Thae Su Su San
Thanks!
23/11/2025
မမ ❤️ငယ်ငယ်
23/11/2025
မမရဲ့ ညီမလေး ငယ်ငယ် ❤️❤️❤️
20th November 2025
ကမ္ဘာ့ကလေးများနေ့ မှာ ပျော်နေကြသော
မမ ❤️ငယ်ငယ်
21/11/2023
အနိမ့် ၊ အမြင့် မတူကြရင်
အမြင်တွေမတူနိုင်ကြဘူး ။
ကြည့်တဲ့ရှုထောင့်
မတူရင်လည်း မြင်လိုက်ရတဲ့
View လည်းမတူကြပြန်ဘူး ။
လျှောက်ခဲ့တဲ့လမ်း
မတူကြရင် သူဖြစ်နေတဲ့
အခက်အခဲနဲ့ စိတ်ခံစားချက်ကို
နားလည်ပေးလို့မရနိုင်ဘူး ။
သူ့နေရာမှာ
ကိုယ်မရောက်သေးရင်
သူဘာဖြစ်နေလဲဆိုတာ
ခံစားပေးလို့မရနိုင်ဘူး ။
သူ့လိုမခံစားဖူးသေးရင်
သူ့အဖြစ်ကို ကိုယ်ချင်းစာ
ပေးလို့ကိုမရကြဘူး ။
အဲ့ဒါက ဖြစ်ရိုးဖြစ်စဉ် !
Credit - မာရင်ရင်
21/11/2023
စိတ်ပညာရှင်တွေရဲ့
ခုနောက်ဆုံးသတ်မှတ်ချက်က..
လူတွေရဲ့ အသိဉာဏ်ကို
တိုင်းတာတဲ့စနစ်ဟာ
* အိုင်ကျူ (IQ)
* အီးကျူ (EQ)
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုပီး လေးမျိုးတောင် ရှိသတဲ့။
အရှည်ကတော့ ...
1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။
အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။
1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့..
အသိဉာဏ် level က..
တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။
သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊
အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊
အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊
ဒါပါဘဲ..
အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။
2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့..
လူအများနဲ့
မင်းရဲ့ဆက်သွယ်မှု level ကို.. တိုင်းတာတာ ဖြစ်တယ်။
လူအများနဲ့ ဆက်ဆံတဲ့အခါ..
မင်းဘယ်လောက် အဆင်ပြေလဲ?
မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?
တာဝန်ယူမှု တာဝန်ခံမှု ရှိလား?
လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?
ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?
သူများ personalကိစ္စတွေကို..
လေးစား ထိန်းသိမ်းပြီး..
ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?
ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။
3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊
အပေါင်းအသင်း၊
သူငယ်ချင်း၊
မိသားစု ဆွေမျိုးတွေကြားမှာ..
ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?
ဘယ်လောက်ထိ
ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?
ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။
အထက်က သုံးခုထဲမှာ..
ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး..
အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ..
ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ Level မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။
အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။
သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။
အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့
သူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့
သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။
ဝမ်းနည်းစရာ ကောင်းတာက..
စာသင်ကျောင်းတွေဟာ..
IQ Level မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး..
EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။
(သူတို့ဆီက ကျောင်းတွေမှာတောင်နော်)
တကယ်တော့..
EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး..
SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို..
ဘယ်လောက်ထိသက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။
ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။
ကိုယ့်ဦးနှောက် အသိဉာဏ် level ကို
တိုင်းတာနိုင်တဲ့.. နောက်ဆုံး လေးခုမြောက်က..ဘာလဲ (တွေ့ရှိချက် အသစ်တဲ့)
4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ...
ဘဝမှာ တွေ့ကြုံလာရသမျှ..
ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို
ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့.. စွမ်းရည် level တဲ့..။
အဲ့ဒါ.. AQ level တဲ့..။
(ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)
မြန်မာစကားနဲ့ ပြောရရင်...
*လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ။
AQ level ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊
မိသားစုကို စွန့်ခွာ၊
ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါ။AQ level နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။
သားကွဲ၊
မယားကွဲ၊
အလုပ်ပြုတ်၊
စိတ်ကျ၊
ဆူဆိုက်လုပ်၊
လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. AQ level နည်းနေခဲ့လို့.. ဆိုပါတော့..။
အကြံပြုချက်က...
မိဘတွေဟာ..
ကိုယ့်သားသမီး AQ level မြင့်လာအောင်..
ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး..
လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
(ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)
သူ့အသက်အရွယ်၊
သူ့အသိဉာဏ် level အတိုင်း..
ခန္ဓာကိုယ်ရော၊
ဦးနှောက်ရောကို အလုပ်ပေးတဲ့..
တာဝန်ဝတ္တရားတွေ၊
ခိုင်းစေမှုတွေ..
ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊
ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။
အချူပ်ပြောရရင်...
အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။
မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး။
ကျန်တဲ့သုံးခု..
(EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။
ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။
သူရေးထားတဲ့..
နောက်ဆုံးစကားလေး ကြိုက်တယ်။
"သားသမီးတွေကို.. သူတို့လျှောက်ဖို့
လမ်းခင်း မပေးပါနဲ့။
သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....
original writer
------
21/11/2023
ကလေးရိုင်းခြင်း နှင့် 'C' 4 'C'
ဖြစ်ရပ်-၁
--------
ဗြိတိသျှဘုရင်မကြီး၏မြစ်တော် မင်းသမီးလေး ရှားလက် Charlotte သည် တော်ဝင်မိသားစုအား လက်ဝှေ့ရမ်းနုတ်ဆက်နေသော ပြည်သူပြည်သားဘက်သို့လှည့်၍ လျှာထုတ်ပြလိုက်သည်။
အသက် ၄ နှစ်အရွယ် မင်းသမီးလေးအား သူ့မိခင် ကိတ် Kate က လူထုအား ပြန်လည်နှုတ်ဆက်ခိုင်းလိုက်ချိန်မှာ ဖြစ်သွားခြင်းဖြစ်သည်။
ကိတ်က အခြေအနေကို အလွန်တော်စွာထိန်းသိမ်းလိုက်နိုင်သည်။ လူထုဖက်လှည့်၍ ပြုံးရယ်ကာ "ကြည့်... ကြည့်... တွေ့လိုက်ကြတယ်မလား" ဟု ကလေးက ပျော်တတ်တဲ့ပုံစံဖမ်း လုပ်ပြသွားသည်။
တကယ်လည်း ကိတ်တော်ပါသည်။ ကလေးအား အဲ့လိုလုပ်ရလားလို့ လူထုကြီးရှေ့မှာ မာန်လိုက်လို့မဖြစ်ပေ။ သူတို့ တော်ဝင်မိသားစုတွေက လူထုရှေ့မှာ အပြုံးပန်းဆင်၍ နှစ်လိုဖွယ် အမြဲနေနေရသူတွေဖြစ်သည်။
ကိတ်အနေနှင့် မင်းသမီးလေးအား အမူအကျင့်ကောင်းနှင့် အဆိုး Good behaviour နှင့် Bad behaviour ကို သိနားလည်အောင် သင်ပြဖို့တော့လိုနေပြီဖြစ်သည်။ ကလေးက နောင်တချိန်မှာ လက်ခလယ်ထောင်မပြဘူးမပြောနိုင်ပေ။ သူတွေ့လာသည့် behaviour အမူအကျင့်ကို သူလိုက်လုပ်ချင်လုပ်ပေမည်။
ဖြစ်ရပ်-၂
---------
အမေရိကားမှ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာသည်။ ၄ နှစ်အရွယ် သူ့ကလေးက လမ်းမှာတွေ့သည့်သူတွေကို ငါ့ဘာလို့ကြည့်ရတာလဲဟု လိုက်စွာနေ၍ ဖြစ်သည်။ အမေရိကားမှာ ကလေးကဒီလိုလိုက်လုပ်နေတာ အန္တရာယ်များသည်။
ကျနော့်ဆီ ကလေးရိုင်းလို့ဆိုကာ တွေ့လျှင်တိုင်ပင်ကြသည့် မိဘတွေတွေရှိသည်။ မိမိကလေး စရိုင်းစပြုသည်ကို သတိထားမိခြင်း၊ ရိုင်းသည်လို့ လက်ခံကာ ပြုပြင်ဖို့ ကြိုးစားကြခြင်းသည် အလွန်ကောင်းပါသည်။
ကလေးဘာကြောင့်ရိုင်းလဲ အဖြေရှာကြည့်သည်။ ကလေးတယောက်၏ အမူအကျင့် behaviour ကို ပြုပြင်သည့် အချက် factors ၃ ချက်ရှိသည်။
၁- ကလေး၏ ဗီဇ၊
၂- ကလေး၏ အိမ်တွင်း မိဘ၊ ညီအကို ဆွေမျိုးများ၊
၃- ကလေး၏ ပြင်ပအသိုင်းအဝိုင်း သူငယ်ချင်း၊ ဆရာမ၊ ကျောင်း စသည်တို့ ဖြစ်သည်။
ကလေး ၂ နှစ်မှ ၄ နှစ်အထိ အချက် -၂ အိမ်တွင်းထိတွေ့သူတွေအရေးကြီးသည်။ ၄ နှစ်မှ အထက်တွင် အချက် - ၂ ရော ၃ ပါ ဂရုပြုရမည်။
ယခုကိစ္စတွင် ကလေးက လမ်းမှာ တွေ့သမျှလူတွေကို ငါ့ဘာကြောင့်ကြည့်ရတာလဲ Why are you looking at me? စသည်တို့ ပြောနေသည်မှာ ကလေးရဲ့ ၁၁ နှစ်အရွယ် အမဆီမှ လာကြောင်း တွေ့ရသည်။
ကလေး ၂ ယောက် အသက်မတူသည့်အခါမိဘ၏ ဂရုစိုက်မှုကမတူ၊ အငယ်ကောင်လေးကို မျက်နှာသာပေးတော့ အမက သူ့မချစ်ဘူးထင်သည်။ ကလေးက အမကို ဆံပင်ဆွဲတာ၊ အမလုပ်တာ လိုက်လုပ်ချင်တာ၊ စပ်စုတာတွေရှိတော့ အမကကလေးကို "ငါ့နားမလာနဲ့၊ မစပ်စုနဲ့၊ ငါ့ကိုလိုက်မကြည့်နဲ့" ပြောထားတာတွေကို ကလေးက အပြင်လူကို ပြန်လုပ်နေခြင်းဖြစ်သည်။
ဖြစ်ရပ်-၃
--------
ကလေးက အရွယ်ရောက်လာသည့်အခါ မိဘနှင့်မတည့်တော့ပဲ ရိုင်းလာခြင်း။ ဤဖြစ်ရပ်မျိုးကို Singapore မှာရော မြန်မာပြည်မှာပါ တွေ့ရပါသည်။ post သပ်သပ်ရေးမှ ရမည်။
ဖြစ်ရပ်-၄
--------
၃ နှစ်အရွယ်ကလေးက မိဘအားပြန်ပြန်အော်ခြင်း။ ရိုက်ခြင်း။ ကျနော့် အိမ်ရှေ့က ကလေးမလေး ဝတုတ်လေး ၂ ယောက်လုံး ရေလည်အော်သည်ကို သတိပြုမိတာ ကြာပါပြီ။
---------------------------------
ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။
၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။
ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။
၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။
ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။
၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။
ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။
၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။
ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။
၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။
အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။
၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။
ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။
ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။
မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။
1. Calm
2. Correct
3. Consistent
4. Consequences
1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။
------------------------------------
ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။
မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။
ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။
ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။
2. Correct ကလေး အားပြုပြင်ပါ။
-----------------------------
ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။
ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။
ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။
3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။
-------------------------------
ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။
ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။
ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။
"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။
ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။
4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။
------------------------------------
ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။
မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။
ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။
ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။
ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။
ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။
မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။
အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။
ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။
ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။
ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။
Kids aren't born with perfect manners and etiquette. We need to teach them correctly.
ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။
02/03/2023
❤️❤️❤️
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Taunggyi