Share

မင်္ဂလာပါ
Life Queen Cosmetics
လက်လီလက်ကားဝယ်ယူအားပေးလို့ရပါတယ်ဗျ
ကျေးဇူးတင်ပါတယ်ဗျ

Photos from SOE Online Shop's post 16/01/2023

Shampoo 🧴 Conditioner

တစ်ဘူး - 16000 ကျပ်

✅ Instocks


#တာချီလိတ်ကိုယ်စားလှယ်ကြီး

➡️09252357032

Photos from SOE Online Shop's post 15/01/2023

မင်္ဂလာနံနက်ခင်းပါ
သတ္တဝါအပေါင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ🙏🙏🙏

Photos from SOE Online Shop's post 15/01/2023

ဆောင်းတွင်းမှာ အသားရေခြောက် တာ ဖြေရှင်းပေးမယ့် Body Serum လေးပါနော်
scrub လေးနဲ့ တွဲသုံးလို့ရပါတယ်‌ေနေ်
Body Serum - 16000 ကျပ်
Scrub - 12000 ကျပ်


#တာချီလိတ်ကိုယ်စားလှယ်ကြီး
09 252 357 032

25/12/2022

❄️Merry Christmas 🧑‍🎄🎄🎄

21/12/2022

Be strong and move on 💪

Photos from SOE Online Shop's post 05/12/2022

" Enjoying nature's shower"
🏞️

02/12/2022

မင်းဒုက္ခရောက်နေတာတောင် မကူညီရကောင်းလား လို့
ဒေါသမထွက်ပါနဲ့။
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကြည်းလိုက်ပါနဲ့။
မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။ မပါချင် မပါဘူး။
လမ်းခုလတ်က လှည့်ထွက်သွားတာလည်း
ဖြစ်ချင်ဖြစ်မယ်။
သေချာတာ ကိုယ်သွားချင်တဲ့လမ်း!
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။!

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား?....
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်!
ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား?
လွတ်လပ်ခွင့်ပေးလိုက်!

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။
တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။
ထွေထွေထူးထူး ကြေကွဲမနေနဲ့။!
ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူးနော်။

Crd

Photos from SOE Online Shop's post 02/12/2022

Lip balm 🍊🍒🍉

🌸ဆောင်းတွင်းမှာ နှုတ်ခမ်းကွဲ/ခြောက်တာသက်သာစေပါတယ်နော်☺️

🏷️ Price - 5,500 ကျပ်(✅ instocks)


#တာချီလိတ်ကိုယ်စားလှယ်ကြီး
09252357032

Photos from SOE Online Shop's post 02/12/2022

မနေ့ကထပ်ရောက်လာတဲ့ Life Queen Cosmetics တွေပါ🥰
ပို့စရာရှိတဲ့ order လေး‌တွေပို့မယ်
မှာချင်တဲ့ ကာကာတွေလဲ Cbကိုဆက်သွယ်လို့ရပါတယ်နော်

#တာချီလိတ်ကိုယ်စားလှယ်ကြီး
09252357032

02/12/2022

ပျိူပျိုမေတို့အသည်းစွဲ Hyun bin ရဲ့ အသားအရေ ထိန်းသိမ်းနည်း

ကိုယ်တွေကသာ အသက်ကြီးလာတယ်။ ငယ်ငယ်ကတည်းက အိုပါး အိုပါးလို့ခေါ်ရင်း သဘောကျခဲ့ရတဲ့ ကိုရီယား မင်းသား Hyun bin ကတော့ အိုမလာဘဲ အသားအရေက တွန့်တာမျိုးတောင် မရှိဘဲ ကြည်လင်လှပနေလို့ ဘယ်လိုများ အသားအရေကို ထိန်းသိမ်းထားတာလဲ မသိဘူးလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ပျိူပျိုမေတို့အသည်းစွဲ Hyun bin ရဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးကို ဖော်ပြပေးသွားမှာပါ။

ပျိူပျိုမေတို့အသည်းစွဲ Hyun bin ရဲ့ အသားအရေ ထိန်းသိမ်းနည်း
လက်ရှိမှာ အသက် ၄၀ ပြည့်ပြီဖြစ်တဲ့ ကိုရီးယား အမျိုးသား သရုပ်ဆောင် Hyun Bin ရဲ့ မျက်နှာ အသားအရေက ကြည်လင်နေပြီး အမည်းစက် မရှိသလို glow ချက်က ကိုယ်တွေတောင် လိုက်မမီလောက်အောင်ပါ။ ဒီလိုမျိုး အသားအရေကို ပိုင်ဆိုင်ထားရတဲ့ လျှို့ဝှက်ချက်ကတော့ အသားအရေကို နေ့စဉ် ပုံမှန် အခုလို ဂရုစိုက်လို့ပါတဲ့။

အသားအရေ ထိန်းသိမ်းတဲ့နေရာမှာ တစ်နေ့တည်း တစ်ရက်တည်း လုပ်လို့မရသလို နည်းလမ်းတစ်မျိုးတည်း တစ်ဆင့်တည်းနဲ့လည်း အဆင်မပြေပါဘူး။ ဒီတော့ အိုပါး Hyun Bin က အသားအရေ ဘယ်လို ထိန်းသိမ်းသလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

အဆင့် ၁ – သန့်စင်တယ်
အသားအရေ ထိန်းသိမ်းမှုတိုင်းမှာ အခြေခံ အကျဆုံးနဲ့ ကျော်သွားလို့ မရတဲ့ အဆင့်တစ်ခုပေါ့။ အသားအရေကို သေချာလေး ထိန်းသိမ်းတာက အသားအရေ ကြည်လင်လှပစေဖို့နဲ့ အနာအဆာ ကင်းစေဖို့ တော်တော်လေး ထောက်ကူပေးနိုင်တာပါ။

အသားအရေကို သန့်စင်တာက အသားအရေ အတွင်းပိုင်းနဲ့ အပြင်ဘက်မှာရှိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားတာပါ။ ဒီတော့ အသားအရေကို ကိုယ့်ရဲ့ Skin tone နဲ့ လိုက်ဖက်မယ့် မျက်နှာသစ်ဆေးလေး သုံးပြီး သန့်စင်တာနဲ့ အသားအရေ ထိန်းသိမ်းမှုကို စတင်လိုက်ပါ။

အဆင့် ၂ – အသားအရေကို ညှိပေးတယ်
အသားအရေ ကြည်လင်စေဖို့ ဒီအချက်က တော်တော်လေး အရေးပါပါတယ်။ ပျိူပျိုမေတို့အသည်းစွဲ Hyun bin ကတော့ အသားအရေကို သန့်စင်ပြီးချိန်မှာ အရေပြားရဲ့ ပုံမှန် pH ပမာဏ ပြန်လည် ရရှိစေဖို့အတွက် အသားအရေ ထိန်းသိမ်းမှု အဆင့်ကို လုပ်ဆောင်ပေးပါတယ်တဲ့။ ဒီလို လုပ်ဆောင်ပေးတာက အရေပြားက အသားအရေထိန်းသိမ်းမှုပစ္စည်းတွေမှာပါတဲ့ အရေပြား အားဖြည့် အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေပါတယ်။

ဒါကြောင့် အသားအရေကို သန့်စင်ပြီးချိန်မှာ မိမိအသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ Toner လေး သုံးပြီး အသားအရေကို ညှိပေးပါ။

အဆင့် ၃ – ကုသပေးတယ်
အသားအရေကို သန့်စင်ပြီး​ပြီ။ အသားအရေကိုလည်း ညှိပြီးပြီ ဆိုရင် အသားအရေ ကြည်လင်ကျန်းမာစေဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့် တစ်ခုက အသားအရေကို လိုအပ်တဲ့ ကုသမှု ပေးတာပါ။

ကုသမှုဆိုလို ဆရာဝန်တွေ အရေပြားအထူးကုတွေနဲ့ ကုသတာမျိုး မဟုတ်ပါဘူး။ ဝက်ခြံ၊ ဆားဝက်ခြံတွေ ရှိနေမယ်ဆိုရင် ဒီဝက်ခြံတွေကို သက်သာစေမယ့် ဆေးလေးလိမ်းတာမျိုးကို ဆိုလိုတာပါ။

ဒီလိုလုပ်ပေးတာက အသားအရေ ထိခိုက်နိုင်ခြေကို နည်းစေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံတွေ ရှိနေမယ်ဆိုရင် ဝက်ခြံသက်သာစေမယ့် ဆေးတစ်ခုခု လိမ်းပေးပါ။

အဆင့် ၄ – အစိုဓာတ် ထိန်းခရင်မ်လိမ်းတယ်
Hyun Bin အသားအရေ အမြဲတမ်း ကြည်လင်စိုပြည်နေရတာက အသားအရေကို လိုအပ်တဲ့ အစိုဓာတ် ရရှိစေဖို့အတွက် အစိုဓာတ်ထိန်းခရင်မ် ပုံမှန် လိမ်းတာကြောင့်ပါ။ အသားအရေက ခြောက်သွေ့တဲ့အခါ ပါးပြီး ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် အသားအရေကိ ပုံမှန်လေး အစိုဓာတ် ထိန်းဖို့ လိုပါမယ်။ ဒါကြောင့် အသားအရေကို သန့်စင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းဖို့ကို အဆင့်တစ်ခု အနေနဲ့ သေချာလေး လုပ်ဆောင်ပါသတဲ့။

အဆင့် ၅ – ကာကွယ်တယ်
အသားအရေကို သန့်စင်တယ်၊ ညှိတယ်၊ ကုသတယ်၊ ရေဓာတ်ဖြည့်တယ်ဆိုတာတွေ လုပ်ရုံနဲ့ ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေ ရရှိဖို့ ပြည့်စုံစွားပြီလို့ မယူဆလိုက်ပါနဲ့။ အသားအရေကို ကာကွယ်ဖို့ လိုပါသေးတယ်။ ဒါကြောင့် အသားအရေကို နေလောင်ကာခရင်မ် လိမ်းပြီး ကာကွယ်ရပါသေးတယ်။ ဒါမှ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားမှာ ထိခိုက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်းတွေအပြင် တစ်နေ့တာမှာ ရေလုံလောက်အောင် သောက်သုံးတာ၊ သစ်သီးတွေနဲ့ အသားအ​ရေ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် စားသုံးတာကိုလည်း လုပ်ဆောင်ပါသေးတယ်တဲ့။

ဒီနည်းလမ်းတွေကို အသုံးပြုပြီး အမျိုးသားထုကြီးလည်း ကိုယ်တိုင် အသားအရေကို အကောင်းဆုံး ထိန်းသိမ်းရင်း ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ……………

Photos from SOE Online Shop's post 29/11/2022

💋💄 lipstick 💄💋

🏷️ တစ်ချောင်း - ၁၀,၅၀၀ ကျပ်


#တာချီလိတ်ကိုယ်စားလှယ်ကြီး
📞09252357032

28/11/2022

#ငွေ စာတစ်လုံးတည်းဆိုပေမယ့် ရင်မောအောင်ရှာဖွေရတယ်
#ဘဝ စာနှစ်လုံးတည်းဆိုပေမယ့် ခါးကုန်းအောင်ရုန်းကန်ရတယ်

Want your business to be the top-listed Beauty Salon in Tachileik?
Click here to claim your Sponsored Listing.

Telephone

Website

Address


Tachileik