Win Myittar
More Skin Glow Care your skin care products
02/08/2023
Skincare သုံးလိုက်ရင် ချက်ချင်း လှသွားမလား💯
Skincare ရဲ့ အဓိပ္ပါယ်က အသားအရေကို ဂရုစိုက်တာပါ
ဒါကြောင့် ကိုယ့်ဂရုစိုက်နိုင်ရင် စိုက်နိုင်သလောက် အသားရေကောင်းပြီးလှလာမှာပါ
ခုဒီဘူးဝယ် ခုလိမ်း..တပတ်လောက်နေလှသွားဆိုတာမျိုးမဟုတ်ပါဘူးနော်..မိတ်ကပ်မဟုတ်လို့ ခုလိမ်းခုလှတာမဟုတ်ပါဘူး
အနည်ဆုံး..3 လကနေ..6လ 1 နှစ်ထိ မနက်/ ည စိတ်ရှည်ရှည်ဂရုစိုက်ပေးရတာပါနော်..ဒါမှ ရလာဒ်ကောင်းမကောင်းသိရတာပါရှင့်😊😊
ကိုယ့်..မတွေ ညမတွေအားလုံး Skincareသုံးပြီး ပိုပို နုပျိုလှကြပါစေရှင့်🙏✅✅
02/08/2023
💄 Makeup လိမ်းဖို့ အဆင့်ဆင့် 💄
မိတ်ကပ် လိမ်းဖို့ ကို skincare က ဘယ်နေရာလဲ ? Sunscreen က ဘယ် step လဲ ? မိုး ကို မေးတတ်ကြလို့နော် 🫶🏻
မိတ်ကပ်မလိမ်းခင် မှာ ——
Skincare အဆင့်ဆင့်လိမ်းပါမယ် ။ ပုံထဲ မဆံ့တော့လို့ မထည့်တာပါ။ မျက်နှာသစ်မယ် - toner / mist အဆင့် - ပီးမှ serum - moisturizer လိမ်း - အဲ့ပေါ်ကမှ sunscreen - အပေါ်ဆုံးက primer ပါ။
မိတ်ကပ် အဆင့် ——
ဒါကတော့ မိတ်ကပ် စလိမ်းပီပေါ့ ။ foundation liquid မိတ်ကပ်ရည် ဖြစ်စေ ၊ cushion မိတ်ကပ် ဘာ မိတ်ကပ် ဖြစ်ဖြစ် အရင်ဆုံး လိမ်းပါမယ် ။ အဲ့ပေါ်ကမှ concealer တို့ / color corrector တို့ လိမ်းပါမယ် ။ ပီး အပေါ်က ပေါင်ဒါ မှုန့် / ခဲ နဲ့ မိတ်ကပ်ကို မရွေ့အောင် ၊ ကြာကြာခံအောင် ပါးပါး တို့ ပါမယ် ။ ပီးမှ ပါးနီ ပေါ့ ( powder type) ။
မျက်လုံး အလှ မိတ်ကပ် ——
Eyeshadow base တို့ / concealer တို့ အရင်ခံဖို့ ရှိရင် ခံပါမယ် ။ ပီးရင် eyeshadow စခြယ်ပါ။ ပီးမှ eyeliner နဲ့ မျက်ခုံးမွှေး ။ အမှုန်ကျ နိုင်စရာ အကုန် ပီးပီ ဆိုမှ မျက်တောင်အတွက် mascara သုံးပါ ။
နှုတ်ခမ်းအလှ မိတ်ကပ် ——
နှုတ်ခမ်းသားလေး smooth ဖြစ်အောင် scrub တပတ်တခါ လုပ်မယ် ။ လိုအပ်ရင် lip balm လေး ညစဉ် ဆိုးပေးပါ။ ပီးရင် lip liner လေး ကြိုက်တတ်ရင် သုံးပီး နှုတ်ခမ်းနီ ဆိုးပါ ။
05/03/2023
မျက်နှာ စတီးရွိုက်ထိခြင်း
စတီးရွိုက်ထိလို့ မျက်နှာအသားအရေပျက်ဆီးသူတွေ တော်တော်များနေပါပြီ။ အရင်တုန်းက စတီးရွိုက်ဆေးအများစုဟာ ထိုင်းနိုင်ငံထုတ် အလှအပပစ္စည်းတွေမှာသာ ပါနေပေမယ့် ဒီနေ့ခေတ်မှာတော့ ကိုရီးယားနိုင်ငံထုတ်ပစ္စည်းတချို့မှာပါ ပါဝင်နေတဲ့သဘောမှာ ရှိတယ်။ တချို့ ပစ္စည်းတွေဟာ ကိ်ုရီးယားနိုင်ငံထုတ်ဆိုပေမယ့် ကိုရီးယားမှာ မရှိတဲ့ product တွေ ဖြစ်တယ်။ တနည်းအားဖြင့် တရားဝင်မဟုတ်တဲ့ ပစ္စည်းတွေဖြစ်တယ်။
ဒီဖက်ခေတ် တရားဝင်မဟုတ်ဘဲ ဝင်လာတဲ့ အလှကုန်ပစ္စည်းတွေမှာ စတီးရွိုက်အနည်းနဲ့အများ ဆိုသလို ပါလေ့ရှိပါတယ်။ ဒါမှလည်း ဝယ်ယူသုံးစွဲသူသဘောကျ အာနိသင်က ချက်ချင်းသိသာမှာကိုး။ အထူးသဖြင့် အရေပြားလိမ်းဆေးတွေမှာ အသားအရေ ချက်ချင်းချောမွေ့ပြီး ဖြူဖွေးသွားတယ်ဆိုတာ စတီးရွိုက်ပါလို့ဖြစ်ပါတယ်။ ရေတိုမှာတော့ ဝမ်းသာစရာကြီး။ သို့သော် ရေရှည်သုံးရင် ဆိုးကျိုးတွေဖြစ်လာတာ လူသိနည်းတယ်။ ဖြတ်လိုက်တာနဲ့ အရေပြားက ရစရာမရှိအောင် ပျက်ဆီးသွားပါတယ်။ ဘယ်လောက်ပျက်ဆီးမလဲဆိုတာ ပါဝင်တဲ့ စတီးရွိုက်အပြင်းအပျော့နဲ့ဆိုင်ပါတယ်။ ဒီထဲမှာ clobetasol ပါတဲ့ဆေးတွေက အပြင်းဆုံးနဲ့ အရေပြားကို ဒုက္ခအပေးဆုံးပါ။ hydrocortisone ပါတဲ့ဆေးတွေက အဲလောက်မပြင်းထန်ပါ။ မပြင်းတာတောင် သုံးဖို့သတိထားရတယ်။
စတီးရွိုက်ဆေးတွေရဲ့ အာနိသင်က မနည်းလှပါ။ အရောင်ကျစေတယ်။ နေ့စဉ်သုံးရင် အသားအရေပါးပြီး သွေးကြောလေးတွေ ပေါ်လာတတ်တယ်။ အဲဒီထက်ပိုဆိုးတာက အဆီထုတ်လုပ်မှုကို အဆမတန်များစေတာမို့ ဝက်ခြံတွေ ထွက်လာတယ်။ သုံးနေတုန်းတော့ မသိသာဘူး။ ရပ်လိုက်ရင် ဝက်ခြံတွေ ပရပျစ်ထွက်လာလိမ့်မယ်။
စတီးရွိုက်လိမ်းဆေးတွေသုံးပြီး ဖြစ်တဲ့ ဝက်ခြံကို steroid induced rosacea ခေါ်တယ်။ steroid acne ဆိုတာလည်းတခုရှိသေးတယ်။ ဒီ နှစ်ခုက မတူပါ။ steroid acne ဆိုတာ စတီးရွိုက်သောက်ဆေးတွေ အလွန်အကျွံသောက်ပြီး ဖြစ်တာကို ခေါ်တာ။ ဒီနေရာမှာ steroid rosacea အကြောင်း ဦးစားပေးဖော်ပြပါမယ်။
ဆေးပညာမှာ မျက်နှာရဲတာကို rosacea ခေါ်တယ်။ သွေးကြောတွေ ပါးပြီးကျယ်လာ၊ ဖောင်းလာလို့ဖြစ်တယ်။ စတီးရွိုက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးပါ။ အရင်ဆုံး လိမ်းတဲ့နေရာက ရဲလာလိမ့်မယ်။ နောက်ခြောက်သွေ့ယားလာမယ်။ ဒါစတီးရွိုက်သုံးသူတိုင်း ဖြစ်တဲ့ ကနဦးပြောင်းလဲမှုပါ။ ပြီးရင် အဆီဂလင်းတွေ ပွားများလာပြီး အဆီထွက်များလာတယ်။ အဆီများတဲ့အသားရေဟာ ဝက်ခြံပေါက်တာ လူတိုင်းသိတယ်။ အဆီနဲ့အတူ ရောဂါ ပိုးမွှား၊ အညစ်အကြေးတွေ ကပ်ညှိလာတယ်။ ဗက်တီးရီးယားနဲ့ ဖုန်တွေက မွှေးညှင်းပေါက်ကိုပိတ်ဆို့စေတယ်။ ဗက်တီးရီးယားတွေ ခိုအောင်းတာနဲ့ ဝက်ခြံဆိုတာ ဖြစ်တယ်။ အရင်ဆုံး pastuleခေါ်တဲ့ ပြည်တည်ဖု သေးသေးလေးတွေ စပေါက်လာတယ်။ သုံးတာကြာတာနဲ့အမျှ ပိုဆိုးလာပြီး မျကိနှာတပြင်လုံးရဲပြီး အဖုပိန့်တွေ ထွက်လာလိမ့်မယ်။ သုံးတာ ဖြတ်လိုက်ရင် ဆိုးကျိုးတွေ သိသိသာသာ ဖြစ်လာပြီ။
