TřüêLøvë
ပြတ်သားဖို့လိုရင်ကိုယ့်ဘက်ကအရ?
22/07/2023
“ကောင်မလေးရေ တိတ်တိတ်ကလေးသဘောကျနေခဲ့တာ 1 years လောက်ရှိပါပြီ အဲဒီအတောအတွင်းမှာ ကိုယ်ကြားရသလောက်က ကောင်လေးနှစ်ယောက်နဲ့တွဲပြီးသွားပြီလို့ ကြားထားပါတယ်
လက်ရှိမှာလည်း ကောင်လေးရှိနေတာသိပါတယ် အကယ်၍ မင်းရဲ့လက်ရှိကောင်လေးဟာ မင်းရဲ့တန်ဖိုးကို မသိလို့ပစ်ချခဲ့မယ့် ပန်းလေးတပွင့်ဆို ရင်တောင် ကိုယ်ကောက်ယူ ပါရစေ…
ကိုယ့်ဘက်က တဖက်သတ်မို့လို့ ကြိတ်ပြီးရူးနေရင်တောင်မင်းလေးသိလောက်မယ်မထင်ပါဘူး…
အကိုက မင်းတွဲဖူးတဲ့လက်မျိုးတွေလို Video editတွေလုပ်ပြီး မချစ်ပြတတ်ပေမယ့် မင်းနဲ့ပတ်သက်လာရင် အသေးစိပ်ကအစ အလေးနက်ထားပြီး မြတ်နိုးနေမိတာပါ
ဒီလောက်အကြာကြီး သတ္တိမရှိခဲ့ကောင်မျိုးမလို့
ဆက်ပြီးရူးနေရရင်လဲကျေနပ်ပါတယ်..
စာကြိုးစားပါ ကလေးရေ”ဆိုပြီး ကောင်လေး
တယောက်က ဒီကောင်မလေးသိစေဖို့ မင်မင်ကို
အကူအညီတောင်းထားလို့ပါ 🥰🥰
ဒီကောင်မလေးကိုသိတဲ့သူ mention ပေးကြပါဦး
29/12/2022
နေတတ်ရမယ်
အခက်အခဲတွေရှိမယ်။
အဆင်မပြေတာတွေရှိမယ်။
ထိခိုက်နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။
စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။
အင်း ဒါပေမယ့် မင်း နေတတ်ရမယ်။
နေတတ်အောင်နေပါ။
ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့
မင်းထိပ်တိုက်တိုးတဲ့အခါ
မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ်က မင်းစိတ်ပျက်ညည်းညူနေမှာလား။
နှစ်က အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။
မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း
ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ
မူတည်တယ်ဆိုတာကိုပါပဲ ။
တခြားအရာတွေထက်
မင်းကိုယ်မင်း ဦးစားပေးရမယ်။
ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။
သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။
မင်းကိုယ်မင်း ပိုချစ်ရမယ်။
မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။
အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ
ထည့်မသိမ်းထားသင့်တော့ဘူး။
မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်
မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားရမယ်။
မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။
ရည်မှန်းချက်တွေ ရှိနေရမယ်။
လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့
ရိုက်ခတ်မှုတွေကြား မင်းအရှုံးမပေးသွားရဘူး။
မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။
မင်းကိုယ်မင်း လေးစားတတ်ရမယ်။
မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ
မဖြစ်သင့်တာတွေ၊ဖြစ်ချင်တာတွေ၊မဖြစ်ချင်တာတွေကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။
မင်းကိုယ်မင်း သန်မာနေစေရမယ်။
အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။
မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက်
အသနားခံမနေသင့်တော့ဘူး။
မင်းအတွက်မင်း ရှိနေရမယ်။
မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။
စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။
မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။
မင်းကိုယ်မင်း ချစ်တတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။
မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့
မင်း စိတ်ပျော်ရွှင်မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။
ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။
နေတတ်အောင်လည်းကြိုးစားပါ။
29/12/2022
အကြိမ်ကြိမ်သေဆုံးမိမှာသေချာတယ်😌😌
ပထမလူပြန်လာရင်😌 ဒုတိယလူကိုထားခဲ့လိုက်ပါ🥺
ပထမလူကအသစ်မရနိုင်တော့လို့ ပြန်လာတာလေ👻
ဒုတိယလူက အသစ်ရှာလို့ရသေးတာမို့🤣🤣
26/08/2021
ကျွန်တော် မပြတ်နိုင်တဲ့ သံယောဇဉ်ကို
တကူးတက ဖြတ်ပေးသွားကြတဲ့သူတွေ
အားလုံးကို ကျေးဇူးတင်ပါတယ်
တစ်ဘဝလုံး သယ်ဆောင်သွားခွင့်မရှိတဲ့အခါ
ဖြုတ်ထားခံရမယ့် လက်တစ်စုံဟာ
ကျွန်တော်ပဲ ဖြစ်ပါရစေ
နောင်တနဲ့ ရှင်သန်ရတာထက်
နာကျင်မှုနဲ့ ရှင်သန်ရတာက
ပိုသက်သောင့်သက်သာ ဖြစ်မယ်ထင်ပါတယ်
ချစ်ရတဲ့သူတွေကို စဖြတ်ရဲတဲ့ သတ္တိ
ကျွန်တော့်မှာ ဒီနေ့ထိ မရှိသေးလို့ပါ
18/08/2021
Love in The Rain
မိုးတိမ်တွေ တရိပ်ရိပ် တက်လာပြန်ပြီ လီယာ...
ထုံးစံအတိုင်း ကော်ဖီတစ်ခွက်နဲ့အတူ
မိုးစက်တွေငေးရင်...
မင်းကိုလွမ်းရအုံးမယ်ထင်ပါရဲ့။
မိုးရွာတာကိုမနှစ်သက်တဲ့ငါက
မင်းထားခဲ့ပြီးနောက်ပိုင်း ...
မိုးစက်တွေနဲ့ပဲပျော်မွေ့နေတတ်ခဲ့တာ။
မိုးစက်တွေငေးရင်း...
မင်းကိုလွမ်းတဲ့ငါ့အလွမ်းတွေကို
အစဖော်ကာ...
ငါ့ကိုယ်ငါအကျဉ်းချအုံးမယ် ထင်ပါရဲ့။
သိပ်ချစ်ပါတယ်လို့...
ပြောတဲ့မင်းစကားသံတွေက
ထစ်ချုန်းမိုးလောက် မသာယာတော့ဘူး။
မထားခဲ့ဖို့ပြောတဲ့မင်းက
တစ်ခြားသောအရပ်မှာ ပျော်ရွင်နေတဲ့အခါ
မင်းအေးချမ်းပါစေသား။
- JJ -
17/08/2021
😊✌✌✌
ရေစက်ရှိလို့ဆုံခဲ့ပြီးပြီ ဖူးစာမပါတော့ပြန်ဝေးရတာပါပဲ💔💔💔
သဘောထားချင်းမတိုက်ဆိုင်တော့လို့ လမ်းခွဲခဲ့ရရင် မင်းမငိုပါနဲ့☺☺😊
14/08/2021
ကြယ်တွေဆိုတာ မိုးကောင်းကင်က
ခူးဆွတ်လို့မမှီတဲ့ အရာတစ်ခုပါ
ကိုယ်က မြတ်နိုးပေမယ့် ပိုင်ဆိုင်ခွင့်မရှိဘူးလေ 😔
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi