Love Medal
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Love Medal, Health/Beauty, Taungoo.
Good Nightပါ ငါ့ရဲ့ ပူတူးတူးလေးရေ ...
ကိုယ်လေး နည်းနည်းငွေ့နေသလို
အပြုံးတွေ
မျက်လုံတွေဟာ
မှေးလို့ ...
နေလို့မှ သက်သာရဲ့လားကလေးရဲ့
သက်သာသလိုလေးနေနော်
လွမ်းလို့ဆိုပြီး
မျက်ရည်တွေ မကျနဲ့
မျက်လုံးတွေ ကိုက်မယ်
စိတ်ရှိတိုင်း ရေတွေထမချိုးရဘူးလေ
မိုးရေတွေ မချိုးရဘူးလေ
တစ်ခုခုဆို
အဝေးကြီးမှာရှိတဲ့ လူပဲ
စိတ်တွေပူရမှာ
ပြေးမလာနိုင်တဲ့ကိုယ်ပဲ
အားမလိုအားမရတွေ ဖြစ်ရတာ
အနီးဆုံးမှာထားပြီး
အများကြီး ဂရုစိုက်ပေးချင်ပါတယ်
အဝေးကြီးမှာ နေရတဲ့အခါ
နေကောင်းကျန်းမာအောင်ပဲ နေပေးပါ
အတွေးတွေ အများကြီး
ထားမနေနဲ့တော့
အိပ်မရဘူးဆိုပြီး ဂျီကန်မနေနဲ့တော့နော်
အိပ်မက်တွေ မက်မနေစေနဲ့
အိပ်ရေး၀၀လေးပဲ အိပ်ပါ
နေကောင်းကျန်းမာအောင်ပဲ နေပါ
Good Night ငါ့ကလေးသေးသေးလေးရေ ...
`ဒီလိုနဲ့ တဖြေးဖြေး ဝေးသွားကြတာပါ´ ...
-------------------------------------------------------------
သူငါ့ကို သိပ်ချစ်တာပဲဆိုတဲ့ အတွေးတွေဝင်လာခဲ့တဲ့အထိ တစ်ချိန်က သူ ကျွန်တော့ကို ချစ်ခဲ့ဖူးတယ် ။ ဒီအချိန် ဒီစကားကိုပြောရင် ဒီလူက နင့်ကိုချစ်ခဲ့ဖူးတာကော ဟုတ်ရဲ့လားဆိုတဲ့ မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြမယ်ဆိုတာ သိပါတယ် ။ ဒါပေမယ့် ဒါဟာတကယ်ပါ ။
ဘယ်နေရာမှာ ဘယ်လိုမှားသွားမှန်းမသိပေမယ့် သူငါ့ကို သိပ်ချစ်တာပဲဆိုတဲ့အတွေးဝင်လာတဲ့အချိန် ကျွန်တော်က သူ့ကို သူ့ထက် ပိုချစ်ပြလိုက်မိတာ ။ အရင်က သူစဆက်တဲ့ဖုန်းတွေကို ကိုင်ခဲ့ပေမယ့် ဒီအချိန်မှာကိုယ်ကချည်း ဉီးအောင်စဆက်ခဲ့တယ် ။ နောက်ပိုင်းကျ ငါ မဆက်လဲ ဖြစ်ပါတယ်ဆိုတဲ့ အတွေးတွေ ၀င်လာတဲ့အထိပေါ့ ကျွန်တော် ဖုန်းတွေဆက်ခဲ့မိတာ ။
အမှားတွေရှိလာရင် ... အပြစ်ပြောဖို့နေနေသာ မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်ဖို့ ရှိနေခဲ့တာ ။ နောင်တစ်ချိန်က မှားနေတဲ့သူ မှန်သွားပြီး ခွင့်မလွှတ်နိုင်တဲ့ ကျွန်တော်ကပဲ မှားသွားရတာလေ ။ ပြီးတော့လေ နားလည်ပေးနိုင်တာထက် ပိုနားလည်ပေးခဲ့မိသလို ဂရုစိုက်ပေးနိုင်တာထက် ပို ဂရုစိုက်ပေးခဲ့မိတယ် ။
နောက်ပိုင်းကျ ... ဘာပဲဖြစ်ဖြစ် ကိုယ့်ကို ပြောပြစရာမလိုတော့ဘူးဆိုတဲ့ အတွေးတွေနဲ့ ပြီးတော့ ငါခေါ်စရာမလိုပါဘူးလေဆိုတဲ့ အတွေးတွေနဲ့ ကျွန်တော့်ကို ပိုပိုပြီး ပစ်ထားတတ်လာတယ် ။ တဖြေးဖြေး ကျွန်တော်တို့ဆက်ဆံရေးက အေးစက်ပြီး ဝေးလာတယ်ပေါ့ ။
အရင်လို ဖုန်းတွေပြောပြီး ပြုံးမနေတော့ဘူးနော် တဲ့ သူ အလုပ်တွေများနေလို့ဆိုတဲ့စကားတွေနဲ့ ညာရတာပေါ့ ။ ကိုယ့်ဖက်က စဆက်ရင် အနှောင့်အယှက်ဖြစ်သွားတဲ့အထိ ကျွန်တော်တို့က တဖြေးဖြေး ဝေးခဲ့ကြပြီကိုး ...ဘာလုပ်နေလဲ ဘာစားထားလဲ ဘယ်သွားမလို့လဲ ဘယ်သူနဲ့ ရှိနေလဲဆိုတဲ့ သေးသေးဖွဲဖွဲမေးခွန်းတွေကအစ မေးလို့မရတော့ဘူး သူနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ဘာမှလဲ မပြောပြတော့ဘူး ။
ဒီလိုနဲ့ ...တဖြေးဖြေး ဝေးလာခဲ့လိုက်တာ ...ဘယ်တော့နှ မခွဲသွားရဘူးနော်ဆိုပြီး ကတိတွေတောင်းခဲ့တဲ့ နှုတ်ခမ်းက နောက်ဆုံး လမ်းခွဲကြရအောင်ဆိုတဲ့ စကားတွေ ထွက်လာတဲ့အထိပဲဆိုပါတော့ ။
သူသိပ်ချစ်ခဲ့တယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ် ကျွန်တော်လဲ သူ့ကို သိပ်ချစ်တယ် ဒါပေမယ့် ဒီလိုပါပဲ ကျွန်တော်တို့ တဖြေးဖြေး ဝေးသွားခဲ့ရတာ ။
(ရင်နှင့်ရင်း၍ရေးသည်)
မလုပ်လောက်ဘူးထင်လို့
ယုံကြည်ခဲ့တာပါ
အဲ့ဒီယုံကြည်တဲ့ လက်တွေကပဲ
ကိုယ့်ကျောကို ထုတ်ချင်းပေါက်အောင်
ထိုးသွားခဲ့တာ
Category
Website
Address
Taungoo