It's Beautiful Beauty Products
BKK, USA, UK, Korea Made skincare, body care, hair care နှင့် လူသုံးကုန?
20/01/2022
Toner သုံးဖို့ တကယ်လိုအပ်လား? 👌👌👌
တချို့တော်တော်များများက Toner ကို မသုံးလည်းရတယ်ဆိုပြီး မသုံးတတ်ကြပါဘူး.. အပိုအဆင့်လို့ပဲ ထင်တဲ့သူတွေလည်း ရှိပါတယ်.. " အရင်က Toner မသုံးဘူး .. ခု သုံးသင့်လား " ဆိုပြီး လာမေးကြတာတွေလည်းရှိပါတယ် .. Essence မှာ Toner effect ပါ ပါပြီးသားမို့ တမျိုးထဲ လိမ်းရင် မရဘူးလားဆိုပြီးလည်း စျေးဆစ်တတ်ကြပါတယ်.. တကယ်တော့ Essence ဆိုတာဟာ Moisturizing treatment step မို့ Toner သုံးစရာမလိုဘူးဆိုတာ မဟုတ်ပါဘူး ..
အဲ့ဒါကြောင့် ဒီနေ့ Toner ဆိုတာ ဘာလဲဆိုတာရယ် တကယ်ပဲ သုံးသင့်လား ဆိုတာရယ်ကို နည်းနည်းရှင်းပြမယ်နော်..
📕 Toner ဆိုတာဘာလဲ ?
Toner ဆိုတာ မျက်နှာသစ်ပြီး ချွေးပေါက်တွေထဲမှာ ကျန်နေသေးတဲ့ အဆီနဲ့ အညစ်အကြေးအပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးတဲ့ skincare ပါ .. cleansing step ရဲ့ နောက်ဆုံးအဆင့်လို့လည်း ပြောလို့ရပါတယ်..
နောက်ပြီး ကျန်တဲ့ skincare step တွေ မလိမ်းခင် skin ရဲ့ pH level ကို ညှိပေးတဲ့အတွက် လိမ်းတဲ့ serum , essence စတဲ့ moisturizer တွေကို ပိုပြီး စိမ့်ဝင်ထိရောက်စေပါတယ်..
ဒါကြောင့် K Beauty ရဲ့ နာမည်ကြီး Soko Glam ရဲ့ co-founder Charlotte Cho ကိုယ်တိုင်က
" Think of toner as Prep for your pores "
လို့ ဆိုပါတယ် .. Toner က
1. ကျန်ခဲ့တဲ့ အဆီနဲ့အညစ်ကြေးတွေ ဆဲလ်သေတွေကို ဖယ်ပေးတယ်
2. skin ရဲ့ normal pH level ကို ညှိပေးတယ်
3. လိမ်းတဲ့ skincare တွေကို ပိုထိရောက်စေပါတယ်တဲ့ ...
Makeup notes နဲ့ ရှင်းပြရရင် Toner က Primer လိုပါပဲ.. Primer က မိတ်ကပ်သား ညီညီညာညာနဲ့ အသားထဲညက်နေစေဖို့ အဆီမပြန်အောင် မိတ်ကပ်မကွက်အောင် ထိန်းညှိပေးသလို toner ကလည်း မျက်နှာမှာ အဆီနဲ့ဆဲလ်သေတွေကို ဖယ်ပေးပြီး လိမ်းတဲ့ serum တွေ moisturizer တွေကို စိမ့်ဝင်မြန်ပြီး ပိုထိရောက်စေပါတယ်..
နောက်ထပ် ရိုးရိုးလေး စဉ်းစားကြည့်ရင် makeup sponge ကို ရေမစွတ်ပဲ ဒီတိုင်း လိမ်းတဲ့အခါ မိတ်ကပ်မညက်သလိုပဲ မျက်နှာသစ်ပြီးစ ခြောက်သွေ့နေတဲ့မျက်နှာပေါ် skincare တွေလိမ်းတဲ့အခါ စိမ့်ဝင်ဖို့ ခက်ပါတယ် ..
ဒါကြောင့် Toner က skincare step ထဲမှာ ထည့်ကို ထည့်ရမဲ့ step ပါ..
