Snow Beauty Mart
Authentic beauty products from Thailand
21/03/2025
တစ်ပတ်အတွင်း သိသိသာသာ Glow ပြီး ချောမွတ်စေမယ့်၊ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရည် ညီညာကြည်လင်စေမယ့်၊ Body scrub ဆိုပေမယ့် အသားအရည်ခြောက်မသွားပဲ အစိုဓာတ်ကိုပါထိန်းပေးတဲ့ Dove ရဲ့ အနံ့အကောင်းဆုံး scrub လေး ပါရှင်။
Sale Price 29,000/- Ks နဲ့ပဲယူနော်။
17/03/2025
မင်မင်ရဲ့ Best Seller ရောက်တာနဲ့ ကုန်ကုန်သွားလို့ လိုင်းပေါ်မတင်လိုက်ရတဲ့ Oriental Princess ရဲ့ Body Lotion လေး။
အနံ့တွေက သင်းသင်းလေးနဲ့ လိမ်းလိုက်ရင် စိတ်ကြည်လင်ပြီး စွဲမက်စေမယ့် ပန်းနံ့လေးတွေ။
မင်မင်ကတော့ တမျိုးပြီး တမျိုးလိမ်းကြည့်နေတာ၊
သူ့အနံ့တွေကို တော်တော်သဘောကျတယ်။ ပန်းနံ့ဆိုပေမယ့် တခြားဘရန်းတွေလို အီသွားတာမျိုး အနံ့ အရမ်း strong ဖြစ်တာမျိုး မရှိဘူး။
အခု Sale ရှိတော့ 20,000 MMK တည်းနဲ့ ရမယ်နော်။
Snow Beauty Mart
19/02/2025
မင်မင့် All Time favorite တိုနာဂွမ်း လေးနဲ့ မိတ်ဆက်ပေးချင်လို့။
သူကလေ ၁ ဘူးမှာ အခု ၈၀ ပါတာကိုမှ ဂွမ်း တစ်ခု ကို ၅ လွှာ ပြန်ခွဲပြီး သုံးလို့ရတာကွာ။
တခြား ဂွမ်းတွေလို အမွှေး/ အမှုန် လုံးဝမထွက်ဘူး။
တိုနာ တစ်ခါလိမ်းရုံဆို ၅ လွှာခွဲထားတဲ့ထဲကမှ အလွှာပါးလေး တစ်လွှာနဲ့ ကောင်းကောင်း အဆင်ပြေတယ်။
တစ်ဘူးဝယ်ထားပြီးရင် တမေ့တမောသာသုံး။
ခု Sale ရှိလို့ 15,500‼️ ပဲကျမယ်နော်။
Video 👉 https://www.facebook.com/share/r/15K2fw7chP/?mibextid=wwXIfr
18/02/2025
အဆီဖုနဲ့ ဝက်ခြံထွက်လွယ်တဲ့ အသားအရည်ပိုင်ရှင်တွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်တဲ့ အချက်တွေ
(၁) အများစုက မျက်နှာလိမ်းတဲ့ skincare products တွေ မတည့်လို့လားဆိုပြီး မျက်နှာလိမ်းတဲ့ဟာတွေကိုပဲ ပြောင်းတာမျိုးလုပ်ကြပါတယ်။ ကိုယ့်ရဲ့ အကျင့်လေးတွေကို သတိထားကြည့်ပါ။ ဥပမာ လက်နဲ့ မျက်နှာကို အမှုမဲ့ အမှတ်မဲ့ ကိုင်နေမိလား။ သတိမထားမိပဲ မေးစေ့ဖြစ်ဖြစ် ပွတ်မိနေတာမျိုး ဖြစ်တတ်ပါတယ်။ လက်နဲ့ မျက်နှာကို အတတ်နိုင်ဆုံး မထိပါနဲ့ ။ မျက်နှာကိုင်ရတော့မယ်ဆိုတိုင်း လက်ဆေးတဲ့အကျင့်လုပ်ပါ။
(၂) မျက်နှာသစ်ပြီးရင် သုတ်တဲ့ပုဝါကို အမြဲသန့်စင်အောင်ထားပါ။ စိတ်မသန့်ရင် tissue ပဲသုံးပါ။ tissue ကလည်း ဖုန်တွေမတင်စေဖို့ ဂရုပြုရပါမယ်။
(၃) မျက်နှာနဲ့ အမြဲထိတွေ့နေရတာက ဆံပင်ပါ။ ဆံပင်က အဆီတွေ အမှုန်တွေကြောင့် အဆီဖု/ဝက်ခြံဖြစ်တတ်ပါတယ်။ ဆံပင်နဲ့ မျက်နှာ တိုက်ရိုက်မထိတွေ့ရအောင် ခေါင်းမလျှော်ထားတဲ့ရက်ဆို ဆံပင်သိမ်းထားတာမျိုးလေး ဂရုပြုပေးပါ။
(၃) ခေါင်းလျှော်တဲ့အခါ သုံးတဲ့ ဆံပင်ပေါင်းဆေးတွေ၊ Conditioner တွေကို သေချာပြောင်စင်အောင် ရေပြန်ဆေးချပါ။ ရေဆေးချတဲ့အခါ မျက်နှာကို မထိအောင် ဂရုစိုက်ပေးပါ။
(၄) ခေါင်းအုံးစွပ်ကို ခေါင်းလျှော်တဲ့ရက်တိုင်း လဲတဲ့ အကျင့်လေးလုပ်ပါ။ အိပ်ယာခင်း နဲ့ စောင်ကိုလည်း ၁-၂ ပတ် တစ်ခါ လျှော်ပေးပါ။
(၅) အာဟာရမျှတအောင် စားပေးပါ။ အဆီများတဲ့ အစားအစာ၊ ငံလွန်း စပ်လွန်းတဲ့ အစားအစာနဲ့ နို့ထွက်ပစ္စည်းတွေ တတ်နိုင်သမျှ ရှောင်ပေးပါ။
ဒီ (၅) ချက်ကို သတိထားပေးမယ်ဆိုရင် အဆီဖုနဲ့ ဝက်ခြံကင်းစင်ပြီး ကျန်းမာလှပတဲ့ မျက်နှာအသားအရည်ရဖို့ အရမ်း အထောက်အကူ ဖြစ်ပါလိမ့်မယ်ရှင်။
With love,
Snow Beauty Mart🤍
18/02/2025
Basic Skin Care (7) Steps
(1) Cleansing (မျက်နှာသန့်စင်ခြင်း)
ကိုယ့် မျက်နှာ အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆပ်ပြာကို အသုံးပြုပြီး ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပါ။
အကြမ်းဖျဉ်းအနေနဲ့ Oily skin အတွက် gel type, Dry Skin အတွက်ဆို Cream type သုံးပေးနိုင်ပါတယ်။
(2) Exfoliation (မျက်နှာဂျေးချွတ်ခြင်း) (1-2 times/ week)
သင့်တော်တဲ့ အပျော့စား scrub နဲ့ တစ်ပတ် ၁-၂ ကြိမ် ဂျေးချွတ်သန့်စင်ပေးနိုင်ပါတယ်။ ချွေးပေါက်ထဲထိ သန့်စင်ပေးပြီး မျက်နှာ အဆီဖု/ ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ မျက်နှာဆဲလ် အသစ် ဖြစ်ပေါ်ဖို့ကိုလည်း အားပေးပါတယ်။
(3) Toning (တိုနာ)
Hydrating toner အမျိုးအစားက မျက်နှာကို ရေဓာတ်ဖြည့်ပေးပြီး Exfoliating toner က အဆီပြန်သက်သာပြီး ဝက်ခြံထွက်မှာကိုလည်း ကာကွယ်ပေးပါတယ်။
(4) Essence
အရည်ကျဲကျဲပုံစံမျိုးလာပါတယ်။ သူက ရေဓာတ်ဖြည့်ပေးပြီး serum လိမ်းတဲ့အခါ ပိုပြီး ထိရောက်စေပါတယ်။
(5) Serum
မျက်နှာအသားအရည် ပိုကောင်းစေချင်သူတွေ ကျော်လို့မရတဲ့ အဆင့်ပါပဲ။ အသားအရည်ကို အဓိကပြုပြင်ပေးတာမလို့ပါ။
Vitamin C ပါရင် Brightening (ကြည်ပြီးဝင်းဖို့) အတွက်၊
Hyaluronic acid ပါတာက ရေဓာတ်ဖြည့်ပေးဖို့နဲ့
Retinol ပါရင်တော့ Anti-aging (အရေးအကြောင်း) အတွက်ပါ။
(6) Moisturizer (အစိုဓာတ်ဖြည့်)
သူကတော့ မျက်နှာမှာ လိမ်းထားတဲ့ အစိုဓာတ်တွေကို lock လုပ်ပေးပြီး အပြင်ပတ်ဝန်းကျင်က မသန့်ရှင်းတဲ့ လေ/အမှုန်/ဖုန် တွေအတွက် barrier (အကာအကွယ်) သဘောလုပ်ဆောင်ပေးတာပါ။
Combination to Oily skin အနေနဲ့ Gel type အသုံးပြုရမှာဖြစ်ပြီး၊ Dry skin ကတော့ Cream type ကို အသုံးပြုနိုင်ပါတယ်။
(7) Sunscreen (နေလောင်ကာ)
မနက်ခင်းတိုင်း အနည်းဆုံး SPF 30+ ပါတာသုံးပေးဖို့လိုပါတယ်။ နေပူထဲသွားမယ်ဆိုရင် 2-3 နာရီခြားတိုင်း ပြန်လိမ်းပေးသင့်ပါတယ်။
အလွယ်နည်းနဲ့ ဒီလိုမှတ်နိုင်ပါတယ်။
Day☀️ Cleansing > Toner > Essence > Serum > Moisturizer > Sunscreen
Night 🌙 Cleansing > Toner > Essence > Serum > Eyecream > Moisturizer or Night Cream
With love,
Snow Beauty Mart 🤍
04/02/2025
ညစ်နွမ်းနေတဲ့ မျက်နှာကို သိသိသာသာ ကြည်လင် ဝင်းပသွားစေမယ့်၊ မျက်နှာကို Gently Exfoliate လုပ်ပေးပြီး cells အသစ်တွေ ဖြစ်ပေါ်စေတဲ့ L’Oreal ရဲ့ Glowing Foam Cleanser လေး ရပါမယ်ရှင်။
BKK Official Counter ကပဲဝယ်ယူထားတဲ့ ထိုင်းပြည်တွင်းသုံး Quality ပါနော်။
မနက်တစ်ကြိမ်၊ ည တစ်ကြိမ်သုံးပေးရုံနဲ့ 4 ပတ်အတွင်းသိသာစေမှာနော် သဲတို့ရေ။
အသေးစိတ်ကို တစ်ပုံချင်းစီအောက်မှာလည်း ရေးထားပေးပါတယ်ရှင်။
Now Sale Price 22,500/-‼️ for 100ml
04/02/2025
မျက်နှာမှာ အမဲစက်တွေ၊ နေလောင်ထားတဲ့ အကွက်တွေ၊ အသားရောင် မညီတာတွေအတွက် အဓိကထုတ်ထားတဲ့
L’Oreal ရဲ့ Glowing Peeling Toner လေး (2) ဘူး ရမယ်နော်။
သူက မျက်နှာပေါ်က dead skin cells တွေကို ဖယ်ရှားပေးပြီး အသားအရည်ချောမွေ့စေတယ်။
ဆားဝက်ခြံလည်း ဖယ်ရှားပေးတယ်။ အသားအရောင်မညီတာ ပျောက်ကင်းစေတယ်။ မျက်နှာပြင်ပေါ်က အဆီထုတ်လုပ်မှုကို ထိန်းညှိပေးတယ်။
✅ ဘယ် skin type တွက် သင့်တော်လဲဆိုတော့
~မျက်နှာ အဆီပြန်တဲ့သူတွေ (Combination to Oily Skin)
~အသားအရောင် မညီတဲ့သူတွေ (Discoloration)
~အသားအရည်ဝင်းပပြီး Glow ချင်တဲ့သူတွေ
❌ မသင့်တော်တဲ့ skin type ကကျတော့
~အရမ်း Sensitive ဖြစ်တတ်တဲ့ skin type သမားတွေ (sensitive skin တွေပါ သုံးလို့ရတယ်လို့ ရေးထားပေမယ့် မင်မင်ကတော့ စိတ်ချရအောင် အရင် tester နဲ့ စမ်းပြီး ကိုယ်နဲ့ အဆင်ပြေမှ သုံးဖို့ recommend လုပ်ချင်ပါတယ်။)
~အသားအရမ်းခြောက်တဲ့သူတွေ
~အခြားဓာတ်မတည့်မှုကြောင့် မျက်နှာထိထားတဲ့သူတွေ။
Now Sale Price 87,000‼️
04/02/2025
ဒီ L’Oreal ရဲ့ Central essence water လေး ကာကာတစ်ယောက်တည်း preorder လာမှာရင်း မင်မင်အပိုဝယ်ထားတာ 2 ဘူး ရမယ်နော်။
130 ml ကိုမှ 75,500/- ‼️ ပဲကျမယ်သဲတို့ရေ…
ထိုင်းပြည်တွင်းသုံး Quality မို့ စိတ်ချလိုက်နော်။
92% pure centella extract ကြောင့် အရေးအကြောင်း သက်သာစေပြီး skin texture ကို ကောင်းမွန်စေပါတယ်။
တခြား essence water တွေနဲ့ မတူတာကMicro particles လေးတွေက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်ပြီး ပြုပြင်ပေးတာကြောင့်
ရေဓာတ်အပြည့်အဝရစေတယ်။
အသားအရည် ကြည်လင်စေတယ်။
ချောမွေ့တင်းရင်းစေတယ်။
👉How to Use👈
မျက်နှာသန့်စင်ပြီး toner သုံးပြီးတဲ့အဆင့်မှာ essence water လေးကို ထည့်သုံးပေးပါနော်။ တစ်ဝက်မကျိုးခင် Result သိသာစေရမယ်။
01/02/2025
Neutrogena ရဲ့ Best seller မျက်နှာသစ်လေး။
Positive customer reviews တွေချည်းရထားတဲ့၊
မျက်နှာပေါ်နဲ့ ချွေးပေါက်ထဲ ကျန်ရှိနေသေးတဲ့ အဆီနဲ့ အညစ်အကြေးတွေကို သေချာ သန့်စင်ပေးပေမယ့် deep cleaning တွေလိုခြောက်မသွားပဲ အစိုဓာတ်ထိန်းပေးတဲ့ Pure Mild Cleanser လေးပါနော်။
အရေးပြားအထူးကု ဆရာဝန်တွေ အတည်ပြုထားတဲ့ Hypoallergenic formula နဲ့ ထုတ်လုပ်ထားလို့ Sensitive skin လေးတွေပါ စိတ်ချလက်ချသုံးလို့ရပါတယ်ရှင်။
မင်မင်က skincare တွေသုံးရင် အနံ့အရမ်းပါတာမျိုးကို သဘောမကျတဲ့သူပါ။ ဒါလေးကတော့ မင်မင့်အကြိုက် Fragrance free လေးပါရှင်။
အခု Sale ချနေတာမလို့ 15,500/- ‼️တည်းနဲ့ ရမယ်နော်။
01/02/2025
တကယ့် Luxury ဆန်တဲ့ ဖန်ပုလင်း Packaging လေးနဲ့
စေးစေးကပ်ကပ်မဖြစ်ပဲ အနံ့ကောင်းတာမျိုး ရှာနေလား။
L’Oreal ရဲ့ Extraordinary Hair Oil လေး
ခု Sale ရှိလို့ 36,000/- ‼️တည်းနဲ့ ရမယ်နော်။
~ Fresh Lime and Mint (fresh ဖြစ်တဲ့ အနံ့လေးနဲ့ ခြောက်သွေ့နေတဲ့ဆံပင်ကို ရေဓာတ်ဖြည့်ပေးပြီး ပျော့ပျောင်းစေပါတယ်။ မင်မင်အကြိုက်ဆုံးလေးပါ)
~ Cherry Wood (High-end ရေမွေးနံ့လိုပဲ 72 နာရီ အနံ့စွဲပြီး ဆံသားချောမွေ့ တောက်ပြောင်စေပါတယ်)
~ Jasmine (စံပယ်ပန်းနံ့နဲ့ ပျက်စီးနေတဲ့ ဆံသားအတွက် လိုအပ်တဲ့ အာဟာရတွေ ပြန်ဖြည့်ပေးပါတယ်)
~ Rose (နှင်းဆီနံ့လေးနဲ့ နဂိုဆံသားကို polishing လုပ်ပေးလိုက်သလိုမျိုး healthy look ကိုရစေပါတယ်)
👉How to Use
~ ခေါင်းမလျှော်ခင် ဆီလေးလိမ်း ၁၅ မိနစ်လောက် နှပ်ထားပြီး Hair Mask အနေနဲ့ သုံးလို့ရပါတယ်။
~ ခေါင်းလျှော်ပြီး Dryer မသုံးခင် အပူခံတဲ့အနေနဲ့ လိမ်းလို့ရပါတယ်။
~ Hair Styling လုပ်တဲ့အခါမှာလည်း ပိုမို လွယ်ကူစေပါတယ်ရှင်။
Category
Website
Address
Thitsar Street
Taunggyi
06101
Opening Hours
| Monday | 08:00 - 23:00 |
| Tuesday | 08:00 - 23:00 |
| Wednesday | 08:00 - 23:00 |
| Thursday | 08:00 - 23:00 |
| Friday | 08:00 - 23:00 |
| Saturday | 08:00 - 23:00 |
| Sunday | 08:00 - 23:00 |
Alerts
Be the first to know and let us send you an email when Snow Beauty Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.