Do You know me

Do You know me

Share

Just. forever life ok

16/03/2026

တစ်ယောက်အတွက်တစ်ယောက် ရှိနေပေးတာ
ဥပမာ - ကိုယ်တစ်ခုခုခံစားနေရချိန် စောက်ရမ်း broke နေတဲ့အချိန်
ပျော်စရာဖြစ်ဖြစ် ပြသနာတွေပဲဖြစ်ဖြစ် မျှဝေခံစားဖို့
တစ်ယောက်ယောက်က အဆင်သင့်ရှိနေပေးတဲ့ခံစားချက်
လုံးဝပြည့်စုံတယ် လုံခြုံသလို နွေးထွေးတယ်
နေ့သစ်ကို ရှေ့ဆက်ဖို့ ပြိုလဲမသွားအောင်
ကူညီပေးထားတဲ့ ထောက်တိုင်လေး တစ်ခု....

အရာအားလုံးကို healing လုပ်ပေးနိုင်တဲ့
Magician လေးတစ်ယောက်
゚viralシ

16/03/2026

အရာရာကို ဆုံးရှုံးလာရချိန်မှာ
ငယ်ဘဝတွေဆီ ခဏလောက်ပြန်ရောက်သွားချင်ခဲ့တယ် ဂျူဒီ။
အနည်းဆုံးတော့ ငါ့ရဲ့ငယ်ဘဝမှာ
နာကျင်စရာဆိုတာ ပြေးလွှားကစားရင်းရခဲ့တဲ့
အရေပြားပေါ်က ဒဏ်ရာတွေကလွဲပြီး
ဘာများရှိခဲ့လို့လဲ။
ကလေးတစ်ယောက်ရဲ့ ဒူးခေါင်းပေါ်က
ပေါက်ပြဲဒဏ်ရာတွေဟာ
ကြီးပြင်းလာချိန်မှာ ခံစားရတဲ့
လူကြီးတစ်ယောက်ရဲ့ နှလုံးသားထဲ က
ဒဏ်ရာတွေထက်တော့
အနာပိုကျက်မြန်ခဲ့တယ် မဟုတ်လား။
-myatnavarro
゚viralシ

14/03/2026

ဟိတ် ဝယ်ပေးဦးလေ...
https://t.me/NayKaMaung
゚viralシ

14/03/2026

Ye Min Htwe

14/03/2026

Story ေလးတင်စေဗျာ
https://t.me/NayKaMaung

14/03/2026

တရွာသူလေး💜

အချစ်ဆုံးမျက်နှာ... မခွဲသာပေါ့
သနပ်ခါးပါးကွက်ကြားနဲ့
အသားညိုစိမ့်စိမ့်... တရွာသူလေးရယ်၊
မြင်မြင်ချင်း ရင်ထဲဗြောင်းဆန်
အချစ်က လှိုင်းတံပိုးလို ရိုက်ခတ်သွားတာ။

ရေခပ်ဆင်းတဲ့ လမ်းကလေးမှာ
မင်းအပြုံးက နေကြာပန်းလိုပွင့်လို့
ငါ့မှာ ငေးကြည့်ရင်း ခြေလှမ်းတွေမှား
တသက်လုံး ဒီရွာမှာပဲ အမြစ်တွယ်ချင်မိရဲ့။

ဒါပေမဲ့...
ရွှေရောင်ဝင်းတဲ့ စပါးခင်းတွေ နောက်ကွယ်မှာ
ငါ့အိမ်ပြန်လမ်းက တာစူနေပြီ၊
အချိန်တန်ရင်တော့... "သွားတော့မယ်" လို့
နှုတ်ဆက်စကားကို ခက်ခက်ခဲခဲ ပြောရဦးမယ်။

ရင်ထဲမှာ အချစ်တွေ အပြည့်နဲ့
တရွာသား တယောက်ရဲ့ အလွမ်းကို
မင်း... သိပါ့မလား တရွာသူလေးရယ်။


゚viralシ

Nay Ka Maung📚 29/12/2025

ကဗျာတို
စာတိုများ ဖတ်ချင်ရင်
အောက်က link မှာ join နိုင်ပါတယ်
https://t.me/NayKaMaung

゚viralシfypシ゚viralシalシfollowers

Nay Ka Maung📚 "ဝဋ်"

28/12/2025

"ပညာတတ် "
ခေါင်းစဥ်လေးကတော့ အင်မတန်ရိုးရှင်းလွန်းတယ်
ဒါပေမဲ့ အဓိပ္ပါယ်လေးတေတော့ ကိုယ်စီလွှဲနေကြတယ်
ဒီစာကြောင်းလေးကို လူတိုင်းရဲ့စိတ်ထဲမှာ စာတေ မတရားတော်တတ်နေမှ ပညာတတ်လို့မှတ်ယူကြမယ်လို့ ကျွန်တော်ကတော့မြင်မိတယ်(personal mindset)
No စာတေတတ်နေမှ ပညာတတ်လို့တော့ မှတ်ယူလို့မရပါဘူး
ကျွန်တော်တို့တေရဲ့ လူဘဝမှာ ပညာနှစ်မျိုးတော့ရှိတယ်
အဲ့နှစ်မျိုးကဘာတေလဲဆိုရင်
၁။အသိပညာ
လူတစ်ယောက်က စာတတ်ရုံနဲ့အသိပညာကြွယ်ဝတာလို့ တစ်ထစ်ချမှတ်ယူလို့မရဘူး ထားပါစို့ ကျွန်တော်ဥပမာတစ်ခုပြောပြမယ်
အသိပညာဆိုတာကြီးကို ဖုန်းဘက်ထရီလိုတွေးကြည့်ကြပါစို့
ဘက်ထရီပြည့်နေရင်
တစ်နေ့လုံး အလုပ်လုပ်လို့ရတယ်။
မပြည့်ရင်တော့
Notification တစ်ချက်လောက်တောင်
စိတ်လှုပ်ရှားစရာမဖြစ်တော့ဘူး
အဲ့လိုပဲ
အသိပညာမရှိရင်
အခွင့်အရေးရောက်လာချိန်
“မလုပ်နိုင်ဘူး” လို့ပဲ ပြောရတတ်တယ်။
အသိပညာရှိရင်တော့
အခွင့်အရေးရောက်လာချိန်
“လုပ်ကြည့်ရအောင်” လို့ ပြောနိုင်တယ်။

အတိုချုပ်အနေနဲ့ပြောရရင် ဘဝမှာ ကြုံရတဲ့အတွေ့အကြုံ မှန်သမျှကိုမှတ်ထားပါ
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ but တစ်ခုတော့မှာချင်တယ်
"ကောင်းသောအရာကို ကောင်းသောနေရာမှာအသုံးချပါ"
ဆိုးသောအရာကတော့ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင်ဟောကြားထားသလို သံသရာမကုန်သေးသ၍ "ဝဋ်" ဆိုတာကြီးက ရှိနေဦးမှာပါ
Always peacefull🤍
နောက်ဆုံးတစ်ချက်ကတော့
၂။အတတ်ပညာ
ဒါကိုတော့ထွေထွေထူးထူးတော့ရှင်းပြစရာတော့သိပ်မလိုပါဘူး
လူတိုင်းလိုရင်းနှီးနေကြ စကားလုံးလေးပါ အတတ်ပညာကိုတော့ အဓိကလိုက်နာကျင့်သုံးစေချင်တယ် ဘာလို့လဲဆိုရင် ကျွန်တော်တို့ငယ်ငယ်က ဖတ်ဖူးတဲ့ ကျောင်းဆောင်ပုဒ်ပေါ့
"ပညာရွှေအိုး လူမခိုးတဲ့"
ငယ်ငယ်ကဆို အဲ့ပညာဆိုတာကြီးကို စာအုပ်ထဲကပညာလို့ မှတ်ယူမိခဲ့ဖူးတယ်
ခုလိုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ
အတတ်ပညာလေးတေ တစ်ခုထက်မကတတ်ထားစေချင်တယ်
ဒါဆိုရင်တော့ စာဖတ်သူတေအနေနဲ့ ပညာတတ်ဆိုတာကြီးကိုကော ဘယ်လိုမြင်ကြလဲ
Comment မှာ တစ်ချက်ဆွေးနွေးပေးကြပါအုံး
နောက်ရက်တေကြမှပြန်ဆုံကြမယ်
Made by life...💛

23/12/2025

“တိတ်ဆိတ်တဲ့ စိတ်တစ်ခုနဲ့ လင်းလက်တဲ့ အသံတစ်ခု ကြားက မျှတမှု”
ကောင်လေးတစ်ယောက်ရဲ့ ကောင်မလေး.......💛
Introvert ကောင်လေးက
စကားနည်းတယ်
အပြင်လောကထက် ကိုယ့်အတွင်းကမ္ဘာကို ပိုကြိုက်တယ်
ချစ်တယ်ဆိုတာကို
စကားနဲ့ မပြောဘဲ
လုပ်ရပ်နဲ့ ပြတတ်တဲ့သူ။
Extrovert ကောင်မလေးကတော့
ရယ်သံချိုချိုနဲ့
လူကြားထဲမှာ အလင်းလို တောက်ပနေတတ်တယ်
ချစ်တယ်ဆိုရင်
မဖုံးကွယ်ဘဲ
လောကကိုပါ သိစေချင်တဲ့သူ။
တစ်ယောက်က တိတ်ဆိတ်
တစ်ယောက်က ဆူညံ
လူတွေက “မကိုက်ညီဘူး” လို့ ပြောကြပေမယ့်
တကယ်တမ်းမှာ
တစ်ယောက်မရှိရင် တစ်ယောက်မပြည့်စုံဘူး။
ကောင်လေးရဲ့ တိတ်ဆိတ်မှုက
ကောင်မလေးကို စိတ်ငြိမ်းချမ်းစေတယ်
ကောင်မလေးရဲ့ အပြောအဆိုတွေက
ကောင်လေးရဲ့ အတွင်းကမ္ဘာကို
အလင်းရောင်ဝင်လာစေတယ်။
နားမလည်တဲ့နေ့တွေ ရှိမယ်
မတူညီမှုကြောင့် ထိခိုက်ရမယ့်အချိန်တွေလည်း ရှိမယ်
ဒါပေမယ့်
နားလည်ဖို့ ကြိုးစားနေသရွေ့
မတူတာက အားနည်းချက် မဟုတ်ဘူး
အပြန်အလှန် ဖြည့်ဆည်းမှု ဖြစ်လာနိုင်တယ်။
တစ်ယောက်က လောကကို တိတ်တိတ်ချစ်တယ်
တစ်ယောက်က လောကကို အသံကြီးနဲ့ ချစ်တယ်
ဒါပေမယ့်
ချစ်ခြင်းတန်ဖိုးကတော့
တူညီနေတုန်းပဲ။
အချစ်ဆိုတာ
ထိန်းချုပ်ခြင်း မဟုတ်ဘူး
ယုံကြည်ခြင်းနဲ့ နားလည်ပေးခြင်းပါ။
မိန်းကလေးတစ်ယောက်ကို
တကယ် နားလည်နိုင်ခဲ့ပြီဆိုရင်
သူ့ဘက်က အမြဲတမ်း
လက်မလွတ်ဘူးဆိုတာ
မေးစရာတောင် မလိုတော့ပါဘူး။ 💛

22/12/2025

" လမ်းပျောက်ခဲ့ဖူးသော ကောင်မလေးတစ်ယောက်အကြောင်း"

တစ်ခါတုန်းက
ကိုယ့်ဘဝကို ကိုယ်ပိုင်ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ခဲ့တဲ့
ကောင်မလေးတစ်ယောက်ရှိခဲ့တယ်။

အိပ်မက်တွေရှိတယ်
ယုံကြည်ချက်တွေရှိတယ်
“ဒီလမ်းကို လျှောက်ရင် အောင်မြင်မယ်” လို့ ထင်ခဲ့တယ်။

ဒါပေမယ့်
တချို့အချိန်တွေမှာ
ကိုယ်ယုံကြည်ခဲ့တဲ့ လူတွေက
ကိုယ်မမျှော်လင့်ထားတဲ့ နေရာတွေကို ခေါ်သွားခဲ့တယ်။

သူမ မမှန်တဲ့ လမ်းကို မရွေးချယ်ခဲ့ဘူး
ဒါပေမယ့်
မှန်မမှန် မသိတဲ့ လမ်းကို
မျက်စိပိတ်ပြီး လိုက်လျှောက်ခဲ့မိတယ်။

အချစ်ကြောင့်လား
ယုံကြည်မှုကြောင့်လား
ဒါမှမဟုတ်
ကိုယ့်ကိုယ်ကို မယုံကြည်နိုင်လောက်အောင် ပင်ပန်းနေလို့လား
သူမ ကိုယ်တိုင်တောင် မသိတော့ဘူး။

လမ်းပျောက်သွားတဲ့အချိန်
အနီးဆုံးလူတွေတောင်
အဝေးဆုံးလို ခံစားရတယ်
ကိုယ့်အသံကိုတောင်
ကိုယ်ကိုယ်တိုင် မကြားနိုင်တော့ဘူး။

ဒါပေမယ့်
လမ်းပျောက်ခဲ့တာက
အဆုံးမဟုတ်ဘူး။

အရမ်းနာခဲ့လို့
အရမ်းငိုခဲ့လို့
နောက်ဆုံးမှာ
သူမ ကိုယ်တိုင်ကို ပြန်ရှာတွေ့ခဲ့တယ်။

လမ်းမှန်ကို
သူမကိုယ်တိုင် မဖန်တီးနိုင်သေးရင်တောင်
အနည်းဆုံး
မမှန်တဲ့လမ်းမှာ
ထပ်မနေတော့ဘူးဆိုတာကို သိလာခဲ့တယ်။

ဒီနေ့
သူမ အပြည့်အဝ ပြန်လည်မကောင်းမွန်သေးပေမယ့်
မနေ့ကထက်တော့
ပိုမိုသန်မာလာခဲ့တယ်။

မင်းရဲ့ တစ်နေ့တာမှာ ဒီစာလေးကို
သတိရလိုက်ပါ

"လမ်းပျောက်ခဲ့ဖူးတာက
မင်းရဲ့ အားနည်းချက်မဟုတ်ဘူး
ပြန်လမ်းရှာရဲတဲ့နေ့က
မင်းရဲ့ အင်အားအစစ်ပါပဲ"...💙

📍 လမ်းပျောက်ခဲ့ဖူးသော ကောင်မလေးတစ်ယောက်ရဲ့ အမှန်တရား



゚viralシfypシ゚viralシalシfollowers

22/12/2025

အချစ်မှာ Trauma ရနေတဲ့ ကောင်လေးတစ်ယောက်အကြောင်း

ဒီနေ့ မှာတော့ စာဖတ်သူတေကို ညလုံးပေါက်ငိုမနေဖို့ အဓိကပြောချင်ပါတယ်........🤍🤍🤍

အချစ်ဆိုတာကို ယုံခဲ့ဖူးတယ်
လူတစ်ယောက်အတွက် အချိန်ပေးခဲ့ဖူးတယ်
ကိုယ့်ရဲ့ စိတ်ရင်း၊ အားနည်းချက်တွေကိုပါ ဖွင့်ပြခဲ့ဖူးတယ်

ဒါပေမယ့်…
အဆုံးသတ်မှာတော့
“နားလည်ပေးမယ်” လို့ ပြောခဲ့သူက
အရင်ဆုံး ထွက်သွားခဲ့တဲ့သူ ဖြစ်လာတယ်

အဲ့ဒီနေ့ကစပြီး
မင်းသားကြီးလို မျက်ရည်မချတော့ဘူး
ဒါပေမယ့်
ယုံကြည်ဖို့ ခက်လာတယ်
လူတစ်ယောက်နဲ့ နီးကပ်ရင်တောင်
စိတ်ထဲမှာ အမြဲ “ထပ်နာရမလား” ဆိုတဲ့ ကြောက်ရွံ့မှုရှိနေတယ်

အပြင်ဘက်မှာတော့
အေးဆေးနေတယ်
ရယ်တယ်
ဟာသပြောတယ်

ဒါပေမယ့်
ညတွေမှာတော့
ကိုယ့်ကိုယ်ကို မေးတယ်
“ငါက မလုံလောက်ခဲ့လို့လား”
“ငါက မချစ်တတ်ခဲ့လို့လား” လို့…
မေးခွန်းတေမေးနေမိတယ်....

Trauma ဆိုတာ
အမြဲငိုနေမှ မဟုတ်ဘူး
တစ်ခါတလေ
မယုံကြည်နိုင်တော့တဲ့ စိတ်
မဖွင့်ရဲတော့တဲ့ နှလုံးသား
အဲ့ဒါတွေကလည်း Trauma ပဲ

ဒီ စာတို​​လေးကို ကြည့်နေတဲ့ မင်းလည်း
အချစ်ကြောင့် နာခဲ့ဖူးရင်
မင်း တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိစေချင်တယ်

နာခဲ့တာက
မင်းအမှားမဟုတ်ဘူး
နာခဲ့လို့
အားနည်းသူလည်း မဟုတ်ပါဘူး

တစ်နေ့တော့
ကိုယ့်ကို အမှန်တကယ် နားလည်ပေးနိုင်တဲ့
အချစ်တစ်ခုနဲ့
ပြန်တွေ့နိုင်မယ်လို့
ကျွန်တော် ယုံနေတုန်းပါ

ဒီစာလေးကနေ
ကိုယ့်စိတ်ကို မပိတ်ထားတော့ဖို့
စတင်တဲ့ ခြေလှမ်းလေးတစ်လှမ်းလေးကို စတင်ပါလို့
အကြံပေးချင်ပါတယ်

💔➡️❤️



#ရုတ်တရက်အတွေး
゚viralシfypシ゚viralシalシfollowers

Want your business to be the top-listed Beauty Salon in Taungoo?
Click here to claim your Sponsored Listing.

Website

Address


Swar
Taungoo
#ပြောက်ကြီး