📕 Toner ကို ဘယ်ချိန်မှာ သုံးရမလဲ ?
Toner ကို မျက်နှာသစ်ပြီးတဲ့အခါတိုင်း သုံးနိုင်ပါတယ်.. alcohol သို့ astrigent များတဲ့ toner မျိုးဆိုရင်တော့ အသားမခြောက်အောင် သတိထားပြီး သုံးလို့ရပါတယ် .. Dry skin သမားတွေကတော့ Alcohol မပါလေ ကောင်းလေပါပဲ..
📕 Toner ဘယ် ၂ မျိုးရှိလဲ?
Toner မှာ Skin type & concern အလိုက် အမျိုးမျိုးရှိပါတယ် ..
👉 အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားရေ နဲ့ ဝက်ခြံထွက်လွယ်တဲ့အသားရေ တွေအတွက် ချွေးပေါက်မပိတ်အောင် သန့်စင်ပေးတဲ့ Toner - Salicylic acid or BHA , Glycolic acid or AHA ပါတဲ့ Toner
👉 ရေဓါတ်ဖြည့်ပေးတဲ့ Hyaluronic acid ပါတဲ့ Toner
👉 Soothing & Calming လုပ်ပေးတဲ့ Toner
ဥပမာ ; Centella , Propolis , Rose water စတာတွေ ပါတဲ့ toner
👉 Moisturizing လုပ်ပေးတဲ့ Toner
👉 Brightening ဖြစ်စေတဲ့ Vitamin C ပါတဲ့ Toner
👉 Antiaging အတွက် Antioxidants သို့ Retinol စတာတွေ ပါတဲ့ toner
စသဖြင့် ရှိပါတယ် ... ဒါကြောင့် ကိုယ့်အသားရေအပြင် ကိုယ်ဖြစ်ချင်တဲ့ Skin concern နဲ့ အလိုက် toner ကို ရွေးချယ်လို့ရပါတယ် ..
ခုနောက်ပိုင်းမှာ Toner ဟာ cleansing step တခုအနေနဲ့ရော skin ရဲ့ pH balance ညှိပေးတဲ့အနေနဲ့အပြင် Hydrating , soothing စတဲ့ concern တွေနဲ့ အဓိကထားပိုသုံးလာကြပါတယ်.. K Beauty Trend မှာဆိုရင် toner ကို ဂွမ်းနဲ့မလိမ်းပဲ လက်နဲ့ ပုတ်ပုတ်ပြီး လိမ်းတာ မြင်ဖူးမှာပါ.. မနှစ်ကဆို " K beauty trend 7 Skins Method " ဆိုပြီး Light weight ဖြစ်တဲ့ Toner ၇ မျိုးကို အဆင့်ဆင့် လိမ်းတဲ့နည်းက ခေတ်စားသွားသေးတယ်... ဒါပေမဲ့ သူတို့လို (၇) မျိုး လိုက်လိမ်းစရာမလိုပါဘူး .. ယမုံတို့ဆီမှာက ရာသီဥတုကပူပြီး အဆီပြန် ဝက်ခြံထွက်လွယ်တဲ့ အသားရေက ပိုများလို့
Exfoliating toner တမျိုးနဲ့
ကိုယ့် Skin concern အရ သင့်တော်တာ တမျိုးနဲ့ (၂) မျိုးလောက်ရှိရင်ကို လုံလောက်ပါတယ်..
❤️ ဒါကြောင့် Toner သုံးသင့်လားလို့မေးရင် ..❓
" သုံးသင့်ပါတယ် " လို့ ဖြေပါတယ်... K beauty trend ရဲ့ Glow skin , Glass skin တွေက အရမ်းခေတ်စားနေတော့ Skincare trend အရရော Toner က လိုအပ်ပါတယ် .. 😊😊
Skincare by May
2018 Oct 31
19/01/2022
Bear Cuffee Scrub Soap
နာမည်ကြီးရေပန်းစားနေတဲ့ Bear Cuffee လေးရောက်ပါပြီနော် Scrub Soap အမျိုးအစားလေးဖြစ်လို့ ၃/၄ရက်မှတကြိမ် ခန္ဓာကိုယ်ပေါ်ကိုဘဲအသုံးပြုပေးပါနော်
💭1. Bear Scrub လေးကို လက်ပေါ်မှာညင်သာစွာ ပွတ်
တိုက်ပြီး ၃မိနစ် ထားပေးထားပါ
💭2. ၃မိနစ်ထားပြီး ရေဆေးချရပါမယ်..
