3 STAR Skincare & Cosmetics
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 3 STAR Skincare & Cosmetics, Health/Beauty, Bo Gyoke Street, Mya Wati ward, Tatkon.
09/02/2026
🤗မင့်ဆီ အထုပ်ကြီး Instock ရပြီနော်🥰
Body Scrubကို မပျင်းဘဲသေချာတိုက်ပြီး ဘူးကုန်တဲ့အထိသုံးတဲ့အထဲမှာ The Mix By Su ရဲ့ Baking Soda ပါတယ်
Textureရော အနံ့ရော တော်တော်လေးသဘောကျလို့သုံးဖြစ်သွားတာ...
Texture ကအရမ်းမကြမ်းဘူး တိုက်လို့ကောင်းတယ် ပြီးရင် အရည်ပျော်သွားတာလည်းမြန်တယ်
ဂျီးပြောင်သလို အသားအရည် နေလောင်ထားလို့ အဓိကလက်မောင်းနေရာမှာဆို အသားမညီတာအမြဲဖြစ်တယ် အဲ့တာသိသိသာသာ အရောင်ပြန်ညီလာတယ်
ခန္ဓာကိုယ်ကအမဲစက်၊အမာရွတ် သက်သာချင်ရင်လည်းသုံးပေးလို့ရတယ်
ကိုယ်တော့ လည်ပင်း၊လက်မောင်း၊ဂျိုင်း၊ဒူးခေါင်း၊ခြေဖမိုး၊ခြေထောက် အဲ့နေရာတွေမှာအဓိကသုံးပေးဖြစ်တယ်
၂ရက်ခြား ဒါမှမဟုတ် ၃ရက်ခြား သုံးပေးဖြစ်တယ်
ကိုယ်ကတော့ ရေအရင်လောင်း ပြီးရင် စိုနေတဲ့အသားပေါ်မှာ သေချာလေးပွတ်တိုက်ပေးပြီး ခဏလေးစောင့်ပြီးမှ ရေထပ်လောင်းပြီး ဆပ်ပြာတိုက်လိုက်ပါတယ်
Scrub တိုက်တဲ့နေ့ဆို body lotion/body oil သေချာလေးလူးပေးပါ
ရှောင်ရန်အတွက် - scrub တိုက်ပြီးရင် ရေပူနဲ့ချိုးတာမျိုး ၊ scrub တိုက်ပြီးပြီးချင်းအသားအရည်က sun-sensitive ပိုဖြစ်တဲ့အတွက် အပြင်တန်းထွက်မှာဆိုရင် နေလောင်ကာ sunscreen သေချာလေးလူးပြီးမှအပြင်ထွက်ပေးပါ shaving လုပ်ခြင်းကိုလည်း 24 hrs ရှောင်ပေးသင့်ပါတယ် အလွန်အကျွံအသုံးပြုတာကိုလည်းရှောင်ပေးပါ တပတ်မှာ အများဆုံး ၂ကြိမ် -၃ကြိမ်လောက်သုံးပေးရင် လုံလောက်ပါတယ် နေ့တိုင်းသုံးမယ်ဆို အသားပိုခြောက်တာ အသားအရည် sensitive ဖြစ်တာမျိုးကြုံတွေ့ရနိုင်ပါတယ်ရှင်
အရင်လည်း ဒါလေးက review ရေးဖူးတယ် အခုအသစ်ဖောက်တော့ သတိရလို့ထပ်ရေးပေးလိုက်တာ ကိုယ်နဲ့အဆင်ပြေပြီး စျေးလေးလည်းသင့်လို့လေ...💕
09/02/2026
အရမ်းနမည်ကြီးနေတဲ့ ပန်းရောင်လေး
မသုံးဖူးရင် ခေတ်နောက်ကျနေမယ်နော်🥰🤗
Hair Careနဲ့ပတ်သတ်ပြီး Drug Store Brandတွေထဲမှာ L'OREAL PARIS ကထုတ်တဲ့ Hair Careလေးတွေက Price to performance တအားဖြစ်တာနော်။အနံ့က Luxury ဆန်တာနဲ့တင် သဘောကျနေပြီ။"ခေတ်" ရှေ့(၁)ပတ်ကျော်ကလည်း Hyaluron Pure Shampoo လေးကိုတော်တော်သဘောကျလို့ Review လေးရေးပေးထားဖူးတယ်။ခုလည်း သူ့က နောက်ဆုံးထွက်ထားတဲ့ Glycolic Gloss လေးကို သဘောကျလို့ ထပ်Tryကြည့်တာ သဘောထပ်ကျမိပြန်ရော။
