Aura Taunggyi
Home Sleep Apnoea Test and CPAP Distribution
02/11/2022
Oxygen Concentrator တွေကို CPAP အစားသုံးလို့ရသလား?
✅COVID ကာလမှာ Oxygen Concentrator ဆိုတာကြားဖူးပြီး ရင်းနှီးနေတဲ့ စကားလုံးပါ။ အဆုတ်အားနည်းနေပြီး အဆုတ်ကိုယ်တိုင်က အလုပ်လုပ်နိုင်စွမ်းလျော့လာရင် Oxygen အဆက်မပြတ်ပေးပြီး ကုရပါတယ်။ COVID လူနာတွေမှာတင်မဟုတ်ပါဘူး။ လေပြွန်ကျဉ်းရောဂါ လေပြွန်ရောင်ရောဂါ စတဲ့သူတွေမှာလည်း သုံးရပါတယ်။ လေထုထဲမှာရှိတဲ့ မသန့်စင်ရသေးတဲ့ Oxygen ကို သန့်စင်ပေးတာက စက်ရဲ့တာဝန်ပါ။ Oxygen Concentrator တွေက Oxygen Tank တွေထက်စာရင် ပိုပြီး အန္တရာယ် ကင်းပါတယ်။
✅CPAP ကတော့ တစ်ချိန်လုံးတပ်ထားစရာမလိုပဲ ညအိပ်မှ တပ်ရတာပါ။ အိပ်ဟောက်ရှူပိတ််ရောဂါ ( OSA - Obstructive Sleep Apnoea ) ကုသဖို့ သုံးပါတယ်။ OSA ရှိတဲ့သူတွေဟာ အကြောင်းအရင်းတစ်ခုခုကြောင့် အိပ်စက်စဉ် အသက်ရှူလမ်းကြောင်းမှာရှိတဲ့ လည်ပင်းကြွက်သားတွေ အားလျော့သွားပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့သွားပါတယ်။ အဲ့လို အသက်ရှူလမ်းကြောင်းပိတ်သွားတဲ့အတွက် ဦးနှောက်ကို Oxygen အလုံအလောက် မရောက်တော့ပါဘူး။ ဒါကိုဖြေရှင်းဖို့က CPAP ကိုသုံးပြီး Pressure နဲ့ အသက်ရှူ လမ်းကြောင်းကို ပြန်ဖွင့်တာပါ။
✅ရောဂါ(၂)မျိုးက ပုံစံမတူတဲ့အတွက် အစားထိုးသုံးလို့ မရပါဘူးနော်။ Oxygen Concentrator က အဆုတ်ကရတဲ့ Oxygen မလုံလောက်လို့ တစ်ချိန်လုံးတပ်ထားရတာဖြစ်ပြီး CPAPက အိပ်နေစဉ် အသက်ရှူလမ်းကြောင်းဖွင့်ပေးဖို့အတွက်ပါ။ တချို့လူတွေအတွက်က (၂) မျိုးလုံးသုံးရတာမျိုးလည်း ရှိပါတယ်။ ကွာခြားပုံလေးတွေ ပြောပြပြီးပြီဆိုတော့ သေချာလေးသိသွားကြပြီပေါ့နော်။ မေးချင်တာရှိရင်လည်း Comment Box မှာ မေးခွန်းချန်ထားခဲ့နိုင်ပါတယ်။
____________________________________
❓ညဘက်အိပ်ရင် အကျယ်ကြီးဟောက်တယ်လို့ သင့်အိမ်ထောင်ဖက်က ပြောနေပြီလား
❓နေ့လယ်ဘက် အလုပ်လုပ်ချိန်၊ ကားမောင်းချိန်တွေမှာ အာရုံစူးစိုက်လို့ မရအောင် အလွန်အမင်း အိပ်ငိုက်နေပြီလား
❓အိပ်နေရင်း အသက်ရှူရပ်သလို ဖြစ်ပြီး ရုတ်တရက် လန့်နိုးနေတတ်ပါသလား
❓သင်ဟာ အဝလွန်နေပြီး စိတ်အပြောင်းအလဲ အရမ်းမြန်နေပြီလား
❓ညဘက်တွေမှာ အချိန်အကြာကြီးအိပ်ပေမယ့် မနက်အိပ်ရာထချိန်တွေမှာ ခေါင်းကိုက်ပြီး အိပ်ရေးမဝသလို ခံစားနေရပါသလား
သင့်မှာ ဒီလိုလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပြီး အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnoea - OSA ) ရောဂါ ရှိ/ မရှိ သိသာစေရန် လွယ်ကူရိုးရှင်းပြီး မနာမကျင်ရတဲ့ Home Sleep Apnea Test (HSAT) စမ်းသပ်မှုကို တစ်ညတာခံယူလိုက်ပါနော်။
ကျွန်မတို့ AURA Healthcare မှ HSAT စစ်ဆေးမှုကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေသည့်အပြင် CPAP/ Auto PAP/ Bi PAP စက်များကိုလည်း အထူးသင့်တော်သောဈေးနှုန်းများဖြင့် ရောင်းချပေးနေပါပြီရှင်။