💭3.Scrub တိုက်ပြီး Lotion လိမ်းပေးရပါမယ် အဲ့ဒါမှ
ထိရောက်မှုက ၂ဆ ဖြစ်မှာနော်💞
Scrub ဆိုတာအသား ရေတန်းမဖြူပါဘူးနော် အသားပို
ကြည်လာတာပါ😍 များများ ပွတ်လေ ထိရောက်မှု ပိုရှိ
လာလေပါဘဲ 👻💝 ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အမဲစက်နဲ့နေလောင်ကွက်များကိုလျော့ပါးပြီး အသားအရည်ကို ကြည်လင်လာစေပါတယ်
မန်းကျည်း ဆနွင်း ပျားရည်တို့နဲ့ပေါင်းစပ်ပြုလုပ်ထားလို့ အသုံးပြုပြီးနောက်မှာ နူးညံ့ကြည်စင်ပြီးဖြူဝင်းတဲ့အသားအရေကိုရရှိစေမှာပါ
Price - 3000 Kyats
18/01/2022
Nami Aura Butt Soap
ဒီဆပ်ပြာက သူ့မှာ Gluta + Collagen ပါပြီး scrub soap type ဆိုတော့ အစိ အစိလေးတွေလို့ အသားအရေကို ရေချိုးပီးတိုင်း smooth ဖြစ်စေတယ်
တင်ပါး၊ ဂျိုင်း၊ ပေါင်ကြား၊ ဂုတ် တခြားမဲညစ်နေတဲ့နေရာလေးတွေကို ပုံမှန်လေးသုံးပေးရင် မဲနေတာတွေသက်သာစေတယ်နော်
Dead Cell တွေကွာကျပြီး အထိုင်များလို့ထွက်တဲ့ဖုလေးတွေ၊ ကြာဆူးတွေ ၊ ဖိနပ်သဲကြိုးရာလေးတွေလဲသက်သာစေပါတယ်
ရေချိုးတဲ့အခါတိုင်းသုံးပေးလို့ရသလို တပတ်ကိုသုံးခါလောက် သုံးပေးပြီး ကြိုက်နှစ်သက်ရာ Lotionလေးနဲ့တွဲလူးပေးရင်လဲဖြူဖြူအိအိ လေး ဖြစ်စေပါတယ်
Price - 4000ks
17/01/2022
Honey Rabbit Hair Tail Mask
ဆံပင်သားပျက်စီးနေတဲ့သူတွေ ရှိရင် သုံးကြည့်ဖို့နဲ့ တကယ်ကို ဆောင်ထားသင့်တဲ့ item လေး💛တခုနဲ့မိတ်ဆက်ပေးပါရစေ
ဆံပင်ဆိုင်တွေသွားပြီး ဆံပင်ပေါင်းတင်စရာမလိုတော့ဘူး
ကိုယ့်အိမ်တင်ကိုယ့်ဘာသာကိုယ် Hair care treatment လုပ်လို့ရစေမယ့် itemလေးပါ ❤
Honey, Royal jelly နဲ့ proplis extract တို့ပေါင်းစပ်ပါဝင်ထုတ်လုပ်ထားလို့ ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်သားခြောက်ခြင်း / ဆံပင်နှစ်ခွဖြစ်ခြင်း / ဆံသားကြမ်းတမ်းခြင်း / ဆံသားပျက်စီးခြင်းတို့ကို တစ်ခါသုံးရုံနဲ့ ဆံသားလေးက နူးညံ့အိစက်သွားပီး ဆံသားကို သိသိသာသာ ပြုပြင်ထိန်းသိမ်းပေးသွားမှာပါ... 🤗❤
အသုံးပြုပုံလေးကတော့---
ဆံပင်ကိုပုံထဲကအတိုင်း Pony Tail ပုံစံစုစည်းပါ
Hair mask ကို ၁၅မိနစ်လောက် ခေါင်းမှာပေါင်းထားလိုက်ပါ
ရေဆေးချစရာမလိုပါဘူးနော်...ခပ်ဖွာဖွာလေးလိုချင်ရင်တော့ Dryer လေးသုံးပေးပေါ့ ...
ဒီတိုင်း ပဲထားပြီး အခြောက်ခံလည်းရပါတယ်...အနံ့ကတော့ ချစ်ချစ်ကတောင် ဘာသုံးထားလဲ မေးယူရလိမ့်မယ်...😜
Price -တချပ် 4000ks
17/01/2022
Watsons Shampoo
ဆံသားကျိုးကြေ ပျက်စီးသူတွေ၊အဖျားနှစ်ခွဖြစ်နေသူတွေ၊ဆံပင်ကျွတ်လို့ စိတ်ညစ်နေသူတွေ၊ဗောက်ထလို့ မနေနိုင်အောင် ယားတက်သူတွေအတွက် Watsons ကသဘာဝအော်ဂန်းနစ်စစ်စစ်ဖြစ်တာမို့ ဓာတုဆေးဝါးတွေနဲ့မတည့်သူတွေ ပါ အသည်းစွဲ ဖြစ်နေတဲ့ Brand ပါနော်🤓
1.ရွှေအိုရောင် Beer 🍻 (Volumizing)
ဆံသားပါးသူတွေ ဆံပင်အကျွတ်များသူတွေ အတွက်
ဆံသားကိုထူစေပီး ဆံသားအရင်းထိအားဖြည့်ပေးလို့ အရမ်းလူကြိုက်များပါတယ်
2.ပန်းရောင် Yogurt ❤️(Smoothing)
Yogurt နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဆံသားကိုချောမွေ့စေပါတယ်။ဆံသားကြမ်းတဲ့သူများနှင့် ဆံပင်ကောက်ထားတဲ့သူတွေအတွက်အထူးပဲသင့်တော်ပါတယ်။
3.အပြာရောင် Coconut 🥥🌴( Hydrating )
ဆံပင်တစ်ချောင်းချင်းဆီကို အစိုဓါတ်အားဖြည့်ပေးပြီး ဆံပင်ကို သန်စွမ်းစေပါတယ်။ဆံသားကျိုးပြီးပျက်စီးနေတဲ့ဆံပင်တွေအတွက်အထူးပဲကောင်းမွန်ပါတယ်။
4. အနီရောင်🍉 (cooling) ခြောက်သွေ့ပြီး၂ခွဖြစ်နေတဲ့ဆံသားများကို ခြောက်သွေ့ခြင်းကင်းဝေးစေပြီး ဦးရေပြားကိုလိုအပ်တဲ့အစိုဓာတ်နဲ့အေးမြသန့်စင်မှုကိုပေးစွမ်းပါတယ်။
5. အဝါရောင် 🎍 (strengthening) ဆံသားကျန်းမာမှုအားနည်းပြီး ပြတ်ထွက်လွယ်တဲ့ဆံသားပိုင်ရှင်တွေအတွက် ဆံသားကိုပြန်လည်ကျန်းမာအောင် အားပြန်ဖြည့်ပေးပါတယ်။
Price - 5500 Kyats
16/01/2022
Naturie Skin Conditioner (Toner) 500ml
Naturie Skin conditioner လေးကို💁
-Toner အနေဖြင့်ရော Toner step ပြီးရင်လည်း အသုံးပြုနိုင်တယ်
- face mask အနေနဲ့ပါ daily သုံးနိုင်တယ်
- မျက်နှာကော body ပါသုံးလို့ရတယ်
- all skin type သုံးလို့ရတယ်
(Oily skin, dry skin , sensitive skin သမားတွေအတွက် အသင့်တော်ဆုံးနော်💯)
☘️အရောင်အနံ့မပါလို့ sensitive skinတွေလဲ စိတ်ချသုံးလို့ရတယ်
☘️အသားရောင်မညီတာ နေလောင်တာ သက်သာစေတယ်
☘️ရေဓာတ်အပြည့်ဝဖြည့်ပေးတဲ့ပြင် အရေ ပြားရောင်ရမ်းတာ သက်သာစေပြီး ပိုးသတ်ပေးတယ်
☘️ဝက်ခြံသမား အဆီပြန်တတ်တဲ့အသားရည်တွက် အရည်ပြားတွင်းရှိ water-oil balancedဖြစ်စေတယ်
☘️Japan နိုင်ငံသာမက ကမ္ဘာ အနှံ့လူကြိုက်များ ပီး
Beauty bloggers Review တွေအများကြီးပိုင်ဆိုင်ထားတဲ့ product ပါနော်။
☘️ဂျပန်နိုင်ငံရဲ့ The Best Cosmetic Award 🥇ရထားတဲ့ Brand လေးပါရှင်။
☘️မုယောစပါးကိုအခြေခံထားတာဖြစ်လို့ အသားရေကို ကြည်လင်ပီး နုပျိုလာစေပါတယ်
☘️ချွေးပေါက်ကျယ်ပြီး အဆီအရမ်းပြန်တတ်တဲ့သူတွေအတွက်ကတော့ အသုံးပြုပြီးမကြာမီပဲ Good Resultကို ရစေမှာပါရှင်။
👉🏻Dry Skin သမားတွေလဲနေ့စဉ်ပုံမှန်အသုံးပြုပေးမယ်ဆိုရင် တနေ့တာလုံးအစိုဓာတ်ကိုထိန်းပေးပီး စိုစိုအိအိလေး ဖြစ်နေမှာပါ
👉🏻သဘာဝ Hatomugi ကနေထုတ်လုပ်ထားလို့ ဆန်ဆေးရည်လိုမျိုးဂုဏ်သတ္တိများစွာပါဝင်လို့ ချွေးပေါက်တွေကို သိသိသာသာကျဉ်းစေပီး နုနုအိအိလေးနဲ့ မျက်နှာအသားရေကို တင်းတင်းပြောင်ပြောင်လေးဖြစ်စေမဲ့ အစွမ်းသတ္တိတွေ ရရှိစေပါတယ်။
👉🏻သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားပြီး Alcohol Free ဖြစ်တဲ့အတွက်ကြောင့် Sensitive Skin တွေပါ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်
👉🏻စေးကပ်မှုမရှိ အသားထဲအလွယ်တကူစိမ့်ဝင်နိုင်ပီး အစိုဓာတ်ကို အချိန်ကြာမြင့်စွာထိန်းပေးထားနိုင်တဲ့ Super Hero HATOMUGI လေးပါ
👉🏻ဒီ Conditioner လေးကို Toner လိုတမျိုး Face Mask လိုတသွယ် အသုံးပြုနိုင်ပါသေးတယ်နော်။
👉🏻Cotton Pad လေးနဲ့ဖြစ်ဖြစ် Mask အပိုလေးတွေနဲ့ပဲဖြစ်ဖြစ် ရွှဲစိုနေအောင်ပြုလုပ်ပီး Skin Careလို့ရပါသေးတယ်နော်😃
💯Japan Made စစ်စစ် Thai import ပါ ‼
Made in Japan
Price - 10000 Kyats
16/01/2022
Body Mask ကောင်းကောင်းသုံးချင်သူတွေအတွက် Hiso Party က ထုတ်တဲ့
A4 White Body Mask လေး 🤩💛
နွားနို့နဲ့ ဘယ်ရီသီးလေးတွေ အဓိကပါဝင်တဲ့ ဒီ Body Mask လေးက
🍓Dead Skin Cell တွေ ကို ဖယ်ရှားပေးတယ်
🍓အသားအရေကို ဖြူပီးကြည်စေတယ်
🍓အမာရွတ် အမဲစက်လေးတွေ သက်သာစေတယ်
🍓အသားညိုလို့ အသားရည်ကြည်ပီးဖြူချင်သူတွေ
🍓နေလှာင်ထားလို့စိတ်ညစ်နေသူတွေ
🍓အသားဖြူချင်တယ် ဆေးလဲမသာက်ချင်သူတွေ
🍓ကမ်းခြေတွေသွားပြီး ခရီးတွေ အထွက်များလို့အသားအရေပျက်စီးပြီးအသားရောင်မညီတာတွေ
အဲဒါတွေအားလုံးကို Body Spaသွားစရာမလိုဘဲ အချိန်ကုန်သက်သာ ငွေသက်သာနဲ့ ကိုယ်တိုင်အိမ်မှာပေါင်းတင်လို့ရတဲ့ Body Maskလေးရှိနေပြီနော်
