MyaNang

MyaNang

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MyaNang, Taunggyi.

11/06/2022

မင်း....
မသိစိတ်ကို ဥပက္ခာပြုမိရင်
မသိစိတ်၏ ဒဏ်ခတ်ခြင်းကို
ခံရလိမ့်မရ်

🙂

31/01/2022

#မိဘကျေးဇူး ဆပ်နည်း ( ၆ )နည်း.......

1 #အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း
2 #ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း
3 #ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း
4 #ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း
5 #တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း
6 #အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း
တို့ပဲဖြစ်ပါတယ်.......

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......

မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မျးသာပါတယျ တဲ့.....

ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........

မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......

ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......

ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........

အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေ မပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........

မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

5 တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......

မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......

မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........

မြတ်ဗုဒ္ဓ၏
အမြတ်ဆုံး ကျေးဇူးအကျေဆပ်နည်းပါ.....

ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....

မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........

နောက်ဆုံးကတော့......

မိဘများ
သက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး ကောင်းမှုကုသိုလ်များ
ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။
Crd.

မေတ္တာများစွာဖြင့်...
ရွှေသဲမြေ

30/01/2022

နာကျင်မှုများစွာ
ကြုံရတဲ့မိန်းကလေးသည်
ပိုပိုထက်မြက်လာပြီး
ပိုတောက်ပလာတယ်...။

အထင်သေးမှု၊နာကြည်းမှုတွေ
ခံရတဲ့ယောကျာ်းလေးက
ပိုက်ဆံပိုရှာတတ်လာပြီး
ယောကျာ်းပိုပီသလာတယ်...။

ဘဝကို ခက်ခက်ခဲခဲရှင်သန်ရတဲ့
လူတွေကကိုယ်ချင်းစာစိတ်ပိုရှိပြီး
ဘဝအကြောင်းပိုနားလည်
လာတယ်...။

ကြိမ်ဖန်များစွာ
မျက်ရည်ကျဖူးတဲ့လူတွေက
စိတ်ဓာတ်လွယ်လွယ်
မကျတော့ဘဲ ပိုပို မာကျောလာတယ်...။

သစ္စာခဏခဏ ဖောက်ခံရတဲ့လူတွေ
မှန်လိုပဲ ဆက်ဆံတတ်လာတယ်...။

လျစ်လျူရှူတာအမြဲခံရတဲ့လူတွေက
အနားမှာဘယ်သူမှမရှိလည်း
တစ်ယောက်တည်း
ပျော်ပျော်နေတတ်လာတယ်...။

ဒါတွေဟာ အထူးတလည်

သင်ယူရတာမဟုတ်ဘဲ

ဘဝရဲ့အတွေ့အကြုံ၊ကြုံခဲ့တဲ့လူတွေ

ကြောင့်ရင့်ကျက်သွားတာပါ...။

ဆိုတော့ တစ်မျိုးပြီးတစ်မျိုး
မရိုးအောင် သင်ခန်းစာတစ်ပုံကြီးပေးခဲ့တဲ့
အယောက်စီတိုင်းကို
ကျေးဇူးတင်ပါတယ်။သူတို့ကြောင့်
အရင်ကထက် ပိုရင့်ကျက်လာခဲ့ပါပြီ...။

credit
ဘဝစာပေ

29/01/2022

#ဒေါသထွက်နေတဲ့ အချိန်မှာ…
စကားမပြောပဲ နေလိုက်တာဟာ

အမှားပေါင်းများစွာ
အကျိုးမဲ့ပေါင်းများစွာ
ဆုံးရှုံးမှုပေါင်းများစွာကို
အကောင်းဆုံးသော တားဆီးပေးတဲ့နည်းပါပဲ။

ဒေါသနဲ့ပြောတဲ့ စကားတွေဟာ…
ဉာဏ်ပညာကိုလည်း ဖျက်ဆီးနိုင်တယ်။

ကျေးဇူးသိတတ်သောစိတ်ကိုလည်း
ဖျက်ဆီးနိုင်တယ်။

မေတ္တာတရားကိုလည်း ဖျက်ဆီးနိုင်တယ်။
အကြင်နာတရားကိုလည်း ဖျက်ဆီးနိုင်တယ်။

အနှစ်နှစ် အလလ ချစ်ခဲ့သမျှတွေကိုလည်း
ဖျက်ဆီးနိုင်တယ်။

သည်းခံစိတ် ခန္တီတရားကိုလည်း
ဖျက်ဆီးနိုင်တယ်။

အတိတ်က ကောင်းခဲ့တာတွေကိုလည်း
ဖျက်ဆီးနိုင်တယ်။

အနာဂါတ်အတွက်
မျှော်လင့်ချက် အိပ်မက်တွေကိုလည်း
ဖျက်ဆီးပစ်နိုင်တယ်။

သူငယ်ချင်းဘဝတွေ
လုပ်ဖော်ကိုင်ဖက်ဘဝတွေ
ညီအစ်ကို မောင်နှမဘဝတွေ
ချစ်သူရည်းစားဘဝတွေ

မိသားစုဘဝတွေရဲ့ ချစ်ခင်ညီညွတ်နေမှု
တွေကိုတစစီ တစစီ ကျေမွပြိုကွဲသွားအောင်
ဖြိုခွင်းနိုင်တယ်။