ဒါနဲ့ ခေါင်းလျှော်ထားတဲ့နေ့ဆို " အိမ်ကအမြဲမေးတာ နင့်ဆံပင်ကဘာတွေလုပ်ထားတာလဲ ပြောင်လတ်နေတာဘဲ"ဆိုပြီး အဲ့လိုကို လျှော်တိုင်းမေးခံနေရတာ။ကိုယ့်ရဲ့ ပြောင်းလဲမှုကိုသတိထားမိပြီး မေးခွန်းထုတ်ခံရရင် သိပ်သဘောကျတာဘဲ။ပြောင်လတ်ဆိုသူ့မှာ3% Glycolic Acid Complexက Main Ingredientအနေနဲ့ပါလို့ ဆံသားအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုဖြည့်ပေးလို့ ဆံသားကိုသုံးဆ ပိုပြီးကောင်းလာစေတယ်။သူ့ဘူးမှာရေးထားသလိုဘဲ Glossy & Shiny Hair Look ကိုရတယ်ပေါ့။နောက်ပြီး ဒီ Shampoo က ဆံသားမွဲခြောက်ပျက်စီးပြီးကြမ်းဖွာနေတဲ့သူတွေ၊ခေါင်းဖြီးတိုင်းဆံပင်ညှိတဲ့သူတွေနဲ့ဆံပင်ကိုခဏခဏဆေးဆိုး အပူပေး ကောက်/ဖြောင့်လုပ်တဲ့သူတွေအဆင်ပြေတယ်။ဆေးထိများပြီး ဆံသားဝိတ်မရှိဘဲ ဖွာတာတွေကိုလည်းသက်သာစေတယ်။တစ်ခုတော့ရှိတယ် ဆံပင်ကျွတ်လည်းမသက်သာသလို ဗောက်လည်းမပျောက်ပါဘူးနော်။
အနံ့လေးကလည်း Fruity & Floral Scentလေးကိုမှ အမြှုပ်ထွက်အားကောင်းပြီး လျှော်ပြီးတာနဲ့ ခေါင်းကလုံးဝပေါ့သွားတာ။ Low to medium hair porosity သမားတွေအတွက်တော့ Shampooသုံးရင် လုံလောက်ပေမဲ့ High porosity hair သမားဆိုရင်တော့ Conditioner (or) Hair Maskသုံးပေးတာကပိုကောင်းမယ်လို့ အကြံပြုချင်တယ်။ဆိုတော့ 2026မှာ မျက်နှာတင်မဟုတ်ဘဲ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ကို Glowချင်ရင်တော့ ဒီ Shampoo လေး " Must Buy " နော်။
ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ရက်ရဲ့ နောက်ထပ် Review တွေမှာ တွေ့ဆုံချင်ရင်တော့ Page လေးကို Like & Follow လေးလုပ်ခဲ့ကြပါဦးခင်ဗျ။
❌Copying of images and text is strictly prohibited.❌
09/02/2026
လိုချင်📌 Instock ရပါတယ်နော်
28000 ks💸
၄/၅ ဘူးအထိ ကုန်တိုင်းပြန်ပြန်ဝယ်သုံးဖြစ်တဲ့ တစ်ခုတည်းသော cleansing water ပါပဲ
🌵 ငုံးတို့က products တွေဆိုရင် အသစ်အသစ်တွေကို တောက်လျှောက်စမ်းဖြစ်တာမို့ repurchase လုပ်ဖြစ်တဲ့ product မျိုးဆိုတာ လက်ချိုးရေလို့ ရတယ်
🌵ဒါပေမယ့် ဒီ JM Centella Cleansing Water ကတော့ သုံးလာခဲ့တာ နှစ်ချီကြာနေပြီဖြစ်သလို အနည်းဆုံးတော့ ၅ ဘူးလောက်ရှိနေပြီ သူ့စျေးတန်းအရ performance တော်တော်လေးကောင်းပြီး သုံးရတာ တန်တာမို့လို့ ၁ ဘူးဝယ်ထားရင် ငုံးအတွက် ၃ လလောက်အသုံးခံတာကို သဘောကျတယ်
🌵ဝက်ခြံတော့ အထူးတလည်သက်သာစေတာမျိုးမရှိပေမယ့် Cleansing power ကောင်းတဲ့ထဲပါလို့ ဝက်ခြံကို ပိုမဆိုးစေဘူးရယ်
ခဏခဏပြောနေကြမို့ အများကြီးမပြောတော့ဘူးနော် JM ထဲမှာဆိုရင် ချာတူးမလန်ဘဲ သုံးလို့အကောင်းဆုံး product မို့လို့ အမြဲသုံးဖြစ်နေဦးမှာပါပဲ 🤍
09/02/2026
🩷မင့်ဆီ ဘူးသေး Instock ရ 15500 ks🩷
01/02/2026
🤗Vday အမှီကောင်လေးကို အမြန်သာပူဆာလိုက်တော့ကွာ🤭
📌
🚘 #အမြို့မြို့အနယ်နယ်သို့အိမ်ရောက်ငွေချေစနစ်ဖြင့်deliခသက်သာစွာဖြင့်ပို့ဆောင်ပေးပါတယ်နော်
🌿 #ဗိုလ်ချုပ်လမ်းမြဝတီရပ်ကွက်ဈေးထိပ်နေပြည်တော်တပ်ကုန်းမြို့
28/01/2026
🤗ပစ္စည်းလေးတွေအမြဲတမ်းဝင်ပါတယ်နော်မင့်ကာကာတို့ရေ🤗