ခြေဖမိုးမည်း /ဒူးမဲ /တံတောင်မဲ/ဂျိုင်းမဲလို့ စကပ်လှလှလေးတွေ အင်္ကျီလက်ပြတ်လေးတွေ မဝတ်ရဲ့ဘူးဆိုတဲ့ ချစ်တို့လည်း A4 White Body Maskလေးကိုသာသုံးကြည့်လိုက်ပါနော်
အမာရွတ် ဒဏ်ရာ အကြောပြတ်တာတွေလည်းပါးသွားမယ် , ဖိနပ်သဲကြိုးရာ ထင်နေတာ လည်း တစ်ပတ် ၂ကြိမ် ပုံမှန်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်
✅အသုံးပြုပုံကတော့
___________________
ကိုယ်ကြိုက်နှစ်သက်ရာ Scrub ( ဒါမှမဟုတ် )Peeling gel သုံးပီးရင်
ဒီ mask လေး ကို ကိုယ်ဖြူချင်တဲ့ နေရာတွေမှာ 15 -30 min လောက်ထားပီး
ရေဆေးချပေးနော်
တပတ်မှာ 2ကြိမ်ကနေ 3ကြိမ်အသုံးပြုလို့ရပါတယ် 😍
Price - 9500ks
11/06/2021
Instock item လေးတွေပါ
စိတ်ဝင်စားတာလေး လိုချင်တာလေးတွေရှိရင် မေးပါနော်
😍
11/06/2021
💢Vaseline Intensive Care Cocoa Radiant Oil💢
Price-16000 Ks
💢For healthy and glowing skin for the Glow Nation Member🤩🤩
ကဲ...ဂလိုးလိုက်ပါတော့မယ်ရှင့်😆
💢ဒီVaseline Oil Gelလေးက 100% pure cocoa and shea butter နဲ့ ပြုလုပ်ထားလို့ အသားအရည်ခြောက်သွေ့တာကို ကာကွယ်ပေးပီး ကျန်းမာစိုပြည်တဲ့ Glowing Skinလေးကိုရရှိပိုင်ဆိုင်စေမှာနော်🙂🥰
💢Oil Gel ဖြစ်လို့ သူ့ကိုလိမ်းလိုက်ရင် အသားမှာစီးကပ်ကပ်ဖြစ်နေမှာပဲလို့မထင်လိုက်ပါနဲ့နော်😊
💢ဒီ Vaseline Oil Gelလေးက Non-greasy textureလေးဖြစ်တဲ့အပြင် အသားအရည်မှာလိုအပ်တဲ့ moisture ဓာတ်ကို ဖြည့်တင်းပေးပီး အသားအရည်ဝင်းပ စိုပြည်လာစေပါတယ်ရှင့်🤩
💢Lotion ကိုမှအနံ့ပြင်းပြင်းမကြိုက်တဲ့ customersတွေအတွက် ဒီ Vaseline Oil Gelလေးကို recommend လုပ်ပါရစေရှင့်🙏 ပီးတော့ ဒီ oil gel လေးက အမျိုးသမီး customersတွေမှမဟုတ်ပါဘူး အမျိုးသား customersတွေလဲ အသုံးပြုလို့ရပါတယ်ရှင့်
Authentic directly from UK🇬🇧
10/06/2021
The Elf Nano White Dose
အခုတစ်လောဖြူပါတယ်ဆိုတယ့် lotion, Gel တွေတောင် သူ့လောက်မဖြူဘူးဆိုတာ ယုံ❤
Honest review တွေပဲတက်တယ့် BAH group မှာလည်း ဖြူလို့ recommed အရဆုံး gel လေး
The ELF Gel ဆိုရင် ခု အရမ်းကို Trend ဖြစ်ပီး နာမည်ကြီးနေတာ သူ့ကို ကြိုက်ရာ Lotion , Serum နဲ့ အဆင်ပြေသလို တွဲလိမ်းလို့ရတယ်
🌼 ဒူးမည်း , တံတောင်မည်း တာတွေကို သိသိသာသာ သက်သာစေတယ်
