Makeup Haymun

Makeup Haymun

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Makeup Haymun, Makeup artist, Pyitawtar Qtrs , Sabel Street, Taunggyi.

13/03/2025

အခုမှ မိတ်ကပ်Stepsအတိုင်း စလိမ်းမယ့် Beginner လေးတွေအတွက်

Concealer Tip🍎
Concealer Tip 🍐
Concealer Tip 🍓

မိတ်ကပ်လိမ်းဖို့စtry မယ်ဆို Concealerရဲ့ သုံးပုံသုံးနည်းကလည်း အရေးပါပါတယ် သူ့ကို Foundationလိမ်းပြီးတဲ့ Stepမှာသုံးပါမယ်(Foundationမလိမ်းခင်stepမှာလဲသုံးကြပါတယ်) အခုမင်ပြထားတဲ့ပုံလေးတွေထဲကလို စပြီးသုံးကြည့်ပါရှင် ပုံလေးထဲကအတိုင်းသုံးလို့လက်ယဥ်သွားပြီဆိုရင် tiktokမှာtrendဖြစ်နေတဲ့ Concealer tipsလေးတွေအတိုင်း လိုက်လိမ်းကြည့်ပါ Makeup Stepတစ်ခုဖြစ်တဲ့ Concealerသုံးတာရဲ့အရေးပါပုံကို သဘောကျလာပါလိမ့်မယ်နော်💝
(စာ​ကြွင်း➡ မိတ်ကပ်Stepsလေးတွေအတိုင်း အခုမှ စလိမ်းမယ့်သူလေးတွေကို ဒီpostလေးက ရည်ရွယ်ပါတယ်ရှင်)

18/01/2025

အသက်အရွယ်တခုရောက်မှ အလှပြင်တာသင်ချင်တယ်ဆိုပြီး သင်လိုက်တယ် တကယ်ပဲဝါသနာပါလားဆိုတော့ သူများကိုပြင်ပေးနေရရင် အရမ်းညောင်းတက်တဲ့ကိုယ်ဟာ မညောင်းတက်တဲ့အတိုင်းပဲ စိတ်နှစ်ပြီးလုပ်နိုင်တယ် ဒါပေမဲ့ ခုခေတ်ရဲ့ အသက် ၂၀ ကျော် အရွယ်လေးတွေရဲ့ idea ပိုင်း၊ အလှအပရဲ့trend ကိုတော့ လိုက်မှီဖို့ကို မနည်းကိုမှကြိုးစားရပါတယ် အလှပြင်တဲ့နေရာမှာလည်း အလှပြင်တက်နေရုံနဲ့မပြီးပဲ အပြင်ခံချင်တဲ့သူကလည်းရှိဦးမှ အဲ့ဒီမှာ ကိုယ့်ရဲ့ လူမူရေး၊ ပေါင်းသင်းဆက်ဆံရေးကိုလဲ ပြန်ဆန်းစစ်နေရဆဲပါပဲ လောကကြီးက ဘာကိုမှလွယ်လွယ်မရလို့ ဆက်ပြီးတော့ ကြိုးစားရပါဦးမည် 🍓



#ဘွဲ့

04/01/2025

ဘွဲ့ယူအတွက်ပြင်ဖြစ်တာလေး ❤

28/11/2024

ဘွဲ့မိတ်ကပ် လက်ခံပါတယ်ရှင့်
စိတ်တိုင်းကျတိုင်ပင်ပြီး ပြင်ပေးပါတယ်❤

#ဘွဲ့မိတ်ကပ်

Photos from Makeup Haymun's post 26/10/2024

2/2024တုန်းက ပြင်ဖြစ်ခဲ့တဲ့ပွဲလေး Preရော ပွဲကြီးရော လိမ်းခဲ့ပေမယ့် Preတုန်းကပဲ ပုံရလိုက်တာ 🍎

30/12/2023

Sharing is caring

မိတ်ကပ်ကွက်တာ ဒါကြောင့်ပါ 🧐

ဘာမိတ်ကပ်ပဲလိမ်းလိမ်း တစ်နာရီထက်ပိုမခံဘူး ၊ လိမ်းပြီးခဏနေရင်ကို မိတ်ကပ်တွေကွက်ပြီး ဟိုရွေ့ဒီရွေ့နဲ့ မိတ်ကပ်မခံတာမျိုး ကြုံဖူးကြလား 🥹

ဒီနေ့မှာတော့ နိုနိုက မိတ်ကပ်ကွက်စေတဲ့ အကြောင်းအရင်းအချို့ကို ပြောပြပေးချင်ပါတယ်။ ဘာကြောင့်မိတ်ကပ်ကွက်လဲဆိုတာ သေချာသိထားတော့ သတိထားပြင်ဆင်ဖို့လဲ ပိုလွယ်သွားတာပေါ့။

📌 အောက်ခံအသားအရေကို ဂရုမစိုက်ခြင်း
ဒါကတော့ အရေးကြီးဆုံး အကြောင်းအရင်းပဲ။ မိတ်ကပ်မခံ ၊ မိတ်ကပ်ကွက်တယ်ဆိုတဲ့ သူတော်တော်များများကို ကြည့်လိုက်ရင် skincare step ဆိုလို့ toner တောင် ပါလေရုံလေး လိမ်းပြီး မိတ်ကပ်တန်းလူးနေကြတာများတယ်။ ဆိုတော့ အောက်ခံအသားအရေက ဆဲလ်သေတွေ ညစ်ထပ်ပြီး smooth ဖြစ်မနေရင် ဘယ်မိတ်ကပ်လိမ်းလိမ်း ကွက်ဖို့ ရာခိုင်နှုန်းများပါတယ်။

📌 ဆိုတော့ မိတ်ကပ်လိမ်းမယ်ဆိုရင်

- skin prep သေချာလုပ်ပေးပါ ( အနဲဆုံး toner , moisturizer လောက်တော့ လိမ်းပါ )
- မိတ်ကပ်လိမ်းပြီးတိုင်း double cleansing ( full makeup လိမ်းတဲ့အခါ လိုအပ်ရင် triple cleansing) ပြန်လုပ်ပေးပါ။
- Exfoliate တစ်ပတ်တစ်ခါ အနဲဆုံးလုပ်ပေးပါ။

ဒါကတော့ skincare အပိုင်း ၊ နောက်ထပ်လာမှာက color cosmetics အပိုင်းပေါ့နော်

📌 ကိုယ်က မိတ်ကပ်ကွက်တတ်ရင်

- primer သုံးပေးပါ။ primer က မိတ်ကပ်ကြာရှည်ခံစေပြီး နေရာမရွေ့အောင် မကွက်မပျက်အောင် ထိန်းပေးနိုင်ပါတယ်။
- Powder သုံးပါ ၊ powder က မိတ်ကပ်နဲ့ မျက်နှာအသားအရေနဲ့ အသားကျနေစေဖို့ ကူညီပေးပါတယ်။
- Setting spray တွေကလဲ မိတ်ကပ်တွေ နေရာတကျ set လုပ်ပြီးသားဖြစ်စေလို့ သုံးပေးလို့ရပါတယ်။

📌 နောက်ဆုံးတစ်ချက်အနေနဲ့ Foundation တွေ Powder တွေလိမ်းတဲ့အခါ သေချာလေး blending လုပ်တတ်ဖို့ လိုပါတယ်။ foundation တွေ လိုက်အစက်ချပြီးမှ သေချာဖြန့်မလိမ်းတတ်တာ ၊ powder တွေကို puff နဲ့အများကြီးယူလိမ်းရာကနေ ခဲပြီး ကွက်ကုန်တာ ၊ ဒါမျိုးတွေကလဲ မိတ်ကပ်အခုမှစလိမ်းသူတွေမှာ အဖြစ်များတတ်ပါတယ်။ မိတ်ကပ်လိမ်းမယ်ဆိုရင် ခပ်ပါးပါးစီယူလိမ်းပြီး သေသေချာချာ blending လုပ်ပေးဖို့ကို မမေ့ပါနဲ့။

ဒါဆိုရင် ဒီ post လေးကလဲ အထောက်အကူတစ်ခုခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

(ကူးယူဖော်ပြသည်)
With loves,
Your Dear Noh 💕

Photos from Makeup Haymun's post 07/09/2023

ဒီနေ့ ချစ်ညီမလေးတွေကိုပြင်ပေးဖြစ်ပါတယ် 💜

MUA by me 💄💄

Photos from Makeup Haymun's post 30/08/2023

Cus တွေပေါ် အကောင်းဆုံးတွေပေးချင်လို့ ကြိုးစားလျက်ပါ 🤗

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pyitawtar Qtrs , Sabel Street
Taunggyi
06101