POP o'clock
100% Authentic / Domestic use in THAILAND / THAILAND Direct
11/01/2022
Authentic Brand တစ်ခုသုံးထားသလိုတောင်ခံစားနေစေရမယ့် Finy smooth ရဲ့ရနံ့က်ု စမ်းသုံးကြည့်ပါ
#ဈေးအများကြီးမလိုဘူးနော်
၅၆၀၀ ကျပ်တည်းသာ
11/01/2022
စိတ်တွေလေးလံထိုင်းမှိုင်းနေရင် ဒီစာလေးအပျင်းပြေဖတ်ကြည့်ပါ ....
#အလှအပနဲ့ကျန်းမာရေးဆိုက်တာဗဟုသုတများကို နေံစဉ်မျှဝေပေးသွားမှာမလို့ page ကို လုပ်ထားကြဦးနော်
Okay ..... ဆက်ကြည့်ရအောင်
-----------------------------------------------
ထိုင်းမှိုင်း နေရင် အလုပ်တွေ လုပ်ရတာ ပုံမှန်ထက် ပိုကြာနေသလို အချို့သော အရာတွေကို အလွယ်တကူ နားမလည်တာမျိုး ခံစားရနိုင်ပါတယ်။ အိပ်ချင်နေတာလိုလို ခေါင်းထဲ နောက်ကျိကျိ ဖြစ်နေတာလိုလို တစ်ခုခုလိုနေသလို ဘာရယ်လို့ ရေရေရာရာ မသိရတဲ့ ခံစားရမှုကြီးက အတော်လေး နေရထိုင်ရ မသက်မသာ ဖြစ်စေတာပါ။
ဒီလို ဖြစ်နေတဲ့အခါ #ထိုင်းမှိုင်းမှုတွေကို အဝေးကို မောင်းထုတ်ချင်ပေမယ့် ဘယ်လိုလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ထိုင်းမှိုင်းမှုတွေကို မောင်းထုတ်လိုက်ကြရအောင် လား။
#ထိုင်းမှိုင်းမှုတွေကိုမောင်းထုတ်ကြရအောင်
လုပ်ဆောင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ ထိုင်းမှိုင်းမှုကြီးကို ဒီနည်းလမ်းလေးတွေ သုံးပြီး မောင်းထုတ်လိုက်နိုင်ပါတယ်……..
#ရေချိုးလိုက်ပါ
ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားနေရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ရေချိုးလိုက်ပါ။ ရေချိုးတယ်ဆိုတဲ့နေရာမှာလည်း ရေအေးအေးလေးနဲ့ ချိုးစေချင်ပါတယ်။ ဒါမှ သွေးလည်ပတ်မှု ကောင်းစေပြီး ထိုင်းမှိုင်းနေတာတွေ ပျောက်သွားမှာပါ။
ဆပ်ပြာ သင်းသင်းလေးနဲ့ပါ ချိုးပေးလိုက်မယ်ဆိုရင် စိတ်လက်တွေ ကြည်လင်လန်းဆန်းလာစေမှာ အသေအချာပါ။
#ရေသောက်ပါ
ရေသောက်လိုက်ပါ။ ရေသောက်တာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးပြီး ကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေပြီး လန်းဆန်းမှုကို ခံစားရစေမှာပါ။
ဒါကြောင့် ထိုင်းမှိုင်းနေတယ်ဆိုရင် ရေအေးအေး တစ်ခွက် ပြည့်ပြည့်ကို သောက်ချလိုက်ပါ။ ဒီလို လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေပြီး အသားအရေကိုပါ ကြည်လင်စေပါတယ်။
#သီချင်းနားထောင်ပါ
ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေချိန်မှာ မြူးမြူးကြွကြွ သီချင်းလေးတွေ နားထောင်တာက လန်းဆန်း တက်ကြွလာစေမယ့် နည်းလမ်းကောင်းပါ။ သီချင်း မြူးမြူးလေးတွေက စိတ်ပျော်ရွှင်စေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေနိုင်မှာပါ။
ဒါကြောင့် ထိုင်းမှိုင်း သလို ခံစားလာရရင် သီချင်းမြူးမြူးလေး ဖွင့်နားထောင်ပါ။ လိုက်ဆိုပေးတာလည်း နည်းလမ်းကောင်း တစ်ရပ်ပါပဲ။
#နေရောင်ခံပါ
နေရောင်ခြည်က စိတ်ပျော်ရွှင်စေတဲ့ သဘာဝဆေး တစ်မျိုးပါ။ စိတ်ထဲ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တဲ့အခါ နေရောင်ခံပေးတာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ နေရောင်ခြည်က ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ချိန်သားကိုက်ဖို့ လုပ်ဆောင်ပေးတာကြောင့် ထိုင်းမှိုင်းနေတာတွေကို အဝေးကို မောင်းထုတ်ပေးမှာပါ။
ဒါကြောင့် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေတယ်လို့ ခံစားရရင် နေရောင်ခြည်ကို ထိတွေ့လိုက်ပါ။ နေပူထဲတော့ ထွက် မရပ်ပါနဲ့နော်။
#လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်း လုပ်တာက သွေးစီးဆင်းမှုကို ကောင်းစေပြီး စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အကြောတွေကို ပြေလျော့စေပြီး လန်းဆန်းတက်ကြွစေဖို့လည်း ထောက်ကူ ပေးနိုင်ပါတယ်။
ဒါကြောင့် ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားရတယ်။ လန်းဆန်း တက်ကြွမှု မရှိဘူးဆိုရင် လမ်းလျှောက်တာကနေစလို့ အကြောလျှော့တာ၊ ယောဂ၊ Gym ဆော့တာ၊ ပြေးတာလိုမျိုး လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
#စာဖတ်သူများဗဟုသုတရစေရန်ရည်ရွယ်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်
သင်တို့ရဲ့ တစ်ချက်ဟာ မင်မင်တို့နောက်ထပ်ဆောင်းပါးများရှာဖွေဖို့ အားဆေးတစ်လုံးပါ
#မူရင်းရေးသားသူcreditပေးပါတယ်
#စိတ်တွေလေးလံထိုင်းမှိုင်း
10/01/2022
အမာရွတ်အတွက်ဆေးတွေကလည်းစုံနေပြီမပျောက်နိုင်သေးဘူး 😥
---------------
ဒါပေမယ့်ကြည့်ရဆိုးလွန်းလို့ပျောက်ချင်တယ်ဆိုရင်
Pop o'clock မှာရှိတဲ့ #အိတ်ဆောင်ရှားစောင်းဂျယ် ကဖျောက်ပေးပါမယ် ....... ( ကိုယ်တွေ့ )
#aloe_vera_gel
10/01/2022
အရိုးကျန်းမာရေးအတွက် ပရိုတင်းဓာတ်
#ကျန်းမာရေးနဲ့အလှအပဆိုင်ရာဗဟုသုတများ ကိုနေ့စဉ်မျှဝေပေးသွားမှာမလို့ page ကို လုပ်ထားကြဦးနော်
Okay ..... ဆက်ကြည့်ရအောင်
-----------------------------------------------
အရိုးတွေက ခန္ဓါကိုယ်ကိုကောင်းကောင်းရပ်တည်နိုင်အောင်ထောက်မထားတဲ့ အရာတွေပေါ့။ အရိုးတွေကောင်းနေလို့ကောင်းကောင်းသွာလာနိုင်နေတာပါ။ ဒီတော့အရိုးတွေကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာတွေသိထားပြီလဲ ?
ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D တို့က အရိုးအတွက်ကောင်းတယ်ဆိုတာကို ကျန်းမာရေးဆောင်းပါးတွေ၊ ကြော်ငြာတွေထဲမှာ ဖန်တရာတေအောင်သိထား၊ ကြားထားပြီးဖြစ်မှာပါ။ ဒါဆို ပရိုတင်းကရော အရိုးအတွက်ဘာတွေသက်ရောက်မှုရှိစေလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ပါ။
#ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့
ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့အတွက် ပရိုတင်းကအထောက်အပံ့ပေးပါတယ်။ ဒါပေမယ့် အရိုးကျန်းမာရေးအပေါ် ပရိုတင်းက ဘယ်လိုမျိုးသက်ရောက်မှုရှိနေလဲဆိုတာကို သိတဲ့သူက ရှားပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့ လိုအပ်တယ်ဆိုပေမယ့် ပရိုတင်းအရမ်းများတဲ့ အစားအစာတွေက အရိုးတွေအတွက် ဘယ်လိုအထောက်အကူပေးလဲဆိုတာကိုတော့ သိပ်မသိကြပါဘူး။
ပရိုတင်းက ကြွက်သားတွေဖြစ်ပေါ်သန်စွမ်းစေသလို အနာကျက်အောင်လုပ်ဆောင်ပေးပါတယ်။ လူတော်တော်များများလက်ခံထားတာကလည်း ပရိုတင်းက ခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုတဲ့ဓါတ်တစ်ခုအနေနဲ့ပေါ့။ ဒါဆို ပရိုတင်းပါဝင်တဲ့ အစားအစာတွေက အရိုးတွေကို ထိခိုက်စေနိုင်တာလား ဒါမှမဟုတ် အရိုးတွေကို အထောက်အကူပြုပေးတာလား ?
#ကျန်းမာရေးကောင်းတဲ့လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ ပရိုတင်းပမာဏ ၄၀ ဂရမ် ကနေ ၆၀ ဂရမ်အထိရရှိရင်လုံလောက်ပါတယ်။ ကယ်လ်ဆီယမ်ဓါတ်ကိုလည်း တစ်နေ့တာကို ၁၂၀၀ မီလီဂရမ်လောက်ရရှိရင်ကို လုံလောက်ပါတယ်။ ဒီပမာဏတွေပြည့်မီဖို့ရင် တစ်နေ့ကို အဆီထုတ်နို့ တစ်ခွက်စာ၊ ဒိန်ချဉ် တစ်ခွက်စာ နဲ့ ချိစ် တစ်ချပ်စာလောက် စားပေးရင်ကိုလုံလောက်နေပါပြီ။
#အားကစားသမားတွေအနေနဲ့ သာမန်လူတွေထက် ပိုပြီး ပရိုတင်းပိုမိုစားသုံးကြပါတယ်။ ဒါမှလည်း သူတို့ခန္ဓါကိုယ်အတွက် အထောက်အပံ့ဖြစ်မယ်လို့ လက်ခံယူဆထားကြတာပါ။ ဒါကြောင့် သာမန်လူတွေက တစ်နေ့ကို ပရိုတင်းဓါတ် ဝ.၈ ကီလိုဂရမ်စားသုံးနေရချိန်မျာ အားကစားသမားတွေက ပရိုတင်းကို ၁.၂ ကီလိုဂရမ်ကနေ ၂.၂ ကီလိုဂရမ်အထိစားသုံးကြရပါတယ်။ ဒီလိုစားသုံးရမှုနဲ့အတူတော်တော်များများလက်ခံထားတဲ့ အယူအဆတစ်ခုက တိရစ္ဆာန်ကနေရတဲ့ ပရိုတင်းတွေအက်ဆစ်ပါဝင်မှုများတာကြောင့် ခန္ဓါကိုယ်ရဲ့ pH ပမာဏကိုထိခိုက်စေတယ်ဆိုတဲ့အချက်ပါ။
ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကာင်းမွန်စွာလုပ်ဆောင်နိုင်စေဖို့အတွက် pH ပမာဏမျှတနေဖို့ကအရေးကြီးပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းများလာတဲ့အခါ pH ပမာဏကညီမျှမှုမရှိဘဲရေရှည်မှာ အရိုးအတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်တော့ဘဲ အရိုးထိခိုက်တာတွေရှိလာနိုင်တယ်၊လို့ယူဆထားကြပါတယ်။
အမှန်တကယ်ကတော့ ပရိုတင်းဓါတ်များတာက ခန္ဓာကိုယ်က အရိုးတွေကိုသန်မာစေဖို့အတွက်ကယ်လ်ဆီယမ် ကို ပိုမိုစုပ်ယူနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ တကယ်တော့ ပရိုတင်းဓါတ်က အရိုးတွေကျန်းမာသန်စွမ်းစေဖို့အတွက် အထောက်အပံ့ပေးတဲ့ အာဟာရဓါတ်တစ်ခုပါ။ အသားတွေကနေရရတဲ့ ပရိုတင်းထက် အသီးအရွက်တွေ နဲ့ ပဲအမျိုးမျိုးကနေရရှိတဲ့ ပရိုတင်းတွေက ခန္ဓါကိုယ်က အရိုးတွေအတွက် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းတွေကို စားသုံးပေးမှုက ကြွက်သားတွေကို ဖွံ့ဖြိုးစေနိုင်သလို အရိုးတွေကိုလည်း အရိုးပါးတာ၊ ပွတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်.။ အရိုးနဲ့ကြွက်သားတွေကျန်းမာသန်စွမ်းဖို့အတွက်နေ့စဉ်ဆိုသလို ပရီုတင်း၊ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်တို့လိုမျိုးဓါတ်တွေကိုပြည့်ဝလုံလောက်စွာစားသုံးပေးပါ။
လေ့လမှုတွေအရလည်း ပရိုတင်းက အရိုးတွေကို ထိခိုက်စေတာမျိုးမရှိဘဲ အရိုးကျန်းမာကြံ့ခိုင်ဖို့လိုအပ်တဲ့ ဓါတ်တွေကို အကောင်းဆုံးစုပ်ယူနိုင်စေတာြော့င့် အားကစားသမားတွေရော၊ သာမန်လူတွေအတွက်ပါ စားသုံးပေးဖို့သင့်တော်တဲ့ ဓါတ်တစ်ခုပါ။ အရိုးပွ၊အရိုးပါးရောဂါတွမခံစားရစေဖို့ ပရိုတင်းကလိုအပ်တဲ့ဓါတ်တစ်ခုလို့ပြောပါရစေ။ အသက်အရွယ်ကြောင့် အရိုးဆုံးရှုံးမှုမဖြစ်စေဖို့ဆိုရင်တော့ ပရိုတင်းကိုနေ့စဉ်လုံလောက်စွာ စားသုံးပေးကြဖို့ပြောပါရစေ။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
#စာဖတ်သူများဗဟုသုတရရှိစေရန် မျှဝေပေးခြင်းဖြစ်ပါတယ်
သင်တို့ရဲ့ တစ်ချက်ဟာ မင်မင်တို့ နောက်ထပ်ဆောင်းပါးများရှာဖွေဖို့ အားဆေးတစ်လက်ပါနော်
#မူရင်းရေးသားသူကိုcreditပေးပါတယ်
#အရိုးကျန်းမာရေး
09/01/2022
Finy အပြာရောင်ရဲ့စွဲဆောင်မှုက သင်တစ်ယောက်ထဲရှိနေတတ်တဲ့အချိန်မှာ စွတ်ထားနဲ့နေရာကို ခနခနပြနါရှူမိနေပါလိမ့်မယ် .....
09/01/2022
ဈေးသုံးမကြွယ်စေဖို့ ရိက္ခာစုဆောင်း ဈေးဝယ်ခြင်း
#ကျန်းမာရေးနဲ့အလှအပဆိုင်ရာဗဟုသုတများ ကိုနေ့စဉ်မျှဝေပေးသွားမှာမလို့ page ကို လုပ်ထားဦးနော်
Okay ..... ဆက်ကြည့်ရအောင်
-----------------------------------------------
သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ မုန်တိုင်း၊ ငလျင်တွေ ဖြစ်အပြီးမှာ ဒါမှမဟုတ် ဖြစ်မယ် သတိထားကြပါလို့ ကြေညာအပြီးမှာ ရိက္ခာ ဝယ်ယူစုဆောင်းကြတာ သဘာဝပါ။ အပြင်ထွက်လို့ အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားနိုင်တဲ့အတွက် စုလည်း စုထားသင့်ပါတယ်။
တတ်နိုင်တဲ့သူက ခြင်းကြီးခြင်းငယ် အသွယ်သွယ်နဲ့ ဝယ်ကြပေမယ့် မတတ်နိုင်တဲ့သူကျ အတော်ဒုက္ခရောက်ပါတယ်။ ဝယ်လိုအား များလာလို့ စျေးပါတက်လာရင် ပိုဆိုးပါတယ်။ ဒီလိုဆိုပြီး ဆန်နဲ့ ဆီပဲ ဝယ်ထားပြီး စားနေလို့လည်း မဖြစ်သေးပါဘူး။ ဒီဘေးအန္တရာယ်တွေက ဘယ်တော့မှ ပြီးမလဲဆိုတာ မသိတဲ့အတွက် ကြာလာရင် အာဟာရချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် အာဟာရလည်းပြည့် စရိတ်လည်း သက်သာတဲ့ ရိက္ခာဝယ်ယူစုဆောင်းနည်းကို ပြောပြပါ့မယ်။
#စရိတ်သက်သာရိက္ခာစုနည်း
#စျေးစာရင်းလုပ်ပါ။
သဘာဝဘေးအန္တရာယ်အကြောင်း ပြင်ဆင်ဖို့ ပြောတဲ့အခါ လန့်မသွားပါနဲ့။ အိမ်မှာ တကယ်လိုအပ်မယ့် စားသောက်ကုန် စာရင်းကို အရင်လုပ်ပါ။ ဘာပစ္စည်းတွေက မရှိမဖြစ်လိုလဲ။ ဘဘယ်နှပတ်စာ စုမှာလဲ။ အိမ်မှာ လူဘယ်နှယောက်ရှိလဲဆိုတာ သေချာတွက်ပါ။ စျေးရောက်ခါမှ သူများဝယ်တာ အကုန်လိုက်ဝယ်ရင် ငွေကုန်ကြေးကျများပါလိမ့်မယ်။
စူပါမားကတ်တွေထက် ရပ်ကွက်စျေးကို ပိုအားပေးပါ။ ပစ္စည်းချင်းတူရင်တောင် စျေးအနည်းငယ်ကွာပါတယ်။
#ဒစ်စကောင့်သတိပြု
ဒစ်စကောင့်ရတာ ကောင်းပါတယ်။ ဒါပေမယ့် ဒစ်စကောင့်နောက် လိုက်ပြီး ကိုယ်မလိုတဲ့ ပစ္စည်းတွေကို မဝယ်ပါနဲ့။ အထူးသဖြင့် အထားမခံတဲ့ စားစရာတွေ၊ ရက်လွန်ဒိတ်နီးနေတာတွေကို ဝယ်မလာပါနဲ့။
#စျေးသက်သာတာနဲ့အစားထိုးပါ။
ဒီလို အများကြီး ဝယ်ရတဲ့အချိန်၊ ဘယ်တော့မှ ပြီးမလဲ မသေချာတဲ့ သဘာဝဘေးနဲ့ ကြုံရချိန်မှာ စားနေကျစားစရာတွေကို စျေးသက်သာတာတွေနဲ့ အစားထိုးပါ။ စားစရာထက် အာဟာရကို ဦးစားပေးပါ။
ဥပမာ - ကာဘိုဟိုက်ဒရိတ်ဓာတ်ကို ဒီကလူတွေက ဆန်ကနေ အဓိကရပါတယ်။ ခုလိုအချိန်မှာ အရင်လို ဆန်ကောင်း ဆန်ချောမှ မဟုတ်ဘဲ စားနေကြထက် တစ်ဆင့်နိမ့်တာမျိုး၊ စျေးပိုသက်သာတာမျိုး ရွေးဝယ်ပါ။ ဗိုက်ပြည့်ဖို့ ထမင်းကို လျှော့ပြီး အာလူးဟင်းနဲ့ စားတာမျိုးလည်း ရပါတယ်။ ဒါလည်း ကာဘိုဟိုက်ဒရိတ်ပါပဲ။
အသားဓာတ်ရဖို့ဆိုရင်လည်း ကြက်သား၊ ဝက်သားမှ မဟုတ်ဘဲ ပဲ၊ ကြက်ဥ စတာတွေကို အစားထိုး စားပေးပါ။ မီးပျက်သွားရင် အသားတွေက ကြာကြာမခံတဲ့အတွက် ဒီလို အစားထိုးစားတာက ပိုကောင်းပါတယ်။ အသားစားမယ်ဆိုရင်လည်း မိုးခိုသားရယ်လို့ မဟုတ်ဘဲ စျေးအနည်းငယ် သက်သာတာ၊ အရိုးပြုတ်ရည် စတာတွေ အစားထိုးနိုင်ပါသေးတယ်။
အသီးအရွက်ဆိုရင်လည်း ကြာကြာခံအောင် စိမ်းတာလေးတွေ ဝယ်ထားပါ။ အနည်းဆုံး ရက်ပိုင်းလောက်တော့ ခံမှာပါ။ ပုပ်မသွား၊ ရိမသွားအောင် သေချာသိမ်းဆည်းပါ။ အိမ်မှာ အချဉ်ဖောက်တာ၊ သနပ်ချဉ်တည်တာလည်း လုပ်လို့ရပါတယ်။