အဆီများတဲ့ ဝက်ခြံက သိသာတယ်။ အဖုပိန့် အနီဖုကြီးတွေ ထလာတာမျိုး။ သုံးတဲ့ဧရိယာကျယ်သလောက် မျက်နှာတပြင်လုံးဖြစ်နိုင်တယ်။ ခန္ဓာကိုယ်မှာ ခုခံအားဆိုတာ ရှိတယ်။ ခုခံအားစနစ်မှာ cytokine ထွက်လာရင် ရောင်ရမ်းခြင်းကို ဖြစ်စေတယ်။ ဒါပေမယ့် လောလောဆယ် မသိသာသေးပါ၊ ဘာ့ကြောင့်လဲဆိုတော့ အရောင်ကျစေတဲ့ စတီးရွိုက်သုံးထားတာကိုး။ သုံးတဲ့ဆေးကို ရပ်လိုက်ရင်တော့ ငရဲစကျပါပြီ။ စောစောက မြုံနေတာတွေပြန် ထလာလိမ့်မယ်။ အင်္ဂလိပ်လို rebound flare ခေါ်တယ်။ ဘောလုံးတလုံးကို ပုတ်လိုက်ရင် အပေါ်ပြန်တက်လာတာကို rebound လို့သုံးတယ်။ မြန်မာလို ပြန်ကန်ထွက်လာတာတဲ့။ ဒီအခြေနေက အဆိုးဆုံးပဲ။ မြုံနေတာတွေ ပြန်ကန်ပြီး မျက်နှာတပြင်လုံး ရစရာမရှိအောင် အဖုပိန့်တွေ ထွက်လာလိမ့်မယ်။
လိမ်းတဲ့ ဆေးထဲမှာ အားပြင်းတဲ့ စတီးရွိုက်သုံးလေ အခြေအနေဖြစ်နိုင်ချေပိုများလေပဲ။ ဆေးထဲမှာ clobetasol လို ပြင်အားအများဆုံးသုံးထားရင်တော့ ကုဖို့ ပိုခက်တယ်။ ဒီလို ပြောင်းလဲမှုတွေက စတီးရွိုက်တင်လားဆိုတော့ မဟုတ်ဘူး၊ tacrolimus , pimecrolimus cream လို နှင်းခူအရေပြားမှာ သုံးတဲ့ဆေးတွေလည်း ဒီတိုင်းဖြစ်တယ်။ အဆိုပါဆေးတွေက ပုံမှန်အားဖြင့် နှစ်ပတ်ထက် ပိုသုံးသင့်တဲ့ဆေးတွေ မဟုတ်ကြပါ။ ဆရာဝန်ညွှန်မှ သုံးရတယ်။
ကိစ္စတခု ဖြစ်သွားရင် ကုသဖို့နဲ့ နောင်မဖြစ်ဖို့ပဲ လုပ်ရတော့မယ်။ ဘာဆက်လုပ်မလဲ။ သုံးနေတဲ့ဆေးကို သေချာပေါက် ဖြတ်ပစ်ရမယ်။ ဒါပေမယ့် ဒီတိုင်းဖြတ်လို့မရပါ။ ပညာရှိနည်းနဲ့ ဆေးကို ဖြေးဖြေးချင်း အကြိမ်ရေတွက်လျှော့ပြီး ဖြတ်ပါ။ ဒီနေရာမှာ လိုအပ်ရင် စတီးရွိုက်အပျော့စား hydrocortisone (သို့) bethamethasone အစားထိုးပြီး ဖြတ်လို့ရတယ်။ ပုံမှန်ကတော့ မသုံးသင့်ပါ။ ကြားထဲမှာ အဆီပါတဲ့ဆေး လုံးဝမသုံးရပါ။ အဆီပါတဲ့အစားအသောက်တွေ လုံးဝရှောင်ကြဉ်ရမယ်။ သောက်ဆေးထဲမှာ ပိုးသတ်ဆေး tetracycline (သို့) doxycycline သောက်ဆေးကို အချိန်ကြာစွဲသောက်သင့်တယ်။tetracycline 250mg (သို့) doxycycline 100mg တနေ့နှစ်ကြိမ် အနည်းဆုံး သုံးလသောက်ရမယ်။tetracyclineရဲ့တခြားအားသာချက်က အဆီထုတ်လုပ်မှု လျှော့နည်းစေတာဖြစိတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်နဲ့ (၈)နှစ်အောက်ာကလေးတွေမှာ မသုံးရပါ။
