May Myanmar - Online Shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Myanmar - Online Shop, Beauty, cosmetic & personal care, Tatkon.
" ပျားရည် "
အသုံးဝင်ပုံများနှင့်ပျားရည်စစ်မစစ်စမ်းသပ်နည်း
(၁) အသားအရေကို နူးညံ့ ချောမွတ်လှပစေခြင်း
(၂) ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေခြင်း
(၃) အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း
(၄) ဝက်ခြံများ ပျောက်ကင်းစေနိုင်ခြင်း
(၅) ဗောက်သေစေခြင်း
(၆) ဆံပင်ပြန်ပေါက်စေခြင်း
(၇) အစားအစာများတွင် ပျားရည်ထည့်၍
ချက်ပြုတ်နိုင်ခြင်း
(၈) ထိခိုက် ဒဏ်ရာများကို အနာကျက်မြန်စေခြင်း
(၉) အမာရွတ်များကို လျော့ပါး ပျောက်ကွယ်စေခြင်း
(၁၀) အပူလောင်ခြင်းအတွက်
အမြန်ဆုံးသက်သာစေခြင်း
(၁၁) ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းမှ
ကာကွယ်ပေးခြင်း
(၁၂) ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေခြင်း
(၁၃) စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
(၁၄) အရက်မူး ပြယ်စေခြင်း
မည်သူမဆို ပျားရည်ကို တစ်နေ့တစ်ဇွန်း စားသုံးပါက အထက်ပါ အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။
" ပျားရည်အသုံးပြုပုံများ "
ညအိပ်ယာမဝင်ခင် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။
ဝက်ခြံပျောက်ကင်းလိုပါက ၀က်ခြံနှင့် ပတ်ပတ်လည် အရေပြားပေါ်သို့ ပျားရည်သုတ်လိမ်းပါ ။ မိနစ် ၃၀ ခန့် ထားပြီးနောက် ရေနွေးနွေး နှင့် မျက်နှာသစ်ပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပြုလုပ်ပါ။
နှုတ်ခမ်းကွဲခြင်းများအတွက် ပျားရည်နှင့် နှုတ်ခမ်းကို မကြာခဏ သုတ်လိမ်းပေးပါ ။
အသားအရည် ချောမွတ်စေရန် ပျားရည် နှင့် ခြေလက်၊ မျက်နှာ၊ လည်ပင်း အစရှိသည့် ချောမွတ်လိုသောနေရာများကို သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ ။ ပြီးမှရေချိုးပစ်ပါ။
အပူလောင်ဒဏ်ရာများအတွက် ဂွမ်း(သို့) ပတ်တီးကို ပျားရည်စွတ်ပြီး ဒဏ်ရာပေါ် အုပ်ပါ။ အနာမကျက်မခြင်း တစ်နေ့ ၃ ကြိမ်ခန့် လဲလှယ်သင့်ပါတယ်။
မနက်အိပ်ယာအထတွင် ပျားရည် တစ်ဇွန်းသောက်သုံးပါက အူလမ်းကြောင်းတစ်လျှောက် ပိုးမွှားများသေစေပြီး အူနံရံရွိ အကျိအချွဲများကို ရှင်းလင်းပေးနိုင်ပါတယ်။