ဒေါသထွက်လာတဲ့အခါ…
ကလျာဏ ဆိုတဲ့ အကောင်းဓာတ်တွေ
ပျောက်ဆုံးသွားတယ်။

ပါပဆိုတဲ့ မကောင်းဓာတ်တွေ
ဝင်စီးလွှမ်းမိုးလာတော့တယ်။

ယဉ်ကျေးတဲ့ အမူအရာတွေ
ပျောက်ဆုံးသွားတယ်။

ရိုင်းစိုင်းတဲ့အမူအရာတွေ ထွက်ပေါ်လာတယ်။

ချစ်စရာအကောင်းဆုံးရုပ်က…
ကြောက်စရာအကောင်းဆုံးရုပ်အဖြစ်
ပြောင်းလဲသွားတယ်။

အမှန်အမှား မခွဲခြားနိုင်တော့ဘူး။
အကောင်းအဆိုး မတွက်ဆနိုင်တော့ဘူး။

စကားတွေဟာ…
မှားပီးရင်း ဆက်မှားနေတော့တယ်။

ဆူပွက်နေတဲ့ နှလုံးသားကို
ဉာဏ်ပညာက တားဆီးနိုင်စွမ်း မရှိတော့ဘူး။

ဒါ့ကြောင့်
တခဏတာ ဒေါသစကားတွေက
တစ်ဘဝစာ ကျေမွအောင် ဖျက်ဆီးပစ်နိုင်တာမို့

ချစ်ကြတဲ့
သူငယ်ချင်း အချင်းချင်း
ညီအစ်ကိုမောင်နှမ အချင်းချင်း
ချစ်သူရည်းစား အချင်းချင်း

မိသားစု အချင်းချင်း
ဆရာတပည့် အချင်းချင်း
လုပ်ဖော်ကိုင်ဖက် အချင်းချင်း

အခန့်မသင့်လို့
ဒေါသထွက်ကြတဲ့အခါ
စကားမပြောဖြစ်အောင် နေပေးကြပါ....

#𝓙𝓾𝓾-ဂျူး-𝓒𝓡𝓓
Credit to the original uploader.

08/01/2022

လူတိုင်းမှာ အမှောင်ပိုင်းနဲ့ အလင်းပိုင်းရှိတယ်။

အမှောင်ပိုင်းကို စကားလုပ်မပြောနဲ့၊ စိတ်ဓာတ်ကျစေတယ်။

အလင်းအပိုင်းသာ များများပြော အလင်းဓာတ်ကူးပြီး စိတ်တက်ကြွစေတယ်။

ဘယ်နည်းနဲ့မဆို ကိုယ့်စိတ်ဓာတ်ကို ယိုင်နဲ့စေမဲ့အရာ ဘာမှမတွေး၊ မပြောပဲ နေနိုင်အောင်ကြိုးစားရတယ်။

အေးချမ်း၍ အောင်မြင်ကြပါစေ။
# # #

20/12/2021

"လူတစ်ယောက်ကို......"

လေးစားလို့ချစ်တာမဟုတ်ဘဲ ချစ်လို့လေးစားတာပဲ
ဖြစ်သင့်တယ်။

လှလို့ချစ်တာမဟုတ်ဘဲ ချစ်မိလို့ကို
လှသွားတာပဲဖြစ်သင့်တယ်။

အားကိုးဖို့ ချစ်တာမဟုတ်ဘဲ
ချစ်မိလို့ကို အားပေးနှစ်သိမ့်ပေးတာမျိုးပဲ ဖြစ်သင့်တယ်။

အထီးကျန်လို့ ချစ်တာမဟုတ်ဘဲ
နှလုံးသားလိုအင်ဆန္ဒကို မလွန်ဆန်နိူင်လို့ ချစ်တာဖြစ်သင့်တယ်။

အချစ်ဆိုတဲ့အရာက ဘယ်အရာမှ ရောနှောလို့မရတဲ့
အဖြူ ရောင်ပါ
အဲ့ဒီအဖြူ ရောင်ကို အတ္တဖြစ်ဖြစ် ၊ လောဘဖြစ်ဖြစ်
တက်မက်မှုဖြစ်ဖြစ် ရောမိလိုက်တာနဲ့ အချစ်ရဲ့ဒဏ်ခတ်ခြင်း
ပူလောင်မှူတွေ တံဆိပ်ရိုက်ခံရမှာ အသေအချာပါပဲ။