🌼 သူ့မှာပါတဲ့ Gluta , Vitamin B3 , Tomato နဲ့ Cherry က နေလောင်တာတွေကို သက်သာစေတဲ့ အပြင် အမာရွတ် အမဲစက်တွေကိုပါ သက်သာစေတယ်
🌼 Vitamin B 3 က အသားစိုဖို့ အပြင် နေလောင်ပီး Skintone မညီတာကို ညှိပေးတာ
🌼 Nano Whitening Formula နဲ့ ထုတ်ထားတာမို့လို့ ဖြူတာ ကြည်တာ ပိုမြန်တယ်
တပတ်လောက်ဆို သိသိသာသာ တကယ် ဖြူပါတယ် 😌 အဲ့တာကြောင့် နာမည်ကြီးတာပါ 😬
Dose lotion ရဲ့လိမ်းနည်းကတော့
❤ Nano White Dose လေး ၂/၃ စက်လောက်ကိုလိမ်းနေကျ lotion(or) Serum(or)Cream ထဲမှာထည့်အသုံးပြုနိုင်ပါတယ်
❤ Nano White Dose လေးတစ်ခုထဲကိုဘဲ အားရပါးရသုံးရင်လည်းရပါတယ် အရမ်းကိုသိသာသွားမှာပေါ့နော်
Price - 16000 Kyats
10/06/2021
Better Skin Perfect Night Body Lotion (150ml)
ညလိမ်းလိုးရှင်းလေးရှိလားဆိုပြီးမေးမေးနေတဲ့အချောအချစ်လေးတို့အတွက် တင်ပေးထားပါပြီနော် 🥰 အရင်ကသောင်းကျော်တန်တာလေးကို Sales ရှိလို့ဈေးသက်သာတာလေးနဲ့ရပါမယ်
Price - 8000 Kyats
🖤Better skin lotion🖤 ကို All in one lotion
လို့ပြောမယ်ဆိုရင် လဲမမှားပါဘူးနော် 😉
ဘာကြောင့်လဲဆိုတော့ 🖤 Better Skin 🖤 ဟာ
အာနိသင် (၁၁)မျိုးနဲ့ ပေါင်းစပ်ထုတ်လုပ်ထားလို့ပါပဲ 🖤
(1) Black Ginseng Root 🖤 မှာ Antioxidant တွေပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်ရင့်ရော်ခြင်းကို တားဆီးပေးပါတယ် ခန္ဓာကိုယ်မှ cellသေတွေကို damage ဖြစ်စေမှုမှလည်းကာကွယ်တားဆီးပေးပါတယ် 🖤
Black Ginseng ရဲ့အာနိသင်က အမဲစက်တွေကိုတိုက်ဖျက်ပေးပြီး ပင်ပန်းနွယ်နွယ်မှုတွေကိုလဲလျော့ချပေးနိုင်ပါတယ် 🖤 Anti-inflammatory propertiesပါ
ပါဝင်လို့ အသားအရေ ထိခိုက်မခံနိုင်ခြင်း နီမြန်ြုးခင်းတို့အတွက် လဲကောင်းမွန်သောကြောင့် sensitive skin သမားတွေ တွေဝေမနေပဲသုံးလို့ ရတယ်နော် 👍 yayyy!!!😍
(2) Ascorbyl Tetraisopalmitate🍊 က အသက်အရွယ်ကြောင့်ဖြစ်စေတဲ့ cell သေတွေကို တိုက်ထုတ်ပေးပါတယ် 🖤
Collagen ထုတ်လုပ်မှုကိုမြင့်တင်ပေးပြီး အသားအရေကို ကျစ်လစ်စေပါတယ် 🖤
UV photoprotection ကိုတိုးပွားစေပြီး နေလောင်ဒဏ်ကိုလျော့ကျပေးဖို့ ကူညီပေးပါတယ်🖤
(3) Turmeric oil ကတော့ သင့်အသားအရေပေါ်မှာ ရှိတဲ့ ပိုးတွေကိုသေစေပြီး မကူးစက်အောင်လဲ လုပ်ပေးနိုင်တဲ့ အဆီတစ်မျိုးပါပဲ 🖤 အဲ့ဒါတွေက အမာရွတ်. အကြော