#အသင့်စားအစားအစာတွေကိုအများကြီးမဝယ်ပါနဲ့။
စားစရာဝယ်စုဆို အိမ်ကို ရောက်လာတာ ခေါက်ဆွဲခြောက်ထုပ်တွေပါပဲ။ ဒီလို အသင့်စားအစာတွေက အာဟာရတန်ဖိုး မယ်မယ်ရရ မရှိပါဘူး။ ရေရှည်စားဖို့လည်း မသင့်တော်ပါဘူး။ ဒါတွေ ဝယ်မယ့်အစား ခုနကပြောတဲ့ ပဲလို၊ ကြက်ဥလို၊ ငါးခြောက် (အငန်ပေါ့) ကို ပိုဝယ်တာက အလုပ်ဖြစ်ပါတယ်။
#ဟင်းခတ်အမွှေးအကြိုင်တွေကိုအလွန်အကျွံမဝယ်ပါနဲ့။
ခရုဆီကတစ်မျိုး၊ ပဲငံပြာရည်ဆိုရင် အကြည်က တစ်မျိုး၊ အနောက်က တစ်ဖုံ၊ ကြက်သားမှုန့်ရော၊ အချိုမှုန့်ရော ဒီလိုတွေ ဝယ်မနေပါနဲ့။ အရေးပေါ်ကာလမှာ တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းသာ ချက်စားပါ။ ဒါကို လျှော့လိုက်ရင် ပိုက်ဆံတွေ ပိုထွက်လာပါလိမ့်မယ်။
#ထမင်းဟင်းတွေအလေအလွင့်မဖြစ်ပါစေနဲ့။
အိမ်မှာ ရှိတဲ့ လူနဲ့ တိုင်းပြီး အတိအကျ ဒါမှမဟုတ် အနည်းငယ်လျှော့ချက်ပါ။ ဟင်းဆိုလည်း အများကြီး မချက်ပါနဲ့။ ကြက်သားနဲ့ ဘူးသီး၊ ပဲကုလားဟင်း ဒီလို အစုံပါတဲ့ တစ်ခွက်ကောင်းဟင်းတွေကို ချက်ပါ။ ဒီလိုအချိန်မှာ အလေအလွင့်ဖြစ်တာက နှမြောဖို့ ကောင်းပါတယ်။ ဟင်းပိုတဲ့အခါ သေချာသိမ်းဆည်းပြီး နောက်နေ့မှာ ပူပူလောလော ပြန်နွှေးစားပါ။
#ပစ္စည်းစာရင်းကိုပုံမှန်စစ်ပါ။
ပစ္စည်းတွေ ဝယ်စုပြီးသွားရင်လည်း ပစ္စည်းတွေကို နေ့တိုင်း စစ်ဖို့ လိုပါတယ်။ အာလူးက ပုပ်တော့မှာလား၊ အရွက်က နွမ်းနေပြီလား။ ဒိတ်နီးနေတဲ့ စားစရာတွေက ဘာတွေလဲ။ ဒါတွေကို စစ်ပြီး ဦးစားပေးစားပါ။ ဒါဆို ပုပ်လို့ မှိုတက်လို့ လွှင့်ပစ်ရတာတွေလည်း နည်းသွားမှာပါ။
#အိမ်နောက်ဖေးစျေးဆိုင်တည်ပါ။
အသီးအရွက်တွေက ကြာရှည်မခံတဲ့အတွက် အိမ်မှာ ဝယ်လှောင်ထားဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဗီတာမင် ကြွယ်ဝတဲ့ စားစရာတွေ ဖြစ်တာကြောင့် နေ့တိုင်း မဟုတ်တောင် မကြာမကြာ စားနိုင်ရင် ပိုကောင်းပါတယ်။ ဒါကြောင့် မြေလွတ်ရှိမယ်ဆိုရင် အနားမှာ စိုက်ရလွယ်တဲ့ အသီးအနှံလေးတွေ စိုက်ထားပေးပါ။ အကြီးမြန် အပွားမြန်တာလေးတွေဆို ခဏလေးနဲ့ စားလို့ရပါတယ်။
ရိက္ခာစုတဲ့ဘက်မှာ စရိတ်လျှော့နိုင်မယ်ဆိုရင် ပိုတဲ့ငွေကြေးကို တခြားဆေးဝါးတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်နိုင်မှာပါ။ စရိတ်လျှော့တယ်ဆိုပေမယ့် အာဟာရတန်ဖိုး လျှော့မသွားအောင် ဒီနည်းလမ်းတွေကို သုံးနိုင်ပါတယ်။ မလိုအပ်ဘဲ အများကြီး စုဆောင်းထားတဲ့ Panic buyingကို ရှောင်ပါ။ မရှိတဲ့သူအချင်းချင်း မျှဝေပါ။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
#စာဖတ်သူများဗဟုသုတရစေရန် ရည်ရွယ်ပြီးမျှဝေခြင်းဖြစ်ပါတယ်၊ ဖတ်လိုက်သူအနေနဲ့ တစ်ခုခုသိသွားရရင် မျှဝေရကျိုးနပ်ပါပြီ
သင်တို့ရဲ့ တစ်ချက်ဟာ မင်မင်တို့ နောက်ထပ်ဆောင်းပါးများရှာဖွေဖို့ အားဆေးတစ်လက်ပါနော်
#မူရင်းရေးသားသူကိုcreditပေးပါတယ်
#ရိက္ခာသက်သာဈေးဝယ်နည်း
08/01/2022
75 ml အိတ်ဆောင်ဆိုဒ်နဲ့
#ဘက်စုံသုံးရှားစောင်းဂျယ်
08/01/2022
မိန်းမကိုယ်အရမ်းမနံအောင်ဘယ်လ်ုကာကွယ်မလဲ?
⚠️ warning ⚠️
ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအမြင်နဲ့သာဖတ်ပေးကြပါ
#ကျန်းမာရေးနဲ့အလှအပဆိုင်ရာဗဟုသူတနဲ့ အခြားသောဗဟုသုတရစရာများကို နေ့စဉ်မျှဝေပေးသွားမှာမလို့ page ကို လုပ်ထားဖို့မမေ့နဲ့ဦးနော်
Okay ....... ဆက်ကြည့်ရအောင်
-----------------------------------------------
ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်ခန္ဓါရဲ့ ချွေးထွက်အများဆုံးသော နေရာကိုပြောပါဆိုရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ပဲ ဆိုရမှာပါ။
ချွေးထွက်တယ်ဆိုတာ တကယ်တော့ ကိုယ်ခန္ဓါရဲ့အပူချိန်ကို ထိန်းညှိပေးဖို့အတွက် ချွေးပေါက်တွေကနေ ရေငွေ့အဖြစ် အပြင်ကို ထွက်လာရတာပဲဖြစ်ပါတယ်။ ချွေးစော်နံတယ်ဆိုတာကတော့ ချွေးပေါက်ထဲမှာ ချွေးအပြင် အဆီတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အောင်းနေတာကြောင့် ပုပ်သိုးသိုးအနံ့တွေ ထွက်လာရတာပဲဖြစ်ပါတယ်။
အတွင်းခံဘောင်းဘီေတွ တစ်နေကုန်ဝတ်ဆင်တာရော၊ လေဝင်ပေါက်ထွက်ပေါက် မရှိဘဲ ပိတ်မိနေတာ၊ အရေပြားနဲ့ အဝတ်အစား မကြာခဏ ပွတ်တိုက်မိပြီး ချွေးထွက်၊ ချွေးပေါက်ထဲကို ဘက်တီးရီးယားပိုးတွေဝင်ပြီး မကောင်းတဲ့ အနံ့အသက်တွေထွက်လာတာ အရမ်းကို စိတ်ညစ်စရာနော်။
ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေနေ အနံ့အသက်က အနည်းနဲ့ အများတော့ ရှိနေဦးမှာပဲဆိုပေမယ့် တစ်ဖက်လူ မခံမရပ်နိုင်ဖြစ်ရလောက်တဲ့အထိ မဆိုးရွားစေဖို့ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။
၁ - #ချည်သားအတွင်းခံတွေကိုသာဝတ်ဆင်ပါ
ချည်သားတွေက ချွေးစုပ်ယူမှု ပိုအားကောင်းတဲ့အပြင် လေဝင်လေထွက်ပေါက်လည်း ရှိစေတဲ့အတွက် အထဲမှာအောင်းနေတဲ့ ချွေးတွေကို အမြန်ခြောက်စေကာ အသားကိုအေးမြစေပါတယ်။
၂ - #အတွင်းခံသည် ကိုယ့်ရဲ့ ခန္ဓါကိုယ်အတွက်ချောင်နေတာမျိုး၊ အရပ်ကျပ်နေတာမျိုးမဟုတ်ဘဲ အနေတော်ဆိုဒ် ဖြစ်နေရမှာပါ။
၃ - #အရမ်းကျပ်တဲ့ ဂျင်းဘောင်းဘီ၊ ဘောင်းဘီအတိုတွေအစား ထမီ၊ စကပ်မျိုးတွေ များများဝတ်ဆင်ပေးပါ။
၄ - #အိတ်ထဲမှာအတွင်းခံဘောင်းဘီတစ်ထည်လိုလိုမယ်မယ်ဆောင်သွားပါ
အပြင်မှာ နေတာအရမ်းကြာသွားလို့၊ တစ်နေကုန် ချွေးတွေနဲ့ ရွှဲနေတယ်ဆိုရင် အိမ်သာထဲဖြစ်ဖြစ် သွားပြီး လဲလိုက်ပါ။ ဝတ်ပြီးသားအတွင်းခံကိုတော့ အိတ်တစ်ခုထဲ ထည့်ပြီး အလုံပိတ်ထားပါ။
၅ - ကစားတဲ့၊ အားကစားလုပ်တဲ့ လေဒီလေးတွေဆိုရင် အိမ်ပြန်ပြီး ချွေးခြောက်တဲ့အထိ မစောင့်ဘဲ Gym မှာ ရေမိုးချိုးပြီး သန့်ရှင်းတဲ့အဝတ်အစားလဲပြီးမှ ပြန်ပါ။
၆ - #အမွေးအမျှင်တွေ အရမ်းထူလွန်းနေတယ်ဆိုရင် မိန်းမကိုယ်နေရာတစ်ဝိုက် bikini wax လုပ်ခြင်းဖြင့် အမွေးရိတ်တာ၊ ဒါမှမဟုတ် အိမ်မှာပဲ ကပ်ကြေးနဲ့ ပါးပါးလေးဖြစ်အောင် ညှပ်ထားပါ။ အမွေးဆိုတာ ထူလွန်းရင်လည်း ချွေးနဲ့ အညစ်အကြေးတွေ အောင်းပြီး အနံ့ဆိုးထွက်ဖို့ ပိုလွယ်လို့ပါ။
၇ - #ချွေးနံ့ပျောက်အောင်ဆိုပြီးရေမွှေးစွတ်တာ၊ အမွှေးနံ့သာဖျန်းတာ မလုပ်ပါနဲ့။
အရေပြားကို ယားယံစေပြီး ဘက်တီးရီးယားပိုးတွေ ပိုပေါက်စေနိုင်လို့ပါ။
၈ - #ရေကိုတတ်နိုင်ရင်မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သေချာချိုးပေးပါ
မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ ဆပ်ပြာအပြင်းစားတွေ မသုံးဘဲ မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ အရှေ့မှ အနောက်သို့ ဖြည်းဖြည်းချင်း ပွတ်ဆွဲပြီး ဆေးကြောပါ။
သိထားရမှာတစ်ခုကတော့ ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်နေပါစေ၊ အနံ့အသက်က အနည်းငယ်တော့ စွဲကျန်နေမှာပဲ။ အရမ်းစိတ်ကသိကအောက်ဖြစ်စရာ အနံ့မျိုး ထွက်မနေဖို့သာ အဓိကကျတာပါ။ မိန်းမကိုယ်သန့်ရှင်းခြင်းဟာ အမျိုးသမီးတွေအတွက် အရေပြားပြဿနာတွေနဲ့ မှိုစွဲတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တာကြောင့် သေချာတော့ ဂရုစိုက်သင့်တယ်နော်။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
စာဖတ်လိုသူများ #ဗဟုသုတ ရစေရန်အလို့ငှာ ပြန်လည်မျှဝေထားပါတယ်
#မူရင်းရေးသားသူအားcreditပေးပါတယ်
အဆုံးထိဖတ်သွားပေးလို့လည်းကျေးဇူးတင်ပါတယ်
သင်တို့ရဲ့ တစ်ချက်ဟာ မင်မင်တို့နောက်ထပ်ဆောင်းပါးအသစ်တွေရှာဖို့အတွက် အားဆေးတစ်လုံးပါနော်
#မိန်းမကိုယ်အရမ်းမနံအောင်ဘယ်လိုကာကွယ်မလဲ
07/01/2022
အမျိုးသားများရဲ့ဆွဲဆောင်မှု
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
- အမျိုးသားတိုင်းအတွက် ပိုမိုယောကျာ်းပီသစေမယ့် အမွှေးရနံ့
- သင့်အနားမှာရှိနေသူရဲ့အာရုံခံစားမှုကိုအကောင်းဆုံးဖြစ်စေလိမ့်မယ်
- သင့်ရဲ့ကောင်မလေးကို ကပုံမှန်ထက်ဆွဲဆောင်မှုကောင်းအောင် ကူညီပေးလိမ့်မယ်
- ပုံမှန်ထက် 100% ယုံကြည်မှုအပြည့်ရစေမယ့် အမျိုးသားတွေအတွက်သီးသန့်
#အမျိုးသားတိုင်းရဲ့ဆွဲဆောင်မှု
07/01/2022
မိန်းမကိုယ်ကထွက်တဲ့အနံ့ ၇ မျိုးနဲ့ အဲ့တာကိုဘယ်လိုဖြေရှင်းမလဲ ?
⚠️ warning ⚠️
ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအမြင်နဲ့သာဖတ်ပေးကြပါ
#ကျန်းမာရေးနဲ့အလှအပဆိုင်ရာဗဟုသူတနဲ့ အခြားသောဗဟုသုတရစရာများကို နေ့စဉ်မျှဝေပေးသွားမှာမလို့ page ကို လုပ်ထားဖို့မမေ့နဲ့ဦးနော်
Okay ....... ဆက်ကြည့်ရအောင်
-----------------------------------------------
ကိုယ်ပေါ်က အရာတွေ အားလုံးမှာ ကိုယ်ပိုင်အနံ့တွေရှိတတ်ကြပါတယ်။
ခံတွင်းနံ့၊ ကိုယ်သင်းနံ့၊ ဆံပင်နံ့ စတာတွေလိုပဲ မိန်းမကိုယ်မှာလည်း အနံ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊သွေးဆုံးချိန်၊ ကျန်းမာရေး အခြေအနေနဲ့ စားသောက်မှုပုံစံ တို့နဲ့လိုက်ပြီး အနံ့တွေက ပြောင်းလဲနေတာပါ။ ဒီလို အနံ့တွေ ပြောင်းလဲနေတဲ့ မိန်းမကိုယ်မှာ အနံ့ ၇ မျိုးတောင်ရှိတယ်ဆိုရင် အံ့သြသွားမလား ။ ။
#မိန်းမကိုယ်မှထွက်တဲ့အနံ့ ၇မျိုး
မိန်းမကိုယ်ကထွက်တဲ့ အနံ့ ၇ မျိုးတောင်ရှိတာလားဆိုပြီး အံ့သြမသွားလိုက်ပါနဲ့။ မိန်းမကိုယ် ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲထွက်ပေါ်လာတဲ့ ဒီအနံ့တွေဟာ သင့်မိန်းမကိုယ်ကျန်းမာရေးကို ခြေရာခံနိုင်မယ့် သဲလွန်စတွေပါ။ ဒီတော့အနံ့ ၇ မျိုးက ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။
၁ – musky smell ( #ချွေးနံ့ )
ပုံမှန်ကျန်းမာတဲ့ မိန်းမကိုယ်မှာ musky smell ချွေးနံ့လိုမျိုး အနံ့တစ်ခုရှိပါတယ်။ ဒီအနံ့ဟာ လေ့ကျင့်ခန်းလုပ်ပြီးချိန်၊ လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်ဆို မိန်းမကိုယ်ကနေ ထွက်လာတတ်တဲ့ အနံ့တစ်မျိုးပါ။ ပုံမှန် ရေချိုးသန့်စင်ပြီးရင် ပြန်ပျောက်သွားတတ်ပါတယ်။ ထူးခြားတာက ဒီ musky smell ဟာ အမျိုးသားတွေကို ဆွဲဆောင်တဲ့ အနံ့တစ်မျိုးပါတဲ့။🙄
၂ – Tangy or fermented ( #ချဉ်စူစူးအနံ့)
ဒိန်ချဉ်လို၊ ချဉ်ဖတ်တွေလိုမျိုး ချဉ်စူးစူးအနံ့တစ်ခု မိန်းမကိုယ်ရနေ ရရင် အလန့်တကြား ဖြစ်မသွားပါနဲ့။ ဒါ မိန်းမကိုယ်အတွင်းပိုင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယား Lactobacilli တွေဆီက ထွက်တဲ့အနံ့ဖြစ်ပါတယ်။ အပြင်က ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် မိန်းမကိုယ်အတွင်းပိုင်း pH ပမာဏကို ၃.၈ ကနေ ၄.၅ ( အက်ဆစ်အပျော့စား) အတွင်းထိန်းထားရတာကြောင့် ချဉ်စူးစူးအနံ့ ထွက်နေရတာဖြစ်ပါတယ်။
၃ – #ကြေးနီလိုသတ္တုဓါတ်အနံ့
ကြေးနီ အနံ့လို့ပြောရင် ဝေးနေမှာစိုးလို့ ပိုက်ဆံ အကြွေပြားစေ့ အနံ့လို့ပြောကြရအောင်။ ဒါဆို သိလွယ်တာပေ့ါ။ ဒီလို အကြွေပြားစေ့လို အနံမျိုး မိန်းမကိုယ်က ထွက်နေပြီဆိုရင် ဒါ ဓမ္မတာ လာတော့မယ်ဆိုတာကို ပြောချင်တာပါ။ ရာသီသွေးတွေမှာပါတဲ့ သံဓါတ်ကြောင့် ဒီလို အနံ့ထွက်ရတာဖြစ်ပါတယ်။
၄ – #ကြက်သွန်နီကြက်သွန်ဖြူနံ့
ကြက်သွန်နီတို့ ကြက်သွန်ဖြူတို့ စားထားရင် သူတို့ အနံ့စွဲနေတာ ခံတွင်းတစ်ခုတည်းမဟုတ်ပါဘူး။ ဒီကြက်သွန်နီ ကြက်သွန်ဖြူ အနံ့က မိန်းမကိုယ်ကနေလည်း ပြန်ထွက်လာတတ်ပါတယ်။ ပုံမှန်ဆို ကိစ္စမရှိပေမယ့် ကြက်သွန်နီ ကြက်သွန်ဖြူစားထားပြီးနောက်ပိုင်း အမျိုသားနဲ့ အတူနေတဲ့အခါမှာတော့ အနည်းငယ်စိတ်ရှုပ်စရာလေးတွေ ဖြစ်တတ်ပါတယ်။ မစားရဘူးလို့ပြောတာတော့မဟုတ်ပါဘူး။ ကြက်သွန်တွေစားပြီး ခံတွင်းမွှေးအောင် ပြန်လုပ်ရသလိုပဲ မိန်းမကိုယ်ကိုလည်း ပြန်သန့်စင်ပေးရမယ်ဆိုတဲ့ သဘောပါ။
၅ – #ငါးညှီနံ့
မိန်းမကိုယ်ကနေ ငါးညှီနံ့လိုမျိုး အနံ့ထွက်နေပြီဆိုရင်တော့ ဒါ ဘယ်နည်းနဲ့မှ ပုံမှန် မဖြစ်နိုင်ပါဘူး။ သင့်မိန်းမကိုယ်ထဲ ဘက်တီးရီးယားပိုးဝင်နေပြီဆိုတာကို ပြောချင်တာပါ။ ဒီလို အပြင်က ဘက်တီးရီးယားပိုးတွေ ဝင်ရောင်နိုင်တဲ့အကြောင်းအရင်းကတော့ မိန်းမကိုယ်ရဲ့ pH ပမာဏ ကမောက်ကမ ဖြစ်သွားလို့ ဖြစ်ရတာပါ။ မိန်းမကိုယ်ထဲ ဘက်တီးရီးယားဝင်တဲ့အခါ သူနဲ့အတူမိန်းမကိုယ်ယားတာ၊ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ၊မိန်းမကိုယ်ရောင်တာတွေ ပါလာတတ်ပါတယ်။
၆ – #တဆေး ( yeast ) အနံ့
ဒီလို တဆေးနံ့ထွက်နေပြီဆိုရင် သင့် မိန်းမကိုယ်မှာ Yeast လို့ခေါ်တဲ့မှိုပိုးတွေ စွဲကပ်နေပါပြီ။ ဒါကလည်း မိန်းကလေးတိုင်း ကြုံတွေ့တတ်တဲ့ပြဿနာ တစ်ခုပါ။ မိန်းမကိုယ်မှိုစွဲတဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်မှာ အဖြူဖတ်တွေကပ်တာ၊ အဖြူအရမ်းဆင်းတာ ၊မိန်းမကိုယ်ယားယံတာ စတဲ့ လက္ခဏာတွေပါ။ ဟော်မုန်းအပြောင်းအလဲ၊ သောက်နေတဲ့ဆေးတွေနဲ့ တစ်ချို့ သန့်စင်ဆေးရည်တွေကြောင့် မိန်းမကိုယ်တွင်းမှိုနဲ့ ဘက်တီးရီးယား ပမာဏ မမျှတတော့တာကြောင့် ဒီလို မိန်းမကိုယ်မှိုစွဲတဲ့ ပြဿနာဖြစ်ရတာပါ။
၇ – #ပုပ်အဲ့အဲ့ အနံ့ ။ ။
မိန်းမကိုယ်ကနေ ပုပ်အဲ့အဲ့အနံ့ထွက်နေပြီဆိုရင် ဘယ်နည်းနဲ့မှ ပုံမှန် မဖြစ်နိုင်တာ သေချာနေပါပြီ။ ဒါပေမယ့် ဒါ မိန်းမကိုယ်ကျန်းမာရေးချို့ယွင်းလို့ ထွက်တဲ့အနံ့လည်း မဟုတ်ပြန်ပါဘူး။ ဒါဆို ဘာကြောင့် ဖြစ်ရတာလဲ။ ဓမ္မတာလာချိန် အသုံးပြုတဲ့ မိန်းမကိုယ်တွင်းထည့် တမ်ပွန် သုံးပြီး ပြန်မထုတ်ဖို့ မေ့တဲ့အခါ ရာသီသွေးတွေ ပိတ်ပြီး စုနေတာကြာသွားလို့ ဒီလိုအနံ့တွေ ထွက်လာရတာဖြစ်ပါတယ်။
ကဲ မိန်းမကိုယ်က အနံ့ရှိတတ်တယ်၊ ထွက်တဲ့ အနံ့ကလည်း ၇ မျိုးတောင်ရှိတာဆိုတော့ ပုံမှန် မဟုတ်တဲ့ အနံဆိုးတွေ မထွက်အောင် ဘယ်လို လုပ်ကြမလဲ ။ ။
မိန်းမကိုယ် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ သန့်ရှင်းရေးဆိုလို့ သုံးနေကျ ကိုယ်တိုက် ဆပ်ပြာသုံးပြီးသန့်ရှင်းရေးလုပ်လိုက်တာကို မဆိုလိုပါဘူး။ မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့ #အမျိုးသမီးသန့်စင်ဆေးရည်နဲ့ သန့်ရှင်းရေး လုပ်တာမျိုးကို ပြောချင်တာပါ။ အမျိုးသမ်းသန့်စင်ဆေးရည်က pH ပမာဏလည်း ထိန်းညှိပေးတဲ့အပြင် ပိုးမွှားတွေကိုသန့်စင်ပေးပြီး အနံ့မွှေးမွှေးလေးလည်း ရှိတာကြောင့် မိန်းမကိုယ် အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးမှာပါ။
#အတွင်းခံကိုပုံမှန်လဲပါ ။ ဒီနေ့ဝတ်ထားတဲ့အတွင်းခံကို နောက်နေ့ပြန်ဝတ်တာမျိုးက မိန်းမကိုယ် ပိုးဝင်ခြင်းကို ထိပ်ဆုံးက ဖြစ်စေတဲ့အရာတစ်ခုပါ။ ဒါကြောင့် အတွင်းခံတွေကို တစ်နေ့တစ်ကြိမ်ပုံမှန်လဲပါ။ လေဝင်လေထွက်ကောင်းအောင် ချည်သားအတွင်းခံတွေကို ဝတ်ဆင်ပါ။ လျှော်ပြီးသား အတွင်းခံတွေကို နေသေချာ လှန်းပါ။
မိန်းမကိုယ်တွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို အားပေးတဲ့ #ဒိန်ချဉ်စားပေးလို့လည်းရပါတယ်။
ဒါတွေကတော့ မိန်းမကိုယ်ကနေထွက်တတ်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ပျောက်အောင်လုပ်ရမလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်အတွက် မိန်းမကိုယ်ကျန်းမာရေးက အရေးကြီးတာကြောင့် ဒီချက်တွေ သိထားပြီးလိုက်နာသင့်တယ်နော် ။ ။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
စာဖတ်လိုသူများ #ဗဟုသုတ ရစေရန်အလို့ငှာ ပြန်လည်မျှဝေထားပါတယ်
#မူရင်းရေးသားသူအားcreditပေးပါတယ်
အဆုံးထိဖတ်သွားပေးလို့လည်းကျေးဇူးတင်ပါတယ်
သင်တို့ရဲ့ တစ်ချက်ဟာ မင်မင်တို့နောက်ထပ်ဆောင်းပါးအသစ်တွေရှာဖို့အတွက် အားဆေးတစ်လုံးပါနော်
#မိန်းမကိုယ်ကထွက်တဲ့အနံ့၇မျိုးနဲ့ဖြေရှင်းနည်း
#မိန်းမကိုယ်နံ့ဖြေရှင်းနည်း
06/01/2022
သင်ဟာနူးညံ့ညင်သာတဲ့မိန်းကလေးတစ်ယောက်ဆိုရင် finy ရဲ့ ကို သုံးဖြစ်အောင်သုံးကြည့်ပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
- မွှေးပျံ့မှု၊ ချောမွတ်မှု၊ နူးညံ့မှုကို သက်သေပြပေးမယ့်ရနံ့
- သုံးဖူးသူတိုင်း #နံပါတ်၁အကြိုက်အများဆုံး
သင့်ရဲ့နူးညံ့ညင်သာမှုကို နက်ရှိုင်းစွာဖော်ပြပါ
06/01/2022
အစာမကြေဖြစ်နေရင် ...!
#အလှအပနဲ့ကျန်းမာရေးဆိုင်ရာဗဟုသုတများ ကိုပုံမှန်မျှဝေပေးသွားမှာမလို့ page ကို လုပ်ထားကြဦးနော်
Okay ..... ဆက်လိုက်ရအောင်
-----------------------------------------------
အစာမကြေ မဖြစ်ဖူးတဲ့ လူဆိုတာ မရှိသလောက်ပါပဲ။ လူအများစုဟာ တစ်ချိန်ချိန်မှာတော့ အစာမကြေ ဖြစ်တတ်ကြပါတယ်။ ရံဖန်ရံခါဖြစ်တာက ကိစ္စတော့ မရှိပေမယ့် မကြာခဏ နေ့စဉ်ဖြစ်နေတယ်ဆိုရင်တော့ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါတွေရဲ့ နောက်ဆက်တွဲ လက္ခဏာဖြစ်နိုင်ပါတယ်။
#အစာမကြေခြင်းဆိုတာ ?
- ရင်ခေါင်းအောင့်၊ ရင်ခေါင်းတောင့်ခြင်း
- ဗိုက်ပူနေပြီး ဗိုက်အောင့်ခြင်း
- ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေသလို ခံစားရခြင်း
- ဝမ်းဗိုက်အပေါ်ပိုင်း ပူလောင်ခြင်း
- ခံတွင်းထဲမှာ အက်ဆစ်အရသာ ရခြင်း
- လေချဉ်တက်ခြင်း
- ပျို့အန်ခြင်း၊ ရင်ပူခြင်း
- အစာစားပြီးနောက် မအီမသာဖြစ်ခြင်း
- အစာအများကြီး မစားရသေးဘဲ ဗိုက်ပြည့်နေသလို ဖြစ်ပြီး ပြီးအောင်ဆက်မစားနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
#အစာမကြေဖြစ်ရတဲ့အကြောင်းအရင်း
မကြာခဏ အစာမကြေခြင်းက လူနေမှုပုံစံနှင့် ဆက်နွှယ်ပြီး အစားအစာနှင့် ဆေးဝါးများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- အလွန်အကျွံစားခြင်း၊ မြန်မြန်စားခြင်း
- သေချာမဝါးဘဲ မျိုချခြင်း
- အဆီများသော၊ အလွန် စပ်သော အစားအစာများ စားခြင်း
- စားပြီးတာနဲ့ လှဲတတ်တဲ့ အကျင့်ရှိခြင်း
- ကဖိန်းဓာတ်၊ အရက်၊ ချောကလက် နှင့် အချိုရည်များ အလွန်အကျွံသောက်ခြင်း
- ဆေးလိပ်သောက်ခြင်း
- စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်ခြင်း
- အချို့သော ပဋိဇီဝဆေးများ နှင့် အကိုက်အခဲပျောက်ဆေးများ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ထို့ပြင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ နှင့် အချို့သော ကင်ဆာရောဂါ များကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာမကြေတာ နေ့စဉ်ရက်ဆက် ခဏခဏ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နှင့် အမြန်ဆုံးပြဖို့အကြံပေးပါရစေ။
#ဘယ်လိုကုသကာကွယ်မလဲ ?
မပြင်းထန်ဘဲ တစ်ခါတစ်လေမှ ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြစရာမလိုဘဲ အိမ်မှာ မိမိဘာသာ ကုသလို့ ရပါတယ်။ လူနေမှုပုံစံပြောင်းလဲခြင်း၊ ဆေးသောက်ခြင်းဖြင့် အစာမကြေခြင်းကို သက်သာစေနိုင်ပါတယ်။
📌 လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ အရက်၊ ဆေးလိပ်တို့ကို နေ့တိုင်းမသောက်ပါနဲ့။ လျှော့သောက်ပါ။
📌 အဆီများသော၊ အလွန်စပ်သော နှင့် အက်ဆစ်ဓာတ်များသော အစားအစာများကို လျှော့စားပါ။
အစာစားပြီးချင်း မလှဲပါနဲ့။
📌 အစာကို ဖြည်းဖြည်းနဲ့ နည်းနည်းချင်းစီ စားပါ။
📌 ဗိုက်ပြည့်နေစဉ် လေ့ကျင့်ခန်းမလုပ်ပါနဲ့။
📌 အိပ်ခါနီး အစာမစားပါနဲ့။
တစ်ခါတစ်လေ အစာမကြေခြင်းက စိုးရိမ်ရတဲ့ လက္ခဏာတော့ မဟုတ်ပေမယ့် စိတ်မသက်မသာဖြစ်စေပြီး နေ့စဉ်လုပ်ရှားမှုမှာ အနှောက်အယှက် ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် အစာကြေဆေးလေးဆေင်ထားတာ အကောင်းဆုံးပေါ့။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
စာဖတ်သူများဗဟုသုတရစေရန်ရည်ရွယ်ပြီး ပြန်လည်မျှဝေပါတယ်
#မူရင်းရေးသားသူက်ုcreditပေးပါတယ်
#အစာမကြေဖြစ်ခြင်း
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Shan State
Taunggyi
06101
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |