ThaPyay Nyo

ThaPyay Nyo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ThaPyay Nyo, Health/Beauty, သစ်တောရပ်ကွက် Taunggyi, Taunggyi.

30/10/2024

ဝန်ထမ်းအလိုရှိသည်

(ထိုင်းပစ္စည်း ဝယ်ယူပို့ဆောင်ရေးလုပ်ငန်း)

Customer တွေကို ပိုမို ထိရောက်တဲ့ service ပေးနိုင်ဖို့

Admin Su
Admin Ei
Admin Yoon နဲ့ မလောက်တော့ဘူး Ko Sai တို့ အင်အားထပ်ဖြည့်ပါမယ်ခဗျ

ငွေစာရင်း Admin (2 ဦး)
Order Admin (1 ဦး)
ပစ္စည်းအဝင်အထွက် Admin (1 ဦး)

ကျိုင်းတုံမှာနေတဲ့ သူ ဦးစားပေးပါမယ်ခဗျ
လျှောက်ထားလိုသူများ
Ko Sai ရဲ့ HR manager

09457465918 viber ကို CV ပို့ထားပေးပါနော်

30/10/2024

We’re Hiring!📣

Position : Bookkeeper FM (2) post

Industry : Cargo/Cafe

🏡Location : Kengtung

🕘Working Time : Morning /Evening Shift

❇️Age : under 30years

💰Benefits : Salary + Meal Allowance + other allowances

Job Specification:

✅LCCI level (I /II) အောင်မြင်ပြီးသူ

✅ဘွဲ့ရ (or) ကျောင်းကိစ္စကင်းရှင်းသူ

✅Microsoft word, Excel များအားကျွမ်းကျင်စွာအသုံးပြုနိုင်သူ

Job Description

📈customer ၏ငွေစာရင်း account များအား ပြုစုထိန်းသိမ်းရန်

✅ကျသင့်သော ဝန်ဆောင်ခများကို customer ဆီပေးပို့ပြီး ငွေကောက်ခံရန်

✅QR code ငွေပေးချေမှုနှင့် Cash on delivery ငွေပေးချေမှုများ စာရင်းလုပ်ရန်

✅Cash In Hand နှင့် Bank Transactions အဝင်အထွက်များ ကိုနေ့စဉ် သေချာစစ်ပြီး ငွေစာရင်းသွင်းခြင်း၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း များလုပ်ဆောင်ရမည်။

🗒️Cash in / Cash out စာရင်းများ တိကျစွာကိုင်တွယ်ပြီး daily Report တင်ပေးရမည်။

📨Your Resume to [email protected]
📲 Viber no : 09 457465918

Photos from ThaPyay Nyo's post 07/06/2024

#6/6Scover to
ထိရှိပါတယ်


ကြာချိန် 2weeks

Preorder
Price 2****ks

13/02/2024

တစ်ခါတစ်လေမှာလေ
မြင်မြင်သမျှက
ဒေါသထွက်ချင်စရာတွေချည်း ဖြစ်နေတတ်သလို

တချို့ရက်တွေမှာကျ
ဘယ်သူနဲ့မှ
ဘယ်အကြောင်းကိုမှ
စကားမပြောချင်လောက်အောင်
ပင်ပန်းနေတယ်ပဲ ဆိုပါတော့ ။

ဒါပေမယ့်
ဘာကြောင့်လဲဆိုပြီး
မေးခွန်းတွေ မေးရင်
သေသေချာချာ သိမနေတော့ဘူး

ဘာကြောင့်ဆိုတဲ့
အဖြေတွေလည်း ရှိမနေဘူး ။

ဘယ်ဒဏ်ရာက နာတာပါဆိုပြီး
ဒဏ်ရာတစ်ခုကို
လက်ညှိုးထိုးပြရင်
တခြားဒဏ်ရာကကော
မနာလို့လားဆိုပြီး မေးစရာတွေ
ဖြစ်လာမှာပေါ့

ရင်ဘတ်ထဲ စုပြုံလာတဲ့အခါ
တစ်ခါတစ်လေမှာ
ဘယ်ဒဏ်ရာက နာလို့နာမှန်း
မပြောတတ်တော့ဘူး ။
crd📖📖📖

04/11/2023

Lwan pdy🤗🌄

23/09/2023

ဝန်ထမ်းမပျော်တဲ့ “ဝိုင်းလုပ်ဝိုင်းစား” (သို့) အန္တရာယ်များတဲ့ family type management style
———————————————————————————
အရင်ဆုံးရှင်းပြချင်တာက ခေါင်းစဉ်မှာ ကျွန်မပြောချင်တဲ့ family type management style ဆိုတာ family business ကို မဟုတ်ပါဘူး… Family business ဆိုတာ မိသားစုပိုင်တဲ့လုပ်ငန်းကို ဆိုလိုတာပါ… Family type management style ဆိုတာ မိသားစုပုံစံအုပ်ချုပ်တဲ့လုပ်ငန်းပါ… (နောက်ပိုင်းကို Family type management style ကို အတိုကောက် FTMS လို့ ဆက်ပြီး သုံးနှုန်းသွားပါမယ်… စကားချပ်) မိသားစုပိုင် ဟုတ်ချင်ဟုတ်မယ် ၊ system နဲ့ run နေတဲ့လုပ်ငန်းတွေအများကြီးပါ… FTMS ဆိုတာ Organization structure အတိအကျမရှိ… ရှိရင်တောင် JD ( job description) အတိအကျမရှိ… role and responsibility အတိအကျမရှိ… ဝန်ထမ်းရဲ့ ရပိုင်ခွင့်တွေ နဲ့ career planning လဲ အတိအကျမရှိတဲ့ လုပ်ငန်းမျိူးပါ… မြန်မာလို ဒဲ့ပြောရရင်တော့ “ဝိုင်းလုပ်ဝိုင်းစား” ပေါ့…
ဒီလိုလုပ်ငန်းမျိူးဟာ ဝန်ထမ်းလဲ မပျော် ၊ မမြဲသလို owner အတွက်လဲ အင်မတန် အန္တရာယ်များပါတယ်…
အရင် system အကြောင်းရေးတဲ့ ဆောင်းပါးတုန်းက လုပ်ငန်းရှင် တချို့က ထောက်ပြကြတယ်… “system ဆိုတာ လုပ်ငန်းကြီးမှ ကျွမ်းကျင်ပညာရှင် တွေခေါ်ပြီးချနိုင်တာ… လုပ်ငန်းသေးက ဒါတွေ ဘယ်လိုသုံးနိုင်မှာတုန်း… “ ဒီလိုထောက်ပြကြတယ်…
ဒါက တကယ်တော့ မှားပါတယ်…
ဝန်ထမ်းတစ်ယောက်ကို ခန့်လိုက်ပြီဆိုထဲက JD ကို အရင်ပြင်ဆင်ပြီး သူ့ကိုအရင်ချပြရပါမယ်… JD ဆိုတာ ရိုးရိုးလေးပြောရရင် တစ်နေ့တာ ၊ တစ်ပတ်တာ ၊ တစ်လတာ မှာ သူဘာလုပ်ရမလဲ ဆိုတာပါ… မင်းကတော့ ဒါတွေလုပ်ရမယ် ၊ မင်းကိုတော့ ဒီလောက်ပေးမယ်… ဒါမျိူးပါ…
Organization Structure ဆိုတာ လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံ ပါ… ဘယ်သူအောက်မှာ ဘယ်သူရှိတယ်ဆိုတာကို ပြတဲ့ Diagram ပေါ့… ပုံမှန်တွေးကြည့်ရင်တော့ ဒါက ဘာခက်လို့လဲ… ခုချရေးရင်တောင်ရတယ်လို့ တွေးမိမှာပါ… သူဌေးအတွက်ကတော့ ဟုတ်တာပေါ့… ဒါပေမဲ့ လက်တွေ့မှာ ခုမှအလုပ်စဝင်တဲ့ သူဌေးတူမကို ကြောက်နေရတဲ့ မန်နေဂျာတွေ အများကြီးပါ…