မျက်နှာပြင်ရဲတာ ပူတာ အရေပြားခြောကိသွေ့တာ အတွက် ရေဓာတ်အခြေခံ aquaphor oinment သုံးပါ။ အဆီပါတဲ့ မိတိကပ်အောက်ခံ ဘာဆိုဘာမှမသုံးပါနဲ့။ ပုံမှန်အသားအရေဖြစ်တဲ့ထိ ဘာမှမသုံးပဲ ဒီတိုင်းထိထားပါ။ မျက်နှာ ခြောက်သွေ့ရင် ရှားစောင်းလပ်ပက်ကို ထက်ခြမ်းခြမ်းပြီး မျက်နှာပေါ်တင်ပေးပါ။ ကြားထဲမှာ ရေများများ သောက်သင့်တယ်။ မျက်နှာရဲတာအတွက် ရေခဲကို သုံးနိုင်တယ်။ အရေပြားသိပ်ယားယံလာရင် fexofenadine 120mg တနေ့ တလုံးနေ့စဉ်သောက်နိုင်တယ်။အရေပြားသစ်ဖွဲ့စည်းဖို့ vitamin A, C, E ပါတဲ့ antoxyl forte(သို့) Axiona ဆေးမျိုးသောက်ပါ။ Biotin 5mg က အရေပြားအတွက်ကောင်းတယ်။
ကုသနည်း
လေ့လာမှုတွေအရ Tacrolimus ointment 0.03% တနေ့ နှစ်ကြိမ် တစ်လလောက် လိမ်းပြီး doxycycline 100mg တနေ့ နှစိကြိမ် သုံးလ သောက်ရင် အများစု သက်သာလာတယ်။ မသက်သာသေးရင် doxycycline တနေ့တစ်လုံး (၆)လ ဆက်သောက်ရမယ်။ ဒီဆေးနှစ်မျိုးနဲ့ ပြန်ကောင်းလာနိုင်တယ်။ ဒါပေမယ့် ဝမ်းသာအားရမလုပ်ပါနဲ့။ ဆက်ဖတ်ပါဦး။ doxycycline က ပိုးသတ်ဆေးမို့ပြဿနာမရှိပေမယ့် tacrolimusက ခုခံအားကို ကျဆင်းစေတာမို့ တချို့လူနာတွေမှာ ပိုဆိုးလာတာရှိတယ်။ တော်တော်လေး သတိထားရတယ်။ ဒီနေရာမှာ ကျွမ်းကျင်ဆရာဝန်လိုတယ်။ ကိုယ့်ဘာသာ သောက်ဖို့မစဉ်းစားပါနဲ့။ acne rosaea လို အဆိုးဆုံးဝက်ခြံဖုတွေမှာ isotretinoin(accutane)သောက်ဆေးမျိုး ပေးနိုင်တယ်။ ဒီဆေးက vitamin A toxic dose မို့ အရေပြားဆရာဝန်တွေက လွဲရင် မသုံးသင့်ပါ။
ဆရာဝန်မပြပဲ မိမိဘာသာ ကုသချင်တယ်ဆိုရင် မျက်နှာကို ဘာမှမသုံးပဲ ဒီတိုငိးထားလိုက်ပါ။ နောက်ဆုံး tonar ကအစ မသုံးပါနဲ့။ သောက်ဆေးထဲမှာ tetracycline (သို့) doxycycline သုံးလသောက်ပါ။ လိမ်းဆေးထဲမှာ metrogel တနေ့နှစ်ကြိမ်လိမ်းလို့ရတယ်။ အစိုဓာတ်ထိန်းတဲ့ aquaphor oinment နဲ့ vaseline ကို ညစဉ် ပါးပါးလေးလိမ်းပြီး အိပ်ပါ။ ဘာမှမရှိရင် zinc oxide လိမ်းပါ။ မျက်နှာရဲပြီး အရေပြားခြောက်သွေ့ရင် ရှာစောင်းလက်ပပ်အနှစ်ကို ညဖက် သုံးနိုင်တယ်။ အရေပြား ပူတာမျိုးရှိရင် ရေခဲဝတ်ကပ်လို့ရတယ်။ ဗီတာမင် စီနဲ့အီးပါတဲ့ ဆေးမျိုးထည့်သောက်ပါ။
ဘာတွေရှောင်မလဲ
(၁) နေပူထဲသွားတာရှောင်ပါ၊ အပြင်သွားရင် အဆောင်းအကာ ယူသွားပါ။
(၂) ပူတဲ့စပ်တဲ့ အစားအသောက်၊ အဆီများတဲ့ အစားအစာ လုံးဝရှောင်ပါ။
(၃) အချိုကဲတဲ့အစားအသောက် ရှောင်ပါ။ ကော်ဖီ၊လက်ဖက်ရည်၊ ဂတ်စ်ပါတဲ့အချိုရည်။
(၄) အရက်၊ ဘီယာ၊ဝိုင် လုံးဝမသောက်သင့်ပါ။
(၅) အကြေးခွံပါတဲ့ငါး၊ ပင်လယ်စာ၊ ပုဇွန်စတာတွေ ရှောင်ပါ။
(၆) အဆီပါတဲ့ လိမ်းဆေး လုံးဝမသုံးရပါ။
ပျောက်ကင်းဖို့ဘယ်လောက်ကြာနိုင်လဲ
ပုံမှန်အားဖြင့် သုံးလနေရင် ထူးခြားလာပြီ။ အများစုက ၆လ-၁နှစ်လောက်နေရင် ပျောက်ကင်းနိုင်တယ်။ ဒါကြောင့် ဖြစ်တဲ့သူတွေကို အားပေးချင်တာက စိတ်အားမလျှော့ပါနဲ့။ စနစ်တကျနေထိုင်ကုသရင် သက်သာလာမှာပါ။ အရေပြားတထောက်စာဟာ လူတယောက်အတွက် အရေးကြီးဆုံးဖြစ်တာမို့ နောက်ဆိုဂရုစိုက်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
04/03/2023
Skincare ရောင်းနေသူတွေ အတွက် ရည်ရွယ်ပြီး
ဒီနေ့မှာ Allergy အကြောင်း နည်းနည်းလေး Sharing
လုပ်ပေးချင်ပါတယ်🤗🤗
ဒီနောက်ပိုင်းမှာ Skin Careကို စရောင်းလာသူတွေ
အရမ်းများပြားလာတဲ့အခါ customer တွေရဲ့ complaints တော်တော်များများဖြစ်နေကြတဲ့
မတည့်ဘူး ယားတယ် အဖုထွက်လာတယ်ဆိုတဲ့
ပြဿနာကိုတစ်ယောက်မဟုတ် တစ်ယောက် ကြုံနေရတာ တွေ့ရပါတယ်။🤐🤐
အခြေခံကျကျ ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်
Skin Type မတူကြတဲ့အတွက်Product ထဲမှာ ပါဝင်တဲ့ Ingredients ကို တုံ့ပြန်ပုံမတူနိုင်ပါဘူး😇😇
ဒါကြောင့် ဘယ်လို အခြေအနေမျိုး ကြုံတွေ့လာရင်
ဆက်မသုံးသင့်တော့ဘူးလဲ
Customer ကို ဘယ်လိုကြိုပြောထားရမလဲ ဆိုတာလေး
Knowledge အနေနဲ့ပြောပြပေးချင်ပါတယ်
Allergy တနည်းအားဖြင့် Hypersensitivity မှာ
အကြမ်းဖျင်းအားဖြင့်
1 ရုတ်တရက် ဖြစ်တာနဲ့
2 ဖြည်းဖြည်းချင်းစီ ဖြစ်တာလို့ ခွဲလို့ရပါတယ်
ရုတ်တရက်ဖြစ်တာကတော့ လိမ်းပြီးပြီးချင်းမှာဖြစ်ပေါ်ခံစားရပြီး
ဖြည်းဖြည်ချင်းစီဆိုတာက ၃ ရက်လောက်ကစပြီး
၁-၂ ပါတ်လောက်ကြာမှာ ဖြစ်ပေါ်ခံစားရတာမျိုးကို ဆိုလိုတာပါ
ဖြစ်တဲ့အချိန် ဘယ်လိုခံစားရမလဲ
- ယား
- ယောင်
- ရဲ
- ပူ စတာတွေ ခံစားရနိုင်ပါတယ်
ဒါ့ကြောင့် စသုံးတော့မယ်ဆိုရင် စမ်းသပ်ပြီး လိမ်းဖို့
