Pa oh pay

Pa oh pay

Share

ရိုးရှင်းသော ပအိုဝ်းကောင်းလေး

16/07/2023

"စိတ်ညစ်တဲ့အခါ ဖတ်ဖို့"

ဒီနေ့ရှင်သန်နိုးထခွင့်ရတာဟာ
သင်ကံကောင်းနေလို့ ဖြစ်တယ်။

ဒီနေ့ ဝမ်းဝအောင် ထမင်းနပ်မှန်မှန်စားခွင့်ရတာဟာ
သင်ကံကောင်းနေလို့ဖြစ်တယ်။

ဒီနေ့ အိပ်စရာ အိပ်ရာခင်းရှိတာဟာ
သင် ကံကောင်းနေလို့ဖြစ်တယ်။

ဒီနေ့ ဒီနေရာအထိ လျှောက်လှမ်းခွင့်ရတာဟာ
သင်တော်လို့၊ သင်ကံကောင်းနေလို့ဖြစ်တယ်။

ဒီနေ့ ဒီစာကိုဖတ်နိုင်တာဟာ
သင်တော်လို့ သင်ကံကောင်းနေလို့ဖြစ်တယ်။

ဖြတ်သန်းရတဲ့နေ့ရက်တိုင်းမှာ
အရမ်းတွေမွန်းကျပ်နေတဲ့အခါ
အော်ငိုချင်ရင် ငိုလိုက်ပါ။

အရမ်းပင်ပန်းနေတဲ့အခါ
ဖုန်းပိတ်ပြီး အိပ်ရေးဝဝအိပ်လိုက်ပါ။

အရမ်းဝမ်းနည်းနေတဲ့အခါ
ငါရှိသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောကြည့်ပါ။

အရမ်းစိတ်ညစ်နေတဲ့အခါ
ဒီနေ့ ရှင်သန်ခွင့်ရတာကို ကျေးဇူးတင်ပါ။

နန်းသန်းသန်းဌေး(ဘဝစာပေ)

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Website

Address


Taunggyi