Freely To Talk
Do you feel lonely? A hero is always alone.
23/04/2026
ငါတို့ တုံးအတာ ဘာကြောင့်လဲ။
ငါတို့တွေးခေါ်မှုကို တုံးအ စေတာ အကြောက်တရားကစတာ။ လက်တွေ့မြင်နိုင်တယ် ဘယ်မှာလည်းဆိုရင် ငါတို့နိုင်ငံငယ်က ပြည်သူတွေ၊ တိုင်းရင်းသားတွေမှာ အများစု မြင်တွေ့နိုင်တယ်။ ဒါကအမှန်တရားပဲ။ ဘာအကြောက်တရားတွေလည်းဆိုရင် အာဏာရှင်အကြောက်တရားတွေ၊ လူမျိုးကြီး ကြီးစိုးမှုအကြောက်တရားတွေ၊ ခွဲခြားဆက်ဆံခံရခြင်းအကြောက်တရားတွေ၊ ဖိနှိတ်အကြမ်းဖက်ခံရခြင်းအကြောက်တရားတွေ၊ ကြီးနိုင် တစ်ကိုယ်ကောင်းဆန်တဲ့ အကြောက်တရားတွေ၊ စတဲ့အကြောက်တရားတွေက ငါတို့ ဘိုးဘွား ဖေမေတို့လက်ထပ်ကနေ ငါတို့မျိုးဆက်ထိ နောက်ထပ်အကြောက်တရားစီးဆင်းလာတာကိုလက်ခံရမယ့် မျိုးဆက်သစ်လူငယ်တွေပဲ။
ဒီအကြောက်တရားတွေက အမြစ်တစ်ခုလို့တွယ်လာနေတာ ရာစုနှစ်မနည်းတော့ဘူး ကြာလှပေါ့လေ။ ဒါကြောင့် ငါတို့ အဲအကြောက်တရားတွေနဲ့ ရှင်သန်လာခဲ့ရတယ်။ ငါတို့နည်းတူ ငါတို့ရဲ့ နိုင်ငံလေးကလည်း အဲအကြောက်
တရားအောက်မှာဘဲ ရုန်းကန်နေရတယ်။
အဲအကြောက်တွေကနေ လွတ်ကင်းအောင် ကိုယ်စီရုန်းကန်နေကြရတာ ငါတို့အသိဆုံး။ ဒါကြောင့် ငါတို့တစ်ဦးချင်းစီကလည်း ဒီလိုအကြောက်တရားမျိုးကို မပြုလုပ်ဖို့၊ သတိပြုဖို့၊ အမြဲ ကိုယ်ကို သတိပေးဖြစ်တယ်။ ငါတို့ တစ်ဦးချင်းစီက ဒီအကြောက်တရားကိုပြုကျင့်နေသ၍တော့ ငါတို့တွေးခေါ်မှုက တုံးအ နေအုန်းမှာဘဲ။
Muraikham
23/04/2026
ကာမပိုင်လား ကိုယ်ကျင့်သိက္ခာ လား
ဖောက်ပြန်တဲ့ ဖိုမ သဘာဝ တွေရှိတယ် အဲမှာပြောတာက ကာမ ပိုင် မိန်းမတို့ / ကာမ ပိုင် ယောကျားတို့ / စသဖြင့် သုံး နှုန်းကြတယ်။
ကိုယ့်ရဲ့ ကိုယ်ခန္ဓာက သူများပိုင်ရတာလား နားမလည်လို့။ လူသားတစ်ယောက်က ဖောက်လွဲဖောက်ပြန် လုပ်ခြင်း မလုပ်ခြင်းက ကိုယ်ကျင့်သိက္ခာတရားနဲ့ဆိုင်တာမဟုတ်ဘူးလား။
ဖိုမ သဘာဝ မည်သူမဆို ကိုယ်ရဲ့လက်တွဲဖော် ဇနီးမယား သားသမီး မိဘ မိတ်ဆွေ စသဖြင့် ကိုယ်ကျင့်သိက္ခာတရား ရှိရှိနဲ့ စိတ်နှလုံးသွင်းနိုင်ရင် လူမှုရေး ဖောက်ပြန် တာတွေ ရှိမှမဟုတ်ဘူး။
နင်ကာမ ငါပိုင်တယ်လို့ ဆိုတာထက် အဲလူက ကိုယ်တရားသိက္ခာရှိဖို့ ခိုင်မြဲဖို့ကို ပြောရမှာဖြစ်တယ်။ လက်တွေ့ကျတယ်လို့မြင်တယ်။
23/04/2025
အိမ်မက်တွေက အလှမ်းဝေးတယ်။ တကယ်လည်းဝေးပါတယ်။
ကြိုးစား အားထုတ်မှု ဘယ်လောက်လုပ်လုပ် တခါတလေတော့ လွဲချော်ရစမြဲပါပဲ။ အဲတာကို မမူ့ဘဲ ဇွဲလုံ့လ စိုက်ဖို့တော့လိုတယ်။ တကြိမ်တော့လှေကားထိပ်ကိုရောက်လာမှာပါ။
20/04/2025
#လူငယ်တစ်ယောက်၂၀၂၁ ကနေ ၂၀၂၅ အထိ အိမ်မက်တွေကို အိတ်ကပ်ထဲ ကောက်သိမ်းလာခဲ့တာ ၅နှစ်တောင်ရှိလာရောပေါ့။
19/04/2025
အချို့ဆိုရင် ကြည့်မရဘူးသာ ပြောတာ တွေ့ရင် အရင်ဘဝတုန်းက အမျိုးတော်ထားတာလားအောင့်မေ့ရတယ် အံဩပါ့လူတွေရယ်… 🤢🤮
28/07/2024
နိုင်ငံဖျားနာနေတဲ့အပေါ် မှီခိုပြီး စီးပွားရေးရှာကြသူများ
(ကိုဗစ် )
၂၀၂၀ခုနှစ်မှာ ကိုဗစ်ကူးစက်ရောဂါစဖြစ်တော့ အရင်ဦးဆုံးချမ်းသာတဲ့သူတွေက ကိုဗစ်ရောဂါ ကာကွယ်ဆေးရောင်းချသူပါ။ ဒုတိယကတော့ ပါးစပ်ပိတ်မတ်(စ်)ရောင်းဝယ်သူပါ ဈေးတွေကို မတရားတင်ရောင်းကြတယ်။ ကျေးလက်ရွာမှာ မတ်(စ်) ၁ခုကို မိသားစုလိုက်အတူသုံးတဲ့ သူလည်းရှိပါတယ် ရောဂါကြောက်လို့မဟုတ်ပဲ မတ်(စ်) မပါရင် ဂိတ်က ငွေတောင်းလို့ပါ။ နောက်တစ်ခု စီးပွားဖြစ်တာက လက်ဆေး hands gel ပိုးသတ်ဆေးရည်လုပ်ရောင်းသူတွေ၊ စစ်ကောင်စီရဲ့ လက်အောက်ခံ ဌာနဆိုင်ရာရဲ့ လာဘ်စားမှုတွေ၊ ကိုဗစ်အကြောင်းပြပြီး ငွေကောက်ခံမှုတွေပါ။ အဲတာတွေကို ပြည်သူတွေ စတင်ခံစားလာရပါတယ်။ ကာကွယ်ဆေးထိုးဖို့ ပုဂ္ဂလိကဆေးရုံ တွေကလည်း ဈေးအပြန် ခေါ်ကြပါတယ် ချမ်းသာသူတွေကတော့ဝယ်ထိုးကြပေါ့။ မတတ်နိုင်တဲ့ သူတွေက ပထမ လှိုင်းရော ဒုတိယလှိုင်းမှာ အစိုးရစီကနေခွဲတမ်းချမဲ့ဟာကိုပဲစောင့်ထိုးရပါတယ်။ အလှူရှင်ကနေရ လာတဲ့ကာကွယ်ဆေးတွေလည်း ပြည်သူဆီရောက်မလာတာမျိုးလည်းရှိပါတယ်။ ကိုဗစ်သာဖြစ် သွားတယ် အခု ၂၀၂၄ခုနှစ်ထိ ကိုဗစ်ဆေးမထိုးရတဲ့ ပြည်သူတွေမှ အများကြီးပါ။ အချို့ကျ ဒီကိုဗစ်နဲ့ ချမ်းသာလာသလို ဒီကိုဗစ်ကို အကြောင်းပြုပြီး စီးပွားဖြစ်လာတာတွေလည်း တောင်လိုပုံနေရော။ အချို့ကျ ပြောလိမ့်မယ် ခေတ်နဲ့အလိုက် စီးပွားမရှာတတ်ရင် မင်းအောင်မြင်မှာမဟုတ်ဘူးတဲ့။ တကယ်တော့ သူတပါးရဲ့ အကျိုးစီးပွားကို ထိခိုက်ပြီး စီးပွားရှာပြီး အောင်မြင်တာကို ဘယ်လိုခေါ်ရမလဲနော်။
(အာဏာသိမ်း)
၂၀၂၁ခုနှစ်မှာ အာဏာသိမ်းမှုဖြစ်တော့ စတင်ပြီးချမ်းသာလာတာက စစ်ကောင်စီရဲ့ လက်အောက်ခံ အပေါင်းအပါးတွေဖြစ်ပါတယ်။ နိုင်ငံရေး လုံခြုံရေး အကြောင်းပြပြီး ဖမ်းတယ် ပိုတ်ဆံနဲ့ပြန်လာ ရွေးခိုင်းတယ်။ ဂိတ်တွေ ပေါများလာတယ် သူတို့လုပ်ကွက်က ပိုပြီး ကျယ်ပြန့်လာတယ်။ ကုန်ကားဖြတ်သန်းသွားလာခွင့် ဂိတ်ကြေးပေးရတယ်။ နယ်ဘက်မှာ ၁၂ဘီးကားတစ်စီးကို အနည်းဆုံး ၂သိန်းက စပေးရတယ်။ ထိုအပြင် ဒေသအတွင်း စစ်ကောင်စီလက်အောက်ခံ တိုင်းရင်းသားလက်နက်ကိုင် အပါအဝင်၊ အခြားသော တိုင်းရင်းသားလက်နက်ကိုင် တွေရဲ့ အခွန်မတရားကောက်တာတွေကို ပြည်သူတွေ အလူးအလဲခံရတယ်။ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေ ချမ်းသာသွားတယ်။ စားသောက်ကုန်ရောင်းချသူ စီးပွားရေးသမားတွေကလည်း သူတို့ရဲ့ ထုတ်ကုန်အပေါ် အရည်အသွေးတွေလျော့ချလိုက်တယ်။ ဈေးတွေ မတရားတင် ရောင်းကြတယ် ခေတ်ပျက်ပြီးဆိုတော့ စစ်ဆေးသူမရှိဘာမရှိပေါ့။ ဒီအချိန် ခေတ်ပျက်ကြီးမှာ ဘယ်စီးပွားရေးသမားက ပြည်သူအတွက်စေတနာကောင်းကောင်းနဲ့ ထုတ်ပေးမှာ မဟုတ်ဘူး။ ဒီခေတ်ပျက်ကြီးမှာ အခွင့်အခါရတုန်းလေ အမြတ်ဘယ်လောက် ထွက်ရမလဲဆိုတဲ့ ခေတ်ပျက် သူဌေးတွေလုပ်လာကြတယ်။
(စစ်မှုထမ်း)
အခုအခါ ချမ်းသာမယ်လူတွေကတော့ အုပ်ကြီးတွေပါပဲ။ စစ်မှုမထမ်းချင်ရင် ငွေဘယ်လောက်ဆို ပြီး ပေးရပါတယ်။ စစ်ကောင်စီရဲ့လက်အောက်ခံ လက်နက်ကိုင်တွေမှာ ရပ်ရွာလုံခြုံရေးဆိုပြီး ထပ်မံ ငွေပေးရတယ် လူပေးရပါတယ်။ အဲငွေဘယ်မှာလည်းဆိုတာ ဘယ်သူမှ မေးခွန်းမထုတ်ရဲသလို မပေးဖို့လည်း မငြင်းရဲကြပါဘူး။ ဒါက စစ်ကောင်စီထုတ်လိုက်တဲ့ စစ်မှုထမ်းဥပဒေအပေါ်ကနေ အောက်ကလူတွေအတွက် စီးပွားရေးဂွင်ဖော်နေကြတာပါ။
ဒီလိုပြည်သူလူထုတွေအပေါ်မှာ မှီခိုပြီး ခေတ်ပျက်သူဌေးလုပ်နေကြတဲ့သူတွေရဲ့ ဒဏ်ကိုအခြေခံ လူတန်းစားတွေကပိုခံရပါတယ်။ ငွေမပေးနိုင်ရင် ငွေရှိတဲ့သူရဲ့ သား၊သမီး ကိုယ်စား သွားပေးရသလို၊ အခကြေးငွေနဲ့ပေးပြီး သွားပေးရပါတယ်။ (ကြည့်ဖူးတဲ့ The swordsman ဇာတ်ကားကလို ဂျိုဆွန်းပြည်ကဘုရင် မြောက်ပိုင်းချင်ပြည်က အစိုးရကိုသစ္စာခံရပါတယ်။ ဂျိုဆွန်းဘုရင့်မှူးမတ် တွေရဲ့သမီးတွေကို မြောက်နိုင်ငံကိုဆက်သပေးရတယ် အဲလိုအချိန်မှာ ခြေခံလူတန်းစားတွေရဲ့ သမီးတွေကို အစားထိုးခံရပါတယ်။ )အခုလိုမျိုးပါပဲ အုပ်ကြီး တွေစီ မံသလိုမျိုး။ ငွေမရှိဆင်းရဲတဲ့ပြည်သူတွေက စတေးခံရတာပေါ့။
အတော်များများ အခြေခံလူတန်းစားမိသားစုအများစုတွေက စစ်ဒဏ်ရော် စီးပွားရေးဒဏ်ရော အားလုံးကိုခံရတာပါ။ နောက်ပြီး စီးပွားရေးသမားတွေရဲ့ ကုတ်သွေးစုပ်မှုတွေကိုလည်း အဓိက ပစ်မှတ်ထားပြီး ခံရပါတယ်။
(နိုင်ငံရပ်ခြားထွက်ခွာမှု )
နိုင်ငံတွင်းမတည်ငြိမ်တော့ ပြည်ပထွက် အလုပ်ထွက်သူရှိသလို၊ လုံခြုံရေးအရ ပြည်ပထွက်သူများနဲ့ စီးပွားရေးသမားတွေကတော့ပြည်တွင်းမှာအလုပ်မဖြစ်တော့လို့ နိုင်ငံခြားမှာ စီးပွါးရေးရင်းနှီးမြုပ်နှံ လာလုပ်တဲ့သူတွေ အကောင်ကြီးကြီးတွေတွေ့ရပါတယ်။ လူငယ်တွေက စစ်မှုထမ်းကြောင့် ပြည်တွင်းမှာ မနေရဲတော့ဘဲနီးစပ်ရာ နိုင်ငံတွေဆီအစုလိုက် အပြုံလိုက် ထွက်လာကြပါတယ်။ ထွက်လာတာလည်း တရားဝင်ရှိသလို၊ တရားမဝင်အောက်လမ်းနဲ့လာကြတာတွေလည်း တောင်လိုပုံနေရော၊ ဒုက္ခမျိုးစုံနဲ့ ပင်လယ်ဝေနေချိန်မှာ နိုင်ငံခြားကပွဲစားတွေကလည်း သွားရေတမြမြနဲ့ ဘယ်လိုလုပ်စားရမလဲ ဂွင်တွေ့နေပါတော့တယ်။ သူတို့ချမ်းသာဖို့ သားကောင်တွေကို စစ်ကောင်စီကနေ ဖန်တီးပေးလိုက်သလိုပါပဲ။ တိုင်းတစ်ပါးမှာ ကယ်သူမရှိ ကူသူမရှိ မြန်မာပြည်ကလူငယ်တွေမှ အများကြီးပါ။ အဲအပေါ်မှာလိုက်ပြီး အမျိုးမျိုးသော စီးပွားဖြစ်သွားကြတဲ့သူတွေမှ အများကြီးပါ။
ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး စီးပွားရှာသူများလည်း ပိုပြီးပေါများလာသလို ဒုက္ခရောက်နေတဲ့သူအပေါ်ကိုမှီခိုပြီး ချမ်းသာကြသူများလည်း တစ်ပုံတစ်ပင်ပါပဲ။ အခြားလူမျိုး ကနေ ကုတ်သွေးစုတ်တာထက် ကိုယ်လူမျိုးချင်းချင်းတွေက ပိုပြီး ယုတ်မာကြပါတယ်။ အလုပ်အကိုင်ရှာဖွေပေးမယ်ဆိုပြီးငွေလိမ်လိုက်၊အခန်းရှာပေးမယ်ဆိုပြီး လိမ်ပြေးသွားလိုက်နဲ့။ အလုပ်လေးတစ်ခုရဖို့ကို ဝန်ဆောင်ခကိုလည်း အဆမတန်တောင်းရမ်းကြတယ်၊ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲနေတာတွေကို လူငယ်တွေခံရပါတယ်။
ရွေ့ပြောင်းလုပ်သားတွေအပေါ်မှီခိုပြီး ချမ်းသာလာတဲ့သူရှိသလို တိုင်းတစ်ပါး လူမျိုးတွေကလည်း အဲအပေါ်မှီခီုပြီး ချမ်းသာလာကြတယ်ပြီး စီးပွားဖြစ်ကြပါတယ်။
အခုချိန်ထိ မိမိတို့ဒုက္ခပင်လယ်ဝေနေလည်း ကူညီသူအစစ်အမှန်ဆိုတာရှားပါတယ်။ အားလုံးက ဈေးစကားနဲ့ပဲ အလုပ်ဖြစ်ပါတယ်။ သင့်ပိုက်ဆံမရှိရင် ကူညီသူမရှိ ဆိုသလိုပါပဲ။ အလုပ်ရှာပေးသူကို ခယရပါတယ်။ ပွဲစားတွေလည်း မလိမ်အောင် ခယရပါတယ်။ အခြေခံလူတန်းစားတွေဘဝက စိတ်ပိုင်း ရုပ်ပိုင်း အားလုံးထိခိုက်ခံစားကြရပါတယ်။
#အထက်ပါရေးထားသည့်အကြောင်းအရာများသည် မြန်မာပြည်သားတစ်ဦးအနေနဲ့ သိမြင်မှုအပေါ်ဖွင့်ဟရေးသားရုံပါ။
အချို့က သူတို့လိုမျိုး ပြန်လည် ဆက်ဆံ ပြုမူရင် ကိုယ်ကသာ လူဆိုး လိုလို လူယုတ်မ လိုလိုဖြစ်ရော…
ဘာတွေမှန်းကိုမသိဘူး 😩
#ကြာဖူး🪷
12/06/2023
အသွယ်မတူ ငါရန်သူဟုတ်သလား။
အရင်ဦးဆုံးပြောချင်တာက ကျွန်ပ်ထင်မြင်ယူဆချက် တစ်ရက်ဘဲဖြစ်ပါတယ်။
မသန်ပေမယ့် စွမ်းတဲ့ မသန်စွမ်းတွေ၊ လူသားထဲက လူသားတစ်ဦးဘဲ လိင်တူချစ်သူတွေ၊ အမျိုးသမီးတွေ၊ ထိုအုပ်စုကို ခွဲခြားဆက်ဆံ အကြမ်းဖက်မှုတွေကို ဦးတည်တိုက်ခိုက်လာတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဘာသာတရား၊ ပြဠာန်းဥပဒေ များ ယခုနှစ်ထိ ရှိနေဆဲပါ။ ( အပြုသဘော - အမျိုးသားများသည်လည်း ခွဲခြားဆက်ဆံ အကြမ်းဖက်ခံရပါတယ် ရာခိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင်တော့ အမျိုးသမီးထပ် နည်းတာပေါ့။ ဒါကတော့ ဦးဆောင်မှုပိုင်းနဲ့ ဆုံးဖြတ်ချတဲ့အပိုင်းမှာ ဖိုဝါဒ ကြီးစိုးနေသေးလို့ပါ။ အဲလို အခန်းကဏ္ဍတွေမှာ လိင်င်္ဂါ ကွဲပြားတဲ့လူသားတွေ စုံစုံလင်းလင်းပါဝင်ဖို့ပါပဲ။ အများသိတဲ့အတိုင်းဆို အမျိုးသမီးဆိုတဲ့လူသား၊ အမျိုးသားဆိုတဲ့လူသား၊ လိင်တူချစ်သူဆိုတဲ့လူသား၊ မသန်စွမ်း ဆိုတဲ့လူသားတွေပေါ့။ )
အထက်ပါ လူသားတွေကို လူလို့မမြင်နိုင်သေးတဲ့ အတုအယောင် လူ့အသိုင်းအဝိုင်းကို ဆက်လက်ရှင်သန်စေတဲ့အကြောင်းရင်းက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လူမျိုးတစ်စု၊ ဘာသာတရား ခံယူချက် ရပ်တည်ချက် ယုံကြည်ချက် စံတန်ဖိုးထားမှုတွေ မတူတော့ရင် ရန်သူ ရန်ဘက်အဖြစ် သတ်မှတ်ကြလေ့ရှိတယ်။ မတူညီတာတွေကို စုစည်းပြီး အောက်ကလိုမျိုး အရောင်သွေးစုံလင်း မတူညီတဲ့ ပုံစံအနေအထားကို ကောင်းကောင်း ချိတ်ဆက်နိုင်ရင် လှပတဲ့ မြင်ကွင်းတစ်မျိုးဖြစ်ပေါ်လာတာမျိုးကို ကျွန်ုပ်တို့ ဘယ်တုန်းခါမှ မစဉ်းစားမိခဲ့ကြဘူး စဉ်းစားရင်လည်း အကျိုးစီးပွားတွေ ကို ရှေ့တန်းတင်ပြီး ရန်ငြိုးထား တိုက်ခိုက်နေကြတဲ့ လူသားတွေများနေတာမျိုး။ တိရိစ္ဆာန်နဲ့လူသား တူလားဆို မတူဘူး ဟုတ်ပါတယ် သင့်တို့တွေးမိလိမ့်မယ် လူသားက ဥာဏ်ရှိတယ်၊ သိတတ်တယ်ပေါ့ ဒါပေမယ့် ရန်ငြိုးမထားဘူး အစားအဟာရအတွက် ဘဲ တစ်အုပ်စုနဲ့ တစ်အုပ်စု တိုက်ခိုက်လိမ့်မယ် သူက ငါကို ဘယ်တုန်းက လုပ်ခဲ့တာ ဆိုတာ မရှိဘူး ဘဝနဲ့ချီပြီး ရန်ငြိုးမထားဘူး။
ဒီလိုဘဲ ခေတ်အဆက်ဆက် နဲ့ ရန်ငြိုးထားမှုနဲ့ ဟိုအုပ်စု ဒီလူမျိုး ဒီဘာသာ ဒီအဖွဲ့ဆိုပြီး မငြိမ်းချမ်းနိုင်ဘဲ အကြမ်းဖက်တာတွေ ခွဲခြားဆက်ဆံ တာတွေ ဆက်လက်ရှင်သန်နေ ရအုန်းမှာ ပေါ့လေ။
04/05/2023
ကျား-မ ဖြစ်မှုအပေါ် ဘာကြောင့်အကြမ်းဖက်ရတာလဲ?
ကျား-မ အခြေပြု အကြမ်းဖက်မှု ဖြစ်လာရတဲ့ အကြောင်းရင်းများကို စဉ်းစားလိုက်တဲ့အခါမှာဆိုရင် သူရဲ့ အဓိက အကြောင်းရင်းမှာ အာဏာပါဝါ မတူညီတာတွေ၊ ရှေးရိုးအယူအစွဲအစွန်းရောက်တာတွေ၊ လူ့အခွင့်အရေးကိုမလေးစားတာတွေဆိုတဲ့ အကြောင်းရင်း (၃) ရပ်လိုမြင်မိပါတယ်။
ပထမ အာဏာပါဝါ မတူညီတာတွေမှာဆိုရင် လုပ်ငန်းခွင်မှာ ကိုယ်ထက်ရာထူးကြီးသူ၊ သူဌေး၊ အလုပ်ရှင်၊ ငွေကြေးအရ ချမ်းသာသူ စသည် မိမိတို့၏ အခွင့်အာဏာ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစား လုပ်ပြီး ကျား-မ အခြေပြုအကြမ်းဖက်မှုကို ကျူးလွန်ကြလေ့ရှိပါတယ်။
ဒုတိယတစ်ခုကတော့ ရှေးအယူစွဲကြီးမားမှု အတော်များများ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှသား တွေက ယဉ်ကျေးမှုအရ ဘာသာရေးအရ အယူအစွဲကြီးမားကြပါတယ်။ အဲဒီ ယဉ်ကျေးမှု ဘာသာရေး တွေရဲ့ စံတန်ဖိုးထားမှု တွေနဲ့ ကွဲလွဲသွားတာတို့ ဘောင်အတွင်းမှာ မနေတာတွေဆိုရင် ပတ်ဝန်ကျင်ကရော ကိုယ်တွေ နေထိုင်တဲ့ လူ့မှုအသိုင်းအဝိုင်းကရော ကျား-မ အခြေပြုမှုအပေါ် အကြမ်းဖက်မှု စတင်လုပ်ဆောင်လေ့ရှိပါတယ်။
တတိယ တစ်ခု ကတော့ လူ့အခွင့်အရေးကို မလေးစားခြင်း ဖြစ်ပါတယ် လူသားတစ်ယောက်ဖြစ်တည်မှု ကို တန်ဖိုးမထားတာတွေ အမျိုးသမီးဖြစ်လို့ အမျိုးသားဖြစ်လိုဆိုပြီး သတ်မှတ်ထားတဲ့ ဘောင်အတွင်း မနေထိုင်တဲ့ အမျိုးသမီး အမျိုးသားတွေကို အကြမ်းဖက်လာတာတွေ ( အမျိုးသားဖြစ်ပြီး နွဲရသလား ဆံပင်ရှည်ထားရသလား ဝင်ငွေကနည်းလိုက်တာ ကျားမပီသဘူး ဆိုပြီး သူတို့ သတ်မှတ်ထားတဲ့ စံတန်ဖိုးနဲ့ မညီတော့ဘူးဆိုရင်အဲကျားလိင်အင်္ဂါပါတဲ့သူ ကို စတင်မလေးစားခြင်း အကြမ်းဖက်ခြင်း စတင်လုပ်ဆောင်ကြတယ်။ ထိုနည်းအတူ မလိင်အင်္ဂါ ပါတဲ့သူ အမျိုးသမီးကိုလည်း မိန်းကလေးဖြစ်ပြီး အိမ်မှုကိစ္စတောင်မလုပ်နိုင်ဘူးလားဆိုပြီး မိန်းကလေးတန်မဲ့ ကျားကျားယားယားနေစရာလား စသည် သူတို့ သတ်မှတ်ထားသော စံတန်ဖိုး ပုံစံခွက် ထဲ မနေရင်ကို အကြမ်းဖက်မှုကို စတင်တတ်လေ့ရှိပါတယ်။ )
ထိုကြောင့် ကျားဖြစ်မှု မဖြစ်မှုကို လိင်င်္ဂါနဲ့ တိုင်းတာနေတဲ့ ဒီကမ္ဘာ ဒီနိုင်ငံ ဒီခေတ်ဒီခါမှာ ကျားအင်္ဂါပါတိုင်းလည်း သူက အများကသတ်မှတ်ထားတဲ့ အမျိုးသားဖြစ်ချင်မှာလည်းဖြစ်မှာ မအင်္ဂါပါတိုင်း အများက သတ်မှတ်ထားတဲ့ သူက မိန်းကလေးဖြစ်ချင်မှာလည်းဖြစ်မှာ အခုခေတ်မှာ လိင်တံပါနေလည်း အမျိုးသားမဟုတ်တာအများကြီး/ မ အင်္ဂါပါနေလည်း မိန်းကလေး မဟုတ်တာတွေလည်း အများကြီးပါ။
ဒါကြောင့် မိန်းကလေးဖြစ်ဖြစ် ယောကျားလေးဖြစ်ဖြစ် သူတို့ကို သူက ကျားပါ သူက မပါလို မမြင်ဘဲ လူသားတစ်ယောက် လိုဘဲမြင်ရင် ခွဲခြားဆက်ဆံတာတွေ အကြမ်းဖက်တာတွေ ပေါ်လာမှာ မဟုတ်ဘူးလို့ ထင်မြင်မည်ပါတယ်။
Crd : NHK
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi