Seoul by King

Seoul by King

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Seoul by King, Beauty, cosmetic & personal care, Tamwe.

03/03/2026
27/02/2026
Photos from Seoul by King's post 02/03/2022

“တောင်သူလယ်သမားနေ့ ”ဖြစ်ပေါ်လာပုံ
………………………………………………………………………………
မြန်မာသက္ကရာဇ် ၁၃၈၂ တပို့တွဲလပြည့်ကျော် ၄ ရက် ယနေ့ကျရောက်လာသော
"တောင်သူလယ်သမားနေ့" ကို ဂုဏ်ပြုကြိုဆိုရင်း တောင်သူလယ်သမားနေ့
ဖြစ်ပေါ်လာပုံကို သိရှိရန် မျဝေပေးလိုက်ပါတယ်ခင်ဗျ

ကိုလိုနီနယ်ချဲ့လက်အောက်မှာ အင်္ဂလိပ် မြေရှင်တွေရဲ့ မတရားဂုတ်သွေးစုပ်
ချယ်လှယ်မှုတွေကြောင့်တောင်သူလယ်သမားတွေရဲ့ ဘဝဟာ လုံးပါးပါးခဲ့ရပြီး
တဖြည်းဖြည်း အကြွေးနွံနစ်ခါ လယ်ယာတွေဟာချစ်တီးနဲ့ အရင်းရှင်ကြီးတွေ
လက်ထဲကို ရောက်ခဲ့ရတဲ့အပြင် 1930 ကမ္ဘာ့စီးပွားပျက်ကပ်စိုက်တဲ့ကာလမှာ
လယ်သမားအများစုလယ်လုပ်ရန်အတွက် လယ်ယာ​​မြေမရှိကြတော့သည်အထိ
ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အင်္ဂလိပ်အစိုးရက တောင်သူ
လယ်သမားတွေကို သူပုန်သူခိုးနှိမ်နှင်းသလို၊ တပ်မဟာတွေ ဖြန့်ကျက်ကာ
ရက်ရက်စက်စက် နှိမ်နှင်းခဲ့ကြပါတယ်။ သာယာဝတီခရိုင်မှာ ဆရာစံ
ဦးဆောင်တဲ့တောင်သူလယ်သမား အခြေပြုဂဠုန်တပ်မကြီးဟာ ရရာလက်နက်
စွဲကိုင်ပြီး အင်္ဂလိပ်အစိုးရကို အလုံးအရင်းနဲ့ ပြန်လည် တိုက်ခိုက်ဖို့ကြိုးစား
ခဲ့ပါတယ်။

တောင်သူလယ်သမားထုနဲ့ ကျေးလက်နေပြည်သူပြည်သားတွေကိုအောင်မြင်စွာ
စည်းရုံးနိုင်ခဲ့ပြီးနောက်အရေးတော်ပုံကြီး ပြုလုပ်ဖို့သဘောတူညီချက် ရခဲ့ပါတယ်။
အဲ့ဒီအခါမှာ အင်္ဂလိပ်အစိုးရဟာသာယာဝတီဘက်ကိုတပ်အင်အားဖြန့်ကျက်ပြီး
နိုင်နင်းစွာကိုင်တွယ်ဖို့ဗျူဟာ​တွေ ချမှတ်ခဲ့ပါတယ်။ 1930 ပြည့်နှစ်ဒီဇင်ဘာလ
22 ရက်နေ့မှာ တောင်သူလယ်သမားအရေးတော်ပုံကြီး စတင်ခဲ့ပြီး၊ တစ်တိုင်း
ပြည်လုံးက တောင်သူထုတစ်ရပ်လုံး ပါဝင်ခဲ့တဲ့ အရေးတော်ပုံဆိုရင်လည်း
မမှားပါဘူး။

အဲဒီအရေးတော်ပုံထဲမှာ ဆရာစံဟာ ဂဠုန်တပ်မကို ချီပြီး၊မိမိကိုယ်တိုင်က
“သုပဏ္ဏက ဂဠုန်ရာဇာ“ဘွဲ့ကို ခံယူခဲ့ပါတယ်။ နှစ်နှစ်ကျော်ကြာတဲ့အထိ
အရေးတော်ပုံဟာ ဦးမကျိုးခဲ့ဘဲ၊အင်္ဂလိပ်အစိုးရကလည်း တောင်သူတို့
တောင်းဆိုချက်ကို မျက်ကွက် ပြုမြဲပါ။ တောင်သူတွေကို အင်အားသုံး
နှိမ်နင်းပြီး၊ ခေါင်းဆောင်တွေကို မိရာနေရာမှာ ရက်ရက်စက်စက်
သတ်ပစ်ခဲ့ကြပါတယ်။

​နောက်ဆုံး ဆရာစံကိုယ်တိုင်လည်း အဖမ်းခံခဲ့ရပြီး၊ကွက်မျက်ခံခဲ့ရပါတယ်။
တောင်သူလယ်သမားအရေးတော်ပုံကြီးဟာ မြန်မာ့လွတ်လပ်ရေးရဲ့ အဦးဆုံး
တော်လှန်မှုကြီးဖြစ်ပြီး၊ မေ့ပစ်လို့ မရစကောင်းပါ။မြန်မာနိုင်ငံ လွတ်လပ်ရေး
ရရှိပြီးနောက် နှစ်စဉ် ဇန်နဝါရီလ (၁) ရက်နေ့ကို`တောင်သူလယ်သမားနေ့´
လို့ သတ်မှတ်ခဲ့ရာ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ လက်ထက်တိုင်
ရောက်ရှိခဲ့ပါတယ်။မြေရှင်စနစ် ဖျက်သိမ်းရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်
ရွက်ခဲ့ကြရာ တောင်သူလယ်သမားများနှင့် ပတ်သက်ပြီးဆောင်ရွက်ခဲ့တာတွေကတော့
( ၃၀- ၁၂- ၆၂ မှ ၁ - ၁ - ၆၃) ရက်နေ့အထိစစ်ကိုင်းမြို့နယ်၊ အုန်းတော
ကျေးရွာမှာ ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ကြပါတယ်။

(၃၀ - ၁- ၆၃)နေ့မှ (၁ - ၂ - ၆၃)ရက်နေ့အထိ ဟင်္သာတမြို့နယ်၊
ဒူးယားကျေးရွာမှာ ဒုတိယအကြိမ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးကို
ကျင်းပခဲ့ကြပါတယ်။(၂-၃ - ၆၄) နေ့မှ (၆ - ၃- ၆၄)ရက်နေ့အထိ
တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာတွင် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကို
ကျင်းပခဲ့တယ်။ထိုနှီးနှောဖလှယ်ပွဲတွင် လာမည့်နှစ်မှစပြီး မတ်လ (၂) ရက်နေ့ကို
တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ရန် အများသဘောတူ
ဆုံးဖြတ်ခဲ့ကြလို့ မတ်လ (၂) ရက်နေ့ရောက်တိုင်း တောင်သူလယ်သမားနေ့
ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုတွေ့ရှိ မှတ်သားရပါတယ်။

ဒါကြောင့်ယနေ့ကျရောက်လာတော့ "တောင်သူလယ်သမားနေ့" ကို
မြန်ာနိုင်ငံ အရပ်ရပ်ရှိတောင်သူလယ်သမားကြီးများနှင့် မြန်မာပြည်သူပြည်သား
များနှင့်အတူ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ် ခင်ဗျာ
တောင်သူလယ်သမားအရေးတော်ပုံကို
အခြေပြုပြီး၊နှောင်းခေတ်လူငယ်တွေမှာ မျိုးချစ်စိတ်ဓာတ်နဲ့ဇာတိသွေးဇာတိမာန်တွေ
မွေးဖွားပေးနိုင်ခဲ့ပါတယ်

Crd #

Photos from Seoul by King's post 13/02/2022

'' ထွန်းလှ, ငါ ဗိုက်ဆာလိုက်တာကွာ ''

'' ဟုတ်ကဲ့ ဗိုလ်ချုပ် ဘာစားချင်လို့လဲ ''

"ငါ ပလာတာ စားချင်တယ်ကွာ"

ဗိုလ်ထွန်းလှလည်း မဂိုလမ်း
(ရွှေဘုံသာလမ်း) ကိုခေါ်လာပြီး သူတို့ ကျောင်းသား ဘဝက စားနေကျ ပလာတာဆိုင်မှာ ပလာတာ မှာကျွေးတယ်။

ဗိုလ်ချုပ်က ဆိတ်သားခပတ်ပါ စားချင်တယ်လို့ ဗိုလ်ထွန်းလှ ကို တီးတိုးပြောလိုက်တယ်။

ဗိုလ်ထွန်းလှ ဆီမှာ ပိုက်ဆံလုံလုံလောက်လောက် မပါပေမဲ့
ပလာတာစားနေတဲ့ ဗိုလ်ချုပ်ကို ကြည့်ပြီး သနားလို့ ဆိုပြီး ဆိတ်သားခပတ်ပါ မှာပေးလိုက်တယ်။

ဗိုလ်ချုပ် စားနေတာကို ဗိုလ်ထွန်းလှ ထိုင်ကြည့်နေရင် ဗိုလ်ချုပ် စားမှာမဟုတ်ဘူးဆိုတာ သိတော့

ဗိုလ်ထွန်းလှ ဆိုင်ရှင် အပနား ဆီကို မယောင်မလည်သွားပြီး..

'' ဟိုမှာ ထိုင်နေတဲ့ သူ့ကို သိလား ''

'' အင်းသိတယ် ဒီနိုင်ငံ ဗိုလ်ချုပ်လေ ''

'' ဟုတ်ပြီ အဲ့ဒါဆို သူစားထားတာကို မနက်ဖြန်မှာ ကျုပ်လာရှင်းပေးမယ်သိလား ။ဗိုလ်ချုပ်မေးရင်တော့ ရှင်းပြီးပြီလို့ပြောနော် ။ အခု ပိုက်ဆံ လုံလုံလောက်လောက်မပါလာလို့... ''

'' ဟုတ်ကဲ့ ဟုတ်ကဲ့ ''

ဗိုလ်ချုပ် အားရပါးရ စားလို့အပြီးမှာ

'' ထွန်းလှ ပိုက်ဆံရှင်းလိုက်တော့ ''

'' ဟုတ်ကဲ့ ရှင်းပြီးပါပြီ ဗိုလ်ချုပ် ''

တိုင်းပြည်ခေါင်းဆောင်လုပ်ပြီး တပည့်လုပ်သူကို တိုးတိုးပြောတယ် ပလာတာကိုဆိတ်သားခပတ်လေးနဲ့ စားချင်တယ်တဲ့
ကျုပ်တို့ ဘယ်လိုရင်ဘတ်နဲ့ အငိုတိတ်ရမှာလဲ ဗိုလ်ချုပ်ရယ်

သမီးလေးအောင်ဆန်းစုကြည်ကို ခမည်းပေးဖို့ နတ်မောက်က အမေကြီးဆီ အမွေသွားတောင်းတာ
မရတဲ့အပြင် ငါသေမှလာဟဲ့....ဆိုပြီး..
အအော်အငေါက်ပါခံခဲရတဲ့....ငမွဲကြီးပေါ့

တိုင်းပြည်ရဲ့ နံပါတ် ၁ က.
အိမ်ပိုင်မရှိဘူး...
စစ်ဝတ်စုံ သုံးစုံပဲပိုင်တဲ့ လူကြီးပေါ့
လမ်းဘေးအကြော်တဲတွေ့ရင် ဟေ့ရောင် ထွန်းလှလာကွာ ဆိုပြီး ဝင်ဝင်စားတတ်တဲ့လူကြီးပေါ့....

လမ်းဘေးမှာ ပြည်သူတစ်ဦးစွတ်ကျယ်အစုတ်နဲ့ ခိုက်ခိုက်တုန် ချမ်းနေတာတွေတော့ အဲ့ဒါငါ့တာဝန် ငါနဲ့ဆိုင်တယ် ဆိုပြီး.
ဝတ်ထားတဲ့အနွေးထည်ကြီး ချွတ်ပေးခဲ့တဲ့လူကြီးပေါ့....

ဟုတ်တယ် ဒီလူကြီး....
ချစ်မဝတဲ့ ဒီလူကြီး
မေ့မရတဲ့ ဒီလူကြီး.....
ဒီလူကြီးကို သတိရတိုင်းဦးညွတ်နေရတာ...
အလေးပြုနေရတာ
ဒီလူကြီး ပြန်လာစေချင်တယ်....
ခဏပဲဖြစ်ဖြစ် မော်ဖူးချင်လို့ပါ ဗိုလ်ချုပ်ရယ်😢

"ဗိုလ်ထွန်းလှပြန်လည်ပြောပြခဲ့ဖူးသော မှတ်မှတ်ရရစကားများ"

feb13.2.2022
၁၀၇ နှစ်ပြည့် မွေးနေ့ ,Happybirthdayပါဗိုလ်ချုပ်ရေ

crd🙏

25/12/2021

" Merry Christmas "...🎄🎍🎁

ခရစ်ယာန်ဘာသာဝင်များအားလုံးနှင့်တကွသူငယ်ချင်းများ၊မိတ်ဆွေများ၊

မြန်မာနိုင်ငံသူနိုင်ငံသားများ၊ကမ္ဘာပေါ်မှာမှီတင်းနေထိုင်ကြသောလူသားများအားလုံးကျန်းမာချမ်းသာကြပါစေ၊ရောဂါဘေးမှကင်းဝေးကြပါစေ၊မငြိမ်းချမ်းသောကျွန်​တော်တို့ပြည်သူပြည်သားတွေအားလုံးလည်းငြိမ်းချမ်းကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်...🙏

#အယောက်ချင်းဆီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေ....🙏🙏

Photos from Seoul by King's post 20/10/2021

ဝါတွင်းကင်းလွတ် သီတင်းကျွတ် အခါသမယမှာ မိတ်ဟောင်းဆွေဟောင်း မိတ်သစ်ဆွေသစ် များအားလုံး စ်တ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာနှင့်ပြည့်စုံ၍ ရောဂါဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ Seoul by king မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပရစေ

Want your business to be the top-listed Beauty Salon in Tamwe?
Click here to claim your Sponsored Listing.

Website

Address


Tamwe

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00