အကြံပေးစေချင်ပါတယ်
မိမိတို့ရဲ့ နားအနောက်ဖက် အောက်လေးမှာ ကိုယ်သုံးမယ့်
Products လေးကို အရင်စမ်းလိမ်းကြည့်ပြီး နာရီဝက်လောက်
ထားပေးပါ။ အပေါ်မှာ ပြောထားတဲ့ အချက်လေးတွေ
မဖြစ်ဘူးဆိုရင်တော့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါပြီ
စောစောက ပြောတာမျိုး ဖြစ်လာခဲ့ရင်တော့ လိမ်းတာကို ရပ်လိုက်စေချင်ပါတယ် ။
ကြာကြာလိမ်းလေ မျက်နှာ အရည်ပြားထိခိုက်မှု ပိုများလေ ဖြစ်မှာမို့ပါ။
ဒီအချက်လေးတွေ ကို အခြေခံပြီး customers complaintတွေကို ဖြေရှင်းပေးလို့ရပါတယ်
အားလုံးပဲ ကောင်းမွန်တဲ့ နေ့ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
Skincare တွေလဲ ဒီထက်အများကြီးရောင်းကောင်းကြပါစေ
to original uploader
21/09/2022
မင်မင်ဘဝအဲလိုဖြစ်နေတာ
13/09/2022
မိတ်ကပ်နှင့် စကင်ကဲရ်လေးတွေ
သုံးပုံသုံးနည်း မျှဝေပေးလိုက်ပါတယ်ရှင်။ 🤭
😶🌫️မျက်နှာသစ်
ယခင် ထွက်ချင်သလောက်ထွက် ညှစ်ချပြီး
အမြှုပ်အထူ တစ်လက်မလောက် ထအောင် သစ်။
ယခု ရွေးစေ့ နှစ်စေ့ခန့် ညှစ်ထုတ်ပြီး
မနက် နှစ်ရွေး၊ ည နှစ်ရွေး လောက်အောင်သစ်။ 😶🌫️
💧တိုနာ
ယခင် ဂွမ်းထဲ ရွှဲနေအောင် ထည့်
မျက်နှာတစ်ခုလုံးနဲ့ လည်ပင်းပါ ပွတ်ချ။
Double toning ဟုဆိုပြီး လက်နဲ့ ထပ်လိမ်း။
ယခု တိုနာဂွမ်းအား မဝယ်တော့ပြီ။
တိုနာရည်တွေ ဂွမ်းက စုပ်သွားမှာ ကြောက်လို့
မွေးရာပါ လက်ချောင်းနဲ့ပဲ နှံ့အောင်လိမ်း။
💦 စီရမ်
ယခင် dropper နဲ့ တမုန်းညှစ်ချ။
မင်းသမီးတွေ လုပ်ပြသလို
ပါးနှစ်ဖက်ပေါ် တစ်ကြောင်းစီ စီးချ။
ယခု တစ်ခါစုပ်ရင် 1 ml ထက် ပိုမပါစေရ။
မျက်နှာကြီးရင် 1.5 ml ပဲ တိုင်းထွာလိမ်း။
မနက်တစ်ခါ ညတစ်ခါဆို တော်ပြီ။
😷 ဖေ့စ်မက်စ်
ယခင် တစ်ပါတ် သုံးကြိမ်ကပ်။
ယခု တစ်ပါတ် တစ်ကြိမ်သာကပ်
ကုန်စျေးနှုန်းကြီးနေတဲ့ချိန် သင့်မျက်နှာကြီး
ဂလိုးနေလား မဂလိုးနေလား
ဘယ်သူမှ စိတ်မဝင်စားပါ ဟုတ်။ ☺️
🤎ဖောင်ဒေးရှင်း
ယခင် full size တစ်ပုလင်းဝယ်ပြီး လည်ပင်းပါလိမ်း။
ယခု travel size လေးတွေနဲ့ မျက်ခွက်အလှဆင်ရ။
ဒါတောင် ကောင်တာမှာ ကုန်ချည်း ကုန်နေလို့
ကိုယ့်လိုလူတွေ များနေတာ ခန့်မှန်းမိပြီ။ 🤭
😶🌫️ ပေါင်ဒါ၊ တူးဝေး
ယခင် ရွာလမ်းနွားလှည်း ဖြတ်မောင်းသလို
ထောင်းထောင်းထအောင် အားတိုင်းပုတ်။
ယခု သုံးတာတော့ သုံး၊ မကုန်စေနဲ့ ဆိုတာ သူပဲ။
အဆီပြန်တိုင်း ထထ မပုတ်တော့ဘူး။
ကျမကွဲအောင်လည်း အထူးဂရုပြုရန်။
🤎 အိုင်းဘရောင်း
သူတော့ လျှော့သုံးလို့မရဘူး။
လျှော့ချင်ရင် မျက်ခုံးမွှေးကို
တစ်ဝက်လောက် တိုဆွဲမှ ရမည့်အရာ။ 😵
💄 နှုတ်ခမ်းနီ
ယခင် ထွက်သမျှ ပေါ်သမျှ အကုန်ဝယ်။
အရောင်တူလည်း ဘရန်းမတူရင် ဝယ်ထား။ 🤭
ယခု အပြင်သွားရင် သူများ အမြင်လှအောင်
Full size တစ်ချောင်းလောက်ပဲ ထည့်ထား။
အိမ်မှာတော့ အထုပ်သာ ဝယ်ဆိုးကြတာပေါ့။ 🤌
☀️ ဆန်းခရင်
ယခင် ဗျူးတီး ဘလော့ကာတွေ ပြောကြားချက်အရ
လက်နှစ်ချောင်းစာ ပယ်ပယ်နှယ်နှယ် လိမ်း။
ယခု အပြင်ထွက်ရင် ခမောက်တန် ခမောက်
ထီးတန် ထီး များများလေး ဆောင်းပေး။
ဒီခါ ဆန်းခရင် ကုန်ရင် အိမ်တွင်း အောင်းရုံပဲဟု
သတိချပ်ပါ။
💦 setting စပရေး
ယခင် နှစ်ဆယ့်လေးနာရီ တရွှီးရွှီး ပက်ဖြန်း။
ယခု သုံးလက်စ ဘူးကုန်ရင် ထပ်မဝယ်သေးဘူး။
ကိုယ့်မျက်နှာကိုယ်ပဲ မိတ်ကပ်မရွေ့အောင်
သတိထားနေတော့မယ်ဟု ဆင်ခြင်တုံတရားထား။🙂
🫧 ဘော်ဒီလိုးရှင်း
အားတိုင်းယားတိုင်း တဗျိဗျိ ညှစ်ချပြီး
လူးရန် မလိုတော့ပြီ။
ယခု ရောက်ရှိနေသော သက္ကရာဇ်သည်
လိုးရှင်း တစ်နေ့တစ်ခါလောက်လူးရင်
လုံလောက်ပြီဟု နှလုံးသွင်းထားရန်။
🫧 ရေမွှေး
ယခင် တစ်ကိုယ်လုံး ခြောက်ရွှီး။
ယခု နှစ်ရွှီးဆို ရပါပြီ မွှေးပါတယ်။ 🤌
🚨 အရေးအကြီးဆုံး အချက်
ယခင် မိတ်ကပ်လိမ်းပြီးမှ ချိန်းထားတာဖျက်တဲ့
အပေါင်းအသင်းတွေကို ဆဲဆိုရုံပဲ ဆဲဆိုပါ။
ယခု ရည်းစားဆို ဖြတ်ပစ်၊ ဘော်ဒါဆို ဘလော့ပစ်။
အထက်လူကြီးဆို တိုင်ပစ်။
လိုအပ်ရင် သေခန်းပါ ဖြတ်ပစ်ရန်။
ဟုတ်ကဲ့ပါ။
အက်မင်ရဲ့ စကင်ကဲနှင့် မိတ်ကပ်
ပြင်ဆင် လိမ်းခြယ်နည်းလေးပါရှင်။
🤭🤭🤭
Tropical Myanmar
19/04/2022
ဒီအရာတွေက ပွားစေတတ်လား ⁉⁉
ဝက်ခြံ ဆိုရင် တစ်ဖု နှစ်ဖုကနေစပီး တဖြေးဖြေးများလာတတ်တယ်..
ဝက်ခြံကနေမှ ပျောက်ကင်းသွားပီး အမဲစက်တွေ ကျောက်ပေါက်ခွက်တွေ ဖြစ်လာမယ်...
အမဲစက်တွေကနေပီး... ကြာလာရင် တင်းတိပ်တွေအထိ ဖြစ်သွားနိုင်တယ်
တင်းတိပ်ဆိုရင်လည် တစ်နေရာကနေစလာမယ်...ပီးရင်တဖြေးဖြေး ပြန့်လာမယ် ပိုပိုပီးမဲလာမယ်...
ဒီလို ပြသနာတွေကို ဖြစ်ခါစမှာ မကုသဘူးဆိုရင်တော့..
ပိုပိုဆိုးလာတာမျိုး...ကုရခက်တာမျိုးတွေဖြစ်တတ်ပါတယ်..
ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ထားပါ...
ဖြစ်ပီးရင်လည်း နုတုန်းကုသပါ... အချိန်ကြာသွားလေကုရခက်လေပါဘဲနော်...
ကိုယ့်ရဲ့အလှက ကိုယ့်လက်ထဲမှာပဲရှိပါတယ်...ဘယ်သူမှလုပ်ပေးလို့မရနိုင်ပါဘူး..တခြားသူမှ လမ်းညွှန်းပေးရုံကလွဲလို့...🌸☕❣
Beautyknowledge #လှပစေဖို့အထူးဂရုစိုက်
11/04/2022
‼️‼️‼️ဒီလိုဖန်သားလိုကြည်လင်တဲ့အသားအရေလေးရဖို့ skincareတွေကိုစိတ်ရှည်ရှည်အဆင့်ဆင့်သေချာလေးလုပ်ပေးမှရမယ်နော်‼️‼️‼️
🌞🌞နေ့ဘက် skincare အဆင့် 🌞🌞
🔵1.မျက်နှာသစ်
🔵2.တိုနာ
🔵3. essence
🔵4.နို့ရေ
🔵5repaircream
🔵6.sunscreen ( SPF ပါပါစေနော် နေကာလိမ်းပေးခြင်းအားဖြင့် တင်းတိတ် အမည်းစက် ကို ကြိုတင်ကာကွယ်ပေးနိုင်တယ် )
🔵7cusion
Night skincare steps
🌙1. Makeup remover မဖြစ်မနေသုံးကိုသုံးပေးပါ( မျက်နှာကိုအတွင်းပိုင်းကနေသေချာသန့်စင်မှသာလိမ်းလိုက်တဲ့နောက်ကskin careတွေက ပိုစိမ့်ဝင်မှုအားကောင်းမှာပါ
🌙2. မျက်နှာသစ် ဆပ်ပြာ
🌙3.Toner
🌙4. Essence
🌙5.နို့ရေ
🌙6.repair cream
🌙7.eye cream
🌙8.lipcream
📌📌တပတ်မှာ အနည်းဆုံး face mask 2 ခါရအောင်ကပ်ပေးပါ .📌📌
Skincareလုပ်တယ်ဆိုတာ မျက်နှာကို ရေဓာတ်ဖြည့်ပေးပြီး ကျန်းမာအောင် လုပ်ပေးတာပါ .ရေဓာတ်ပြည့်ဝရင် တော်ရုံ တင်းတိတ်အမည်းစက် သိပ်မထွက်ဘူး ရေဓာတ်ပြည့်ဝတဲ့မျက်နှာ ကျန်းမာတဲ့အသားအရေ တွေတိုင်း ဘာလိမ်းလိမ်း လှတယ်
လူတိုင်းလိုချင်တဲ့ glow skin ကြည်ကြည်လင်လင် မျက်နှာရစေတယ်နော်🤍🤍🤍
တရက်နှစ်ရက်ပဲလုပ်ရုံနဲ့ ချက်ချင်းရလဒ်မထွက်ဘူး တို့ ခန္ဓာကိုယ်ကိုဂရုစိုက်ပြီးအာဟာရဓာတ်ဖြည့်ပေးမှကျန်းမာသလို မျက်နှာအသားအရေလှဖို့လဲ နေ့တိုင်းskincare လုပ်ပေးပါ နော် 🔊🔊🔊🔊
#ဝက်ခြံ
05/04/2022
♨ Skincare အသုံးပြုပုံ အဆင့်ဆင့်......
(၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။
(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိမ်းရပါတယ်။
(၃) ပြီးရင် အပေါ်က serums (သို့) gel တခုခုထပ်သုံးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen ဆက်သုံးချင် သုံးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။
♨ ညပိုင်းအသုံးပြုနည်း
💢 ညဖက် Skincare သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။
💢 ဒါပေမယ့် sunscreen နဲ့ makeup မျိုး လုံးဝမသုံးသင့်ပါ
💢 အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
💢 အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။
သတိပြုစရာ အချက်များ.......
(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ အခြား skincare တွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် ဘာမှမသုံးဘဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်ပါတယ်။
♨ Skincare ရွေးချယ်နည်း
💢 Skincare သုံးတဲ့ခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံ ပစ္စည်း တွေသာ ရွေးချာ်သုံးစွဲသင့်ပါတယ်။
💢 Cream Type တွေ မသုံးသင့်ပါ။(အထူးသဖြင့်နွေရာသီမှာပါ)
💢 မျက်နှာအဆီပြန်တာ ဝက်ခြံထွက်တာပိုဖြစ်နိုင်ပါတယ်။
💢 ခြောက်သွေ့တဲ့အသားအရေအတွက် Moisturizer နဲ့ Serum လိုပစ္စည်းမျိုး သုံးပေးပါ။
💢 အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်တဲ့သူဖြစ်ဖြစ် moisturizer သုံးဖို့လိုအပ်ပါတယ်။
💢 အခုလို လုပ်ပေးမှသာ ရေဓာတ်ပြည့်ဝပြီး ကြည်လင်သန့်ရှင်းတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်နော်
09428342361
02/04/2022
FEMEBrandမှ ကြိုဆိုပါတယ်ရှင်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Padauk Street
Taunggyi
30/11/2022