Road To Clean Skin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Road To Clean Skin, Beauty, cosmetic & personal care, 5 Street, Taungoo.
13/12/2025
21/10/2025
တစ်ဗူးလုံးလိမ်းလိုက်ရင်တောင် white caste လုံးဝ
မကျန်ဘဲ စိုစိုကြည်ကြည်နဲ့ glow ပြီး moisturiser ထပ်သုံးဖို့မလိုအောင် ရေဓာတ်ဖြည့်ပေးနိုင်တဲ့
BOJ ရဲ့ relief aqua fresh sunscreen ೃ࿔❄*༄
Spf 50 + ကို PA ++++ နဲ့ ခပ်ကျဲကျဲ စိမ့်ဝင်လွယ်တဲ့ liquid texture မှာရှိပြီး rice seed water , panthenol တို့အပြင်တခြားသောရေဓာတ်ဖြည့် ingredient တွေပါဝင်ထားတဲ့ နေဒဏ်ကိုထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ chemical sunscreen အမျိုးအစားပါ
မြန်မာရာသီဥတု မြန်မာအသားရေနဲ့ကိုက်ညီပြီး
spf အပြည့်အဝပါဝင်လို့ နေဒဏ် အပူဒဏ် နဲ့
လေထုညစ်ညမ်းမှုစတဲ့ environmental damage တွေကိုအချိန်တစ်ခုအထိိ ထိထိရောက်ရောက်ကာကွယ်ပေးပြီး အဓ်ိပါဝင်ထားတဲ့ panthenol ( vitamin B5 ) ကskin barrier ကိုရေဓာတ်ပေးပြီး strength ဖြစ်စေတာမို့ damage တွေကိုခုခံလာနိုင်ပြီး အလွယ်တကူ နေလောင်တာနဲ့
အမဲစက်တွေထွက်လာမှာကို တားဆီးပေးတယ်
နီမြန်းယားယံပြီး irritation ဖြစ်နေတဲ့ အသားရေကို sooth ဖြစ်စေတယ် ။ sodium hyaluronate နဲ့
beta glucan တို့လိုရေဓာတ်ဖြည့်ပေးပြီး
အစိုဓာတ်ကို ထိန်းပေးတဲ့ingredient တွေကြောင့်လိမ်းလိုက်ရင် အေးအေးလေးနဲ့ အချိန်ကြာလာလို့ အဆီပြန်တာမျိုး မျက်နှာကြီးမဲနေတို့မဖြစ်စေဘဲ
ဘယ်လောက်ထပ်လိမ်းလိမ်း စိုစိုလေးနဲ့လိမ်းလို့
လိမ်းထားမှန်းမသိသာဘူး rice seed water
ကြောင့်လဲ မျက်နှာလေးကလင်းပြီး အမဲစက်တွေလဲတဖြည်းဖြည်းမှေးလာတယ်
အဆီပါဝင်မှုနည်းပြီး ရေဓာတ်များတဲ့ sunscreen မို့
အဆီဖုနဲ့ ဝက်ခြံထွက်တာတွေ မရှိဘဲ skin type မရွေး သုံးလို့ရတယ် မျက်လုံးထဲဝင်လဲမစပ်ဘဲ
skin friendly ဖြစ်တယ်
နွေမိုးဆောင်းသုံးလို့ကောင်းပြီး daliy မှာလဲ
ပေါ့ပေါ့ပါးပါးနဲ့စေးကပ်တာမရှိ
hydart and moisturize အရမ်းဖြစ်တော့
တခါတလေ moistriure ကို skip လိုက်လို့ရတယ်
သေချာတာကတော့နေလောင် ကာပေးတဲ့ cream ဆိုတာထက်ကိုပိုတဲ့sunscreen ဖြစ်တာမို့ try ကြည့်ဖို့အကြံပေးတယ်စျေးကလဲ 45k ဝန်းကျင်လောက်ဘဲရှိတယ်ဗျ ဝယ်ရလဲလွယ်တယ်
16/08/2025
Protection ပိုင်းစိတ်ချပြီး skin ကို
ကြည်ကြည်လေးနဲ့ လိမ်းပြီးတိုင်းမှာ
စိတ်ချမ်းသာနေရမဲ့ skin 1004 ရဲ့ sun sunscreen 🌨️
ထွက်ကတည်းက စပြီးသုံးလာတာ အခုဆိုဘယ်နှဗူး
မှန်းတောင်မသိတော့ဘူး သုံးဖူးသမျှ sunscreen တွေထဲမှာအကြိုက်ဆုံးတစ်ခုလို့ပြောရမယ်
သူက hyaluronic 5 မျိုးနဲ့ cica extract တွေအပြင်
စိမ့်ဝင်လွယ်တဲ့ watery texture နဲ့အေးပြီး
ပေါ့ပေါ့ပါးပါးရှိတယ် လိမ်းလို့လိမ်းထားမှန်း
မသိရဘူး အနံလဲမပါသလို လိမ်းပြီးရင်ဖြူဖြူကြီး ကျန်မနေဘဲ skin ထဲစိမ့်သွားတာ အသားကလဲ
စိုကြည်ပြီး အချိန်ကြာလို့အဆီပြန်လာတာ မျက်နှာကြီးမဲသွားတာတွေမရှိဘူး အဲ့တစ်ချက်ကို
အရမ်းသဘောကျတာ လုံးဝ မဲပြာတာမဖြစ်ဘူး
spf 50 + နဲ့ spf ပိုင်းကိုလဲအများကြီးစိတ်ချရတယ် ဆုတွေလဲရထားတယ် sun protection ပိုင်းကောင်းလ်ို့
chemical sunscreen အမျိုးအစား sun damgae ကိုတော်တော်လေးကာကွယ်ပေးနိုင်သလို
cica ပါထားတဲ့အတွက်ကြောင့် နေလောင်ပြီး
အသားတွေ နိီမြန်းတာယားစပ်တာမဖြစ်တော့ဘူး ဝက်ခြံတွေ irritation တွေဖြစ်နေရင်လဲအဆင်ပြေပြီး skin barrier ကို strength ဖြစ်စေသလို
hydration နဲ့ moisturizingပိုင်းတော်တော်ကောင်းတယ်
တစ်ခါတစ်လေဆို moisturiserမလိမ်းဘဲရတယ်
တောင်ထင်မိတော်ရုံ sunscreen ကြေးများတဲ့
လူတွေတောင်ဒါသုံးပြီးရင်right person ကိုရှာတွေ့
သွားသလိုဘဲ စိုစိုကြည်ကြည်လေး အသားက
နူးညံ့နေသလိုကို ခံစားရတာ
ဝယ်ဖို့ recommend ပေးချင်တဲ့ sunscreen လေး
ပေါ့ပေါ့ပါးပါးနဲ့ရေဓာတ်ပြည့်ပြီးကြည်နေတဲ့
look လေးကိုပေးတယ် harmful ဖြစ်တဲ့ chemical တွေ
မပါဘဲ အပင် extract တွေအများကြီးနဲ့
all skin typeသုံးလို့ရတယ်
စျေးကတော့ 40000 ဝန်းကျင်မှာရှိတယ်ဗျ
နီးစပ်ရာ os နဲ့ skin care shop တွေမှာမေးဝယ်ကြည့်ပါ
25/05/2025
AHA 8 % ပါဝင်ပြီး အသားရေကို ထိခိုက်မှု မစေရှိဘဲ
dead cell တွေကဖယ်ရှားပေးသလို အမဲစက်တွေပါးပြီး
ရေလိုကြည်တဲ့ skin ကိုရစေမဲ့ isntree ရဲ့ chestnut essence အကြောင်း ₊˚ʚ 🌰₊˚✧ ゚.
အသားရေကို ခြောက်ကြမ်းပြီး မဲညစ်နေစေတဲ့
dead cell တွေကိုအဓိကဖယ်ရှားပေးသလို ကြည်ဝင်း နူးအိတဲ့အသားရေ နဲ့ အမဲစက်တွေကို ပါးလာစေပြီး
ရေဓာတ်ပေး ချွေးပေါက်ကျဉ်းစေတဲ့ essence လေးပါ
sensitive skin တောင်စိတ်ချချ သုံးလို့ရတဲ့
glycolic 4 % နဲ့ lactic acid လို gentel ဖြစ်တဲ့
aha 4 % ပါဝင်ထားလို့ အသားရေကိုထိခိုက်မှု
မရှိစေဘဲ Dead cell တွေထိထိရောက်ရောက်နဲ့
deeply ဖြစ်ဖြစ် ဖယ်ရှားပေးတယ် ။
glycolic က dead cell တွေကိုဖယ်ရှားပေးယုံမဟုတ်ဘဲ
skin texture က်ိုနူးညံ့ လာစေတယ် ၊ နေလောင်မဲတာနဲ့ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက်တွေကို သက်သာစေပြီး