အရက်မူးနေပါက ပျားရည်ကို အမူးပြယ်ဆေးအဖြစ် သုံးစွဲနိုင်ပါသည်။
ပင်ပန်းနွမ်းနယ်နေပါက ပျားရည် နှင့် သံပုရာရည်ကို ရောစပ်သောက်သုံးပါက နှလုံးငြိမ်စေပြီး အမောပြေစေပါတယ်။
အစားမှားခြင်းအတွက် ရေနွေးထဲသို့ ပျားရည်ဇွန်းဝက်ခန့် ထည့်၍ သောက်သုံးပါက အစာအဆိပ်ပြေစေပါတယ်။
လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်း၊ အအေးမိခြင်းများအတွက် ရေနွေးတစ်ခွက်ထဲသို့ ပျားရည်နှင့် သံပုရာရည် ရောစပ်ပြီးသောက်သုံးနိုင်ပါတယ်။
"ပျားရည်စစ်မစစ် စစ်ဆေးနည်းများ "
၁ ။ ပျားရည်ထဲတွင် ဝါဂွမ်းကို စိမ်၍ မီးရှို့ ကြည့်ပါက ပျားရည်စစ်လျှင် မီးစွဲလောင်သည်။
၂ ။ စက္ကူ ပေါ်တွင် ပျားရည်စက် ခ်ပါက ပျံ့မသွားလျှင် ပျားရည် စစ်သည်။
၃ ။ ပျားရည်အစစ်တွင် သဘာဝ ပိုးသတ်ဓာတ်ပါဝင်သည့်အတွက် ပုရွက်ဆိပ်မတက်ပါ။
( ဖိတ်စင်ခြင်းဖြစ်ပါက ပြင်ပလေထဲတွင် ပါဝင်သည့် စိုထိုင်းဓာတ်ကြောင့် ပုရွက်ဆိပ် တက်တတ်ပါသည်။ လေလုံအောင် ထားပါရန်)
၄ ။ ရေထဲထည့်လိုက်ပါက ပျားရည်က အစက်အလုံးလေးအတိုင်းကျသွားမယ်။
၅ ။ ပျားရည်စစ်၊ မစစ္ကို ခွေးကျွေး ကြည့်ပါက ပျားရည်စစ်လျှင် ခွေးလုံးဝ မစားပါ။
၆ ။ ပျားကောင်ကို ပျားရည်ထဲတွင် နှစ်ကြည့်က ပ်ားမွာ ကူးခတ်ပြီးပျံသန်းနိုင်သည်။ ပျားရည် မစစ်ပါက ပျားကောင်နစ်၍ သေပါသည်။
ပျားရည်ကို အိမ်တိုင်းတွင် ဆောင်ထားသင့်ပါသည်။
ပျားရည်၏ အကျိုးကျေးဇူးများ
ရောဂါပျောက်ကင်းစေသောအစွမ်းသတ္တိများနှင့် သဘာဝ၏ကောင်းခြင်းများကြွယ်ဝစွာပါဝင်သည့် ပျားရည်ကို အသားအရေစောင့်ရှောက်ရန်မှသည် အနာပျောက်ကင်းစေရန်အထိ အလုံးစုံကျန်းမာရေးအတွက်အသုံးပြုလေ့ရှိကြသည်။ ပျားရည်၏ကျန်းမာရေးအကျိုးကျေးဇူးများကိုဖော်ပြပေးလိုက်ပါသည်။
ပျားရည်တွင် အသားအရေကိုစိုပြည်သန့်ရှင်းစေသည့် ဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်သဖြင့် အသားအေရကို စိုပြည်နူးညံ့ပျော့ပျောင်းစေသည်။ အရေပြားပေါ်မှ ဆဲလ်အေသမ်ား ဖယ်ရှားပေးနိုင်ပြီး အသားအရေတွန့်ခြင်းကို ကာကွယ်နိုင်သည်။
ပျားရည်တွင်ပါဝင်သည့် ပိုးမွှားများ ကာကွယ်ပေးသောဓာတ်များက ဘက္တီးရီးယားမ်ား ပေါက်ဖွားမှုကို ကာကွယ်ပေးနိုင်သောကြောင့် ဒဏ်ရာများ၊ ပြတ်ရှရာများ၊ မီးလောင်ဒဏ်ရာများ၊ ပွန်းပဲ့ရာများကို ကုသရာတွင်သုံးနိုင်သည်။
ပျားရည်က ဒဏ်ရာများကို သန့်ရှင်းစေနိုင်ပြီး အနံ့ဆိုးများကင်းစင်စေကာ ပြည်များကိုရှင်းထုတ်ပေးနိုင်ပြီး ဒဏ်ရာအမြန်ပျောက်ကင်းစေနိုင်သည်။
ပျားရည်ကို ပျက်စီးသွားသောအရေပြားအတွက်သုံးပြီး ဆဲလ် အသစ်များပြန်လည်ရှင်သန်လာစေရန်သုံးသည်။ အရေပြားရောဂါ အချို့အတွက်လည်းသုံးနိုင်သည်။
ထို့ပြင် သဲဝဲစားခြင်းအတွက်လည်းပျားရည်ကိုသုံးနိုင်သည်။ပျားရည်တွင် သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုများကိုကာကွယ်နိုင်သည်။
နေရောင်ခြည်နှင့် ထိတွေ့မှုများလွန်းပါက အသားအရေပျက်စီးပြီး အရွယ်မတိုင်မီ အိုမင်းနိုင်သောကြောင့် ပျားရည်ကို နေပူခံလိမ်းဆေးအဖြစ် အသုံးပြုနိုင်သည်။
ပျားရည်သည် အရေပြား၏အပေါ်ဆုံးအလွှာကို နက်ရှိုင်းစွာထိုး ဖောက်ဝင်ရောက်နိုင်ပြီး မသန့်ရှင်းသောအရာများကို ဖယ်ရှားပစ်နိုင် သဖြင့် ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်ကာ ဝက်ခြံပြဿနာကို တားဆီးနိုင်သည်။
နှုတ်ခမ်းကွဲပြီး အရေခွံလန်နေပါက ပျားရည်လိမ်းပေးခြင်းဖြင့် နူးညံ့့စိုပြည်သွားနိုင်သည်။ ပျားရည်တွင် သကြားနှင့်တူသော ဂလူးကို့စ် ဓာတ်နှင့် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ ဆိုဒီယမ်ကလိုရင်း၊ ဆာလ္ဖာ၊ သံဓာတ်၊ ဖော့စဖရိတ်တို့ ပါဝင်သည်။
ပျားရည်က နံနက်ပိုင်းမအီမသာဖြစ်မှုကို သက်သာစေသည်။ပျားရည်ကို ပုံမှန်သောက်ပေးပါက ကယ်လဆီယမ်စုပ်ယူမှုအားကောင်းစေပြီး သွေးအားနည်းခြင်းကို ကာကွယ်နိုင်မည်။ သွေးနီဥအရေအတွက်ကိုတိုးပွားခြင်းဖြစ်စေနိုင်သည်။
ပျားရည်က မကောင်းသောကိုလက်စထရောများကို လျော့ပါးစေပြီး ကောင်းသောကိုလက်စထရောများကို တိုးပွားစေသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက်လည်း ပျားရည်ကိုအသုံးပြုကြသည်။ ထို့ပြင် ပျားရည်က ကိုယ္ခံအားစနစ္ကို အားကောင်းစေပြီး အဝလွန်ခြင်းကို ထိန်းချုပ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ အထောက်အကူပြုနိုင်သည်။
29/06/2022
🔴 နား ဆီထည့်တဲ့ နေ့
တစ်လကိုတစ်ကြိမ်နားထဲကိုသံလွင်ဆီ
အပြည့်ထည့်ပေးပါတယ်။
ပြီးတော့မှဂွမ်းတုတ်လေးနဲ့ကျပ်ပြီး
သန့်ရှင်းရေးလုပ်ပေးရပါတယ်။
နား ကရေကြောက်တယ်၊
ဆီကြိုက်တယ်။
ဒါဆိုနားနဲ့ပတ်သက်ပြီးဘာရောဂါမှမဖြစ်တော့ပါ။နှစ်တစ်ရာတိုင်လည်း
နားကနုပျိုဆဲပါတဲ့။
ရှေးရှေးတုန်းကဆိုရိုးစကားတစ်ခုရှိတယ်။ မျက်စိမှာရည်၊
နားမှာဆီ၊
ဒန္တီမှာဆား၊
ဝမ်းမှာခါး တဲ့။
မျက်စိ ကိုသန့်ရှင်းသောရေနဲ့နေ့စဥ်သန့်ရှင်းရေးလုပ်သွားရင်အသက်တစ်ရာတိုင်အပ်ပေါက်ထိုးလို့ရတယ်၊
နားကိုဆီနဲ့ကျပ်ပေးရင်အသက်တစ်ရာတိုင်နား ကောင်းတယ်၊
ခံတွင်းကိုဆားနဲ့သန့်ရှင်းရင်အသက်တစ်ရာတိုင် သွား ကောင်းတယ်၊
အခါး စားပေးရင်ဝမ်းဗိုက်ထဲက
ကလီစာတွေ အသက်တစ်ရာတိုင်ကောင်းတယ်တဲ့။
ဒီနေ့တော့
နားထဲဆီထည့်တဲ့အကြောင်းပဲပြောမယ်။နားပေါက်ကမျက်လုံးတွေနှာခေါင်းတွေ
အာခေါင်တွေနဲ့ဆက်စပ်နေပါတယ်။
နား ထဲဆီဖြည့်လိုက်တာနဲ့မျက်လုံးထဲမှာအေးကနဲခံစားလိုက်ရတယ်။ဒါဟာမျက်လုံးကိုအထောက်အကူပြုတယ်ဆိုတာသက်သေပဲ။
နားထဲကိုဖုံတွေမှိုတွေပိုးမွှားတွေဝင်ပြီးနဖာချေးဖြစ်နေတတ်တယ်။
နဖာချေးမှာမှိုထပ်တက်ရင်လည်ချောင်း
ယားပြီးချောင်းဆိုးရောဂါဖြစ်လာရော။
အဲဒီကနေအသက်ရှူလေပြွန်ရောက်သွားရင်လေပြွန်တွေရောင်ပြီးရင်ကျပ်လာရော။
အဲဒီကနေအဆုတ်ကိုဆက်ဆင်းရင်အဆုတ်ရောဂါဖြစ်လာရော။
ပိုးတွေပါလာရင်နှလုံးအထိရောက်သွားပြီးလေးဘက်နာနှလုံးရောဂါဖြစ်ပြီး
အသက်အန္တရာယ်အထိရောက်သွားတတ်တယ်။🔴ပေါ့သေးသေးမထင်လိုက်လေနဲ့။
ဆိုတော့ကျနော်တို့ဟာကိုယ့်နားကိုအမြဲတန်းသန့်ရှင်းပေးဖို့လိုပါတယ်။နားထဲကိုဆီထည့်ပေးလိုက်တဲ့အခါမှာနားထဲမှာရှိနေတဲ့အညစ်အကျေးတွေမွလာပါတယ်။အဲဒီတော့မှဂွမ်းတုတ်လေးနဲ့ကျပ်ကျပ်ပေးပြီးအညစ်အကျေးတွေနဖာချေးတွေသန့်ရှင်းသွားမှာဖြစ်ပါတယ်။
နားအတွင်းမှာဆီလေးအမြဲစိုနေရမယ်။
နားခြောက်တဲ့လူတွေဆိုရင်အဟုမ်းအဟုမ်းနဲ့ချောင်းခြောက်တွေဆိုးနေတတ်တာ
တွေ့ရလိမ့်မယ်။
အသက်ကြီးသူတွေဆိုရင်ချောင်းခြောက်ဆိုးရင်အရမ်းမောပြီးပင်ပန်းနေတတ်တယ်။ဘာဆေးသောက်သောက်ပျောက်တယ်လို့ကိုမရှိဘူး။နားထဲကိုဆီထည့်ပေးလိုက်တော့အဆင်ပြေသွားပါတယ်။
အချို့လူတွေခေါင်းခြာခြာလည်အောင်မူးတယ်၊အကြောင်းရင်ကနားရေချိန်မညီတာ၊
ဆီထည့်ပေးလ်ုက်တော့ပြန်ကောင်းသွားရော။
ဝေဒနာတစ်ခုဖြစ်လာရင်
ဖြစ်တဲ့အကြောင်းရင်းကိုရှာသတ်မှ
အဲဒီဝေဒနာကပျောက်မှာဖြစ်တယ်။
အကျိုးကိုကုနေရင်ပင်ပန်းရုံပဲရှိမယ်။အကြောင်းရင်းကိုရှာကုမှသဘာဝကျတာဖြစ်တယ်။
နားထဲကိုဆီထည့်ဖို့အကောင်းဆုံးဆီက
သံလွင်ဆီဖြစ်ပါတယ်။သံလွင်ဆီခက်ခဲရင်အခြားဆီထည့်လို့ရပါတယ်။
ရှေးတုန်းကမြန်မာတွေကတော့အုန်းပျိုဆီ၊နှမ်းဆီတွေတစ်လတစ်ခါထည့်ကြတယ်။
နား မှာ ဆီဆိုတဲ့အတိုင်းနားတွေ
ကောင်းကြတယ်။
ချစ်ခင်လေးစားလျှက်.......
@ မင်းကျော်ဝင်း
05/06/2022
မာတာကွတ်(Monther Quart)
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯
ဒီသကြားသီးဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြားသီးမဟုတ်ပါဘူး။ အလေ့ကျပေါက်ပင်လိုမျိုးတွေ မိမိပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ အသီးနီနီလေးတွေသီးတဲ့ သကြားပင်ရဲ့ အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ အခုတစ်ခေါက် ဒီအသီးလေးတွေက ဘယ်လိုဆေးဖက်ဝင်လဲ ဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။
သကြားသီးနီနီလေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး
✳✳✳✳✳✳✳✳✳✳✳✳✳✳✳
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။
သကြားသီးက ခန္ဓာကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ် တဲ့ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။
ရောင်ရမ်းမှုကို သက်သာစေတယ်
❇❇❇❇❇❇❇❇❇❇❇
သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝအရောင်ကျဆေးတစ်မျိုးလို့လည်းဆိုလို့ရပါတယ်။ သကြားသီးက အရောင်ကျဆေးတွေနီးပါး ထိရောက်မှုရှိ ပါတယ်။ အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။
ဂေါက်ရောဂါကို သက်သာစေနိုင်ပါတယ်
❇❇❇❇❇❇❇❇❇❇❇❇❇❇
ဂေါက်ရောဂါဆိုတာက အဆစ်တွေရောင်ရမ်းပြီး နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ အဆစ်ထဲကနေ တဆစ်ဆစ်နာပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။
ဂေါက်ရောဂါက အမျိုးသားတွေမှာ အဖြစ်များပြီး အဆစ်တွေ၊အရွတ်တွေနဲ့ အခြားတစ်ရှုးတွေကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။
ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုကောင်းစေနိုင်တယ်
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇
ဖလေဗာနွိုက်ကြွယ်ဝတဲ့အစားအစာတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်မှုတွေကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်ကို ကောင်းမွန်စေပြီး လူကြီးတွေမှာဖြစ်တတ်တဲ့ အသက်အရွယ်ရလာလို့မေ့တတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။
ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳
သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ တော်တေ်ာလေးအသုံးဝင်ပါ တယ်။ အသီးတင်မကဘဲ သကြာသီးပင်ရဲ့ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိ်နေတာပါ။ ရင်သားကင်ဆာကလွဲလို့ အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာ သကြားသီးက အထောက်အကူပြုပေးပါတယ်။
ယူရစ်အက်ဆစ်ကို လျှော့ချပေးတယ်
✳✳✳✳✳✳✳✳✳✳✳✳✳
သကြားသီးမှာ ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေပိုလျှံနေတာမျိုးမဖြစ်အောင် ကာကွယ်ရာမှာ အထောက်အကူပြုပေးတဲ့ Anthrosyanin လို့သိကြတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကိုကျဆင်းစေနိုင် ပါတယ်။
ကင်ဆာကျိတ်ကို လျော့ပါးစေတယ်
✳✳✳✳✳✳✳✳✳✳✳✳
သကြားသီးမှာပါတဲ့ ဖလေဗာနွိုက်က ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ သကြားသီးရဲ့ အရွက်နဲ့ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့ အာနိသင်ရှိ်တာပါ။
အစာအိမ်ဝေဒနာကို သက်သာစေနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳✳✳✳
သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းက အစာအိမ်ထဲမှာ လေထတာကိုသက်သာစေနိုင်ပါတယ်။ သကြားသီးက လေသက်စေနိုင်သလို၊ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။
ဆီးချိုသက်သာစေတယ်
✳✳✳✳✳✳✳✳✳
သကြားသီးက ချိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေ နဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်မှာဖြစ်ပါတယ်။
ရာသီလာစဉ်ကိုက်ခဲတာကို သက်သာစေနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳
သကြားသီးရော သကြားသီးပင်ရဲ့ အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။
အမျှင်ဓာတ်ရရှိစေနိုင်တယ်
✳✳✳✳✳✳✳✳✳
သကြားသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ သကြားသီးက သွေးတွင်းအဆီနဲ့ကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။
အစာအိမ်အနာကို သက်သာစေနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳✳✳✳
အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီးစားသုံးပေးသင့်ပါတယ်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင် တာကြောင့် အစာအိမ်ထဲက အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေတယ်
✳✳✳✳✳✳✳✳✳✳✳
သကြားသီးမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။
သကြားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် အအေးမိ၊ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
✳✳✳✳✳✳✳✳✳
သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက
နှလုံးကျန်းမာစေနိုင်တယ်။
သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာ ဝေဒနာတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ခေါင်းကိုက်သက်သာစေတယ်
✳✳✳✳✳✳✳✳✳✳✳
သကြားသီးရောအရွက်ကပါ အအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကိုစားပေးတာဖြစ်ဖြစ် အရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်ခင်ဗျား....
Crd
👤👤 #အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုး
နေကောင်းလားမေးရင်နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင် အူကြောင်ကြောင်ဖြစ်ရပါတယ်။နေမကောင်းဖြစ်တာလည်းမဟုတ်၊ ဆရာဝန်သွားပြရင်တောင်ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။
လူ့ခန္ဓါကိုယ်ရဲ့အာရုံကြောစနစ်ဟာ တကိုယ်လုံးကိုဖြန့်ကြက်ထားတာမို့ အရမ်းကိုအရေးပါပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှုကြီးမားတာမို့ အာရုံကြောစနစ်ကျန်းမာနေဖို့ လိုပါတယ်။
အာရုံကြောအားနည်းနေပြီဆို လူက တကယ်ကိုပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေထိခိုက်ပါလိမ့်မယ်။
#အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ....??
#ထုံကျဉ်တာ
ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။Crohn’sရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
#ပိုချမ်းတတ်တာ
အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။
ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ
စိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။
#အားနည်းတာ
လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။
#နှလုံးခုန်မြန်တာ
နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။
#ပါးစပ်အနာ
သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေဖြစ်လာတယ်ဆိုရင်B12 အားနည်းတာ၊သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။
#ဗိုက်ပြဿနာ
ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် အာရုံကြောအားဆေး များကို သမားတော်ညွှန်ကြားချက်အတိုင်း မှီဝွဲသုံးစွဲသင့်ပါသည်။
စေတနာဖြင့်..
ကျန်းမာကြပါစေရှင်
12/05/2022
💞 သွေးတိုးအတွက် သံပုရာသီးရေနွေးစိမ်💞
=================================
အခွံစိမ်းစိမ်းသံပုရာသီးတစ်လုံးကို လေးစိပ်စိပ်ပြီး ကြွေပုဂံတခုထဲတွင်ရေနွေးဖြူလောင်း
ထည့်ပါ ( ကြွေခွက်ကိုသာသုံးရမည်) ( အခွံဝါသည့်အသီးကိုမသုံးရ)။
💚 လတ်ဆတ်သော အစိမ်းရောင်အခွံ သံပုရာသီးကို သာသုံးပါ အခွံကထွက်လာတဲ့ အဆီတွေက
သွေးပေါင်ကိုထိန်းနိုင်စေပြီး အဝလွန်အဆီပိုတွေကို ကောင်းကျိုးပြုပါတယ်
💚 သံပုရာသီးတစ်နေ့တစ်လုံးပုံမှန်သောက်ပေးရင် သုံးလဆိုရင်ခါးနဲ့ဝမ်းဗိုက်မှအဆီများကျ
ပြီး ကိုယ်ရည်စစ်သွားပါတယ်။
💚 သံပုရာသီးရေနွေးစိမ်သောက်ပေးခြင်းဖြင့်...
ခန္ဓာကိုယ်ကိုရေဓာတ်အဖြစ်ပံ့ပိုးပေးသည်။
ရင်ပူခြင်းကို သက်သာစေပါတယ်။
💚 ကြွက်သားနဲ့ အရိုးအဆစ်များ နာကျင်မူကိုသက်သာစေသည်။
ကိုယ်တွင်း ကိုယ်ပ ရောင်ရမ်းနာများကို ကောင်းကျိုးပြုပါတယ်။
💚 အင်ဇိုင်းပမာဏ တိုးပွားလာစေပါတယ်။
သွေးတိုးရောဂါသည်များကို ကောင်းကျိုးပြုစေပါတယ်။
ကိုယ်အလေးချိန်ကိုထိန်းညှိပေးပါတယ်။
💚 ကယ်လ်စီယမ်အနည်များကို ပျော်ဝင်စေနိုင်တာကြောင့်..
ကျောက်ကပ်ကျောက်တည်ခြင်း ,သည်းခြေကျောက်တည်ခြင်း.,မုံချိုအိတ်(ပန်ကရိယ) ကျောက်တည်ခြင်း စတာတွေမဖြစ်စေတော့ပါ။
💚 အရိုးအဆစ်အမြစ်များကို ဒုက္ခပေးတဲ့ ယူရင်းအက်ဆစ်ဓာတ်ပမာဏကိုကျစေပါတယ်။
အရိုးနုများ အရိုးနဲ့တစ်သျူးတွေကို ကျမ်းမာစေပါတယ်။
💚 အရေပြားပေါ်ရှိ အမာရွတ် အမည်းကွက် စသည်အပြစ်အနာအဆာများကို လျော့ပါးစေ
ပါတယ်။
🧡 ဆေးသောက်နည်း...🧡.................................
၁ ) နံနက်စာ စားပြီးချိန်မှ စသောက်ပါ
၂) လတ်ဆတ်တဲ့ အစိမ်းရောင်အခွံ သံပုရာသီးတစ်လုံးကိုသာသုံးပါ
ထိုအစိမ်းရောင်အသီးက ပထမဆုံးရေနွေးခွက်မှာသာ အရသာချဉ်သော်လည်း ဒုတိယ-
တတိယခွက်တွေမှာတော့ အရသာမချဉ်တော့ပါ- ။
၃ ) အခွံအဝါရောင်ကို မသုံးပါနဲ့
အခွံအဝါက ရေနွေးပူနဲ့ထိတွေ့ပြီး ချွဲထွက်ခါးသက်ပါတယ်။
၄ ) အစိမ်းရောင်သံပုရာသီးကို...
အထဲက အရည်လိုက်လာစေရန်နဲ့ အခွံမှအဆီထွက်လာစေရန်အတွက် ဦးစွာ စားပွဲ
သန့်သန့်( သို့ ) စဉ့်နီတုံးသန့်သန့်ပေါ်တင်၍ လက်ဖြင့် ၂ ပတ် ၃ပတ် အသာအယာ
လှိမ့် ပြီးလျင် သံပုရာသီးကို ၄ စိပ် စိပ်ပါ
၅ ) ရေနွေးဖြူ ပူပူ ထည့်ထားတဲ့ ကြွေပုဂံလုံးထဲသို့ ထိုသံပုရာသီး ၄ စိပ်ကို လက်ဖြစ်
အရည်ထွက်အောင်ညှစ်၍ သံပုရာရည် , သံပုရာစေ့ ,သံပုရာခွံ အားလုံးကိုဖန်ခွက်ထဲ
ထည့်သောက်ပေးပါ
၆ ) ရေနွေးကုန်သွားတဲ့အခါ ထိုသံပုရာခွက်ထဲသို့ ရေနွေးပူပူ ထပ်ဖြည့်ပြီးသောက်ပါ
ရေဆာတိုင်း ရေနွေးပူပူဖြည့်၍ သောက်ပေးပါ။
၇ ) သံပုရာစေ့များကို ဝါးစာမျိုချနိုင်ပါတယ်
(သွေးတိုးရောဂါရှိသူများအတွက် သံပုရာစေ့က လွန်စွာဆေဖက်ဝင်ပါတယ်)
ခန္ဓာကိုယ်မှ အနံ့ဆိုးများပျောက်အောင် သံပုရာသီးကိုအသုံး ပြုပါ
⛔ မှတ်ချက်...⛔.........................
အစာအိမ် ရောဂါရှိသူများ/ အစာအိမ်
အက်ဆစ်အထွက်များသူများ/ သွေးပေါင်ကျ
တတ်သူများ နှင့် သံပုရာသီးရေနွေးစိမ်ကို သောက်ပြီးနောက် ဗိုက်အောင့်လာသူများ မသောက်သင့်ပါ။
တစ်နေကုန် သံပုရာသီးစိမ်ရည် သောက်ထားသောကြောင့် ညအိပ်ခါနီးနဲ့ နံနက်အိပ်ရာ
သွားတိုက်ခါနီး ရေများများနဲ့ ပလုပ်နာနာကျင်းပေးပါ။ ပြီးမှသွားတိုက်ပါ။
ဆောင်းပါးရှင် ပေါက်ပေါက်
21/04/2022
ဝါးဖျာ
6ပေ6ပေခွဲ
တချပ် ။ 23500
အပေါ်မှာပြထားတဲ့အတိုင်းနှစ်ခေါက်ခေါက်လို့ရတယ်နော်
21/04/2022
ဒူးကပ် Plaster ရောက်ပါတယ်ရှင့်
(၁ဗူး၁၂ခုပါစျေးပါရှင့်)
Price 2500
ဒီဒူးကပ် plaster လေးက ဒူးအတွက်တင်မဟုတ်ဘဲနဲ့ ပခုံး၊ ဂုတ်၊ ခါး၊ တံတောင်ဆစ် စတဲ့နေရာတွေမှာလည်းကပ်လို့ရတယ်နော်
ကွန်ပြူတာရှေ့အလုပ်လုပ်ရတဲ့သူတွေ၊ ညောင်းညာ ကိုက်ခဲတတ်တဲ့ လူကြီးတွေအတွက်
အရမ်အဆင်ပြေပါတယ်ရှင့်
21/04/2022
ပါတ်လည်ပန်းအိုးတင်စင်လေးပါ
လက်လီဈေး 16500
ပန်းအိုးတွေမပါပါဘူးနော်❌❌❌
နောက်ဆုံးမှာ Size အတိုင်းလေးပါပါတယ်
ဧည့်ခန်းလေးတွေမှာ indoor plants လေးတွေထားဖို့
ဝရန်တာလေးတွေမှာ Mini ပန်းခြံလေးတွေဖန်တီးဖို့
အရမ်းအဆင်ပြေတဲ့စင်ကလေးပါ
မာမာတောင့်တောင့်လေးမို့ ဝိတ်ခံနိုင်ပါတယ်ရှင်
21/04/2022
ဝါးဖျာ တယောက်အိပ်
တချပ်. 13500
21/04/2022
ပိုက်ပုခတ်
တခု 6000
21/04/2022
ဇာဝိုင်းထမင်းအုပ်ဆောင်း
တခု။ 7500
အဆင်မရွေးရ
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Tatkon