အသေးစိတ် သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် လိပ်စာများတွင် ရုံးချိန်အတွင်း (မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ) ပိတ်ရက်မရှိ စုံစမ်း မေးမြန်းနိုင်ပါပြီရှင်။
AURA Healthcare (Yangon)
☎️ 09-78-333-1310
🏢အမှတ်157 (မြေညီ)၊ လသာလမ်း (အထက်)၊ လသာမြို့နယ်၊ ရန်ကုန်။
AURA Healthcare (Mandalay)
☎️09-78-555-1310
🏢၈၁လမ်း၊ ၂၂လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
AURA Healthcare(Taunggyi)
☎ 09-201-4175, 09-504-2620
🏢 6(A)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို့။
BioCare Co., Ltd./ BMC Myanmar (Yangon)
☎️09-952-1310-80
🏢 တိုက်အမှတ်(အို/၆လွှာ)၊ ရွှေအင်ကြင်းရိပ်မွန်အိမ်ရာ၊ သုဝဏ္ဏလမ်းဆုံ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
02/11/2022
CPAP သယ်ဆောင်ပြီး ခရီးသွားရင် ဘာတွေကို ဆောင်ရ ရှောင်ရမလဲ⁉️
အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnoea - OSA) ရှိတဲ့လူနာများအနေနဲ့ ခရီးသွားစရာကိစ္စတွေ ကြုံလာတဲ့အခါ ခရီးလမ်းတစ်လျှောက် ဆောင်ရ ရှောင်ရမဲ့ အချက်လေးတွေကို သတိထားရအောင် Sharing လုပ်ပေးပါမယ်နော်။
၁။ CPAP နှင့် Accessories များကို ခြောက်သွေ့နေအောင်ထားပါ။
ခရီးလမ်းတစ်လျှောက် စက်ကိုသယ်ဆောင်စဉ် မှိုတက်ခြင်းနှင့် အစိုပြန်ခြင်းမှကာကွယ်ရန် CPAP စက်၊ Mask နှင့် Accessories များကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။
၂။ အပို သယ်စရာလိုအပ်သည်များကို ကြိုတင်စီစဉ်ထားပါ။
ခရီးသွားစဉ် မတော်တဆထိခိုက်မိ၍ ကျိုးကြေတတ်သော Mask နှင့် ပျောက်ဆုံး ပျက်ဆီးလွယ်သော Air Filter ကဲ့သို့ Accessories များကို လိုအပ်သလို အသုံးပြုနိုင်ရန် အပိုသယ်ဆောင်သွားပါ။ သန့်ရှင်းရေးလုပ်ရန် နှင့် လိုအပ်သလို အသုံးပြုနိုင်ရန် CPAP Wipe များကိုသယ်ဆောင်သွားခြင်းကလည်း အကူအညီဖြစ်စေမှာပါ။
၃။ ခရီးလမ်းတစ်လျှောက် CPAP အသစ်လဲလှယ်စရာ လိုလာလျှင် လဲလှယ်နိုင်ရန် ပြင်ဆင်သွားပါ။
လမ်းခရီးတစ်လျှောက်တွင် စက်ပျက်ဆီးခဲ့ပါက မိမိအိပ်စက်မှုကို အနှောင့်အယှက်မဖြစ်အောင် စက်အသစ်အစားထိုး ဝယ်ယူလဲလှယ်နိုင်ရန် CPAPတပ်ဆင်ရန်လိုအပ်ကြောင်း ဆရာဝန်ညွှန်ကြားချက်ပါသောစာရွက်ကို မိတ္တူဖြစ်စေ၊ ဖုန်း နှင့် ဓာတ်ပုံရိုက်၍ဖြစ်စေ ဆောင်သွားသင့်ပါတယ်။မိမိ အသုံးပြုနေသော စက်အမျိုးအစားကို သိရှိထားရင်တော့ပိုကောင်းပါတယ်။
၄။ ရေသန့်ဘူးကို အသုံးပြုပါ။
လမ်းခရီးတစ်လျှောက်မှာ အနားယူချိန်တည်းခို တဲ့နေရာတွေမှာ ရရှိတဲ့ ရေပိုက်ခေါင်းမှ ရေကသန့်မသန့် မသေချာတဲ့အတွက်Water Chamber မှာ အသုံးပြုတဲ့ ရေကို ရေဘုံဘိုင်မှရေအစား ရေသန့်ဘူးမှ ရေကိုထည့်ခြင်းကသာ စိတ်အချရဆုံးပါ။
၅။ ပလပ်ပေါက်များကိုသတိပြုပါ။
နိုင်ငံရပ်ခြား သို့မဟုတ် မိမိနေထိုင်ရာမဟုတ်သော ဒေသများတွင် အသုံးပြုသော ပလပ်ပေါက်များက မိမိစက်တွင်သုံးနေကြ ပလပ်ပေါက်နှင့်ကိုက်ညီမှုမရှိခြင်းများတွေ့ကြုံရနိုင်တဲ့အတွက် ကြိုတင်စုံစမ်းပြီး လိုအပ်သော Adaptor နှင့် ပလပ်ခေါင်းများကိုပြင်ဆင်သွားသင့်ပါတယ်။
၆။ DC Converter ကိုဆောင်သွားတာကလည်း အကြံကောင်းပါ။
အရေးကြုံလာလျှင်လိုအပ်သလို အသုံးပြုနိုင်ရန် DC Converter များကိုသယ်ဆောင်သွားခြင်းက ပြုလုပ်သင့်သော ကြိုဆင်ပြင်ဆငိမှုတစ်ခုပါ၊DC Converter တွေက USB ports, Cigarette Lighter Style ပလပ်ပေါက်များနဲ့ အရေးကြုံရင် Car Batteries တွေကတောင်မှ CPAP ကို Power Supply ပေးနိုင်ဖို့ ကူညီမှာပါ။
တကယ်လို့ ကိုယ်က လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲများနဲ့ ကြိုတင်ပြင်ဆင်သင့်တာတွေကို နောက် Post မှာ ဆက်လက်ဖတ်ရှူပါနော်။
အိပ်ဟောက်ရှူပိတ်ရောဂါနှင့်ပတ်သတ်ပြီး အသေးစိတ်လေ့လာလိုပါက ( https://aura.biocaremm.com/ ) တွင်လည်းအသေးစိတ် ဖတ်ရှူလေ့လာနိုင်ပါတယ်ရှင်။
____________________________________
❓ညဘက်အိပ်ရင် အကျယ်ကြီးဟောက်တယ်လို့ သင့်အိမ်ထောင်ဖက်က ပြောနေပြီလား
❓နေ့လယ်ဘက် အလုပ်လုပ်ချိန်၊ ကားမောင်းချိန်တွေမှာ အာရုံစူးစိုက်လို့ မရအောင် အလွန်အမင်း အိပ်ငိုက်နေပြီလား
❓အိပ်နေရင်း အသက်ရှူရပ်သလို ဖြစ်ပြီး ရုတ်တရက် လန့်နိုးနေတတ်ပါသလား
❓သင်ဟာ အဝလွန်နေပြီး စိတ်အပြောင်းအလဲ အရမ်းမြန်နေပြီလား
❓ညဘက်တွေမှာ အချိန်အကြာကြီးအိပ်ပေမယ့် မနက်အိပ်ရာထချိန်တွေမှာ ခေါင်းကိုက်ပြီး အိပ်ရေးမဝသလို ခံစားနေရပါသလား
သင့်မှာ ဒီလိုလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပြီး အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnoea - OSA ) ရောဂါ ရှိ/ မရှိ သိသာစေရန် လွယ်ကူရိုးရှင်းပြီး မနာမကျင်ရတဲ့ Home Sleep Apnea Test (HSAT) စမ်းသပ်မှုကို တစ်ညတာခံယူလိုက်ပါနော်။
ကျွန်မတို့ AURA Healthcare မှ HSAT စစ်ဆေးမှုကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေသည့်အပြင် CPAP/ Auto PAP/ Bi PAP စက်များကိုလည်း အထူးသင့်တော်သောဈေးနှုန်းများဖြင့် ရောင်းချပေးနေပါပြီရှင်။
အသေးစိတ် သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် လိပ်စာများတွင် ရုံးချိန်အတွင်း (မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ) ပိတ်ရက်မရှိ စုံစမ်း မေးမြန်းနိုင်ပါပြီရှင်။
AURA Healthcare (Yangon)
☎️ 09-78-333-1310
🏢အမှတ်157 (မြေညီ)၊ လသာလမ်း (အထက်)၊ လသာမြို့နယ်၊ ရန်ကုန်။
AURA Healthcare (Mandalay)
☎️09-78-555-1310
🏢၈၁လမ်း၊ ၂၂လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
AURA Healthcare(Taunggyi)
☎ 09-201-4175, 09-504-2620
🏢 6(A)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို့။
BioCare Co., Ltd./ BMC Myanmar (Yangon)
☎️09-952-1310-80
🏢 တိုက်အမှတ်(အို/၆လွှာ)၊ ရွှေအင်ကြင်းရိပ်မွန်အိမ်ရာ၊ သုဝဏ္ဏလမ်းဆုံ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
02/11/2022
အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း အဆင့်အမျိုးမျိုး
-----------------------------------------------------------
လူအတော်များများ ညအိပ်စဥ် အသက်ရှုရပ်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒါကို ပုံမှန်အိပ်စက်ခြင်းလို့ပဲ ထင်တတ်ကြပြီး အရေးကြီးတဲ့ ကျန်းမာရေးပြသနာလို့ သိတဲ့သူ ရှားပါတယ်။ 🛌
ဆေးပညာအခေါ်အဝေါ်အရ အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်းကို OSA (Obstructive Sleep Apnea) ဟုခေါပြီး၊ တစ်ခါရပ်လျှင် ၁၀စက္ကန့် မှ ၁မိနစ်ကျော်အထိ ဖြစ်ပေါ်တတ်၍ တစ်ညတွင် အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်နိုင်ပါသည်။ ⚠
အဲဒီလူတွေဟာ အိပ်ပျော်စဥ် အလွန်အမင်း ဟောက်တတ်ကြပြီး ဟောက်ရာကနေ အသက်ရှုလမ်းကြောင်းပိတ်ပြီး အသက်ရှုရပ်သွားတာပါ။ အချို့ ၁နာရီလျှင် ၅ ကြိမ်မျှ ရပ်သော်လည်း အချို့တွင် ၁နာရီလျှင် အကြိမ် ၅၀ ခန့်အထိ အသက်ရှုရပ်နိုင်သည်။ 👌
အဝလွန်သူများ၊ မေးရိုးတိုသူများ၊ အာသီးကြီးသူများ၊ မျိုးရိုးရှိသူများ၊ အိပ်ပျော်စဥ် အလွန်အမင်းဟောက်သူများတွင် OSA ရှိနေတတ်ပါသည်။ 💤
ထိုသို့ အိပ်နေစဉ် အသက်ရှူရပ်ခြင်းသည် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ပမာဏလျော့ကျ သွားခြင်းကြောင့် နှလုံးနှင့် ဦးနှောက်တို့တွင် Oxygen လုံလုံလောက်လောက် မရရှိတော့ပဲ နေ့ဘက်တွင် အိပ်ရေးမဝခြင်း၊ ခေါင်းမူးခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ ယာဥ်မတော်တဆမှုများ ဖြစ်စေနိုင်ပါသည်။ 💥
ထို့အပြင် OSA သည် အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ လေဖြတ်/လေဖြန်းခံရခြင်း၊ သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးညှစ်အားကျခြင်း၊ မှတ်ဥာဏ်ကျဆင်းခြင်း၊ စိတ်ကျရောဂါ၊ မျက်စိရေတိမ်၊ ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ နှင့် အမျိုးသားများတွင် လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း အစရှိသည့် နောက်ဆက်တွဲကျန်းမာရေးပြသနာများစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။ 😊
ထို့ကြောင့် -
၁) အိပ်ပျော်လျင် ဟောက်တတ်ခြင်း၊
၂) နေ့ဖက် အိပ်ငိုက်နေတတ်ခြင်း၊
၃) ညအိပ်စဥ် အသက်ရှုရပ်ခြင်း တို့ရှိနေပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး OSA ရှိ/မရှိကို စမ်းသပ်စစ်ဆေးသင့်ပါသည်။👨⚕️
OSA ရှိနေပါက ကိုယ်အလေးချိန်လျော့ခြင်း၊ လေ့ကျင့်ခန်းများလုပ်ခြင်းတို့ပြုလုပ်ရမည်ဖြစ်ပြီး၊ လေတွန်းစက် CPAP (Continuous Positive Airway Pressure) ဖြင့် အိပ်ခြင်းသည် OSA အတွက် စံကုထုံးတခုဖြစ်ပါသည်။ 🏃♀️
ResMed
-------------
ResMed သည် ကမ္ဘာပေါ်တွင် CPAP စက်များစတင် တီထွင်ထုတ်လုပ်ခဲ့သည့် နည်းပညာဦးဆောင် ကုမ္ပဏီကြီးဖြစ်ပြီး၊ ကမ္ဘာ့ထိပ်တန်း CPAP စက်များ၊ အသက်ရှုကိရိယာ Ventilators များ ထုတ်လုပ်သော ကုမ္ပဏီကြီးဖြစ်ပါသည်။ 👍
26/10/2022
CPAP စတင်အသုံးပြုသူတွေ စက်နဲ့အသားကျအောင် ဘယ်လိုလုပ်မလဲ?
CPAP စက်ကို ခုမှစတင်အသုံးပြုတဲ့သူတွေအနေနဲ့ CPAP Mask ကို တစ်ညလုံးတပ်ဆင်ရတဲ့အပြင် အသက်ရှူ လမ်းကြောင်းအတွင်းကို စက်က Pressure တစ်ခုနဲ့ Oxygen ကို ရိုက်သွင်းပေးရတဲ့အခါ သက်တောင့်သက်သာမဖြစ်ဘဲ ကျင့်သားမရတာမျိုးနဲ့ စက်သံကို သတိပြုမိနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒါတွေကို ကူညီဖို့ အောက်ပါ နည်းလမ်းတွေကို စမ်းသပ်ကြည့်လို့ ရပါတယ်။
၁။ Mask ကို နေ့လည်ဘက်တွင် တပ်ကြည့်ထားပါ။
ညဘက် မှာ Mask ကို တပ်ဆင်ပြီးအိပ်တဲ့အခါ အသားကျနေဖို့ နေ့လည်ဘက် အိမ်မှာ ပုံမှန်လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေတဲ့အချိန် Mask ကို တပ်ဆင်ကြည့်ထားခြင်းက Mask နဲ့ တစ်သားတည်းဖြစ်နေဖို့ များစွာကူညီပေးပါလိမ့်မယ်။နေ့လည်ဘက် တီဗွီကြည့် စာအုပ်ဖတ်နေချိန်မှာ Mask တပ်၊ စက်ဖွင့်ထားပြီး အိပ်၍ဖြစ်စေ ထိုင်လျက်ဖြစ်စေ အသက်ရှူလေ့ကျင့်ခန်းလုပ်သကဲ့သို့ စက်ရဲ့ Oxygen Flow ကိုအသားကျအောင်ပြုလုပ်ခြင်းက ညဘက်အိပ်စက်ချိန်မှာ များစွာသက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။
၂။ စက်သံပိုငြိမ်တဲ့ Model ကို အသုံးပြုခြင်း သို့မဟုတ် White Noise Generator သုံးပါ။
စက်သံကို Sensitive ဖြစ်လို့ အိပ်မရဖြစ်တဲ့သူတွေအတွက် စက်သံပိုငြိမ်တဲ့ Model အမြင့်ပိုင်းကို သုံးခြင်း သို့မဟုတ် စက်သံကို Masking လုပ်ပေးမဲ့ သာယာနာပျော်ဖွယ်အသံများထုတ်လုပ်ပေးတဲ့ White Noise Generator သုံးခြင်း ကို စမ်းသပ်ကြည့်သင့်ပါတယ်။
၃။ ကိုယ်နဲ့ Size ကွက်တိကျတဲ့ Mask ကိုသုံးပါ။
Size ကွက်တိမကျတဲ့ Mask ကို သုံးခြင်းက အိပ်စက်ချိန်မှာ သက်တောင့်သက်သာဖြစ်စေမှာ မဟုတ်တဲ့အပြင် Size မမှန်တဲ့အတွက် လေမလုံတဲ့ပြဿနာ ရှိတဲ့အခါ ရောဂါကုသမှုကိုနှောင့်နှေးစေပါတယ်။
၄။ ပိုသေးတဲ့ Mask ကို သုံးပါ။
Full Face Mask တွေက နှာခေါင်းရော ပါးစပ်ပါအုပ်တာဖြစ်တဲ့အတွက် တချို့သူတွေအတွက် ထူထဲလေးလံပြီး သက်တောင့်သက်သာ မရှိတာမျိုးဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်ခဲ့ရင် ကိုယ်နဲ့ ပိုအဆင်ပြေမယ့် အခြား Mask Design တွေကို ပြောင်းလဲ အသုံးပြုကြည့်သင့်ပါတယ်။
၅။ CPAP သန့်ရှင်းရေး ကို ပုံမှန်ဆောင်ရွက်ပါ။
CPAP စက်နဲ့ Accessories တွေကို ပုံမှန် သန့်ရှင်းပေးခြင်းက စက်ကို တာရှည်အသုံးပြုနိုင်ဖို့နဲ့ သန့်ရှင်းတဲ့ လေကိုရရှိဖို့ များစွာ အထောက်အကူပြုတာကြောင့် စက်နဲ့နေသားကျဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးမှာပါ။
၆။ အနားပေးပါ။
အခုမှ စက်ကို စတင်အသုံးပြုသူတွေအနေနဲ့ အိပ်စက်နေစဉ် ရုတ်တရက် လန့်နိုးလာတာမျိုးတွေ ကြုံ တွေ့ရတတ်ပါတယ်။ ဒီလို အချိန်မျိုးတွေမှာ ကိုယ်သက်တောင့်သက်သာ မရှိဘူးဆိုရင် Maskကို ချွတ်ထားပြီး ဆက်လက်အိပ်စက်သင့်ပါတယ်။ နောက်နေ့ညမှ သာ စက်ကိုဆက်လက် အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ၁၀ မိနစ် ၁၅ မိနစ်လောက် အနားပေးပြီး ဆက်လက် အသုံးပြုနိုင်ပါတယ်။
၇။ မုတ်ဆိတ်မွှေး နှင့် ပါးသိုင်းမွှေးကဲ့သို့ အမွှေးအမျှင်များရှိလျှင် သေချာ ရှင်းလင်းပေးပါ။
မျက်နှာပေါ်က အမွှေးအမျှင်များ (Facial Hair) တွေက Mask တပ်ဆင်ရာမှာ အနှောင့်အယှက်ပေးနိုင်တဲ့အတွက် တကယ်လို့ ကိုယ်က မုတ်ဆိတ်မွှေး နှင့် ပါးသိုင်းမွှေးများထားတတ်သူဖြစ်ပါက Mask တပ်ရလွယ်ကူအောင် သေချာ ရိတ်ထားသင့်ပါတယ်။
_______________________
အိပ်ဟောက်ရှူပိတ်ရောဂါ စစ်ဆေးမှု (Home Sleep Apnoea Test-HSAT) နှင့် CPAP စက်များအကြောင်း အသေးစိတ် သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် လိပ်စာများတွင် ရုံးချိန်အတွင်း (မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ) ပိတ်ရက်မရှိ စုံစမ်း မေးမြန်းနိုင်ပါပြီရှင်။
AURA Healthcare (Yangon)
☎️ 09-78-333-1310
🏢အမှတ်157 (မြေညီ)၊ လသာလမ်း (အထက်)၊ လသာမြို့နယ်၊ ရန်ကုန်။
AURA Healthcare (Mandalay)
☎️09-78-555-1310
🏢၈၁လမ်း၊ ၂၂လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
AURA Healthcare(Taunggyi)
☎ 09-201-4175, 09-504-2620
🏢 6(A)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို့။
BioCare Co., Ltd./ BMC Myanmar (Yangon)
☎️09-952-1310-80
🏢 တိုက်အမှတ်(အို/၆လွှာ)၊ ရွှေအင်ကြင်းရိပ်မွန်အိမ်ရာ၊ သုဝဏ္ဏလမ်းဆုံ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
20/10/2022
19/10/2022
Taunggyi ရုံးခွဲလိပ်စာ
အမှတ် ၆(A)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း
(ကာဗာနန်းတော်အပေါ်ထပ်)
ပြည်တော်သာရပ်၊ တောင်ကြီး။
Ph 092014175, 095042620
အိပ်နေစဉ် အသက်ရှူကျပ်ခြင်း
Sleep Apnea သည် အိပ်နေစဉ်အတွင်း ကောင်းစွာ အသက်မရှူနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အိပ်စက်ခြင်း ရောဂါတစ်ခုဖြစ်သည်။ ၎င်းကို ဗြုန်းစားကြီး နိုးလာခြင်း၊ ကျယ်လောင်စွာ သို့မဟုတ် နာတာရှည် ဟောက်ခြင်းများ၊ အိပ်ပျော်နေစဉ် အသက်ရှူနည်းခြင်း သို့မဟုတ် ပျက်ကွက်ခြင်း တို့သည် Sleep Apnea ၏ ရောဂါ လက္ခဏာ များဖြစ်သည်။ အခြားသော အိပ်စက်ခြင်းဆိုင်ရာ လက္ခဏာများမှာ ညဘက်တွင် အိပ်မပျော်ခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ စိတ်အခြေအနေ ပြောင်းလဲခြင်း၊ အိပ်မပျော်ခြင်း နှင့် နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်းတို့သည် လည်း Sleep Apnea ၏ ရောဂါ လက္ခဏာ များဖြစ်သည်။
အိပ်နေစဉ် အသက်ရှူကျပ်ခြင်းသည် ကုသမှုမခံယူပါက နောက်ဆက်တွဲဆိုးကျိုးတွေကတော့ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ Heart attacks ရခြင်းနှင့် ဆီးချိုရောဂါများအပါအဝင် ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သော အခြေအနေတစ်ခုဖြစ်သည်။
📌အိပ်နေစဉ် အသက်ရှုကျပ်ခြင်း အမျိုးအစားများ
Sleep Apnea ကိုအဓိကအားဖြင့်
✅Central Sleep Apnea (CSA)၊
✅Obstructive Sleep Apnea (OSA) နှင့် ✅Mixed or Complex Sleep Apnea (MSA) ဆိုပြီး (၃) မျိုးခွဲခြားနိုင်ပါသည်။ မိမိတွင် ဖြစ်နေနိုင်သော ရောဂါ အမျိုးအစားနှင့် အိပ်စက်မှု ပုံစံကိုလိုက်၍ ကောင်းမွန်သော ကုသမှုကိုခံယူ ဖို့လိုအပ်ပါသည်။
✅Obstructive Sleep Apnea (OSA)
Obstructive Sleep Apnea (OSA) သည် အဖြစ်များ အတွေ့ရများသော ရောဂါအမျိုးအစား တစ်ခုဖြစ်ပါသည်။ မြန်မာလို အိပ်-ဟောက်-ရှူ-ပိတ် ရောဂါ လို့လည်း ခေါ်ကြသည်။ OSA အမျိုးအစားသည် လည်ချောင်း အနောက်ဘက်တွင်ရှိသော ကြွက်သားပြေလျော့မှုကြောင့် အသက်ရှူ လမ်းကြောင်းကို ပိတ်ဆို့ခြင်း သို့မဟုတ် ကျဉ်းသွားစေခြင်း ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းဖြစ်စဉ်သည် အိပ်နေစဉ်တွင် အောက်ဆီဂျင်လုံလောက်စွာ မရရှိနိုင်ပဲ၊ သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ကို တိုးပွားလာ စေသည်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် အောက်ဆီဂျင်လုံလောက်စွာ မရရှိနိုင်သောအခါတွင် ဦးနှောက်က သင့်ကို အသက်ရှူ ရန်အတွက် ရုတ်တရက်နိုးထစေပါသည်။ နိုးထလာသောအခါတွင်လဲ မွန်းကြပ်ခြင်း၊ နှာမှုတ်ခြင်း၊ မောဟိုက်ခြင်းတို့ ဖြစ်စေပါသည်။ ဤဖြစ်စဉ်သည် တစ်ညလုံးတွင် အကြိမ်ရာနှင့်ချီ၍ပင် ထပ်ခါတစ်လဲလဲ ဖြစ်ပွားနိုင်ပြီး အိပ်စက်ခြင်းသံသရာ REM Cycles ကိုအနှောက်အယှက် ဖြစ်စေပြီး ကောင်းမွန်သော အိပ်စက်ခြင်းကိုရရှိနိုင်တော့မဟုတ်ပါဘူး။ တစ်ခြားသော OSA ကိုဖြစ်စေသော အကြောင်းအရင်းများမှာ အဝလွန်ခြင်း၊ အသက်ရှုလမ်းကြောင်းကျဉ်းမြောင်းခြင်း၊ လည်ပင်းကြီးခြင်း နှင့် အရက် သို့မဟုတ် နီကိုတင်း သုံးစွဲခြင်းတို့ပါဝင်ပါသည်။
✅Central Sleep Apnea (CSA)
Central Sleep Apnea (CSA) သည် အိပ်နေစဉ်အတွင်း ပုံမှန်အသက်ရှူန် ခန္ဓာကိုယ်သို့ ဦးနှောက်မှ အချက်ပြမှုများ ပေးပို့ခြင်း မရှိသောအခါတွင် အသက်ရှူရပ်ခြင်းကိုဖြစ်ပေါ်စေပါသည်။ ၎င်းသည် အချိန်ကြာမြင့်စွာ အသက်ရှူရပ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ CSA ၏ အကြောင်းအရင်းများသည် OSA ထက်ပိုမို ရှင်းလင်းပြီး နှလုံး သို့မဟုတ် ဦးနှောက်ရှိအခြေအနေ တစ်ခုခု နှင့်မကြာခဏ ဆက်စပ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် CSA သည် အကြောင်းအရင်းမရှိပဲ ဖြစ်ပေါ်လာနိုင်ပြီး ၎င်းကို Central Sleep Apnea အဖြစ်သတ်မှတ်ပါသည်။ အခြားသော CSA အမျိုးအစားကို Cheyne-Stroke Breathing Pattern ဟုခေါ်သည်။ ၎င်းတွင် hyperventilation နှင့် apnea တို့ပါဝင်သောကြောင့် နှလုံးရပ်ခြင်း သို့မဟုတ် လေဖြတ်ခြင်း တို့ကိုဖြစ်ပွားစေနိုင်သည်။ အချို့သော ဆေးဝါးများအသုံးပြုခြင်းကြောင့်လဲ CSAကို ဖြစ်ပေါ်စေနိုင်ပါသည်။
✅Mixed or Complex Sleep Apnea
MSA သည် အိပ်စက်နေစဉ်တွင် CSA နှင့် OSA နှစ်ခုလုံး ဖြစ်ပေါ်နေခြင်းကို Mixed or Complex Sleep Apnea ဟုသတ်မှတ်ကြသည်။
_________________________________
❓တကယ်လို့ ကိုယ့်မှာ အိပ်ဟောက်ရှူပိတ်ရောဂါ(Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ် လိုပါက Polywatch ကို တပ်ဆင်ပြီး တစ်ညတာ အိပ်စက်ပေးရုံဖြင့် ရောဂါရှိမရှိသိနိုင်ပြီး လိုအပ်ပါက CPAP တပ်ဆင်ရန် ဆရာဝန်များက ညွှန်ကြားပေးပါလိမ့်မယ်ရှင်။
🥰ကျွန်မတို့ BMC Myanmar မှ HSAT (Home Sleep Apnoea Test) စစ်ဆေးမှုအတွက် အသေးစိတ်ရှင်းပြခြင်းနှင့် စက်အသုံးပြုပုံကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေသည့်အပြင် လိုအပ်သည့် CPAP/ Auto PAP/ Bi PAP စက်များကိုလည်း အထူးသင့်တော်သောဈေးနှုန်းများဖြင့် ရောင်းချပေးနေကြောင်း သတင်းကောင်း ပါးလိုက်ပါရစေရှင့်။ ❣️❣️❣️
ရန်ကုန်နှင့်မန္တလေးတွင် HSAT စစ်ဆေးမှု အတွက် စက်ဖိုး 40000 နှင့် Transportation Fee 10000-20000 သာကျသင့်မှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်နှင့် လိပ်စာများတွင် အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင်။
AURA Healthcare (Yangon)
☎️ 09-78-333-1310
🏢အမှတ်157 (မြေညီ)၊ လသာလမ်း (အထက်)၊ လသာမြို့နယ်၊ ရန်ကုန်။
AURA Healthcare (Mandalay)
☎️09-78-555-1310
🏢၈၁လမ်း၊ ၂၂လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
Aura Healthcare (Taunggyi)
☎️ 09-201-4175, 09-504-2620
🏢 ၆ (A) ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို့။
Aura Healthcare (Nay Pyi Daw)
☎️ 09-4485-421-64 , 09-4313-92-00
🏢 အမှတ် (၄၄၁၅) ၊ ပေါင်းလောင်း ၂ (၁၄ လမ်း) ၊ ပဒုမ္မာလမ်း နှင့် ခရေလမ်းကြား။ ပညာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းအနီး၊ နေပြည်တော်မြို့နယ်၊ ပျဥ်းမနားမြို့။
BioCare Co., Ltd./ BMC Myanmar (Yangon)
☎️ 09-952-1310- 80
🏢 အမှတ် (၄၇) ၊ ဇီဇဝါဥယျာဉ်အိမ်ရာ၊ သံသုမာလမ်း၊ (၁၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
19/10/2022
Taunggyi ရုံးခွဲလိပ်စာ
အမှတ် ၆(A)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း
(ကာဗာနန်းတော်အပေါ်ထပ်)
ပြည်တော်သာရပ်၊ တောင်ကြီး။
Ph 092014175, 095042620
19/10/2022
ကျနော်တို့ AURA Healthcare အနေဖြင့် ရှမ်းပြည်နယ် ၏ မြို့တော် Taunggyi တောင်ကြီး တွင် ဝန်ဆောင်မှု စတင်ပေးနေပြီ ဖြစ်ပါတယ်🎉🎉🎉
AURA Healthcare Taunggyi တွင် HSAT (Home Sleep Apnoea Test) စစ်ဆေးမှုကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေသည့်အပြင် CPAP/ Auto CPAP/ Bi PAP စက်များကိုလည်း အထူးသင့်တော်သောဈေးနှုန်းများဖြင့် ရောင်းချပေးနေပြီဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်၊ နမ့်စန်၊ လဲချား၊ ခိုလမ်၊ ပင်လောင်း၊ ညောင်ရွှေ၊ အောင်ပန်း စသည့် မြို့များတွင်လည်း ကိုယ်စားလှယ်များ ထားရှိကာ နယ်ဝေးမှ လာရောက်စစ်ဆေးကုသလိုသူများအတွက် ဆေးခန်း/ဆေးရုံများနှင့်ပါ ချိတ်ဆက်ထားပြီး အထူးကုသမားတော်များနှင့်လည်း လိုအပ်သလို ပြသကုသပေးလျက် ရှိပါသည်။
အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာ ဖုန်းနံပါတ်ကိုဆက်သွယ်၍ စုံစမ်းနိုင်ပါတယ်💯💯💯
🏢 6(A)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို့။
☎ 09-201-4175, 09-504-2620
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Taunggyi
06101