SO Cosmetics Taunggyi by Thae Thae Tgi

SO Cosmetics Taunggyi by Thae Thae Tgi

Share

သွားမယ် / စားမယ် / ရိုက်တင်မယ်😁

23/01/2026

ငွေစျေးကျမှာစိုးလို့ ရှိတာလေးနဲ့…
ရွှေသွားလုပ်လိုက်တာ မှန်ဘီလူးနဲ့…
မနဲ ဖြဲကြည့်ယူရတယ် …..😭

22/01/2026

အာရုံကြောအားနည်းနေပြီဆိုတာ ဘယ်လို သိနိုင်မလဲ❓❓
အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။ အာရုံကြောများ၏ တာဝန်မှာ ဦးနှောက်နှင့် ပင်မအာရုံကြောမကြီးမှ သတင်းအချက်အလက်များကို ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများသို့ ပို့လွှတ်ပေးပါသည်။
ရောဂါလက္ခဏာများမှာ
လက်များ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းခြင်း၊ ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ၊ ပူကနဲ ဖြစ်ခြင်း၊ ထုံကျင်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ အချို့လူနာများတွင် ချွေးထွက်မမှန်ကန်ခြင်း၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများ၊ စွမ်းဆောင်ရည် အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။
အာရုံကြောအားနည်း ရောဂါတွင် အအေးခံလွန်းခြင်း၊ အအေးစာများကို လွန်စွာစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာကိုအချိန်မှန်မစားခြင်း၊ ကွမ်းစားခြင်း၊ အတက်စာများ အစားများခြင်း၊အိပ်ရေးပျက်ခံခြင်း၊ ပင်ပန်းသောအလုပ်များ လွန်စွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။ အာရုံကြော အားနည်းရောဂါကို သက်သာစေရန်အတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည်။ စားသောက်ချိန်ကို အချိန်မှန်စေခြင်း၊ အချိန်မှန်မှန် အိပ်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေရန်အတွက် တရားထိုင်ခြင်းတို့ပြုလုပ်သင့်ပါတယ်။
📌 အစေ့အဆံ တွေစားပေးချင်းကလဲ ဦးနှောက်နဲ့ အာရုံကြောတွေကို အထောက်ကူပြုပါတယ်….😍

21/01/2026

💥 မြင်းခွာရွက် အစွမ်း ...
=====

မြင်းခွာရွက်ဟာ စားစရာ လဲဟုတ်၊ ဆေးလဲ ဟုတ်တယ် ဆိုတာ မြန်မာတွေ သာမကာ တခြား လူမျိုးတွေ ကပါ မှတ်ယူ ကြတယ်။ Sanskrit သင်္သက ရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။



မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။



1.အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။



2.အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။



3.ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။



4.အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။



5.အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။



6.အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန်ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။



7.အရွက်ကို ညှစ်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။



8.အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။



9.ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။



10.အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်း စေ၏။



အရှေ့တိုင်း ဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာကရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတစ်အုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။



ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ်အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကြေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းခူနာ ရောဂါတွေ အတွက် ပေးပါသတဲ့။



သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော S*x ရော ကောင်းစေ ပါတယ်လို့ အကြံပြု ထားပါတယ်။



Healthcare.com.mm
Ref: (မြဝတီ)
Crd ~ 7887

14/01/2026

😂😂😂

13/01/2026

😁😁😁

12/01/2026

Detox Water
အဆီ တွေတဝုန်းဝုန်းကျတာပါနော်❗

သောက်ကြည့်ချင်
နည်းပေးမယ်
😊😊😊

သခွားသီး တစ်ဝက်
ပူစီနံ ၁ စည်း
ဂျင်း လက်တစ်ဆစ်
သံပုရိုသီး ၁ လုံး
ရေခရားထဲ အပြည့်ထည့်
ညအိပ်ချိန် ရေခဲသေတ္တာထဲ ထည့်ထား
(ရေခဲသေတ္တာက မအေးရင်တော့ အချဥ်တေ ပေါက်ကုန်မှာနော် သာမာန် အေးရုံ ဆိုရပီ ခဲစရာမလို)
မနက်လင်းတာနဲ့ ရေအစားသောက်
ကုန်ရင် ရေဖြည့်သောက်
တနေ့လုံးသောက်
အားတိုင်းသောက်
အစားမစားဘဲသောက်ရင် ပိုကောင်း
မနေနိုင်ရင် နည်းနည်းဘဲစား
တစ်ပတ် နှစ်ခါ လုပ်သင့်
အဆီတေက တဝုန်းဝုန်းဘဲ ကျတာ 😊

ဗိုက်ပူတာလောက်က အေးဆေး

Credit - မူရင်း

12/01/2026

#အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး

💁‍♀️အက်စထရိုဂျင်(Estrogen)ဟော်မုန်း

အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်​ပေးတယ်။

ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊

အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။
ဒီဟော်မုန်းလျော့ရင်ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်

Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊ ပဲပိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

💁‍♀️Growth ဟော်မုန်း

သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊ အဆီပိုတွေဟိုတစုဒီတစုနဲ့ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊

side effectများပေမယ့် သိသာတယ်၊ အခြားနည်းက လမ်းလျှောက်ပါ လေ့ကျင့်ခန်းလုပ်ပါ ချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

💁‍♀️DEHA

အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့ အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာသူလျော့နည်းသွားလို့ပါ၊

အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊
fatty fish စားပါ၊

ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

💁‍♀️Melatonine

အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊

ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ

အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်

ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

💁‍♀️Cortisol

Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊

စိတ်အေးချမ်းအောင်တွေးပါ၊
သီချင်းနားထောင်ပါ၊stress လျော့ပါ၊

💁‍♀️Insulin

သွေးထဲကသကြားဓာတ် သူများလာရင်လည်း
အရွယ်ကျမြန်တယ် ရေဓာတ်တွေလျော့နည်းမယ်၊
ကော်လာဂျင်တွေမတင်းတော့ဘူး၊

ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊ အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။

လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

🤷‍♀️ကျမတို့ဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊ 💖



#အလှအပနဲ့ကျန်းမာရေး

Photos from SO Cosmetics Taunggyi by Thae Thae Tgi's post 12/01/2026

မနက်မနက်ဆို မထချင်ဘူး...😁
အေးအေးချမ်းချမ်းနဲ့…ဆိုတော့😁

12/01/2026

သစ်သားတွေဆို အရမ်း crazy ….

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Telephone

Website

Address


Taunggyi
06101