Health Service For You
သဘာဝ တိုင်းရင်းဆေး
29/05/2026
ရာသီအကူးအပြောင်းကာလတွေမှာ လူတော်တော်များများ မူးဝေတာ၊ ခေါင်းကိုက်တာမျိုး ခံစားရလေ့ရှိပြီး ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခုပါ👌
ရာသီဥတု အပြောင်းအလဲကြောင့် ဘာလို့ အခုလို မူးဝေရသလဲဆိုရင် အဓိက အကြောင်းရင်း (၄) ချက်ကြောင့် ဖြစ်နိုင်ပါတယ် -
🍁လေဖိအားပြောင်းလဲခြင်း (Barometric Pressure Changes): ရာသီဥတု အကူးအပြောင်းမှာ လေထုဖိအား ရုတ်တရက် အတက်အကျဖြစ်တာကြောင့် ကျွန်တော်တို့ နားထဲက ဖိအားကို သွားသက်ရောက်ပြီး ဟန်ချက်ပျက်ကာ မူးဝေခြင်းကို ဖြစ်စေနိုင်ပါတယ်။
🍁ခန္ဓာကိုယ်အပူချိန် ညှိယူရခြင်း: အေးနေရာကနေ ရုတ်တရက် ပူလာတာ ( ဒါမှမဟုတ် ) ပူနေရာကနေ အေးလာတဲ့အခါ ခန္ဓာကိုယ်က အပူချိန်ကို လိုက်ညှိရတဲ့အတွက် သွေးဖိအား (သွေးပေါင်ချိန်) အပြောင်းအလဲဖြစ်ပြီး မူးဝေတတ်ပါတယ်။
🍁ရေဓာတ်ခမ်းခြောက်ခြင်း: အထူးသဖြင့် ရာသီဥတု ပူပြင်းတဲ့ဘက်ကို ကူးပြောင်းတဲ့အခါ ချွေးထွက်များပြီး ခန္ဓာကိုယ်မှာ ရေဓာတ်နဲ့ ဆားဓာတ် လိုအပ်တာထက် ပိုကုန်ခမ်းသွားလို့ အိပ်ချင်မူးတူးဖြစ်တာ၊ မူးဝေတာမျိုး ဖြစ်တတ်ပါတယ်။
🍁ဓာတ်မတည့်ခြင်း (Allergies) နှင့် နှာစေး၊ နှာပိတ်ခြင်း: ရာသီကူးချိန်မှာ လေထဲက ဝတ်မှုံတွေ၊ ဖုန်မှုန့်တွေကြောင့် နှာစေး၊ နှာပိတ်ပြီး နားအတွင်းပိုင်းအထိ လေလမ်းကြောင်း ပိတ်ဆို့ကာ ခေါင်းမူးခြင်းကို ဖြစ်စေနိုင်ပါတယ်။
#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင် #တွိဟန်ဟဒယနှလုံးငြိမ်ဆေး
အစာအိမ်နှင့်အစားအစာ‼️
တွဲဖက်စားသုံးပေးသင့်သော အစားအစာများ (အစာအိမ်အတွက် ကောင်းကျိုးပြုသောအရာများ)
အစာအိမ်နံရံကို ကာကွယ်ပေးပြီး အစာခြေစနစ်ကို အထောက်အကူပြုသည့် အစားအစာများကို ဂရုစိုက်စားသုံးပေးသင့်သည်။
🍀အမျှင်ဓာတ် (Fiber) ကြွယ်ဝသော အစားအစာများ: * သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ (ဥပမာ - သင်္ဘောသီး၊ ပန်းသီး၊ ဂေါ်ဖီထုပ်)။
သင်္ဘောသီးတွင် ပါဝင်သော Papain အင်ဇိုင်းသည် အသားဓာတ် (Protein) များကို ကြေပျက်လွယ်စေရန် အထူးကူညီပေးသည်။
🍀ပရိုဘိုင်အိုတစ် (Probiotics) ပါဝင်သော အစားအစာများ:
ဒိန်ချဉ် (Yogurt) သည် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် လိုအပ်သော အကျိုးပြုဘက်တီးရီးယားများကို တိုးပွားစေပြီး လေပွခြင်း၊ ရင်ပြည့်ခြင်းတို့ကို သက်သာစေသည်။
🍀ဂျင်း (Ginger):
ဂျင်းသည် အစာအိမ်ရောင်ရမ်းမှုကို လျှော့ချပေးပြီး အော့အန်ချင်စိတ်နှင့် လေအောင့်ခြင်းကို သဘာဝအတိုင်း သက်သာစေသည့် အကောင်းဆုံးဆေးဖက်ဝင် အစားအစာဖြစ်သည်။
🍀အစာခြေရလွယ်ကူသော ကာဘိုဟိုက်ဒရိတ်:
ဆန်ပြုတ်၊ အုတ်ဂျုံ (Oats) နှင့် ကလောဥ (Sweet potato) တို့သည် အစာအိမ်အက်ဆစ် ထွက်ရှိမှုကို မျှတစေပြီး အစာခြေစနစ်ကို အလုပ်အလွန်အကျွံ မလုပ်ရစေရန် ကာကွယ်ပေးသည်။
#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်
နှလုံးအားနည်းပြီးရင်တုန်နေပြီလား
ညဘက်အိပ်ရေးပျက်ပြီးအစားအသောက်ပျက်နေလား
ရာသီဥတုမမျှတလို့မူးဝေနေပြီလား
စိတ်ဖိစီးမှုများလို့စိတ်ရှုပ်ထွေးနေပြီလား
နှလုံးငြိမ်ပြီအားဖြစ်စေတဲ့
🍂ကန့်ဘလူဉ
🍂ပဲနံ့သာ
🍂နံ့သာဖြူ
🍂ပန်းဥ
🍂ပဲနံ့သာ
🍂ပန်းနု
🍂ပန်းမ
🍂ဆေးပုဇွန်ထုတ်
🍂ကျောက်သွေး
🍂နံ့သာနီ တို့ အဓိက ပါဝင်ဖော်စပ်ထားပြီး လူကြီးကလေး မရွေးသောက်သုံးနိုင်ပါတယ်နော်အသက်အရွယ်အလိုက် သောက်သုံးရမယ့် ပမာဏ ရေပူရေအေးတော့ ကွာခြားမှုရှိတယ်ရှင့်🩸🤍
#ဘာအတွက်အသုံးပြုလို့ရလဲ
🍀မူးဝေခြင်း
🍀မောပန်းခြင်း
🍀နှလုံးတုန်ခြင်း
🍀စားမဝင်အိပ်မပျော်ခြင်း
🍀စိတ်ကြည်လင်မှုမရှိခြင်း
🍀သွေးသည်းခြေပျက်ခြင်း
🍀သွေးအားနည်းခြင်း တို့အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်
ဘေးထွက်ဆိုးကျိူးမရှိဘဲ အကျိုးပြုတဲ့ဆေးလေးမို့ အိမ်တိုင်းဆောင်ထားဖို့ အကြံပေးပါတယ်ရှင့်
#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်
#တွိဟန်ဟဒယနှလုံးငြိမ်ဆေး
21/05/2026
နှလုံးခုန်မြန်ခြင်းကိုကာကွယ်နည်း‼️
အကောင်းဆုံးကာကွယ်နည်းမှာ နှလုံးကိုကျန်းမာအောင် ဂရုစိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် နှလုံးကျန်းမာရေး ကောင်းမွန်အောင်ပြုလုပ်နိုင်သည်။
✨သွေးတိုးရောဂါနှင့် သွေးတွင်းအဆီဓာတ်များခြင်းကို သေချာကုသမှုခံယူခြင်း
✨ဆေးလိပ်နှင့် ဆေးရွက်ကြီးပါဝင်သော အရာများကို ရှောင်ကြဥ်ခြင်း
✨ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
✨အာဟာရပြည့်ဝပြီး လတ်ဆတ်သော အစားအသောက်များကို စားသုံးခြင်း
✨အရက်ပါဝင်သောယမကာများနှင့် ကော်ဖီသောက်သုံးခြင်းကို လျှော့ချခြင်း (သို့မဟုတ်) ရှောင်ခြင်း
✨ကွမ်းယာစားသုံးခြင်းကို လျှော့ချခြင်း (သို့မဟုတ်) ရှောင်ခြင်း
✨မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း
အိပ်ချိန်အလုံအလောက်ထားခြင်း
✨တစ်ရက်တွင် မိနစ် (၃၀) ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း
✨မည်သည့်ဆေးကိုမဆို မိမိသဘောဖြင့် သောက်သုံးခြင်းမပြုဘဲ ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ သောက်သုံးခြင်း
✨နှလုံးခုန်မြန်ခြင်းကို ဆောလျင်စွာသိနိုင်ရန် အဝေးထိန်းစနစ်ဖြင့် စောင့်ကြည့်နိုင်သော ကျန်းမာရေးစောင့်ကြည့်ကိရိယာများကို ဝတ်ဆင်ခြင်း စသည်တို့ဖြစ်သည်။
18/05/2026
နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ရလဲ‼️
နှလုံး သွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတော့ လိုအပ်တဲ့ ဆေးဝါးသောက်သုံးတာအပြင် ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ရှိစေဖို့ အခုလိုလေး အစားအသောက်ကို ဂရုစိုက်ပေးဖို့ လိုပါမယ်။ ခုပြောမယ့် အချက်လေးတွေက နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်သေးသူတွေရော၊ ဖြစ်နေတဲ့သူတွေပါ လိုက်နာလို့ရပါတယ်။
စားပေးသင့်တာလေးတွေက
နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ အခုလို အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ ဒါတွေကတော့
🍀လတ်ဆတ်တဲ့ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေ
အပင်ကနေရတဲ့ အာဟာရ အရင်းအမြစ်တွေက နှလုံး ကျန်းမာစေနိုင်သလို ရုတ်တရက် နှလုံးရပ်တာ၊ နှလုံး စည်းချက် မမှန်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
🍀သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေ ပါဝင်နေပြီး ကယ်လ်လိုရီ ပါဝင်မှု နည်းတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေသလို အမျှင်ဓာတ် ပါဝင်နေတာကလည်း သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။
သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ အေးခဲထားတာတွေထက် လတ်လတ်ဆတ်ဆတ် ဖြစ်တာမျိုးကိုပဲ ရွေးချယ်ပေးပါ⚠️
🍀နှံစားသီးနှံတွေ
နှံစားသီးနှံတွေကို စားသုံးပေးတာက နှလုံး ကျန်းမာစေပြီး နှလုံးသွေးကြောကျဉ်းတာကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ နှံစားသီးနှံတွေမှာ အာဟာရ ကြွယ်ဝသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောကိုရော သွေးပေါင်ချိန်ကိုပါ ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။
ဥပမာအနေနဲ့ ပြောပြရရင် ဂျုံကြမ်း ပေါင်မုန့်၊ အုတ်ဂျုံ၊ ဆန်လုံးညို စတာမျိုးတွေပါ။
🍀ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ
နှလုံးသွေးကြောကျဉ်းနေပြီဆိုရင် တတ်နိုင်သမျှ အဆီကို လျှော့စားဖို့ လိုပါမယ်။ ဒါပေမယ့် အဆီတိုင်းက ဆိုးတာတော့ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေက အတိုင်းအတာ တစ်ခုအတွင်းမှာ စားသုံးမယ်ဆိုရင် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကျန်းမာတဲ့ အဆီတွေရဲ့ နောက်ထပ် အကျိုးကျေးဇူး တစ်ခုက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးတာပါ။
ဒါကြောင့် နှလုံးသွေးကြောကျဉ်းသူတွေအနေနဲ့ မပြည့်ဝဆီတွေဖြစ်တဲ့ monounsaturated fats နဲ့ polyunsaturated fats တို့ ပါဝင်နေတဲ့ သံလွင်ဆီ၊ ကာနီုလာဆီ၊ နှမ်းကြတ်စေ့ဆီ၊ ထောပတ်သီး၊ အခွံမာအသီးတွေ၊ အစေ့အဆန်တွေကို စားပေးလို့ ရပါတယ်။
🍀အဆီမပါတဲ့ ပရိုတင်း
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် ပရိုတင်း စားပေးဖို့ လိုပါမယ်။ ဒီလို ပရိုတင်းကို ရွေးချယ်တဲ့အခါမှာလည်း အဆီ ပါဝင်မှု နည်းတာမျိုးကို ရွေးချယ်ဖို့ လိုပါမယ်။ နောက်ပြီး ငါး အထူးသဖြင့် အိုမီဂါသရီး ကြွယ်ဝတဲ့ ငါးမျိုးကို ရွေးချယ် စားသုံးပေးတာက သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်မှာပါ။
အဆီဓာတ် နည်းတဲ့ ပရိုတင်းအနေနဲ့ စားပေးလို့ ရတာလေးတွေကတော့ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲပိစပ်၊ မိုးခိုသား၊ အရေခွံမပါတဲ့ ကြက်သား စတာမျိုးတွေပါ။
#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်
#ဟဒယနှလုံးငြိမ်ဆေး
17/05/2026
ဝမ်းချုပ်တယ်ဆိုတာ‼️
ဝမ်းသွားရာမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေများရှိနေခြင်းကို ဝမ်းချုပ်ခြင်းအဖြစ် သတ်မှတ်ပါတယ်။
တစ်နေ့လျှင် (သို့) (၂)ရက်မှ (၃)ရက် အချိန်အတွင်း (၁)ကြိမ်မှ (၃)ကြိမ် ဝမ်းသွားမယ်ဆိုရင် ကျန်းမာရေး ကောင်းမွန်တဲ့လူတစ်ယောက်အတွက် ပုံမှန် ဝမ်းသွားမှု လို့ ဆိုရမှာပါ။
ဒါဟာ အစာအိမ်အောင့်ခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း၊ အစာအိမ်ဂတ်စ် စတာတွေနဲ့ မသက်ဆိုင်ပါဘူး။
ပုံမှန်ဝမ်းသွားတဲ့အခြေအနေမှာ မစင် ဟာ လွန်စွာပျော့ပျောင်းပြီး အရမ်းမမာ လွန်း မကျဲလွန်းတဲ့ အနေအထားဖြစ်ပါတယ်။
စားလိုက်တဲ့အစားအစာအပေါ် မူတည်ပြီး ကျန်းမာတဲ့သူတစ်ယောက်ရဲ့ မစင်ဟာ အဝါရောင်ရင့်ရင့်(သို့) အဝါရောင်ဖျော့ဖျော့ရှိပါတယ်။
တကယ်လို့ မစင်ဟာအနီရောင်ဖြစ်နေတယ် ဆိုရင် အစာချေစနစ်မှာ သွေးထွက်နေတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ တကယ်လို့ မစင်ကြောင့် အိမ်သာခွက်က ရေထဲမှာ အဆီပြန်ပြီးအကြွင်းအကျန် တွေရှိနေတယ်ဆိုရင် မုန့်ချိုအိတ်(ပန်ကရိယ) (သို့) ဆီးအိမ် မှာ ပြဿနာရှိ နေတာ ဖြစ်နိုင်ပါတယ်။
#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်
အရိုးအဆစ်ဆိုင်ရာဝေဒနာ ခံစားနေရပါသလား‼️
14/05/2026
အစားအစာတစ်ခုကို စားသုံးပြီးနောက် ခန္ဓာကိုယ်မှ ပြန်လည်စွန့်ထုတ်ရန် ကြာမြင့်ချိန်မှာ လူတစ်ဦးနှင့်တစ်ဦးအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ယေဘုယျအားဖြင့် အောက်ပါအဆင့်များအတိုင်း အချိန်ကြာမြင့်တတ်ပါသည် -
၁။ အစာခြေစနစ်၏ ပုံမှန်ကြာချိန်
အစာအိမ်ထဲတွင် ရှိနေချိန်: စားလိုက်သော အစားအစာများသည် အစာအိမ်ထဲတွင် ၂ နာရီမှ ၅ နာရီ အထိ ကြာမြင့်နိုင်ပါတယ်။
အူသိမ်အတွင်း ဖြတ်သန်းချိန်: အာဟာရများ စုပ်ယူရန်အတွက် အူသိမ်ထဲတွင် ၂ နာရီမှ ၆ နာရီ ခန့် ကြာတတ်ပါတယ်။
အူမကြီးအတွင်း ရှိနေချိန်: အစာကြွင်းအကျန်များ အူမကြီးထဲသို့ ရောက်ရှိပြီး ရေဓာတ်စုပ်ယူကာ ဝမ်းအဖြစ် ပြောင်းလဲရန် ၁၀ နာရီမှ ၅၉ နာရီ အထိ ကြာမြင့်နိုင်ပါတယ်။
ခြုံငုံကြည့်လျှင် အစားစားပြီးသည်မှ ဝမ်းအဖြစ် စွန့်ထုတ်သည်အထိ ၂ ရက်မှ ၅ ရက် (ပျမ်းမျှအားဖြင့် ၃၃ နာရီမှ ၅၃ နာရီခန့်) အထိ ကြာမြင့်လေ့ရှိပါတယ်။
၂။ အစားစားပြီးပြီးချင်း ဝမ်းသွားချင်ခြင်း (Gastrocolic Reflex)
အချို့သူများတွင် အစားစားပြီးပြီးချင်း (၁၅ မိနစ်မှ မိနစ် ၃၀ အတွင်း) ဝမ်းသွားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။
ဒါဟာ ခုနကစားလိုက်တဲ့ အစားအစာကြောင့် မဟုတ်ဘဲ အစာအိမ်ထဲသို့ အစားအသစ်ဝင်လာချိန်တွင် အူမကြီးကို လှုပ်ရှားရန် ခန္ဓာကိုယ်က အချက်ပေးလိုက်သည့် Gastrocolic Reflex ကြောင့် ယခင်ရှိနှင့်ပြီးသား ဝမ်းဟောင်းများကို စွန့်ထုတ်ခြင်းသာ ဖြစ်ပါတယ်။
၃။ အချိန်ကို သက်ရောက်စေသော အချက်များ
အစားအစာအမျိုးအစား: အမျှင်ဓာတ် (Fiber) ပါဝင်မှုများသော အသီးအနှံများက ဝမ်းသွားခြင်းကို မြန်ဆန်စေပြီး၊ အသားနှင့် အဆီများသော အစားအစာများက အစာခြေနှုန်းကို နှေးကွေးစေပါတယ်။
ရေဓာတ်: ရေများများသောက်ခြင်းက အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။
ကိုယ်လက်လှုပ်ရှားမှု: လေ့ကျင့်ခန်းလုပ်ခြင်းက အူမကြီး လှုပ်ရှားမှုကို လှုံ့ဆော်ပေးပါတယ်။
⚠️ပုံမှန်ဝမ်းမှန်စေရန်အတွက် အသီးအနှံများများစားခြင်း၊ ရေလုံလောက်စွာသောက်ခြင်းနှင့် လိုအပ်ပါက သဘာဝသစ်ဥသစ်ဖုများ ပါဝင်သော ဆေးဝါးများကို စနစ်တကျ အသုံးပြုနိုင်ပါတယ်။
13/05/2026
နှလုံးခုန်မြန်ခြင်းအတွက် အိမ်တွင်းကုထုံးများ‼️
ရိုးရှင်းသော လူနေမှုပုံစံ တိုင်းတာမှုများသည် ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်-
🍀နက်ရှိုင်းစွာ အသက်ရှူခြင်းနှင့် အပန်းဖြေခြင်း နည်းစနစ်များ။
🍀ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန် ရေသောက်ပါ။
🍀ကဖိန်းဓာတ်၊ အရက်နှင့် နီကိုတင်းကို ကန့်သတ်ခြင်း။
🍀အိပ်စက်ချိန် လုံလောက်ပြီး စိတ်ဖိစီးမှု လျော့ကျစေပါတယ်။
🍀ပေါ့ပါးသော ယောဂ သို့မဟုတ် တရားထိုင်ခြင်းသည် ပိုမိုအထောက်အကူဖြစ်စေပါသည်။
🍀တွိဟန် ဟဒယ နှလုံးငြိမ်ဆေးကို လက်ဖက်စားဇွန်း ၁ဇွန်း မနက်/ညရေအေးနှင့်ပုံမှန်မှီဝဲပါ
#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်
သင်ကိုယ်တိုင် သင့်ရဲ့ကျောက်ကပ်ကို ဖျတ်ဆီးသူလား❓❓❓❓
ကျောက်ကပ်သည် #အညစ်အကြေးစွန့် အင်္ဂါတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်မှ မလိုအပ်သောအရာများကို #ဆီးအဖြစ် စွန့်ထုတ်ပေးခြင်းဟူသော လုပ်ဆောင်ချက်ကို ပြုလုပ်ပေးသည်။ ပျက်ဆီးလာတဲ့အခါ လုပ်ဆောင်ချက်တွေ ချို့ယွင်းလာပြီး #ဖောရောင်ခြင်း
နှင့်အတူ မကျန်းမာမှု ကို စတင် ရင်ဆိုင်ရပါတော့သည်။ အကိုက်အခဲပျောက်ဆေး တွေကို နာကျဥ္မှု ခံစားရတိုင်း အလွယ်တကူ #ရေရှည် သောက်သုံးခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တစ်ခုကြောင့် ဖြစ်ပါသည်။
သင့်ရဲ ့ခန္ဓာကိုယ်က
🍀ဆီးအရောင်ပြောင်းလဲခြင်း
🍀ဆီးသွားရခက်ခဲခြင်း၊ဆိးကျန်ခြင်း၊ဆီးသွားလျှင်နာကျင်ခြင်း
🍀ဆီးသွားလျှင်သွေးပါခြင်း၊အမြှုပ်ထခြင်း
🍀ခန္ဓာကိုယ်ဖောသွပ်၍ဖြူဖက်ဖြူရော်ဖြစ်ခြင်း
🍀မောပန်းနွမ်းနယ်၍အာရုံ မစိုက်နိုင်ခြင်း
🍀ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
🍀ခါးဘေးစောင်းကြွက်သားများနာကျင်ခြင်း
စသောလက္ခဏာများကို #၁ပတ်တိတိ ခံစားရပြီ ဖြစ်ပါက သင့်ရဲ့ကျောက်ကပ်သည်ပုံမှန်မဟုတ်တော့ပါ။တိကျသေချာစွာသိရှိလိုပါက ရိုက်၍ သိရှိနိုင်ပါသည်။
သင့်ရဲ့ မသိမသာ လုပ်လိုက်တဲ့ အမူအကျင့် တစ်ခုဟာ #ဝေဒနာကြီး ထိပြောင်းလဲနိုင်တာမို့ မပေါ့ဆသင့်ဘဲ အထူးဂရုစိုက်ဖို့ အကြံပေးချင်ပါတယ်ရှင့်
#ကျန်းမာသောဘဝများကိုပိုင်ဆိုင်နိုင်ပါစေ
#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်
09/05/2026
ဝမ်းချုပ်ခြင်း ကို မခံစားဖူးတဲ့ သူဆိုတာ မရှိပါဘူးနော်
ဘာတွေက ဝမ်းချုပ်စေတာလဲ❓
အရွယ်ရောက်ပြီးသူများတွင် ဝမ်းချုပ်ခြင်း ဖြစ်နိုင်သော အကြောင်းရင်းများစွာရှိသည်။ တစ်ခါတလေမှာ အကြောင်းပြချက် ရှင်းရှင်းလင်းလင်းမရှိပါဘူး။
အဖြစ်အများဆုံး အကြောင်းရင်းများမှာ-
🍀သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အမျှင်ဓာတ်ကို လုံလောက်စွာမစားခြင်း
🍀အရည်အလုံအလောက်မသောက်ခြင်း
🍀လုံလောက်စွာ မလှုပ်ရှားဘဲ အချိန်အကြာကြီး ထိုင်ခြင်း သို့မဟုတ် လဲလျောင်းနေခြင်း
🍀ကိုယ်လက်လှုပ်ရှားမှုနည်းပြီး လေ့ကျင့်ခန်းမလုပ်ခြင်း
🍀အိမ်သာသွားချင်စိတ်ကို လျစ်လျူရှုတတ်ခြင်း
🍀အစားအသောက် သို့မဟုတ် နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲခြင်း
🍀ဆေး၏ဘေးထွက်ဆိုးကျိုးကြောင့်ဝမ်းချုပ်ခြင်း
🍀စိတ်ဖိစီးမှု၊ စိုးရိမ်စိတ် သို့မဟုတ် စိတ်ဓာတ်ကျခြင်း။
ဝမ်းချုပ်ခြင်းသည် ကိုယ်ဝန်ရှိစဉ်နှင့် ကလေးမွေးပြီး 6 ပတ်အတွင်း အဖြစ်များပါသည်။
ရှားရှားပါးပါး၊ ဝမ်းချုပ်ခြင်းသည် ဆေးဘက်ဆိုင်ရာ အခြေအနေကြောင့် ဖြစ်နိုင်ပါသည်။
ဝမ်းချုပ်ခြင်း ကို အဝေးတွန်းထုတ်နိုင်ပြီး
#မလိုလားအပ်တဲ့အဆီများလျော့ချပေးတဲ့
ပွေးကိုင်းကို မီးသင်းပြီး စနစ်တကျဖော်စပ်ထားတဲ့
#မယ်ခင်မျက်စိကြည်ဝမ်းမှန်ဆေး
လေးရှိနေပါပြီနော်
ဝမ်းမှန်ချင်သူများအတွက်
ညဘက်အိပ်ယာဝင် ၅ပြားကိုရေအေးနဲ့သောက်ပြီး
ဝမ်းချုပ်လွန်သူများအတွက်
နံနက်/ည ၅ပြားစီရေအေးနဲ့ သောက်သုံးနိုင်ပါပြီ
#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်
#မယ်ခင်မျက်စိကြည်ဝမ်းမှန်ဆေး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Taunggyi