အပေါ်က အချက်တွေ မပြတ်သားခဲ့တဲ့အခါမှာ role တွေက မပြတ်သားတော့ဘူး… role နဲ့အတူ authority ( လုပ်ပိုင်ခွင့် ) နဲ့ responsibility ( တာဝန်ခံမှု ) ပါတွဲပါလာပါတယ်… ကိုယ်role က ဘာမှန်းမသိတဲ့အခါ ငါ့လုပ်ပိုင်ခွင့်က ဘာလဲ မသိတော့သလို တာဝန်လဲ မခံချင်ကြတော့ပါဘူး…
နောက်တစ်ချက်က ထို “ဝိုင်းလုပ်ဝိုင်းစား” လုပ်ငန်း တော်တော်များများဟာ Finance system ကောင်းကောင်းမရှိတတ်ကြပါဘူး… Finance system ဆိုလို့ ကြီးကြီးကျယ်ကျယ်မထင်ပါနဲ့… Inventory နဲ့ cash ကို နေ့စဉ်သေချာသွင်းထားရင်ကို မဆိုးဘူးလို့ပြောရမယ်… sale နဲ့ inventory ကိုချိတ်ပြီး usage ဖော်နိုင်ရင် အတိုင်းထက်အလွန်ပေါ့… ဒါက owner က သာ accounting knowledge ရှိရင် လုပ်လို့ရပါတယ်… Accounting ဝန်ထမ်း တစ်ယောက်ထဲ ရှိရှိ , ဘနယောက်မှ မရှိလဲ (လုပ်ငန်းသေးရင်) ကိုယ်တိုင်လုပ်လို့ရပါတယ်… အဓိကက owners က နားလည်ပြီး လုပ်တတ်ဖို့ပါ… လုပ်ငန်းကြီးရင်တော့ Size အလိုက် accounting professional တွေ လိုလာတာပေါ့… စကားပြန်ဆက်ရရင် Finance system ရှိရင်တော့ကောင်းတာပေါ့… မရှိခဲ့ရင် Fraud ဆိုတာ မလွဲမသွေဖြစ်ပါတယ်… အနည်း နဲ့ အများပဲ ကွာပါလိမ့်မယ်…
နဂိုထဲကမှ roles and responsibilities က သေချာမသတ်မှတ်ထားပါဘူးဆို Fraud ဖြစ်လာတော့ သူလိုလိုငါလိုလို လွှဲချတော့တာပါပဲ… လုပ်တဲ့သူကတော့ ဟုတ်တာပေါ့… မလုပ်တဲ့သူတွေက သူတို့ဘာမှမလုပ်ပါဘဲ လုပ်ငန်းရဲ့ system အားနည်းချက်ကြောင့်အထင်ခံရတော့ Dissatisfaction ဖြစ်လာပါတယ်…
ဒါကြောင့်မို့ပဲ မိသားစုပုံစံအုပ်ချုပ်တဲ့လုပ်ငန်းတွေမှာ ပြသနာတွေက ဘယ်သူ့အပြစ်တင်ရမှန်းမသိ တက်ကြပါတယ်… ပြောပြန်ရင်လဲ ဟိုလူ့လွှဲချ ၊ ဒီလူ့လွှဲချနဲ့… နောက်ဆုံး ခံရတာကတော့ လုပ်ငန်းရှင်ပါ… Attitude ကောင်းတဲ့ဝန်ထမ်းကတော့ ကိစ္စမရှိဘူးပေါ့… Attitude မကောင်းတဲ့ ဝန်ထမ်းမျိူးကျတော့ ဟာကွက်ကို ချောင်းနေတာပါ… ဟာကွက်ကိုအသုံးချပြီး အာဏာအလွဲသုံးစားလုပ်တာတွေ ၊ ငွေကြေးအလွဲသုံးစားလုပ်တာတွေ ထိပါဖြစ်တတ်ပါတယ်… ဒါက လုပ်ငန်းရှင်ဘက်က ရေးပြတာပါ…
ကဲ… ဝန်ထမ်းဘက်က ကြည့်ကြရအောင်…
မိသားစုလို ဘယ်လိုပဲသဘောထားထား ဝန်ထမ်းဟာ တကယ့်မိသားစုဝင်ဖြစ်သွားတာမှ မဟုတ်တာ…(လုပ်ငန်းတိုင်းကို မဆိုလိုပါ…) ဒီမှာ ခွဲပြောစရာ ဝန်ထမ်း ၂စား ရှိသွားပြီ… Educated workers နဲ့ Uneducated workers… ရပိုင်ခွင့်တွေ ၊ career planning ( ရာထူးတိုး ၊ လစာတိုး ) မပြတ်သားတဲ့ လုပ်ငန်းမှာ educated workers အများစုဟာ ရေရှည်မှာ မပျော်ကြပါဘူး…မပျော်ဘူးဆိုတာ မြန်မာလို ဒဲ့နားလည်အောင် ပြောတာပါ… ဘိုလို ပြောရရင်တော့ system မရှိတဲ့လုပ်ငန်းမှာ Job satisfaction ကျတတ်တာ ထုံးစံပါပဲ… Job satisfaction ကျတော့ motivation ပါ တဆက်ထဲ ကျတတ်တာပေါ့… Motivation ကျလာရင် innovation and creativity ပါကျလာတတ်ပါတယ်… လုပ်ငန်းတိုင်းကို မဆိုလိုပေမဲ့ ဒါတွေဟာ SME တိုင်းမှာ ဖြစ်တတ်တဲ့သဘောပါ… ကျန်တာမကြည့်ပါနဲ့… ဘွဲ့ရတစ်ယောက်ဟာ KBZ နဲ့ normal online shop တခု လစာတူတူပေးမယ်… ဘယ်မှာလုပ်မလဲဆို အများစုက KBZ ပဲရွေးကြပါလိမ့်မယ်… ဘာလိုလဲဆို သူ့အတွက် Carrer planning ရှိလို့ပါ… သူဟာ ဘယ်လောက်ကြိုးစားရင် ဘယ်နှနှစ်ကြာရင် ဘယ်ရာထူး ၊ ဘယ်လစာအထိ တိုးခွင့်ရှိတယ်ဆိုတာ မျှော်မှန်းခွင့်ရှိတယ်… ဒါမျိူးပါ…
ဒါကလဲ သိပ်ခက်ခက်ခဲခဲကြီးတော့မဟုတ်ပါဘူး… စောစောကပြောသလို သူတို့ကို တစ်နေ့တာ ၊ တစ်ပတ်တာ ၊ တစ်လတာ မှာ ဘာတွေလုပ်ရမယ် ဆိုတာမျိူး သတ်မှတ်ထား၊ အဲ့ဒါတွေကို စနစ်တကျအမှတ်ပေးပြီး သူတို့က ၇၀% ကနေ ၉၀% ထိ ပြည့်မှီရင် ၆လတကြိမ် လစာတိုး ၊ ရာထူးတိုးမယ်ဆိုတာမျိူးပေါ့… သေချာပါတယ် SME တွေရဲ့ Performance Appraisal က လုပ်ငန်းကြီးတွေလောက်တော့ ဘယ်တိကျပြည့်စုံပါ့မလဲ… ဒါကပြသနာမဟုတ်ပါ… သူတို့လဲ တဖြေးဖြေးချင်း modify လုပ်သွားကြတာမျိူးပါ… ကိုယ့်လုပ်ငန်းအရွယ်အစားအလိုက် သင့်တော်တဲ့ စနစ်ကောင်းလေးတစ်ခု လည်ပတ်နိုင်ရင် မဆိုးဘူးပြောရမယ်…
နောက် ဝန်ထမ်းတွေ သတိထားဖို့တခုရှိပါတယ်… လုပ်ငန်းကြီးတွေထက်စာရင် SME တွေမှာ ဝန်ထမ်းတွေက creativity နည်းကြတယ်… ဒါကလဲ လေ့လာချင်စိတ်နည်းခြင်းက အခြေခံတယ်… International မှာဆိုရင် ဝန်ထမ်းတွေဟာ ကိုယ့် Department အလိုက် ပြသနာရဲ့အဖြေကို ရှာဖွေကြရတယ်… Owner ဆိုတာ သူတို့တင်ပြတောင်းဆိုလာတာကို department တခုချင်းစီ ချိတ်ဆက်ပေးပြီး ဆုံးဖြတ်ချက်ချပေးရုံပါ… တချို့လုပ်ငန်းတွေမှာ ဒီအဆင့်ကို manager က လုပ်ကြတာလဲရှိတယ်… ဒီလိုအဖြေရှာတဲ့နေရာမှာလဲ ကိုယ်လုပ်ငန်းရဲ့ အခြေအနေကို Internal environment, external environment နဲ့ SWOT တို့ ၊ STAR ၊ SOAR စတဲ့ Tools တွေသုံးပြီး accessment လုပ်ကြတာများပါတယ်… ( အခြားaccessment tools တွေလဲ အများကြီးရှိပါတယ်… ဒါကအသုံးများတာကို ဥပမာရေးပြတာပါ… ) ဒီမှာတော့ အဖြေရှာဆို ပြသနာတွေကများပြီး ရန်ထဖြစ်ကြတာများတယ်… Management သင်တန်းတွေတော့တက်ပါရဲ့… စာကိုလက်တွေ့မှာ မသုံးတတ်တာများတယ်… အဲ့တော့ ပြသနာအားလုံးကို Owner က ဖြေရှင်းပေးတော့ပဲ… အဲ့အခါ SME လုပ်ငန်းရှင်တွေကလဲ တန်သလောက်ပဲ ပေးချင်တော့တဲ့သဘောဖြစ်လာကြတယ်… လုပ်ငန်းရှင်ဆိုတဲ့သဘောက “မင်းငါ့ဝန်ထုပ်ဝန်ပိုးကို ဘယ်လောက်ထမ်းပေးနိိုင်မလဲ…” ဆိုတာနဲ့ပဲ benefit ကိုဆုံးဖြတ်ပါတယ်… ဒီဝန်ထမ်းနေရာမှာ အစားထိုးလောက်အောင် ကောင်းတဲ့သူမရှိရင် သူ့ကို ဖူးဖူးမှုတ်ထားမှာပါ… ဒါလုပ်ငန်းရှင်တိုင်းပါ…
ဆိုတော့ကာ နိဂုံးချုပ်ပြောချင်တာက လုပ်ငန်းအတော်များများက Family business ကစပါတယ်… ဒီလိုပဲ သေးရာကနေ ကြီးသွားကြတာပါ… ကြီးလာပြီဆို ကြီးလာသလောက် လုပ်ငန်းမှာ သင့်တော်တဲ့ System လေးကို တဖြေးဖြေးချင်းတည်ဆောက်သွားပါ… System ဆိုတာ ချရတာလဲ ခက်သလို အကောင်အထည်ဖော်ဖို့ဆို ပိုခက်ပါတယ်… သင်တစ်ယောက်ထဲမဟုတ်ပါဘူး… စနစ်ကျနေတဲ့ လုပ်ငန်းရှင်တိုင်း ဒါတွေကို ကျော်ဖြတ်လာရတာပါ… နောက်တစ်ခု ဝန်ထမ်းတွေကို ပြသနာကို ကိုယ်တိုင်အဖြေရှာတတ်အောင် ၊ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် သင်ပေးပါ… သင်ပေးတာက ကိုယ်တိုင်လုပ်လိုက်တာထက် ပိုကြာပါတယ် ၊ ပိုစိတ်ရှည်ရပါတယ်… သူတို့ကလဲ Change ကို resist လုပ်ကြမှာပါပဲ… ဒါပေမဲ့ ဒါဟာ လုပ်ငန်းအတွက်ရော ၊ သူတို့ရဲ့ carrer အတွက်ရော အင်မတန်ကောင်းပါတယ်… သူတို့က ဒီအလုပ်မှာ တသက်လုံးလုပ်မဲ့သူတွေ မဟုတ်ပါဘူး… ဒီအကျင့်ကောင်းတွေ သူတို့နဲ့ပါသွားတဲ့အခါ နောက်အလုပ်တခု ပြောင်းသွားရင်တောင် ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး ဦးဆောင်နိုင်လာတဲ့အခါ လုပ်တဲ့လုပ်ငန်းတိုင်းက boss များ အားကိုးရတဲ့သူတွေ ဖြစ်လာပါလိမ့်မယ်…
နောက်တခါ ကိုယ့်လုပ်ငန်းမှာလဲ ဝန်ထမ်းတိုင်းဟာ ပြသနာကို တာဝန်ယူ ဖြေရှင်း ၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ Culture ဖြစ်လာပါလိမ့်မယ်… လုပ်ငန်းမှာ ရှိတဲ့ တစ်ဦးတစ်ယောက်ချင်းစီက စွမ်းဆောင်ရည်မြင့်လာတဲ့အခါ ဒီလုပ်ငန်းကို ပြိုင်ဘက်တွေ မယှဉ်ပြိုင်နိုင်တာ မထူးဆန်းတော့ပါဘူး… လုပ်ငန်းရှင်များ နဲ့ ဝန်ထမ်းများ အပြန်အလှန်တည်ဆောက်ပေးပြီး အတူအောင်မြင်နိုင်ကြပါစေ… 🙏🏻🙏🏻🙏🏻
Jue Chit Thinzar
PhD Candidate
Organizational Development
Assumption University


#လွတ်လပ်စွာshareနိုင်ပါတယ်
#မူရင်းရေးသားသူကိုCreditပေးဖို့တော့မေတ္တာရပ်ခံပါတယ်

14/09/2023

တစ်ကယ်တော့ ကိုယ့်ဘ၀ထဲကို
၀င်လာမယ်ဆိုရင် ကိုယ့်စိတ်ရဲ့psycho ဖောက်မှုတွေကို
နားလည်ပေးနိုင်မှရမှာ။

ကိုယ့်ကိုချစ်ပေးလို့ ကျေးဇူးတင်တယ် ။
ကိုယ့်ကို မြတ်နိုးပေးလို့လည်း ပျော်ရွှင်ရတယ် ။
ဒါပေမဲ့ အဲ့ဒါတွေနဲ့တင် မလုံလောက်ဘူး။
ကိုယ့်စိတ်က အရမ်းတွေးတာ။
overthinking သိပ်ဖြစ်လွယ်တာ။

အမြဲတမ်း တစ်ခုခုတွေးလိုက်တာနဲ့
Negativeဘက်တွေကိုပဲ တွေးနေတတ်တာမို့
မတော်တဆများ ကိုယ့်ကို စိတ်ကုန်သွားရင် ....
ကိုယ့်ကို မချစ်တော့ရင် ဘယ်လိုလုပ်မလဲ။

တစိခါတစ်ခါ ကိုယ်ကိုတိုင်တောင် နားမလည်နိုင်ခဲ့တဲ့ ကိုယ့် စိတ်ရဲ့ အလိုမကျမှုတွေအတွက်
နားလည်ပေးနိုင်ဖို့ တောင်းဆိုချင်မိတာပါပဲ ။



®ခဲတံ®

Credit

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Website

Address


သစ်တောရပ်ကွက် Taunggyi
Taunggyi