Yuu War Htay
update
#ဘုရားဂုဏ်တော် ပူဇော်
``သွင်ထူးဉာဏ်`` ပါနော် 💌
12/06/2026
#အရဟံ
အရဟံဆိုတာ အက္ခရာသုံးလုံးပဲရှိတယ်။
အ,ရယ် ရ,ရယ် ဟ,ရယ်။ ဒီသုံးလုံးဖြစ်ပေမယ့်
အဓိပ္ပာယ်ငါးမျိုးထွက်တယ်နော်။
ဘုန်းကြီးတို့တတွေ ဗုဒ္ဓါနုဿတိဘာဝနာပွားပြီ ဆိုတဲ့ အခါမှာ
ဒီ အရဟံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အာရုံပြုရမယ်။
မြတ်စွာဘုရားကို အရဟံ လို့ခေါ်တာဟာ
ဒီဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံလို့ဖြစ်တယ်။
သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး။ ဂုဏ်ထူးဝိသေသနဲ့ ချီးကျူးခံရတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တွေကို အာရုံပြုတဲ့ သတိကို
ဗုဒ္ဓါနုဿတိလို့ ခေါ်တယ်။
ဗုဒ္ဓ - မြတ်စွာဘုရားရဲ့ ဂုဏ်ကို
အနုဿတိ - အကြိမ်ကြိမ်အထပ်ထပ် သတိထားခြင်း၊ သတိရနေခြင်းတစ်နည်းအားဖြင့်
အနု - သင့်တင့်လျောက်ပတ်တဲ့
သတိ - အမှတ်ရမှု ပဲ
ဘုရားနဲ့ပတ်သက်ပြီး အလွန်သင့်လျော် လျောက်ပတ်တဲ့
အမှတ်ရမှုလို့ ဒီလို အဓိပ္ပာယ်ရတယ်။
ဘုရားဂုဏ်ကို အာရုံပြုနေတာနဲ့ပဲ သမထကမ္မဋ္ဌာန်း ဖြစ်တယ်ပေါ့။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဝိပဿနာဉာဏ် ဖြစ်စေဖို့အတွက်
ကြီးမားသောအထောက်အကူဖြစ်တယ်ပေါ့။
လူတွေရဲ့သန္တာန်မှာ
သဒ္ဓါစွမ်းအားတွေ ဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်။
ဒါကြောင့်မို့ ဗုဒ္ဓါနုဿတိဘာဝနာဟာ အမြတ်ဆုံးဖြစ်တယ်လို့
စာပေကျမ်းဂန်တွေမှာ ဆိုထားတာပေါ့။
အဲဒီတော့ ဗုဒ္ဓဂုဏ်တော်ပွားပြီဆိုရင်
ဘယ်လိုပွားမလဲ။
ဣတိပိ သော ဘဂဝါ။
ဣတိပိ - ဆိုတာက အကြောင်းကို ရည်ညွှန်းတာ၊
သော ဘဂဝါ - ငါ ကြည်ညိုကိုးကွယ်တဲ့ တစ်လောကလုံးက
လေးစားရတဲ့ ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်သူမြတ်ဟာ၊
(ဒီနေရာမှာ ဘဂဝါ လို့ခေါ်လိုက်တာက အလွန်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုသုံးတဲ့ အိန္ဒိယစကားလုံးပဲ။ ကနေ့တောင်မှ အိန္ဒိယနိုင်ငံမှာ ဘဂဝံလို့ သုံးလေ့ရှိတယ်။ တကယ့်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေကို ဘဂဝံလို့ သူတို့သုံးတယ်နော်။ အဲဒီ ဘဂဝံလို့ သုံးတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် ဂုရုကြီးလို့ အဓိပ္ပာယ်ရတယ်။ ပိုပြီးလေးစားရတဲ့ ဂုရုကြီးတွေကို ဘဂဝံ လို့ခေါ်တယ်။ ဒါက အိန္ဒိယနိုင်ငံသုံးစကားတစ်ခုပဲ။ ဘဂဝံ ဆိုတာ အလြန္ကို ကြီးမြတ်တယ်၊ ဒါကြောင့်မို့ အဋ္ဌကထာဆရာက ဘဂဝါတိ ဂုရု ဂရုံ ဟိ လောကေ ဘဂဝါတိဝုစ္စတိတဲ့၊ လောကလူတွေက လေးစားအပ်တဲ့ ဂုရုကို ဘဂဝံ လို့ ခေါ်ကြတယ်။)
ဘဂဝါ ဆိုတာ ဂုရုကိုခေါ်တာတဲ့။
လောကကြီးတစ်ခုလုံးရဲ့ အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ပဲ။ မြတ်စွာဘုရားဟာ ကိုယ်ကျင့်သီလနဲ့ နှိုင်းယှဉ်မယ်ဆိုလည်း
သာတဲ့ပုဂ္ဂိုလ်မပြောနဲ့ တူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူး။
သမာဓိနဲ့ နှိုင်းယှဉ်လိုက်ပြန်ရင်လည်း
သာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့ တူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူး။
ပညာအားဖြင့်လည်း
သာတဲ့ပုဂ္ဂိုလ်မပြောနဲ့ တူတဲ့ပုဂ္ဂိုလ်တောင် မရှိဘူးလို့
ဒီလိုဆိုလိုတယ်ပေါ့နော်။
ဒါကြောင့်မို့ တစ်လောကလုံးက
ဦးညွှတ်လေးစားရတဲ့ ပုဂ္ဂိုလ်သူမြတ်ဖြစ်လို့ ဘဂဝံလို့ ဒီလိုခေါ်တာ။
ဣတိပိ သော ဘဂဝါ၊
သောဘဂဝါ-ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ - ဤအကြောင်း ဤအကြောင်းတွေကြောင့်၊
အရဟံ - အရဟ ဆိုတဲ့ အရည်အချင်း ရှိပါပေ၏။
နှလုံးသွင်းတဲ့အခါမှာ အဲဒီလို နှလုံးသွင်းရမယ်။
အကြောင်းနဲ့ ဂုဏ်အရည်အချင်းကို သိရမယ်။
ဒီပုဂ္ဂိုလ်သူမြတ်ဟာ ဒီအရည်အချင်းတွေ ရှိပါလား။
ဒါကြောင့်မို့ တကယ့် အရဟံ ပါလားဆိုတဲ့အတွေးနဲ့
မြတ်စွာဘုရားဂုဏ်တော်ကို အမှတ်ရပြီး ဆင်ခြင်စဉ်းစားနေမှုနော်။
သမ္မာသင်္ကပ္ပဆိုတဲ့ အတွေးနဲ့ သတိထားနေတာ၊
သတိကို အဓိကထားပြီး ပြောတာ၊
သတိရှိတယ်ဆိုရင် ပညာလည်းဖြစ်လာတယ်။
မြတ်စွာဘုရားအကြောင်း ဆန်းစစ်လေ့လာတဲ့အခါမှာ
ဪ- ဒီအကြောင်း ဒီအကြောင်းတွေကြောင့်
ဘုရားဟာ တကယ့် အရဟံပါလားလို့ လက်ခံလာတယ်၊
ကျေနပ်တယ်၊ အဲဒီ ကျေနပ်လာသည်ထိအောင် နှလုံးသွင်းရမှာ။
အရေးကြီးတာက မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုသိဖို့ ကြိုးစားရမယ်။
အဲဒီတော့ စဉ်းစားရမှာက
သော ဘဂဝါ ဣတိပိ အရဟံ၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ လို့ ပါဠိလို ပြောတယ်။
မြန်မာလိုပြောတဲ့အခါ တို့ကိုးကွယ်တဲ့ မြတ်စွာဘုရားဟာ
ဒီအချက် ဒီအချက်တွေကြောင့် အရဟံဂုဏ်တော်နဲ့ ပြည့်စုံပါပေတယ် လို့ စိတ်ထဲမှာ သဘောကျလာသည်ထိအောင် အကြိမ်ကြိမ်အထပ်ထပ် သတိကပ်ပြီး စဉ်းစားဆင်ခြင် သုံးသပ်နေဖို့လိုတယ်။
ဒါကို ဗုဒ္ဓါနုဿတိ ဘာဝနာပွားတယ်လို့ ခေါ်တာ။
အဲဒီလို စနစ်တကျပွားမယ်ဆိုရင် ဂုဏ်တော်ပွားနေတဲ့ အချိန်မှာ
ရာဂ၊ ဒေါသ၊ မောဟ ဆိုတာတွေ ဖြစ်မှာမဟုတ်ဘူးနော်။
အင်မတန်မှ ကြည်နူးဖွယ်ရာတွေ၊ ကျေနပ်စရာတွေပဲ ဖြစ်လာပြီး
သမာဓိရလာမှာ ဖြစ်ပါတယ်။
အေး ဒါကြောင့်မို့ ဘယ်အလုပ်ပဲဖြစ်ဖြစ်
စနစ်တကျ လုပ်ရမယ်၊
သိလည်းသိရမယ်၊
ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ၊ ဗုဒ္ဓသာသနာမှာ
ဗုဒ္ဓကိုကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာ
ယုံရုံယုံရမှာ မဟုတ်ဘူး။
တကယ်ကို သိရှိနားလည်အောင် လုပ်ကြရမယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🏻🙏🏻🙏🏻
゚
12/06/2026
#သမာနုသုခဒုက္ခ
#မိတ်ဆွေစစ်
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်အပေါ်မှာ
အရှင်အာနန္ဒာက အင်မတန်မှ သံယောဇဉ်ကြီးတယ်။
အားလုံး ကြားဖူးကြပါလိမ့်မယ်။
ဒေဝဒတ်ရဲ့ အစီအမံအရ
အဇာတသတ်မင်းကြီးက
နာဠာဂီရိ ဆင်ဆိုးကြီးကို အရက်တွေတိုက်ပြီးတော့
ဘုရား ဆွမ်းခံလာမယ့် လမ်းကြားထဲ မောင်းလွှတ်လိုက်တာ။
ဘုရားနဲ့ သံဃာတော်တွေလည်း ကြွလာတယ်။
ဆင်ကြီးကလည်း နှာမောင်းကြီးမြှောက် အော်ဟစ်ပြီး ပြေးလာတယ်။
သူ့ရှေ့မှာတွေ့တဲ့ ပုဂ္ဂိုလ်ကတော့ မသက်သာဘူး။
အဲဒီအချိန်မှာ အရှင်အာနန္ဒာ မထေရ်မြတ်က
ဘုရားနောက်ကနေ ပါလာတာ။
ဘုရားကို ကာကွယ်ဖို့ ရှေ့ကို ပြေးတက်လိုက်တယ်။
သူ့အသက် စွန့်တာပဲ။
အဲဒီအချိန်မှာဆို ဘယ်လောက်အရေးကြီးတဲ့ အချိန်လဲနော်။
အရှင်အာနန္ဒာက သူ့အသက်ကိုစွန့်ပြီး ဘုရားရှေ့က ဝင်ရပ်တယ်။
အဲဒီမှာ
မြတ်စွာဘုရားက မလုပ်နဲ့အာနန္ဒာ လို့ မိန့်တော်မူလည်း မရဘူး။
ဘုရားရှေ့ကနေ အတင်းရပ်တယ်။
နောက်မှ မြတ်စွာဘုရားက တန်ခိုးတော်နဲ့ ဖယ်လိုက်ရတယ်။
အရှင်အာနန္ဒာကို ဖယ်ခိုင်းလို့မရဘူးနော်။
ဘာတုန်းဆိုရင် ဒါ ဒုက္ခကြုံလာလို့ရှိရင် အသက်စွန့်တာ။
ဘုရားကိုတော့ မထိစေရဘူး။
ငါ ကာကွယ်မယ် ဆိုပြီးတော့ အသက်စွန့်တာ။
အဲဒီလို ပုဂ္ဂိုလ်မျိုးကို
သမာနသုခဒုက္ခ မိတ်ဆွေစစ်လို့ ခေါ်ပါတယ်တဲ့။
ဒေါက်တာနန္ဒမာလာဘိဝံသ
ဓမ္မဒါနမျှဝေပါသည်။
゚
09/06/2026
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနုမြူရောင်ခြည် ဆေးရည်ဖြင့်
ရောဂါရှာဖွေကုသခြင်းများ ဆောင်ရွက်ပေးနေ
CYO
BMNZ Local News
ရန်ကုန်၊ ဇွန် ၉ ရက်၊ ၂၀၂၆
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာနတွင် အနုမြူရောင်ခြည် ဆေးရည် အသုံးပြုပြီး ရောဂါရှာဖွေခြင်းနှင့် ရောဂါကုသခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သိုင်းရွိုက်ရောဂါ၊ အရိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပါရာသိုင်းရွိုက်ရောဂါ၊ အသည်းနှင့် သရက်ရွက်ရောဂါ၊ သဲခြေလမ်းကြောင်းဆိုင်ရာရောဂါ၊ အစာအိမ်ဦးလမ်းကြောင်းဆိုင်ရာရောဂါများကို အနုမြူရောင်ခြည်ဆေးရည် အသုံးပြုပြီး ရောဂါရှာဖွေကုသပေးနေတဲ့အပြင် ကင်ဆာရောဂါဆိုင်ရာ ရှာဖွေစမ်းသပ်ခြင်းကိုလည်း အဆင့်ဆင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရောဂါရှာဖွေခြင်းကဏ္ဍတွင် PET-CT နဲ့ SPECT-CT စက်ကြီးတွေ အသုံးပြုပြီး ရောဂါရှာဖွေတယ်လို့ သိရပါတယ်။ SPECT-CT စက်တွင် အနုမြူရောင်ခြည်ဆေးရည် အသုံးပြုကာ အရိုး၊ အရိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ပါရာသိုင်းရွိုက်ရောဂါ၊ အသည်းရောဂါတွေကို ရှာဖွေပေးပြီး PET-CT စက်တွင် F-18 FDG ဆေးရည် အသုံးပြုကာ ရောဂါရှာဖွေပေးတယ်လို့ သိရပါတယ်။
PET-CT စက်ကို အထူးသဖြင့် ကင်ဆာရောဂါရှာဖွေရာတွင် အသုံးများပြီး F-18 FDG ဆေးရည်ကို ရန်ကုန်ဆေးရုံကြီးရှိ Cyclotron စက်ကြီးကနေ ထုတ်လုပ်တယ်လို့ ဆိုပါတယ်။
ရောဂါကုသရေးအပိုင်းတွင် ပြင်ပလူနာနှင့် အတွင်းလူနာ ဆိုပြီး နှစ်ပိုင်းရှိကာ နေ့စဉ် ရုံးဖွင့်ရက်တိုင်း မနက်ပိုင်းနှင့်နေ့လယ်ပိုင်း နှစ်ကြိမ်ကြည့်ရှုကုသပေးတယ်လို့ သိရပါတယ်။
အနုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာနမှ ၂၀၂၅ ခုနှစ်တွင် SPECT-CT စက်ကြီးဖြင့် လူနာ ၃၀၀၀ ခန့်၊ PET-CT စက်ကြီးဖြင့် လူနာ ၆၅၀ ခန့်ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အနုမြူရောင်ခြည်ဆေးဖြင့် လူနာ ၇၅၀ ခန့်ကို ရောဂါကုသပေးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် SPECT-CT စက်သစ်တစ်လုံး ထပ်မံတပ်ဆင်ပြီး ရောဂါရှာဖွေခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ရောဂါရှာဖွေ ကုသခြင်းများအပြင် အနုမြူရောင်ခြည် ဆေးပညာရှင်များကိုလည်း မွေးထုတ်ပေးနေပြီး အနုမြူရောင်ခြည် မဟာသိပ္ပံသင်တန်းတွင် မဟာသင်တန်းသား ၃ ယောက်မှ ၅ ယောက်အထိ နှစ်စဉ်မွေးထုတ်ပေးနေကြောင်း သိရပါတယ်။ (BMNZ)
ဓာတ်ပုံ-MOI
゚
#ရန်ကုန်ပြည်သူ့ဆေးရုံကြီး
#အနုမြူရောင်ခြည်ဖြင့်ရောဂါရှာဖွေကုသရေးဌာန
#ဗြူးတီးဖောမြန်မာသတင်းအေဂျင်စီ
08/06/2026
-Guided Cryoablation စနစ်
သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်သည့်
လက်တွေ့တော်လှန်ရေး
ခွဲစိတ်စရာမလိုဘဲ
ကင်ဆာအကျိတ်ကို အေးခဲဖျက်ဆီးပေးမည့်
ဩစတြေးလျ၏ ပထမဆုံး
MRI-Guided Cryoablation စနစ်
ကျောရိုးအကျိတ် (Spinal Tumour) ကြောင့်
မခံမရပ်နိုင်အောင် နာကျင်နေရသော
လူနာတစ်ယောက် ဆစ်ဒနီမြို့ရှိ
Liverpool ဆေးရုံသို့ လမ်းလျှောက်ဝင်လာပြီးနောက်
နာရီပိုင်းအကြာမှာပဲ
မည်သည့်ခွဲစိတ်ဒဏ်ရာမျှမရှိ
လပေါင်းများစွာ ဆေးရုံတက်
နလန်ထူရန်မလိုဘဲ ဝေဒနာအားလုံးဝ
ကင်းစင်ကာ အိမ်သို့ ပြန်သွားနိုင်ခဲ့သည်။
ဒါဟာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲက အခန်းတစ်ခန်းမဟုတ်ပါဘူး။ ဩစတြေးလျနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုနေပြီဖြစ်တဲ့ "MRI လမ်းညွှန်မှုသုံး အအေးပေးစနစ်ဖြင့် အကျိတ်ဖျက်ဆီးခြင်းနည်းပညာ" (MRI-guided cryoablation system) ကြောင့် လက်တွေ့ဖြစ်ပျက်နေတဲ့ ဆေးပညာဆိုင်ရာ တိုးတက်မှုအသစ်တစ်ခု ဖြစ်ပါတယ်။
နည်းပညာ၏ အလုပ်လုပ်ပုံ အဆင့်ဆင့်
ယခုဆန်းသစ်တီထွင်မှုသည် အလွန်တိကျပြီး ဘေးထွက်ဆိုးကျိုးနည်းပါးသော ကုသမှုစနစ်ကို အသုံးပြုထားသည်။
တိကျစွာပစ်မှတ်ရှာဖွေခြင်း
ဆရာဝန်များသည် MRI စက်ကို အသုံးပြု၍ ကင်ဆာအကျိတ် တည်ရှိရာနေရာ အတိအကျကို မြေပုံညွှန်းသဖွယ် ရှာဖွေပုံဖော်သည်။
ဓာတ်ငွေ့သုံး အပ်ဖြင့် အေးခဲဖျက်ဆီးခြင်း
ထို့နောက် ဓာတ်ငွေ့သုံး အပ်တစ်ချောင်းကို အကျိတ်ဆဲလ်များဆီသို့ တိုက်ရိုက်လမ်းညွှန် ထိုးသွင်းပြီးနောက်၊ အလွန်အေးမြသော အပူချိန်ဖြင့် ပတ်ဝန်းကျင်ရှိ ကျန်းမာသောဆဲလ်များကို ထိခိုက်မှုမရှိစေဘဲ ပြဿနာပေးနေသော အကျိတ်တစ်ရှူးများကိုသာ တိကျစွာ ခဲပစ်လိုက်သည်။
ချက်ချင်းသက်သာခြင်း
ကုသမှုခံယူခဲ့သည့် လူနာတစ်ဦး၏ ပြောပြချက်အရ "ကာလရှည်ကြာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေဟာ ကုသမှုအပြီး နောက်တစ်နေ့ မနက်နိုးလာတဲ့အချိန်မှာပဲ ပထမဆုံးအကြိမ်အဖြစ် လုံးဝပျောက်ကွယ်သွားခဲ့တယ်" ဟု ဆိုသည်။
လူနာများ၏ လူမှုဘဝအပေါ် သက်ရောက်မှု
ဤနည်းပညာ၏ အဓိကထူးခြားချက်မှာ လူနာများအား ဝေဒနာမှ ကယ်တင်ပေးရုံသာမက ၎င်းတို့၏ ပုံမှန်လူမှုဘဝကိုပါ ချက်ချင်းပြန်လည်ရရှိစေခြင်း ဖြစ်သည်။
နေ့ချင်းပြန်ဆင်းနိုင်ခြင်း
ခွဲစိတ်မှုကြီးကြီးမားမားပြုလုပ်ရန်မလိုသဖြင့် ကုသမှုခံယူပြီး ထိုနေ့မှာပင် ဆေးရုံမှ ဆင်းနိုင်ကာ မိသားစု၊ လုပ်ငန်းခွင်နှင့် ပုံမှန်နေ့စဉ်ဘဝဆီသို့ ချက်ချင်းပြန်လည်ဝင်ဆံ့နိုင်သည်။
ကြာရှည်ဆေးရုံတက်ရန် မလိုခြင်း
ယခင်က ရှောင်လွှဲမရဟု ထင်မှတ်ထားခဲ့ရသော ရက်သတ္တပတ်၊ လပေါင်းများစွာ ဆေးရုံတက်ရမှုများနှင့် ပင်ပန်းခက်ခဲလှသော ပြန်လည်သန်စွမ်းရေး (Rehabilitation) ကာလများကို ယခုအခါ ဖြတ်သန်းရန် မလိုအပ်တော့ပေ။
နိဂုံး
ဤအောင်မြင်မှုသည် ဆေးပညာလောကအနေဖြင့် ရောဂါတစ်ခုကို "ဘယ်လိုလှီးဖြတ်ခွဲစိတ်မလဲ" ဆိုသည့် အတွေးအခေါ်မှ
"ဘယ်လိုနည်းဖြင့် အထိခိုက်အနည်းဆုံး တိတိကျကျ ကုသပေးမလဲ" ဆိုသည့် ဘက်သို့ ကူးပြောင်းလာခြင်းကို ပြသနေသည်။
တခါတရံတွင် အစွမ်းထက်ဆုံး ဆေးပညာဆိုင်ရာ တော်လှန်ရေးကြီးများသည် ဆူညံစွာ ပေါ်ထွက်လာတတ်ခြင်းမျိုး မဟုတ်ဘဲ၊ ယခုကဲ့သို့ ဆေးရုံခန်းလေးများအတွင်း တိတ်တဆိတ် စွမ်းဆောင်နိုင်မှုများမှတစ်ဆင့် လူသားတစ်ယောက်ချင်းစီ၏ ဘဝကို ငြိမ်းချမ်းစွာ ပြောင်းလဲပေးနေခြင်းပင် ဖြစ်သည်။
Credit
#ဆေးပညာဗဟုသုတ. #ကျန်းမာရေး
#သွင်ထူးဉာဏ်
゚viralシ
#သွင်ထူးဉာဏ်
#ရွှေတံခါးဆရာတော်အရှင်တေဇနိယ
#သိမ်ဆင်းလောင်းလှူ
#ရွှေတံခါးဆရာတော်အရှင်တေဇနိယ
#ရွှေစေတီပါဠိတက္ကသိုလ်တိုက်သစ်
#ရေနံချောင်းမြို့
ဆရာတော်ဘုရားမှ
``ကံကောင်းချင်ရင် ကောင်းကံလုပ်`` တရားတော်ချီးမြှင့်ပါသည်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Taunggyi