လူတစ်ယောက်ကို ကြိုက်လို့ သဘောကျလို့
အထင်ကြီးလို့ ချစ်မိရင် ကိုယ်မကြိုက်တာတွေ
ကိုယ်မနှစ်မြို့တာတွေ တွေ့လာတဲ့အခါ အဆိုးမြင်လာတတ်တယ်။

အဆိုးမြင်စိတ်ဝင်လာတာနဲ့ သည်းခံစိတ် နားလည်ယုံကြည်မှူတွေ
ယိမ်းယိုင်လာပီး နှလုံးသားရင်ခုန်သံတွေ ဝေးကွာလာကာ
အမုန်းတရားတွေ နာကြည်းမှုတွေ နေရာယူလာတတ်ကြတယ်။

အချစ်ဆိုတာက အကြောင်းပြချက်မလိုပါဘူး
ချစ်မိလို့ကို ချစ်လိုက်ရခြင်းပါ။

လေးစားစွာဖြင့်
#ဇင်းနစ် မကွေး
MMM

12/12/2021

😍

07/11/2021

ရင့်ကျက်လာသူတွေရဲ့ သဘာဝ
==================

စိတ်ကောက်တယ်ဆိုတာ
ဆယ့်ခြောက်နှစ်အရွယ် အလုပ်ပါ။

စိတ်ဆိုးတယ်ဆိုတာ
မရင့်ကျက်သေးတဲ့အရွယ် သဘာဝပါ။

စိတ်နာပေမယ့်လည်းပဲ ခွင့်လွှတ်နိူင်တယ်ဆိုတာက ရင့်ကျက်သူတွေရဲ့
သဘာဝပါ။

မပြောချင်ပေမယ့်လည်းပဲ ပြုံးပြနိူင်တာ
ရင့်ကျက်သူတွေရဲ့ သဘာဝပါ။

နာကျင်နေနေပေမယ့် ဘာမှမဖြစ်သလို နေနိူင်တာကလည်း ရင့်ကျက်
နေသူတွေရဲ့ ထိမ်းချုပ်နိူင်စွမ်းပါပဲ။

ဒေါသဖြစ်နေပေမယ့် အပြင်ကိုထုတ်မပြတတ်တာ ရင့်ကျက်သူတွေရဲ့
ဂုဏ်သတ္တိပါပဲ။

ရင့်ကျက်လာခြင်းဆိုတာက ဟန်ဆောင်လာခြင်းမဟုတ်ဘဲ
သဘာဝကို သိနားလည် လက်ခံလာနိူင်ပြီး မကောင်းတဲ့ စိတ်ကို
ဥပက္ခာပြု ထိမ်းချုပ်လာနိူင်ခြင်း ဖြစ်ပါတယ်။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး credit

___________________________________________________

"မငယ်တော့တဲ့အခါ"

လူစည်စည် အသံဆူဆူ ပျော်ပွဲရွှင်ပွဲတွေသွားဖို့ထက်
လူရှင်းရှင်း နားအေးအေးနေရာမှာ
သက်တောင့်သက်သာလေး ပိုနေချင်လာတယ်..

အပေါ်ယံမိတ်ဆွေ များများစားစားရှိဖို့ထက်
ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်တစ်လေလောက်ရှိနေရင်ပဲ
လုံလောက်လာတယ်..

'ဘာမဖြစ်လို့ သေလောက်အောင်စိတ်ညစ်တယ်'
ဆိုတာတွေလည်း နည်းလာပြီး
ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်..

'ဘာရလို့ ပိုပျော်တယ်' ဆိုတာလည်း
မရှိသလောက် ရှားသွားပြီး
ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်း
အလိုက်သင့်လေး နေတတ်လာတယ်..

ငွေတန်ဖိုးကို ပိုသိလာတယ်..
မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်..

ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံနိုင်လာပြီး
ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ်..

အလှအပထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလည်း ဦးစားပေးတတ်လာတယ်..

ကြီးရင့်ခြင်းဆိုတာ နုပျိုလန်းဆန်းခြင်းရဲ့ အဆုံးသတ်ဖြစ်ပေမယ့်
တည်ငြိမ်ရင့်ကျက်ခြင်းရဲ့အစဖြစ်ကြောင်းကိုလည်း
ပြောင်းလဲစပြုလာတဲ့
ကိုယ့်စိတ်နေသဘောထားတွေဆီကနေ တစ်ဆင့်
သတိထား လက်ခံတတ်လာတယ်...။



စေတနာမေတ္တာအရင်းခံဖြင့် ထပ်ဆင့်မျှဝေပါသည်..


Credit - ohmarshin

06/11/2021

#လျှို့ဝှက်သင့်တာကို_လျှို့ဝှက်ပါ

ရွာကြီးတစ်ရွာမှာ ထူဆန်းတဲ့
အဘိုးအိုတစ်ယောက်ရှိတယ်။

သူ့မှာ သိပ်လှတဲ့ မြေးမလေး
တစ်ယောက်လည်းရှိတယ်။

အဘိုးအိုဟာ သိပ်ကျွမ်းကျင်
သိပ်တော် သိပ်ထက်လှတဲ့ မျက်လှည့်ပညာကို ပိုင်ဆိုင်ထားပါတယ်။

အဲ့ဒီပညာရပ်နဲ့ပဲ အသက်မွေးမှုပြုခဲ့တယ်။
သူ့မြေမလေးကိုလည်း အဲ့ဒီပညာတွေ သင်ပေးတယ်။

တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။

ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ
ကြိုးကနေ မြွေဖြစ်သွားတာတွေ စတဲ့ ပြကွက်မျိုးစုံကို ပြနေတာပေါ့။

အားလုံးပြပြီးပြီဆိုရင် ပရ်ိသတ်ပေးတဲ့ငွေကိုပဲယူတယ်။

အခုပြတဲ့ပြပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့စကားတစ်ခွန်းကို ပြောတယ်။

မျက်လှည့်ပညာဆိုတာ မှော်ပညာမဟုတ်သလို တန်ခိုးစွမ်းအားတွေမရှိပါဘူး။

လိမ်တာလည်း မဟုတ်ပါဘူး။
မျက်လှည့်ပညာမှာ လှိူ့ဝှက်ချက်တွေရှိတယ်။

အဲ့ဒီလျှို့ဝှက်ချက်တွေကို
မသိလို့သာခင်ဗျားတို့လာကြည့်ကြတာဖြစ်တယ်။

ဒီနေ့မျက်လှည့်ပညာရဲ့
လျှို့ဝှက်ချက်တွေကိုပြောပြပါမယ်။

ပရိပ်သတ်ဟာ အင်မတန်မှစိတ်ဝင်စားသွားတယ်။

ကြိုးကနေဘယ်လိုမြွေဖြစ်သွားတယ်

ပန်းကနေ ဘယ်လိုငွေစက္ကူတွေ
ဖြစ်သွားတယ်စသည်ဖြင့်ပေါ့ ခဏကြာတော့ အဘိုးအိုဟာ လျှို့ဝှက်ချက်တွေကို အကုန်ရှင်းပြသွားခဲ့တယ်။

ပရိသတ်လည်း ပြောတုန်း
ခဏတော့ စိတ်ဝင်စားတာပေါ့
သိလည်းသွားရော သြော် ဒီလိုလုပ်တာလား ဒါလေးများ ဟု မျက်လှည့်ပညာကို စိတ်မဝင်စားတော့ဘူးပေါ့။

နောက်တစ်နေ့ မြေးလေးကိုခေါ်ပြီး မျက်လှည့်သွားပြတာပေါ့ ပရိသတ်တစ်ယောက်မှ မလာချေတော့ဘူး...။

အဘိုးအိုက မြေးလေးရေ ပရိသတ်တစ်ယောက်မှမလာပါလား? ဘာကြောင့်လဲ?။

အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေ အကုန်
ပြောပြလိုက်တာကို ဘယ်သူက စိတ်ဝင်စားတော့မှာလဲ။

အေး ဟုတ်တယ်မြေးလေး အဘိုးကို တစ်သက်လုံးကျွေးမွေးခဲ့တဲ့ပညာ အခုတော့ လျှို့ဝှက်ချက်လည်းပြလိုက်ရော ဘယ်သူကမှစိတ်မဝင်စားတော့ဘူး တန်ဖိုးလည်းမရှိတော့ဘူး။

မြေးလေး လည်းမှတ်ထားပါ
လျှို့ ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ခန္ဓာကိုယ်အလှကိုလည်း ဘယ်သူကိုမှမပြရဘူးကွဲ့။

လျှို့ ဝှက်ထားရမယ်
ဒါဆိုမြေးလေးရဲ့ မိန်းကလေးအလှဟာ တန်ဖိုးကြီးတယ်ကွဲ့။

ဒူးဖော်ပေါင်ဖော် ရင်သားတွေပေါ်နေရင် ဘယ်သူမှစိတ်မဝင်စားတော့ဘဲ တန်ဖိုးမရှိဖြစ်သွားလိမ့်မယ်။

ပြတုန်းခဏပဲ သူတို့က
တန်ဖိုးထားကြတာ ဒါကြောင့် အဝတ်စားကိုလုံလုံခြုံခြုံ ဝတ်ပါ ။

အဘိုးအိုဟာ သူ့ပညာနဲ့ရင်းပြီးတော့ မြေးလေးကို ဆုံးမခဲ့တယ်.......။

Acc ထဲက ညီမငယ်တို့တစ်တွေလဲ
သိရှိနားလည်နိုင်ပါစေ .......

အဘိုးအိုရဲ့ဆုံးမစကားကို နားလည်နိုင်ပါစေ....
Crd

05/11/2021

“ဘဝလက်တွဲဖော်” ဆိုတာ
🧓🧑‍🦳 🧓🧑‍🦳 🧓🧑‍🦳 🧓🧑‍🦳
ဘဝလက်တွဲဖော် ဆိုတာ
အကောင်းဆုံးကို ရလိုက်တာမဟုတ်ဘူး
အသင့်တော်ဆုံးကိုသာ ရလိုက်တာပါ

သင်ကိုင်ထားတဲ့ ဖုန်းတစ်လုံးလိုပေါ့
အကောင်းဆုံး ဖြစ်ချင်မှဖြစ်မယ်
ဈေးအကြီးဆုံး ဖြစ်ချင်မှဖြစ်မယ်
သင့်ဘတ်ဂျက်နဲ့ အကိုက်ဆုံး
သင့်အလုပ်အတွက် အသင့်တော်ဆုံး
ဖုန်းကိုသင်ကိုင်ထားသလိုပါပဲ

အကောင်းဆုံး ဟင်းလျာတွေ
ဈေးအကြီးဆုံး ဟင်းပွဲတွေကို
သင်စားချင်မှစားရမယ်
စားနိုင်ရင်လည်း စားနိုင်လိမ့်မယ်

ဒါပေမယ့်
သင့်လက်ရှိဆာလောင်မှုကို
ပျောက်စေမယ့်သင့်ရောဂါနဲ့ တည့်မယ့်
သင့်ဝင်ငွေနဲ့ကိုက်ညီမယ့်
ဟင်းတစ်ခွက်လိုပါပဲ

သင်စီးနေတဲ့ဖိနပ်ဟာ
(၅)သိန်းတန် (slipper) ဖြစ်ချင်မှဖြစ်မယ်
ဒါပေမယ့်
(၅)ထောင်တန်ဖိနပ်နဲ့လည်း
သင်လိုရာခရီး ရောက်နိုင်သလိုပါပဲ

သင့်ရဲ့လက်တွဲဖော်ဟာ
မင်းသားတွေလို ချောချင်မှချောလိမ့်မယ်
မင်းသမီးတွေလို လှချင်မှလှလိမ့်မယ်
အများက အကောင်းပြောချင်မှ
ပြောလိမ့်မယ်ဗိုက်ပူချင်လည်းပူနေမယ်
ပိန်ချင်လည်း ပိန်နေမယ်
စတိုင်လ်ကျချင်မှလည်း ကျမယ်
သင့်မိတ်ဆွေတွေက
ကြိုက်ချင်မှလည်း ကြိုက်လိမ့်မယ်

သင့်လက်တွဲဖော်ဟာ
စင်းလုံးချော ဖြစ်ချင်မှဖြစ်မယ်
အတ္တတွေရှိနိုင်တယ်မာနတွေရှိနိုင်တယ်
မပြည့်ဝမှုတွေလည်း ရှိနိုင်တယ်
ဒါပေမယ့် သင့်အတ္တတွေ သင့်မာနတွေ
သင့်ရဲ့မပြည့်ဝမှုတွေ
မရင့်ကျက်မှုတွေ ကိုတော့
အားလုံးထက် ပိုနားလည်ပေးမယ့်သူမျိုး

( လူတော်တော်များများဟာ
ပြောပဲ ပြောတတ်ကြတာပါ။
ဝေဖန်ပဲ ဝေဖန်တတ်ကြတာပါ။
သင့်ဒုက္ခတွေကိုတော့
မျှဝေယူဖို့ စိတ်မကူးကြပါဘူး။ )

ဒါ့ကြောင့်
သင့်ဒုက္ခကို မသိချင်ဟန်ဆောင်နေကြ
မယ့်လူတွေနဲ့
သင့်ဒုက္ခတွေကို မျှဝေယူမယ့်သူ
နှစ်မျိုးသာ သင့်ဘဝမှာ သင်တွေ့ရမှာပါ

မနက်အိပ်ယာထ သင့်ဘေးမှာ
ဘယ်သူရှိစေချင်တာလဲ

ညအိပ်ယာဝင်ခါနီး သင့်စိတ်ဝိညာဉ်ကို
လုံခြုံမှုပေးနိုင်တာ ဘယ်သူပါလဲ

သင်ငိုနေရင်
ဘေးနားမှာရှိနေပေးနိုင်တာ
ဘယ်သူပါလဲ

သင်ဆာလောင်ချိန်မှာ!
သင့်အတွက် စားစရာတစ်ခုခု
ဖန်တီးပေးနိုင်တာ
ဘယ်သူပါလဲ

သင်နာမကျန်းဖြစ်နေရင်
သင့်ကိုပြုစုမယ့်သူ

သင်ပျော်ရွှင်ချိန်မှာ
သင့်အတွက် ကျေနပ်ပေးမယ့်သူ

သင်အောင်မြင်ချိန်မှာ
သင့်အတွက် သင့်ထက်ပိုပြီး
ဂုဏ်ယူနေမယ့်သူ

သင့်အိမ်ပြန်ချိန်တွေကို
(အခမဲ့)စိတ်ပူပေးမယ့်သူ

သင့်ရဲ့ဒေါသ သင့်ရဲ့မာန သင့်ရဲ့သောကတွေကို
(မေတ္တာဖြင့်) အရင်းနှီးဆုံး
နားလည်ပေးမယ့်သူ ဘယ်သူပါလဲ

အဲဒီသူမျိုးကိုခေါ်တာဖြစ်ပါတယ်

သေချာတာကတော့
သင့်အတွက် ခက်ခဲနေချိန်တွေ
ကျရှုံးနေချိန်တွေ နာမကျန်းဖြစ်နေချိန်မှာ
သင့်စိတ်ကူးတွေထဲက
သင့် (idol) တွေ
သင့် (celebrities) တွေ
သင့် (crush) တွေက
သင့်ဘေးမှာ ရှိနေနိုင်မှာမဟုတ်ဘူး
ဆိုတာပါပဲ

ဒါ့ကြောင့်

သင့်မှာမောပန်းလာရင် မှီဖို့
နံရံလိုလူ ရှိသလား ?

အားနာစရာ မလိုလောက်အောင်
မြေကြီးလို ထမ်းပိုးထားတဲ့သူ ရှိသလား ?

ဟာသဇာတ်ကားတွေ မလိုအောင်
သင့်ကို ရယ်မောစေတဲ့သူ ရှိသလား ?

ကမ္ဘာ့အတော်ဆုံး စားဖိုမှူးတွေထက်
သင့်အကြိုက်ကိုပိုသိတဲ့သူ ရှိသလား ?

ဘဝရဲ့ နေပူပူကိုကာကွယ်ပေးမယ့်
ထီးလိုလူ ရှိသလား ?

သူရှိရင်ငါလုံခြုံပြီ'ဆိုတဲ့စိတ်နဲ့
နေ့တွေညတွေကို အတူဖြတ်ကျော်ပေးတဲ့သူ ရှိသလား?

မိတ်ဆွေ
သင့်လက်တွဲဖော်ရဲ့တန်ဖိုးအမှန်ကို
ပကတိအမြင်နဲ့ မြင်ကြည့်လိုက်ပါ

ဘယ်လိုပဲဖြစ်ဖြစ်
သူဟာသင့်အတွက် အမြဲရှိနေမှာပါ

ဘုရားပေးတဲ့
တချို့လက်ဆောင်တွေက
သင့်တစ်ယောက်တည်း
အတွက်သာဖြစ်ပါတယ်

တခြားလူတွေကို
ပေးတာမဟုတ်တဲ့အတွက်
တခြားလူတွေက လက်ဆောင်ရဲ့တန်ဖိုးကို
သိမှာမြင်မှာ နားလည်မှာ မဟုတ်ပါဘူး

ဒါ့ကြောင့် သင်တန်ဖိုးထားပါ။

Credit

24/09/2021

အမေရိကန်ရဲ့ တတိယ ကမ္ဘာစစ် မဖြစ်အောင် ကာကွယ်ခဲ့သူ......................................................
အမေရိကန်နိုင်ငံမှာ လက်ရှိရေပန်းအစားဆုံးဖြစ်နေတဲ့ကိစ္စကတော့ Peril ဆိုတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ ရွေးကောက်ပွဲရှုံးပီးနောက် ရှုံးမဲမဲပြီး စိတ်ကယောင်ခြောက်ခြားဖြစ်နေတဲ့ Trump ရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို ရေးသားထားတာပါ။ ဒီထဲမှာ အဓိကပြသနာဖြစ်လာရတာကတော့ အမေရိကန်စစ်တပ်ရဲ့ အကြီးဆုံးခေါင်းဆောင်ဖြစ်တဲ့ အမေရိကန်စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး Mike Milley ရဲ့ အခန်းကဏ္ဍပါပဲ။ သူရဲ့ လုပ်ဆောင်ချက်တွေဟာ အံ့မခန်းပါပဲ။
ပထမဆုံး ထရန့်ဟာ ရွေးကောက်ပွဲရှုံးပီဆိုတာ သေချာတဲ့နောက် ရွေးကောက်ပွဲအဖြေကို ပြောင်းလဲဖို့ ဖိအားပေးတာတွေ လုပ်ခဲ့ပါတယ်။ ပြည်နယ်တရားရုံးတွေကို ကန့်ကွက်စာတွေ တင်သလို မဲတွေလဲ ပြန်ရေခိုင်းခဲ့ပါတယ်။ ဒါပေမယ့် အရှုံးက အရှုံးပါပဲ။ ဒီလိုနည်းနဲ့ ရွေးကောက်ပွဲကို အနိုင်ရအောင် ပြန်မလုပ်နိုင်တော့မှာ သေချာသွားတဲ့နောက် ထရန့်ရဲ့နောက်ဆုံး လုပ်ဆောင်မယ့်နည်းက အာဏာသိမ်းဖို့ ကြိုးစားမှုပါပဲ။
ထရန့်ရဲ့ အမာခံတွေက အဲဒီအချိန်က တချိန်လုံး နှပ်ကြောင်းပေးရေးနေခဲ့တဲ့ ရွေးကောက်ခံသမ္မတဘိုင်ဒန်နဲ့ အဖွဲ့ကို ဖမ်းမယ်။ အိုဘားမားတို့ကိုပါ ဖမ်းမယ်။ ထရန့်က သမ္မတဆက်လုပ်မယ်ဆိုတဲ့ နှပ်ကြောင်းပါ။ ဒီအတွက် ထရန့်က စစ်တပ်ကို အသုံးချဖို့လိုလာပါတယ်။ အမေရိကန်ဒီမိုကရေစီစနစ်မှာ သမ္မတက စစ်သေနာပတိပါ။ Commandar in Chief ပါ။ သူ့ထက်ကြီးတဲ့သူ တဦးမှ မရှိပါဘူး။ သူ အမိန့်ပေးရင် တိုက်ရမှာပါ။ ထရန့်ဟာ အဲလိုအတင်းဇွတ်လုပ်ဖို့ မလွယ်တဲ့အခါ အီရန် သို့ တရုတ်ကို နူကလီးယား သို့ အခြားတိုက်ခိုက်မှုတခုခုကို ပြုလုပ်ပြီး တိုင်းပြည်ကို စစ်ပွဲထဲ ခေါ်သွားဖို့လဲ စီစဉ်နေခဲ့ပါတယ်။ လူတွေ အာရုံပြောင်းသွားပြီး သူက အာဏာဆက်ယူနိုင်ဖို့ပါ။ ဒီလိုကာလမှာ စစ်တပ်ရဲ့ အကြီးဆုံးခေါင်းဆောင်ဟာ အရမ်းအရေးပါလာပါတယ်။
ဘိုင်ဒန်ကို သမ္မတအဖြစ် တရားဝင်ရွေးကောက်တဲ့ ဇန်နဝါရီလ ၆ ရက်နေ့မှာတော့ ထရန့်ရဲ့ စီစဉ်မှုနဲ့အတူ သူ့ရဲ့ ထောက်ခံသူတွေက အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းပါတော့တယ်။ ဒီဖြစ်စဉ်မှာ ထရန့်ဟာ စစ်တပ်ကို အကူစေလွှတ်ဖို့ မသိယောင်ဆောင်နေခဲ့ပြီး အနီးအနားက ပြည်နယ်တွေက အရန်တပ်တွေ စေလွှတ်ခဲ့လို့သာ အမတ်တွေနဲ့ ဒုသမ္မတတို့ သက်သာရာရခဲ့တာပါ။ ဒီဖြစ်စဉ်ဖြစ်ပွားပြီးချိန်မှာတော့ ထရန့်ဟာ နိုင်ငံတခုခုကို တိုက်ခိုက်ခြင်း သို့ နူလက်နက်ပစ်လွှတ်တာတွေ လုပ်ဖို့ ရာခိုင်နှုန်းဟာ တအားများသွားခဲ့ပါတယ်။ လွှတ်တော်ဥက္ကဌ နန်စီပလိုစီက ဗိုလ်ချုပ်ကြီး Milley ဆီ ဖုန်းဆက်ပြီး ထရန့်က ရူးမိုက်တဲ့အမိန့်တစုံတရာပေးရင် လိုက်မလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးက “ ကျနော်ဟာ လွှတ်တော်ဥက္ကဌကြီးနဲ့ တသဘောထဲရှိကြောင်း” အကြောင်းပြန်ခဲ့ပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့မှာတော့ ထောက်လှမ်းရေးသတင်းတွေအရ တရုတ်စစ်တပ်ဟာ အတော်ထိတ်လန့်နေပါတယ်။ ထရန့်ရဲ့ စိတ်က မတည်ငြိမ်ပဲ နူလက်နက်ပစ်လွှတ်နိုင်တယ်ဆိုတဲ့ သတင်းကြောင့်ပါ။ ဗိုလ်ချုပ်ကြီး Milley ဟာ စစ်တပ်ကို မိန့်ခွန်းပြောခဲ့သလို စာလဲထုတ်ခဲ့ပါတယ်။ အဲဒီမိန့်ခွန်းကတော့ “ ငါတို့ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာပြုထားတာဖြစ်တယ်။ ငါတို့ဟာ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ရမယ်။ ဒီအချက်ကလွဲပြီး ဘယ်သူတဦးတယောက်ကိုမှ သစ္စာစောင့်သိပါမယ်လို့ ကျမ်းကျိမ်ထားတာ မဟုတ်လို့ ငါတို့ဟာ မတရားတဲ့အမိန့်တွေကိုနာခံဖို့ မလိုဘူး။” လို့ တပ်တွင်းမှာ စာထုတ်ခဲ့ပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့မှာပဲ ဗိုလ်ချုပ်ကြီး Milley က တရုတ်စစ်ဦးစီးချုပ်ကို ဖုန်းခေါ်ပြီး “ ကျနော်တို့က ခင်ဗျားတို့ကို ဘယ်စစ်ဆင်ရေးမှ လုပ်မှာမဟုတ်ဘူး။” လို့ ကတိပေးခဲ့ပါတယ်။ တရုတ်က အလွန်စိုးရိမ်နေပေမယ့် ဗိုလ်ချုပ်ကြီးက ဘာမှမဖြစ်စေရဘူးလို့ အာမခံခဲ့ပါတယ်။ ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးဟာ ပင်တဂွန်က ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ၊ ကာကွယ်ရေးဝန်ကြီးနဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ အစည်းအဝေးလုပ်ခဲ့ပါတယ်။ စိတ်မတည်မငြိမ်ဖြစ်နေတဲ့ သမ္မတတယောက်ရဲ့ မတရားတဲ့ စစ်ရေးအမိန့်တခုအရ ကမ္ဘာကြီး မပျက်ဆီးရအောင် ကာကွယ်ဖို့ သူတို့ သဘောတူခဲ့ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်က ဒီစကားလေးမှာ ပေါ်လွင်ပါတယ်။
“ ငါတို့ဟာ သူ့(ထရမ့်)ရဲ့ အတ္တတခုအတွက် တိုက်ခိုက်ကြပြီး လူတွေကို သတ်ကြ၊ ကမ္ဘာကြီးကိုဖျက်ဆီးရမယ်တဲ့လား။”
ဒီလောက်ပါပဲ။ အဲဒီနောက်မှာတော့ ထရမ့်ဟာ နူကလီးယားပစ်လွှတ်ဖို့ စီစဉ်လာပြီဆိုရင် ဗိုလ်ချုပ်ကြီးမသိပဲ မပစ်လွှတ်ကြဖို့ CIA အပါအဝင် အမေရိကန်စစ်တပ်တခုလုံးက သဘောတူခဲ့ကြပါတယ်။ အဲဒီလိုနဲ့ပဲ ဗိုလ်ချုပ်ကြီး Milley ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ တောင့်ခံထားပြီး ဘိုင်ဒန်ကို သမ္မတဖြစ်စေခဲ့ကာ ကမ္ဘာကြီးကို တတိယကမ္ဘာစစ်က ရှောင်လွှဲပြီး လူသန်းပေါင်းများစွာကို ကယ်တင်ခဲ့ပါတယ်။
အခုတော့ ဒီစာအုပ်ထွက်လာချိန်မှာ ဗိုလ်ချုပ်ကြီး Milley ကို ဖြုတ်ချဖို့ ရီပတ်ဘလီကန်တွေက သမ္မတဘိုင်ဒန်ဆီကို စာပို့ပြီးတောင်းဆိုနေကြပေမယ့် သမ္မတကတော့ ဗိုလ်ချုပ်ကြီးဟာ သူ့လုပ်ပိုင်ခွင့်ထဲကပဲ လုပ်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်မှာတော့ စုံစမ်းစစ်ဆေးနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ လွှတ်တော်မှာ စစ်ဆေးခံရရင်တော့ နှလုံးသားနဲ့ ဦးနှောက်ကို မှန်မှန်ကန်ကန် အသုံးချတတ်တဲ့ ဗိုလ်ချုပ်ကြီးက ဒီစကားတခွန်းကို ပြောပါလိမ့်မယ်။
“ လူတယောက်ရဲ့ အတ္တထက် ကျနော်ဟာ အမေရိကန်နိုင်ငံရဲ့ ခြေဥအပေါ် ပိုသစ္စာရှိခဲ့ပါတယ်ဗျာ။”
မှန်ကန်တဲ့ သစ္စာတရားတခုဟာ ကမ္ဘာကြီးကိုကော လူသန်းပေါင်းများစွာကိုပါ ကယ်တင်နိုင်ခဲ့ပါကြောင်း…….
Credit - Dr.Nay Thway
Thein Htay

17/09/2021

😏

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Taunggyi