https://vt.tiktok.com/ZSauH5LjW/
📌
📌 #အမြို့မြို့အနယ်နယ်သို့အိမ်ရောက်ငွေချေစနစ်ဖြင့်deliခသက်သာစွာဖြင့်ပို့ဆောင်ပေးပါတယ်နော်
🌿 #ဗိုလ်ချုပ်လမ်းမြဝတီရပ်ကွက်ဈေးထိပ်နေပြည်တော်တပ်ကုန်းမြို့
🤗မင်တို့ဆိုင်မှာ အော်ဂန်းနစ်စစ်စစ် ခေါင်းလျှော်ရည်တွေ အစံုရာက်ထားပါပြီနော်🌿💦
📌
📌 #အမြို့မြို့အနယ်နယ်သို့အိမ်ရောက်ငွေချေစနစ်ဖြင့်deliခသက်သာစွာဖြင့်ပို့ဆောင်ပေးပါတယ်နော်
🌿 #ဗိုလ်ချုပ်လမ်းမြဝတီရပ်ကွက်ဈေးထိပ်နေပြည်တော်တပ်ကုန်းမြို့
ကြုံကြုံမကြုံကြုံဆိုင်မှာလာဝယ်လို့ရပြီနော်🤭
14/01/2026
🩷မင်တို့ဆိုင်မှာ Instock ရပါပြီနော်🩷
Hair Tonic လည်းသုံးချင်တယ်။စျေးသက်သာတာလေးလည်းရှာနေတယ်ဆိုLocalထဲက (ရှမ်းမစျေးခြင်း) Hair Tonicလေးမဆိုးဘူး သုံးလို့အဆင်ပြေတယ်။တခြားသူတွေတော့ပြောမတတ်ဘူး။"ခေတ်"ကတော့ Hair Oil/Serum တွေထက် Tonicဖြန်းရတာကို ပိုသဘောကျတယ်။ဦးရေပြားကိုအေးပြီး ပူရှိန်းရှိန်းလေးနဲ့ နေလို့ကောင်းလို့။အစက Some By Mi သုံးနေတာ အခုကကုန်သွားတာရော ရှာဝယ်မရတာရောကြောင့် Localထဲက HotနေတာလေးTryကြည့်ဦးမှဆိုပြီးဝယ်လိုက်တာ။
မဆိုးပါဘူး။ သူ့မှာပါတဲ့ Rosemary ကဆံပင်ထွက်နှုန်းမြန်စေပြီး ဆံပင်ကျွတ်တာလျော့ချပေးတယ်။ ဗောက်ထပြီးဦးရေပြားယားယံတာကိုလည်းသက်သာစေပေမဲ့ တချို့ Reviewတွေထဲကလို Baby Hair တွေပေါက်မပေါက်ကတော့သေချာစွဲသုံးမှ သိရမယ်ထင်တယ်။ခု သုံးလာတဲ့အထိတော့ ထူးခြားတာမတွေ့သေး။ သေချာတာတစ်ခုကတော့ သူ့မသုံးခင်ကထက် ဆံပင်အကျွတ်နည်းလာတယ်ဆိုတာပါဘဲ။အရင်က ခေါင်းလျှော်ရင် ဆံပင်တွေကျွတ်တာတအား။ခုတော့ သူ့ကိုခေါင်းလျှော်ခါနီး၁နာရီအလိုလောက် ဖြန်းပြီးမှလျှော်တယ်။လျှော်ပြီးရင် Dryerမမှုတ်ခင်ထပ်ဖြန်းပြီး ဦးရေပြားထဲစိမ့်ဝင်အောင်နှိပ်နယ်ပေးတယ်။ပြီးမှ Dryer လေးအေးလေးနဲ့မှုတ်တယ်။အရင်က သူ့ရဲ့ Rosemary oilကိုသုံးဖူးတယ် အမှန်တိုင်းပြောရရင် တစက်မှမကြိုက်ဘူး။
အခု ဒီ Hair Tonicလေးကတော့မဆိုးဘူးပေါ့နော်။သဘောကျတယ်။Rating 7 out of 10လောက်ပေးလို့ရတယ်။ဆိုတော့ ဆံပင်နည်းတဲ့သူတွေ၊ အုံပါးတဲ့သူတွေ၊ ဆံပင်အကျွတ်များလို့ စိတ်ညစ်နေတဲ့သူတွေ Tryကြည့်မယ်ဆိုအဆင်ပြေမယ်လို့ "ခေတ်"တော့ထင်တယ်။စျေးလေးလည်းမဆိုးဘူး။အသုံးခံသလို သုံးရတန်တယ်။"ခေတ်"ကတော့ Shop With May Pageကနေဝယ်တာပါ။
ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ထပ်လည်း Skincare Review တွေအပြင် Skincare knowledge နဲ့ GIVEAWAY တွေလည်းမကြာမကြာရှိနေမှာမို့ Page လေးကို Like & Follow လုပ်ခဲ့ကြပါဦးနော်။
❌Copying of images and text is strictly prohibited.❌
#ရှမ်းမစျေးခြင်း
Click here to claim your Sponsored Listing.
Category
Website
Address
Bo Gyoke Street, Mya Wati Ward
Tatkon