ပြတ်ရာများ . ပွန်းပဲ့ဒဏ်ရာများ . မီးလောင်းအကွက်များ . ကိုက်ခဲခြင်း တို့အတွက်
အထူးကောင်းမွန်ပါတယ် 🖤
ဒါ့အပြင် အသားအရေကို
- ညီညာချောမွတ်စေတယ်
- သန့်စင်ပေးတယ်
- အားတိုးစေတယ်
- ကြည်လင်တောက်ပစေပါတယ် 🖤
ယေဘုယျ အားဖြင့် အသားအရေကျန်းမာလာအောင် ထောက်ပံ့ပေးပါတယ် 🖤
ခန္ဓာကိုယ်ကအဆီပိုတွေကို ဖယ်ရှားပေးပါတယ် 🖤
(4) Luminescine 🌼က အသားအရေကို ထိခိုက်လွယ်တဲ့ မြင့်မားတဲ့ UV rays တွေကို ကာကွယ်ပေးနိုင်ပါတယ် 🖤
နေရောင်ခြည်နဲ့ direct ထိတွေ့မှုကြောင့် ပျက်စီးနေတဲ့ အသားအရေကိုညီညာလာအောင် နုပျိုကျန်းမာလာအောင်ပြုလုပ်ပေးပါတယ် 🖤
(5) Glutathione ကတော့ သင့်အသားအရေကို နည်းလမ်း ၂သွယ်နဲ့ ဆောင်ရွက်ပေးပါတယ် 🖤 Glutathione ကအရေပြားပေါ်မှာ ရှိတဲ့ melanin ထုတ်လုပ်ချင်ကိုလျော့ ချပေးပါတယ်
Melanin က သင့်အရေပြား . မျက်လုံး . ဆံပင်ပေါ်မှာတဲ့ အမည်းရောင်ဒြပ် တစ်မျိုးပါ 🖤
ပြီးတာ့ နဂို အသားအရေထက် ပိုမို ကြည်လင်းတောက်ပ အောင်လဲလုပ်ပေးပါတယ် 🖤
(6) Niacin (Vitamin B3) က အသားအရေ ကို moisturizing ဖြစ်စေပြီး Skin Brightening , Glowing ဖြစ်စေပါတယ် အသားကို အဓိကဖြူစေတာ vitamin B3 ပါနော်🖤 Kaytharz တော့ Vitamin B3 ပါတဲ့ skincare တွေဆို အသဲစွဲပါပဲ 💘
(7) Alpha Arbutin+Nano white 🍒🍓🍉ဆိုတာ Bearberry လို့ ခေါ်တဲ့ အပင်ကနေအများဆုံးထုတ်လုပ်ပေးတဲ့ skin lighting compound အမျိုး အစားဖြစ်ပါတယ် 🖤 အသားအရေကို အဓိက ဖြူစေပြီး အသားအရေ ခြောက်ခြင်း , နေလောင်း လေလောင်း ပြန်လည် ကုစားပေးပါတယ် 🖤
(8) Hydrolyzed Collagen🍇 က အသားအရည်အတွက်လိုအပ်တဲ့ ရေဓာတ်နဲ့ အာဟာရဓာတ်ဖြည့်စေပါတယ် 🖤
ဒါကြောင့်လိမ်းပြီးတာနဲ့ စိုစိုပြေပြေလေးဖြစ်စေပြီး အသားအရေကိုကြည်လင်တင်းရင်းစေပါတယ် 🖤
(9) Kojic dipalmite🍚 က အရေပြားဇီဝဖြစ်စဉ်တွေကိုအားပေးနိုင်ပြီး melanin တွေကိုလျှင်မြန်စွာ ဖယ်ထုတ်ရှင်းပေးနိုင်ပါတယ် 🖤
(10) Garcinia Mangostana Peel Extract💜 က anti- bacterial properties နှင့် မင်ကွတ်သီးမှ xanthone တို့ပါဝင်တယ်
(11) Vitamin C 🍊
ထိုင်းနိုင်ငံရဲ့ Best seller brand ထဲက တစ်ခုဖြစ်လို့ သင့်အသားအရေဟာ ထိုင်းမလေးတစ်ယောက်👩လို လှနေမှာအသေအချာပါပဲ 🖤
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Tamwe
11211