collagen ကို stimulate ဖြစ်စေလို အသားရေကိုတင်းတင်းလေးဖြစ်နေစေတယ် ။
lactic acid က exfloiating ဖြစ်နေစဥ်မှာတောင်
ရေဓာတ်ကိုထောက်ပံ့ပေးနိုင်ပြီး အသားရေကို
သိသိသာသာ ကြည်လင်လာစေသလို ခြောက်ကြမ်းတာတွေကို နူးနူးညံ့ညံ့လေးဖြစ်သွားစေတယ်
exfloiating ဖြစ်စေတဲ့အပြင် essence မှာပါဝင်တဲ့
chestnut extract ကြောင့် ချွေးပေါက်တွေကျဥ်းစေပြီး
ဆေးဘက်ဝင် centella ကြောင့် နီယား၊ယောင်ရမ်းတာ
irritation နဲ့ပျက်စီးနေတာတွေကို calm ဖြစ်စေတယ်
ဒါတင်မဟုတ်ဘဲ sodium hyaluronate နဲ့ glycerin က
skin ကိုတော်တော်လေး ရေဓာတ်ရစေပြီး hydrate and plump look လေးကို ဖြစ်နေစေတယ်
exfloiating ဖြစ်စေတဲ့ mild acid လေးတွေပါတော့
panthenol နဲ့ allantoin လို repair လုပ်ပေးပြီး skin အသစ်ကို comfort ဖြစ်နေစေအောင်ထပ်ပေါင်းထည့်ပေးထားတဲ့ essence ကောင်းတစ်ခုပါ
admin သုံးကြည့်ရသလောက်ဆို 2 ပတ်အတွင်းမှာ
အမဲစက်တွေသက်သာပြီး skin texture ကတော်တော်လေးကို smooth ဖြစ်လာတယ် ကိုင်လိုက်တာနဲ့
အရင်လို ဖုသေးသေးပိစိလေးတွေနဲ့ ကြမ်းနေတာတွေ
မရှိဘဲ အသားလဲကြည်ပြီး မျက်နှာလေးဖြူလာတယ်
အကြိုက်ဆုံးက youthful look လေးဖြစ်လာတာဘဲ
ကြည်ကြည်ရှင်းရှင်းနဲ့ clean ဖြစ်တယ်
all in one essence နော် တစ်မျိုးတည်းနဲ့အကုန်ပြီး
တခြား exfolation products တွေလိုဘာမှထပ်လိမ်းစရာကိုမလိုတာ တခုတည်းမှာဘဲ exfloiating ၊ calming ၊ hydarting နဲ့ repair အကုန်ဖြစ်ပြိီးသား
အသားရေလဲမထိခိုက်ဘဲ ပိုတောင်ကောင်းလာတယ်
exfloiating essence ဆိုတော့ 2 or 3 time in a week သုံးပေးလို့ရတယ် ၊ toner လိမ်းပြီးရင် သေချာလေး
ပုတ်ပေးယုံဘဲ mask လိုကပ်လဲရတယ် ညဘက်သုံးတာ
ပိုအဆင်ပြေတယ် all skin type ကိုမှ sensitive skin တောင်စိတ်စိတ်ချချနဲ့ irritation လုံးဝမဖြစ်ဘဲ
သုံးလို့ရတယ်
ဆောင်ရန် ရှောင်ရန်လေးတော့ရှိတယ် အားလုံးလဲသိတဲ့
အတိုင်း exfloiating ဖြစ်တာမို့ retinol နဲ့ vitamin C
serum တွေထပ်မသုံးရဘူး sunscreen သေချာ
လိမ်းရမယ် ဒါလေးဘဲ
admin မရောင်းပါဘူးနော် os ကနားထားတာကြာပြီ
ဒါလေးသုံးနေရင်းသဘောကျလို့ try ကြည့်စေယုံရယ်
17/05/2025
Gluta သောက်ဖို့မလိုဘဲ အသားရေကို နဂိုထက် 4 ဆ
ပိုပြီး ဖြူကြည်လာတဲ့အပြင် နေဒဏ်ခံနိုင်ပြီး skin ရဲ့
သဘာဝ collagen ထွက်နှုန်းကိုပါတိုးစေတဲ့
Rosa prima လေးအကြောင်း 𝜗𝜚 🍓˖ ִ𐙚
အတိုချုပ်ရှင်းပြရရင် မဲညစ်ပြီး နေလောင်ပျက်စီးနေတဲ့အသားရေကို သိသိသာသာပြန်ဖြူဝင်းလာစေပြီး healing လုပ်ပေးတယ် အကြောင်းရင်းမရှိဘဲ
အသားရေမဲညစ်ပြီးခြောက်ကြမ်းတာ အနာရွတ်တွေ အမဲစက်တွေလပါးလာပြီး ချွေးထွက်တိုင်းမှာ
စိုစိုအိအိဝင်းဝင်းလေးဖြစ်နေစေတာ၊ နေဒဏ်နဲ့
အသက်ရွယ်ကြောင့် အရေးကြောင်းဖြစ်တာက်ိုနှေးစေပြီး နေဒဏ်ကိုတော်တော်လေး ကာပေးနိုင်တယ်။
collagen ထွက်နှုန်းကောင်းစေလို့ admin လ်ို
အသားလဲဖြူချင်တယ် အသားရေကိုလဲတင်းရင်းပြီးကြည်နေတာလိုချင်တယ် ဒါပေမဲ့ gluta ၊collagenတွေ မသောက်ချင်ဘူး ကျောက်ထိမှာ ကြောက်တဲ့ သူတွေအတွက် သူက dietary supplements ဖြစ်တာကြောင့်
စုပ်ယူရမြန်ပြီး friendly ဖြစ်တယ် အသီး extract တွေ အဓိကပါပြီး ingredients ကို quality ကောင်းကောင်းနဲ့ ဘေးထွက်ဆ်ိုးကျိုး ဖြစ်စေမဲ့ အရာတွေ လုံးဝ
မထည့်သွင်းပေးထားဘူး ။
Rosehip extract 150 mg အဓိကပါဝင်ပြီး
သူက antioxidant တွေပေးနိုင်တဲ့ တခြားသော
အသီး extract တွေရဲ့ 1500 mg နဲ့ညီမျှတဲ့ antioxidant နဲ့ vitamin C ကိုပေးစွမ်းနိုင်သလို အသားရေကိုအဓိက တင်းရင်း ကြည်လင်စေတယ် ပျက်စီးနေတာတွေကို regeneration မြန်မြန်လုပ်ပေးတယ် ၊ နေလောင်ကွက်၊တင်းတိပ်နဲ့အမဲစက်တွေကို သိသိသာသာ
ပါးလာစေတယ် fatty acids ကြွယ်ဝတာမို့လဲ
အသားရေခြောက်ကြမ်းတာကိုသက်သာစေပြီး
စိုအိနေစေတာ ပျောက်ဖို့ခက်နေတဲ့ဝက်ခြံအမာရွတ်တွေ ကုတ်ရာ ဖဲရာတွေကိုလ heal ပေးလို့တော်တော်လေးကောင်းတဲ့ ပန်းextract ပါ။
Vitamin C 100 mg နဲ့ vitamin E 30 mg combination ကြောင့် သတိမထားမိခင်မှာဘဲ skin က်ိုထိခိုက်ပျက်စီးစေတဲ့ radical နဲ့ environmental damage တွေဖြစ်တဲ့ နေဒဏ် လေဒဏ်နဲ့ phone ကနေလာတဲ့ blue light တွေကြောင့် အသားရေပျက်စီးပြီး
မဲညစ်တာတွေက်ိုထိထိရောက်ရောက် ကာကွယ်
ပေးနိုင်သလို ပျက်စီးသွားတဲ့ skin ကို heal ဖြစ်စေတယ် သူကလဲသိသာတဲ့အသားရေ ကြည်လင်မှူကို
ပေးစွမ်းသလ်ို Vitamin E ကြောင့် စိုပြီး ခြောက်သွေ့မှုကင်းစေတယ် ဒိီ combination ရယ် rosehip ရဲ့ပေါင်းစပ်မှုက skin ရဲ့ collagen ထုတ်နှုန်းကိုတိုးစေလို့
အရွယ်မတိုင်ခင် အရေးကြောင်းတွေထွက်တာကို
တားဆီပေးပြီး ရှိနေပြီးသား အရေးကြောင်းတွေ
အတွန့်ခေါက်နဲ့ အသားရေတင်းရင်းမှူမရှိတာတွေကို
သက်သာစေတယ် youthful look ကိုပေးတယ်။
အဲ့တာအပြင်က်ို ဝမ်းမှန်စေပြီး body နဲ့ blood
အတွင်းကမလိုအပ်တဲ့ သကြားဓာတ် အဆီပ်ိုတွေနဲ့ အဆိပ်တောက်တွေ ဖယ်ရှားသန့်စင်ပေးမဲ့
pebiotics တစ်မျိုးဖြစ်တဲ့ ကြက်သွန်ဖြူတို့
ငှက်ပျောသီးတွေမှာမှာတဲ့ oligofructose 50 mg
ထည့်ပေးထားလို့ ဆေးနဲ့ အစာကနေရမဲ့
အကျိူးပြုဓာတ်တွေကို စုပ်ယူပေးနိုင်စွမ်းကောင်းစေပြီး ကိုယ်တွင်းက toxic ကင်းစေတယ် skin ကအတွင်းကနေကြည်ပြီးHealthy ဖြစ်နေစေ
Rosa prima ကို ဘယ်လိုလူတွေသောက်သင့်လဲဆို
- အသားရေကို သိသိသာသာနဲ့ သဘာဝအတိုင်း
ဖြူပြီး ကြည်ချင်တဲ့သူတွေ
- အမဲစက်များပြီး နေလောင်ကွက် နဲ့ တင်းတိပ်တွေ
အချိန်တစ်ခုအတွင်း ပါးလာစေချင်တဲ့သူတွေ
- aging sign လေးတွေရှိနေလို့ collagen
သောက်ချင် ပေမဲ့ age ငယ်သေးတဲ့ 20 ဝန်းကျင်
ဟိုစပ်ကြား ဒီစပ်ကြားအရွယ်
- အကြောင်းရင်းမရှိဘဲ မဲညစ်တဲ့အသား ၊ နေလောင်လဲ
လွယ်ပြီး skin barrier ထိခိုက်ထားတဲ့သူတွေ
- အသားလဲဖြူချင်တယ် collagen တွေ gluta တွေ
သောက်ရင်ဘေးထွက်ဆ်ိုးကျိုးရှိမှာကြောက်တဲ့လူတွေ
- ဝမ်းမှန်ချင်ပြီး ကိုယ်တွင်းက အဆိပ်တောက်တွေကို
ဖယ်ရှားချင်တဲ့သူတွေ အဓီကထားသောက်သင့်တယ်
သူက rosehip ရယ် vitamin C နဲ့ prebiotic က်ို
အဓ်ိထားပြီး အသားရေကိုဖြူဝင်းလာစေဖို့ ထုတ်ထားလို့ ဘေးထွက်ဆိုးကျိုးအတွက်လုံးဝ စိတ်မပူရဘူး
ဆရာဝန်တွေကိုယ်တ်ိုင်လေ့လာပြီးထုတ်ထားသလို
Made in Australia ကိုမှ Australia ကနေတိုက်ရိုက်
Import ယူထားမို့ quality ပိုင်းစိတ်ချရတယ်
Lactose, gluten, yeast နဲ့ artificial flavors တွေလဲ
မပါလို့ မတည့်တာနဲ့ အလက်ဂျီထတာတွေ ဝက်ခြံတွေ
စုပြီးထွက်လာတာမျိုးမဖြစ်စေဘူး
တစ်ရက် 2 လုံး မနက်တ်ိုင်း ပုံမှန်သောက်ပေး
အသားရေရဲ့ကောင်းခြင်း ကြည်ပြီး ဖြူဝင်းနေလို့
ကိုယ်တ်ိုင်လဲ စိတ်တိုင်းကျပြီး တခြားသူတွေကပါ
ပြန်ကြည့်တိုင်း အားကျရလောက်အောင်ကို skin က
သိသိသာသာ ပြောင်းလဲသွားစေမှာ
Price - 74000 ks , 60 capsule for 1 month
အချိန်မရွေး လာမှထားလို့ရပါတယ်ဗျ
05/05/2025
သိသာတဲ့ အသားရေဖြူဝင်းမှုနဲ့အတူ နေလောင်
အမဲစက်နဲ့ တင်းတိပ်တွေ ပါးလာပြီး
ဘေးထွက်ဆိုးကျိုးကင်းတဲ့ quality မြင့် gluta 1000 mg အထိပါဝင်ထားလို့
လူကြိုက်များနေတဲ့ Vistra ရဲ့ Gluta complex 🫧𓇼𓏲🌤*ੈ‧₊˚
ဒါလေးက admin ကိုယ်တိုင်လဲသောက်ပြီး result ကလဲတော်တော်လေး စိတ်ကျေနပ်ရလို့ recommendပေးရင်း မှာပေးဖြစ်လာတာ သူက တခြားမြင်ကျ gluta တွေလို gluta amount နည်းနည်းဘဲပါတာမဟုတ်ဘဲ
quality ကောင်းပြီး effective ဖြစ်တဲ့ glutathione 1000 mg အဓီကပါဝင်ထားတယ် မြန်မာမှာရှိတဲ့
vistra ရဲ့ gluta တောင် 800 mg အထိဘဲပါတာရယ်
2000mg အထိသောက်သုံးလို့ရတဲ့ ကျွန်တော်တို့
body အတွက်ဆို 1000 mg က အချိန်တစ်ခုအတွင်းအသားရေ ဖြူဝင်းချင်တဲ့လူတွေအတွက်အများကြီး
သင့်တော်ပါတယ်ဗျ
vitamin C ကြွယ်ဝတဲ့ red orange extract နဲ့
နေလောင်ဒဏ်ကြောင့် အသားမဲညစ်တာ အမဲစက်နဲ့တင်းတိပ်တွေကို သိသိသာသာပါးလာစေမဲ့ alpha lipoic
ပါဝင်ထားတယ် ဒါကဘယ် gluta မှမပါဝင်တဲ့ ingredient ဖြစ်လို့သောက်ပြီး 1 လအတွင်းမှာဘဲ
နေလောင်ထားလို့ အသားမဲညစ်တာတွေသက်သာပြီး
နဂိုညိုမဲနေတဲ့အသားက သိသာတဲ့အသားရေ
ဖြူဝင်းလာမှုနဲ့အတူ အမဲစက်ကင်းပြီး ကြည်လင်နေတဲ့အသားရေကိုရစေတယ်ဗျ
ကျောက်ကပ်ကိုမထိခိုက်စေတဲ့အပြင် glycerin
ပါဝင်တဲ့အတွက် ရေသောက်နည်းလဲသောက်လို့ရပြီး
collagen နဲ့ ဝက်ခြံထွက်စေတဲ့ biotin တို့မပါလို့
sea food နဲ့မတည့်တဲ့လူအပြင် ဝက်ခြံသမားတွေပါ
သောက်လို့ရတယ်ဗျ BKK နိုင်ငံသုံး quality ဖြစ်ပြီး
မြန်မာကိုဝင်တဲ့ quality မဟုတ်လို့ quality ကောင်းပြီး ingredient ပိုင်းကလဲ 5မျိုးတည်းနဲ့
ဘေးထွက်ဆိုးကျိုးအတွက် လုံးဝစိတ်ချရတယ်
- gluta ကို quality ကောင်းပြီး စိတ်ချတာသောက်ချင်
တဲ့လူ
- ဆေးခန်းတွေ drip သွင်းရတာမကြိုက်ဘဲ
ဘေးထွက်ဆိုးကျိုးကင်းတဲ့ gluta ကို
သောက်ချင်တဲ့လူ
- နေလောင်ထားပြီးအသားတွေမဲညစ်နေတဲ့လူ
- မွေးကတည်းကအသားညိုလို့ အသားဖြူချင်တဲ့လူ
- အသားကိုဖြူဖြူလေးနဲ့ကြည်နေချင်တဲ့လူ
-အမဲစက်နဲ့ တင်းတိပ်တွေ ပါးလားပြီး အသားရေကို
ထိန်းသိမ်းချင်တဲ့လူ
- gluta သောက်ပြီးဝက်ခြံတွေထွက်လာမှာကြောက်ရင်
- collagen မပါဘဲ gluta သန့်သန့်လေးကို
try ချင်တဲ့လူတွေသောက်သင့်တဲ့ supplyment ပါ
ကိုယ်ရဲ့ Malanin level ၊ နေထိုင်စားသောက်ပုံတွေပေါ်မူတည်ပြီး result ကတော့ကွာသွားတယ်
Gluta ကလဲ result ပြဖို့အချိန်တစ်ခုကြာတယ်
Glutaရဲ့သဘာဝကိုကအခုသောက် ရက်ပ်ိုင်းလောက်နဲ့မဖြူဘူးဗျ admin အလှည့်တုန်းကဆို နေလောင်မဲတာတွေအရင်သက်သာတယ် အမဲစက်လေးတွေအရောင်မှေးကုန်တယ် body skin tone တွေညီပြီးတော့မှ အချိန်တစ်ခုကြာမှစပြီးသိသာသာဖြူတာ
စိတ်တော့ရှည်ရတယ် သောက်ထားရင်လဲ နေတိုက်ရိုက်ရှောင်သလို alcohol လုံးဝရှောင်ရတယ်
price ± 70000 ks, 1 လစာ 30 လုံး
ဘတ်စျေးပေါ်မူတည်ပြီး အပြောင်းလဲရှိပါမယ်ဗျ
( 1 ဗူး instock ) 📍
ဘတ်နဲ့ဆို 580 ဘတ်ပါဗျ ( including local delivery)
27/04/2025
လက်ရှိ အခြေနေ:
16/03/2025
Swisse ရဲ့ grape seed + လေးတွေ ဒီနေ့ဘဲရောက်ပါပြီဗျ 🍇
သူလေးက အသားရေကြည်လင်ပြီး ဝက်ခြံအနာရွတ်နဲ့ အမဲစက်တွေသိသိသာသာ သက်သာသလို
Skin အတွက်လိုအပ်တဲ့ vitamin နဲ့ antioxidant ကို
ဖြည့်စီးပေးပြီး collagen ထုတ်လုပ်မှုက်ိုတိုးစေတဲ့
ဘေးထွက်ဆိုးကျိုး လုံးဝ မရှိတဲ့ dietary supplements လေးပါဗျ age 14 လောက်စပြီး
သောက်လို့ရသလို သောက်ရမခက်ပါဘူး
ရေသောက်နည်းလဲရသလ်ို အသားလဲမပါတော့ vegan သမားတွေလဲသောက်လို့ရပါတယ်နော်
အပြည့်စုံကို ဒီမှာဖတ်ကြည့်ပါဗျ
Admin အနေနဲ့ဒီလိုထုတ်ပိုးမှုကပထမဆုံးဖြစ်တာမို့
ဗူးလေးတွေဝယ်တဲ့နေရာမှာ အဖုံးနဲ့ဗူးက size ကွာလာခဲ့တာမို့ အနည်းငယ်ဟနေပါတယ်ဗျ အဲ့အတွက်
အနူးညွန့်တောင်းပန်ပါတယ်ဗျ တိပ်နဲ့သေချာပိတ်ထားပေးသလို အလွာနှစ်ခုပါဝင်ပြီး ရေနဲ့လေတိုက်ရိုက်
မဝင်အောက် ဆီစိမ်လွာပါတဲ့စက္ကူနဲ့ထပ်မံထုတ်ပိုးပေးထားပါတယ်ဗျ admin ကိုလဲနားလည်ပေးဖို့
မျှော်လင့်ပါတယ်
1 လစာ အလုံး 60 - 25000 mmks
ဒုတိယအသုတ်အတွက် order စပြီးလက်ခံပေးနေပါပြီ
မြန်မာနိုင်ငံမှာရှိတဲ့ skincare authorized
distributor တွေနဲ့ဆက်သွယ်ချင်ပါတယ်
Influencer လဲမဟုတ်သလို beauty vlogger လဲမဟုတ်ပါဘူး ဒီတိုင်း pr gift လ်ိုချင်လို့ပါ
skincare တွေမဝယ်လိမ်းနိုင်တော့လ်ို့ 🥹
16/03/2025
ဒီလိုအချက်တွေကြောင့် sunscreen လိမ်းထားလဲ
နေလောင်ခြင်းနဲ့ နေကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို
ခံစားရနိုင်တယ်ဆိုတာ သိပြီးကြပြီလား ༘˚☀️⋆𐙚。🌊⋆𖦹.🫧✧˚
- လုံလောက်တဲ့ ပမာဏ မလိမ်းတာ
ဒီအချက်ကအရမ်းအရေးကြီးတယ်ဗျ
sunscreen လိမ်းတဲ့အခါ ကြုံတဲ့ amount ကိုကြုံသလို
လက်ထဲထည့်ပြီး လိမ်းလိုက်လို့မရဘူး လုံလောက်တဲ့ ပမာဏကိုဂရုစိုက်လိမ်းရမယ် လက်နှချောင်း ပမာဏတို့ ဘာတို့ ဆိုတာတွေထက် ကိုယ်မျက်နှာနဲ့လုံလောက်တဲ့ amount ကိုလိမ်းပါ ၊တစ်ဗူး 4 - 5သောင်းမို့ နှမြောပြီး 3 - 4 လလောက်ကို တို့စိစိနဲ့လိမ်းရမဲ့ထဲမှာ
sunscreen မပါရဘူးရယ် လိမ်းမှလိမ်းတော့
ထိထိရောက်ရောက် လိမ်းပစ်လိုက်ပါ
- မျက်လုံး နဲ့ နှုတ်ခမ်းတစ်ဝိုက်ကို ရှောင်လိမ်းတာ
နှုတ်ခမ်းသည် လည်းဘဲ သာမန် skin တွေလိုဘဲ
နေလောင်နိုင်တယ် sunscreen သည် skin ရဲ့
ဘယ်နေရာမဆို လိမ်းလို့ရပါတယ် ပါဝင်တဲ့ ingredients တွေကြောင့်တချို့ sunscreen တွေကမျက်လုံးတော့စပ်တယ် ဒါပေမဲ့ အခုနောက်ပိုင်းတော့
updated ဖြစ်လာတဲ့အခါအဲ့လိုမတွေ့ရတော့ဘူး
အဲ့လိုနဲ့ဟိုနေရာရှောင်လိမ်း ဒီနေရာရှောင်လိမ်း
လုပ်ရင် ဗန်ဒါကြီးဖြစ်နေလိမ့်မယ် အဲ့တာမို့
အကြောင်းမရှိဘဲ နှုတ်ခမ်းညိုတာ မျက်ကွင်းညိုတာနဲ့ မျက်လုံးတစ်ဝိုက်မှာအရေးကြောင်းဖြစ်တာတွေ
ဖြစ်တတ်ပါတယ် sunscreen လိမ်းတဲ့အခါ
လည်ပင်းနဲ့ဂုတ်ကိုလဲ လိမ်းမို့မမေ့ပါနဲ့ မျက်နှာလိမ်းတဲ့ဟာမို့ နှမြောရင် spf များတဲ့ body lotion ကိုလိမ်း
- လက်ချောင်းနဲ့မသုံးတတ်တာ
တော်တော်များများ sunscreen ဆိုလေ မျက်နှာပေါ်
တင်ပြီးရင် လက်ဖဝါးတစ်ခုလုံးနဲ့ပွတ်ပစ်တာမျိုး
လုပ်တတ်တယ် မျက်နှာကိုလိမ်းချင်တာလေ
လက်ကိုမှမဟုတ်တာ အဲ့လိုလိမ်းတာက အရမ်း
waste ဖြစ်သလိုလက်မှာဘဲကပ်ကုန်တာ နေရာတော်တော်များများကိုလဲမရောက်စေဘူး
လက်နှစ်ချောင်းနဲ့မျက်နှာအနှံ့ကို သေချာ
ဆွဲလိမ်းပေးပါ အချိန်တော့ပိစိလေးပေးရပေမဲ့
မျက်လုံးနဲ့နှာခေါင်းကြားကထောင့်နေရာတွေကို
သေချာရောက်တယ်
- budget save ဖြစ်တဲ့ sunscreen တွေသုံးတာ
စျေးကြီးမှကောင်းတယ်လိုမဆိုလိုချင်ဘူး စျေးကြီးပြီး
မကောင်းတာတွေရှိတယ် ဒါပေမဲ့စျေးကြီးတဲ့
sunscreen အများစုကကောင်းတယ် spf စိတ်ချရတယ် filter စုံတယ် quality ကောင်းပြီး finish လှတယ်
50 ml ပါတဲ့ sunscreen 1 ဗူးက 1 သောင်းပတ်ခါလည်
ဖြစ်နေရင်တော့ဒါကအဆင်မပြေဘူး နေကလာတဲ့
uv ray တွေ ပတ်ဝန်းကျင်က radical တွေကို
ကာကွယ်ပေးမှာလေ ကောင်းတာလေးသုံးပါ ဗူးကြီး
မသုံးနိုင်ရင် 10 ml; 30 ml; နဲ့အထုတ်လေးတွေ
လာတယ် budget လဲအဆင်ပြေတယ်
- နေမပူလို့ ၊အရိပ်ထဲမှာနေလို့ sunscreen မလိမ်းတာ
လူအများစုမှမဟုတ်ဘူး admin လဲ sunscreen
လိမ်းရမှာအရမ်းပျင်းတာ အိမ်ထဲမှာနေလို့ နေမပူလို့
မိုးအုံ့လိုဆိုပြီးမလိမ်းဘူး နေရောင်တိုက်ရိုက်မခံရပေမဲ့
နေရဲ့ ray တွေ ၊ screen ကလာတဲ့ blue light ၊
ပတ်ဝန်းကျင်ကလာတဲ့ radical တွေကနေမရှိလဲ
တိုက်ရိုက်ထိတွေ့နေရတာမို့ sunscreen လိမ်းဖို့
မပျင်းပါနဲ့ ရွယ်သူတွေထက် 5 နှစ်ပိုငယ်ချင်းရင်
Sunscreen ပုံမှန်လိမ်း အသက်ကြီးလေပ်ိုသ်ိလာလိမ့်မယ်
- sunscreen လိမ်းပြီးနေပူထဲတမ်းထွက်တာနဲ့
reapply ပြန်မလုပ်ကြတာ
ဒါကလေ လူတော်တော်များကမလုပ်ကြဘူးရယ်
sunscreen သည်နေပူထဲမသွား 15 or 30 min မတိုင်ခင်ကတည်းကလိမ်းသင့်တာ အဲ့တာမှ skin အတွက်
ပိုထိရောက်မှာ ပြီးရင် spf 50 + ပါဝင်တဲ့ sunscreen တောင်မှ နေရောင်ကို 2hr အများဆုံးဘဲကာကွယ်ပေးနိုင်တာ ကိုယ်ကမကြာမကြာနေထဲတိုက်ရိုက်သွားရင်
apply ပြန်လုပ်ပေးပါ sun spary or sun stick တွေ
sun cushion တွေဆောင်ထားပါ sunscreen ကြီးတော့ဘယ်သူမှပြန်မလိမ်ချင်ဘူးလေ အပေါ်ကနှစ်ခုကအကောင်းဆုံးဘဲ
ဒါကတော့ admin fav ပေါ့ပေါးပါးပါးနဲ့ အေးပြီး
လိမ်းလိုက်တာနဲ့ စိုပြီး glow နေတဲ့ sunscreen
စေးကပ်တာလဲမရှိဘူး မျက်လုံးလဲမစပ်ဘူး လိမ်းထားမှန်းမသိတာဘဲ စိတ်ကျေနပ်စရာအကောင်းဆုံး sunscreen
03/03/2025
😭
it hurts 💔
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
5 Street
Taungoo