Shine Wutt Hmon
drug & cousmatic
22/11/2021
မျက်သားတက်တာကို မေးနေကြလို့ ပြန်တင်ပေးလိုက်ပါတယ်
မျက်သားတက်လာခြင်း (Pterygium)
အရင်ကရေးသားခဲ့သလိုပဲ ရေဓာတ်နဲ့လည်း ပတ်သက်နေပါတယ်။
ကျနော်တို့ဟာ နေထိုင်ရတဲ့နေရာပေါ်မှာ မှုတည်နေပါတယ်။ မြန်မာနိုင်ငံက ပူနွေးတဲ့ နေရာတစ်ခုပါပဲ၊ ပြီးတော့ ဖုန်ထူတဲ့နေရာတွေ နေရာတိုင်းမှာ ရှိပါတယ်။
ပုံမှန် ကျနော်တို့မျက်လုံးတွေဟာ အဖြူရောင်ရှိမယ် အမည်းဆံရှိမယ်ပေါ့၊ ထူခြားလာရင် ရောဂါတစ်ခုခုဖြစ်လာရင်တောအရောင်ပြောင်းလာပါတယ်။
မျက်သားပေါ်မှာ အဖြူရောင်လေး ဝါနေရင် အသည်းရောင် အသားဝါ ဖြစ်နေပါပြီ
အဖြူပေါ် အဖြူရောင်အကွက်လေးဖြစ်ပေါ်လာရင်တော့ မျက်သားတက်လာပါပြီ။ တစ်ဖြေးဖြေးနဲ့ ကြီးလာမယ် ပိုပြန့်လာမယ် ပိုပြီးထူထူလာမယ်။
ဘာ့ကြောင့်ဖြစ်တာများလည်းဆို
အပူချိန် UVကာကွယ်မှုမရှိဘဲ အပြင်မှာသွားလာရတဲ့အခါ မျက်ရည်အငွေ့ပျံမြန်လာတော့ မျက်စိကိုထိခိုက်မှုဖြစ်လာတယ်။ ကျနော်တို့ဟာ အမြဲမျက်စိကို ပွတ်လေ့ရှိပါတယ်။လက်ကနေပါလာတဲ့ပိုးတွေက မျက်ရည်မရှိတဲ့အတွက် မျက်သားမှာ ကပ်နေပြီး ပိုးတွေပွားပြီး ရောဂါပြန့်စေတယ်။
ပန်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ် အမှုန်တွေကပ်တော့ ပွတ်မိတယ်။ မိန်းခလေးအများစုက ပန်းတွေချစ်ကြသလို ပန်ကြပါတယ် ပန်းတွေမှာ ကပ်နေတဲ့ ပိုးကောင်လေးတွေ အမှုန်၊ အမျှင်လေးတွေက မျက်စိထဲဝင်ကြပါတယ်။ မျက်ကြည်လွှာကို ပွတ်တိုက်ကြတယ်။
ဖုန်တွေကတော့ ပြောစရာမလိုပါဘူးနော် ဘယ်နေရာကိုင်ကိုင် ဖုန်တွေပဲ အပြင်လေးထွက်တာနဲ့ ဖုန်တွေကပ်နေတတ်တယ်။ YBSဖြတ်မောင်းရင်တော့ ဖုန် ၁ပိဿလောက်က ကပ်လာပြီး အသက်ရှုလမ်းကြောင်းရော မျက်စိကိုပါ ဝင်ရောက်လာရော ကျနော်လည်းဖြစ်ဖူးပါတယ် အခု mask တပ်ထားတော့ ကားတွေကိုယ့်အနားက အရှိန်နဲ့လာနေပြီဆို မျက်စိကို ပိတ်ထားပလိုက်တယ်။
လေကတော့ သိတဲ့အတိုင်းပါပဲ ပန်ကာတို့ air conတို့ကို အနားမှာဖွင့်ထားတာမျိုး ခလေးတွေဆို ပန်ကာအရှေ့နားနေတာတို့ ဆိုတာက မျက်ရည်ကခမ်းလိုက်ထုတ်လိုက်ဖြစ်ပြီး နောက်ပိုင်းမှာ ထိခိုက်လာရတယ်။
အိမ်ရှင်မတွေအတွက် ဘေးအိမ်က မီးခိုးတွေအူလာချည်လား ဟုတ်ပါတယ် မီးခိုးငွေ့ပါ။ မီးခိုးကနေလာတဲ့ အငွေ့တွေဟာ မျက်စိထိရိုက်ခိုက်ပါတယ် မီးခိုးငွေ့ကြားက မျက်စိဖွင့်ပြီး အသည်းအသန်ချက်ရတယ် မလုပ်ရင်တူးကုန်မှာပေါ့။
လေဆာရောင်ခြည် နဲ့ မျက်စိခွဲသူ၊ ထိခိုက်မိသူတွေဟာ Dry eyeကို ခံစားရစေပါတယ်။
ဖြစ်လာမှာတွေကတော့
မျက်စိနီလာမယ် သွေးကြောတွေရဲလာတတ်တယ် အစပိုင်းပေါ့။ ယားလာတယ် ယားရင်တော့သေချာပြီ လက်နဲ့ပွတ်ပြီလေ။ အဖတ်တစ်ခုခုကပ်နေသလိုလို ခုလုခုလုနဲ့နေရထိုင်ရခက်စေတယ်။ အနည်းငယ်ပိုတိုးလာမယ် မျက်စိအမည်းစံနားထိကပ်လာမယ်ပြီးရင် အမည်းဆံကိုပါ အုပ်သွားတဲ့အထိ ဖြစ်လာမယ်။
အုပ်သွားရင်တော့ အမြင်ကိုဖုံးကွယ်သွားတဲ့အတွက် ကောင်းစွာမမြင်ရတော့ပါဘူး။ ထူနေပြီ ခြစ်လို့ရတဲ့အနေအထားရောက်နေတယ်ဆိုမှ တစ်ခါတည်းစောစောခြစ်ပါ။
ဘယ်လိုလုပ်ကြမလည်းဆိုရင်
ဆေးခတ်လို့ရသလို ၊ ခွဲစိတ်လို့လည်းရပါတယ်။
မျက်စဥ်းခတ်တာက မျက်ရည်အစားထိုး မျက်ရည်တုပါ ခတ်နည်းကိုလည်း သိဖို့လိုတယ်။ ခတ်ဆို ခတ်လိုက်ပဲ ပြီးတော့မှ မသက်သာဘူး မထိရောက်ဘူးဆိုတာ နည်းမကျလို့။
ဆေးထည့်နည်း
ထိုင်ခုံ၊ ကြမ်းပြင်၊ မှာ ထိုင်ပါ ခေါင်းကိုမော့ မျက်ခမ်းအောက်မျက်ခမ်းကို လက်နဲ့ဖြဲပါ ပြီးရင် တစ်စက်ချပါ ဆေးဝင်သွားတာနဲ့ ပုတ်ခတ်ပုတ်ခတ်လုပ်ပါ။ ဆေးထည့်တယ် မျက်စိကို ပိတ်ထားတယ်ဆို မထိရောက်သလို၊ မျက်စိကိုအတင်းပိတ်သူကများပါတယ် ထည့်တာမှတစ်စက် အတင်းပိတ်လိုက်တော့ မျက်စိကနေ ထွက်ကျတာနဲ့ ၃ပုံ၁ပုံပဲ ရောက်တော့မှာပေါ့။ မျက်စိကိုအတင်းပိတ်သူတွေ ကြည့်ထား သတိထားပါ။
ဆေးခတ်လို့ မတိုးတော့ဘူးဆိုမှ ဆရာဝန်နဲ့ပြ ထူနေပြီဆို ခြစ်လိုက်ပါ။
မေးကြအုန်းမယ် ထင်တယ် ခြစ်ထားတာပဲ ပြန်ဖြစ်နေလို့ ဟုတ်ပါတယ် ဂရုစိုက်ရမှာတွေရှိပါတယ်။
ခြစ်ထားပြီးပြီဆိုရင် အပြင်သွားရင် နေပါတပ်ပါ၊ အဆောင်းတစ်ခုခုပါမှ သွားလာပါ။ မျက်ရည်တုကို မျက်စိယားတော့မယ်ဆိုရင် ခတ်ပါ။ မျက်မှန်ကို Blue Block မှန်ကို အသုံးပြုပြီးမှ ဖုန်းသုံးတာ TVကြည့်တာလုပ်ပါ။
ဘာတွေလိုက်နာရမလည်း
နေကာတပ်တာ၊ အဆောင်းဆောင်းတာ၊ ကိုယ်အိပ်တဲ့ ခေါင်းအုံး၊ ဖက်လုံး၊ ခြင်ထောင်၊ မွေ့ယာအစွတ် တို့ကို ၄ရက်တစ်ခါ၊ ၁ပတ်တစ်ခါ လဲပေးတာမျိုးလုပ်ရမယ်။ မိန်းခလေးတွေ သုံးတဲ့ အလှပြင် ပစ္စည်းတွေကို အနည်းဆုံး ၆လတစ်ခါ လဲပါ။ ကျန်သေးတာပဲဆိုပြီး ဆက်မသုံးပါနဲ့။
မျက်စဥ်းဗူးတိုင်းမှာ အချိန်ပါပါတယ်
ကိုယ်ဝယ်လိုက်တဲ့ဆေးတိုင်းမှာ dateရှိတယ်။ ကြည့်ဖို့လိုတယ် ဗူးကိုဖွင့်ပြီးတာနဲ့ ၄ပတ်အတွင်း ကုန်အောင်သုံးရပါမယ်။ ကျော်သွားတယ် အများဆုံး၅ပတ်ပေါ့ သူ့ထပ်တော့ ကျော်လို့မရပါဘူး။ ဗူးဖွင့်လိုက်တဲ့သက်တမ်းကျော်သွားတဲ့အခါ ပိုးတွေပေါက်ဖွားလာပါတယ်။ ရောဂါကို ပိုဆိုးစေပါတယ်။
ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြတော့ မေ့တတ်ကြပါတယ်။ သတိရဖို့တော့ မလွယ်ပါဘူး တစ်ခါတစ်လေမှ သတိရတယ်ဆိုရင် တော်တော်လေးကောင်းပါတယ်။ နေ့တိုင်းလိုလို မျက်ခမ်းစပ်တွေ မျက်တောင်တွေကို သန့်ရှင်းပေးရပါတယ်။ မိန်းလလေးဆို ပိုလုပ်သင့်ပါတယ် ကာလာတွေချယ်တတ်ကြလို့ပါ။
ပြီးတော့ မျက်မြှေးလွှာတွန့်သလို လှိုင်းပုံစံလိုဖြစ်နေတာမျိုးတွေက မျက်မြှေးလွှာခြောက်သွေ့ နေလို့အဖြစ်များကြပါတယ်။
သန့်ရှင်းရေးလုပ်နည်း
ရေနွေးပူထဲကို နားကြပ်ဂွမ်း၊ အဝတ်အသန့်လေးကိုစိမ်ပါ၊ မျက်ခမ်းစပ်တွေ မျက်တောင်တွေကို ပွတ်ပေးလျှင် မျက်ခမ်းမှာရှိတဲ့ ပိုးတွေကို သေစေပါတယ်။ မျက်ဝတ်တွေ မတရားထွက်တာ၊ မျက်ခမ်းစပ်အနာ၊ မျက်စိစွံ့တာ၊ မျက်ရည်လမ်းကြောင်းသန့်စေတာ၊ အများကြီးပါ ကောင်းကျိုးတွေ လုပ်ဖို့သာလိုပါတယ်။
Vislube ဆိုတဲ့ မျက်ရည်တုကတော့ ကြာရှည်ခံဆေး မပါဝင်တဲ့အတွက် ရေရှည်စွဲမြဲသုံးလို့ရတယ်။ အလွယ်ဆုံးကတော့ Artificial tear လို့ ဆေးဗူးမှာ ပါရင် မျက်ရည်တုပါ။
ကိုယ်၀န်ဆောင် အမျိုးသမီးတွေ၊ တားဆေး မှီဝဲတဲ့သူတွေနဲ့ သွေးဆုံးတဲ့သူတွေ၊ ကင်ဆာသမားတွေ၊ သွေးတိုးသမားတွေ၊မျက်ကပ်မှန်တပ်ဆင်သူတွေ၊ ဆေးလိပ်သောက်သူတွေ၊ မျက်စိခြောက်သွေ့တဲ့ဝေဒနာ ဖြစ်တာပိုများပါတယ်။ air-con၊ ပန်ကာနဲ့နေသူတွေဟာ အပူအအေး မမျှတမှုကြောက် မျက်စိခြောက်သွေ့ကြပါတယ်။ Computer၊ Phone ကို အချိန်ကြာကြာသုံးသူတွေမှာ မျက်တောင်ခတ်အကြိမ်ရေနည်းပါးခြင်းကြောင့်နဲ့ ထိုအရာတွေကနေလာတဲ့ အပြာရောင်အလင်းတန်းတွေကကြောင့် အချိန်ကြာ အာရုံစိုက်ကြည့်တဲ့အခါတွေမှာ ပိုအဖြစ်များတတ်ကြတယ်။
တစ်နေ့လုံးအလုပ်လုပ်ရသူတွေ၊ အပြင်သွားများသူတွေ၊ ကွန်ပျူတာ နဲ့စာရင်းအင်းကိုင်ရသူတွေဟာ အလုပ်ပြီးတဲ့အခါတွေ အိမ်ပြန်ရောက်တဲ့အခါတွေမှာ မျက်စိနီနေတာတွေ၊ မျက်စိစပ်နေတာတွေ၊ စပ်ဖျန်းဖျန်းဖြစ်တာ၊ မျက်ရည်ပူကျလာတာ၊ မျက်စိအောင့်တာတွေ ဖြစ်တတ်ကြပါတယ်။ သတိထားရပါမယ်။
သက်သာအောင် ဘယ်လိုလုပ်ကြမလည်းဆိုရင်
မျက်စိကို ခဏတာ အနားပေးတာ အာရုံဘယ်လောက်စိုက်စိုက်ပါ မျက်တောင်ကို ၃စက္ကန့် တစ်ခါခတ်ဖို့လိုပါတယ်။ မျက်တောင်ခတ်လိုက်တဲ့အခါ မျက်ရည်တွေကို ပြန့်နှံ့စေတယ်။ ပန်ကာ aircon တွေကို ကျောပေးတာ၊ အဝေးမှာ ထားပြီးဖွင့်တာမျိုးကို သတိပြုလုပ်ပေးရမယ်။ မျက်ရည်အငွေ့ပျံတာ နှေးကွေးစေအောင်ပါ။ ဆေးလိပ်သောက်တဲ့သူတွေအနေနဲ့ ဆေးလိပ်ကလာတဲ့ အငွေ့က မျက်စိကိုရိုက်ရင် စပ်ပြီး မျက်ရည်ပူကျတာ ဖြစ်တတ်တာကို သိမယ်ထင်ပါတယ်။ ဆေးလိပ်သောက်တာ လျော့ပါ၊ မသောက်ရင်တော့ ပိုကောင်းပါတယ်။
မျက်စိကို အတင်းဖိပိတ်တာမျိုး၊ မျက်စိညောင်းလာလို့ အတင်းပိတ်တာမျိုးတွေ မလုပ်ပါနဲ့။
ရေချိုးတဲ့အခါတွေမှာ ယောကျ်ားလေးအများစု ခေါင်းကစပြီး ရေလောင်းချိုးကြတယ်။ နည်းအမှန်ကတော့ ပေါင်အရင်းကို ရေစလောင်းရမယ်၊ ပြီးရင် လက်မောင်းရင်း၊ ပြီးမှာ ခေါင်းလောင်းချိုးပါ။ ဘာလို့လည်းဆိုရင် ခေါင်းကနေစချိုးလိုက်တဲ့အတွက် အပူတွေ ဘယ်နေရာသွားရမလည်း မသိဘဲ အပူနာတွေ၊ မျက်စိနာတာ၊ မျက်စိနီတာတွေ ဖြစ်စေပါတယ်။ မျက်စိပါဝါတိုးတာမျိုးတွေလည်း ဖြစ်စေတယ်။
ကုသခြင်း၊ ကာကွယ်ခြင်း
အပြင်သွားတဲ့အခါတိုင်း နေကာနဲ့ အဆောင်းပါမှသွားပါ။
မျက်ခမ်းသန့်ရှင်းရေးလုပ်ပါ။
ရေနွေးအဝတ်အုပ်ပါ။
မျက်စဥ်းဆေးကို နီ၊ယား၊ခုလုခုလု၊ အောင့်၊ စပ် တဲ့အခါတိုင်းခတ်ပါ။
ဖုန်တွေထူတဲ့နေရာ သတိထားပါ။
လေကို တိုက်ခိုက်ထိတွေ့ခြင်းရှောင်ပါ။
မျက်စိလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။
မျက်စိကို မကြာခဏ အနားပေးတာမျိုးလုပ်ပါ။
မျက်တောင်ကို ၃စက္ကန့် တစ်ခုခတ်ပါ။
လိုတာတွေရှိရင်၊ အမှားပါရင် နားလည်ပေးကြပါလို့ တောင်းပန်ချင်ပါတယ်။
မိတ်ဆွေ၊ လူနာ
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်
မူရင်းရေးသားသည်
Aung Lay
မျက်စိအတွက် လိုအပ်တဲ့ ဆေးဝါးများကို
ကျနော့်ဆီကနေလည်း ဝယ်ယူလို့ရပါတယ် ခင်ဗျာ။
22/11/2021
အခုလို ကာလမျိုးမှာ ပထမ ဝင်ငွေ တစ်ခုထဲပေါ် ရပ်တည်မနေဘဲ ဒုတိယ ဝင်ငွေဆိုတာ ရှာကို ရှာသင့်ပါတယ်နော်😊
✅ရုံး အလုပ်မပျက်
✅ဆိုင် အလုပ် မပျက်
✅အိမ်အလုပ်လည်း မလစ်ဟင်း
✅ဘေဘီလေးတွေကိုလည်း အနီးကပ် ပြုစုစောင့်ရှောက်ရင်း လုပ်ကိုင်နိုင်မယ့် online marketing တစ်ခု လုပ်သင့်နေပါပြီနော်။
✅လုပ်ဖို့ စဥ်းစားနေပြီဆိုရင်တော့🤔 Cowdeys နို့ခဲလေးနဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါရစေရှင်။
🐄Cowdeys🐄 နို့ခဲဟာ
✅နယူးဇီလန် နိုင်ငံမှ နွားနို့ကို ထိုင်းနိုင်ငံတွင် ထုတ်လပ်ထားတာ ဖြစ်ပြီး
✅ထိုင်း FDAကော မြန်မာ FDAပါ ရရှိထားတဲ့အပြင် HALA တံဆိပ်ပါလို့ လူမျိုး ဘာသာမရွေး တိုက်ကျွေးနိုင်ပါတယ်ရှင်😊
✅အရင်းအနှီ အရမ်း မများဘူး၊ ရောင်းရလွယ်တယ်။
✅တရားဝင်တင်သွင်းခွင့်လည်း ရှိတဲ့အပြင်
✅ကိုယ်တိုင်လည်း သား ၂ယောက်ကို တိုက်ကျွေးနေတာမို့ယုံကြည်စိတ်ချစွာ ရောင်းပေးနိုင်တာပါ။
ဒီလောက်ကောင်းတဲ့ အာမခံချက် အပြည့်အဝရှိတဲ့
🐄Cowdeys🐄 နို့ခဲလေးကို ကိုယ်စားလှယ် ဝင်ချင်တယ်ဆိုရင်တော့ CB (or) ☎️09265516257 သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်😊
✅စာသားကို ကူးယူဖော်ပြပါက credit ပေးပါရှင်✅
22/11/2021
ဖွင့်ဖောက်ပြီးသား ဆေးဘူး တွေ အမှုန့်ကို အရည်ဖျော်ထားတဲ့ဆေးတွေ ဘယ်လောက်ကြာအောင် သိမ်းထားပြီး သုံးလို့ရပါသလဲ ?
ဆေးဝါးများဖွင့်/ဖေါက်ပြီးလျှင် ဘယ်အချိန်အထိသုံးနိုင်သလဲ?
ဆေးဝါးတွေကိုဘေးအန္တရာယ်ကင်းကင်းစိတ်ချစွာသုံးနိုင်ဖို့ဟာအရေးကြီးပါတယ်။
ဆေးတွေကိုဖွင့်/ဖောက်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေသတ်မှတ်ထားတဲ့နောက်ဆုံးရက် (expiry date) မတိုင်ခင်အထိပဲအသုံးပြုရပါမယ်။ ဆေးရောင်း/ဆေးထုတ်ပေးလိုက်တဲ့ဆီက လမ်းညွှန်ချက်ကိုလည်း တိတိကျကျလိုက်နာရန် အရေးကြီးပါတယ်။
ဆေးတွေကိုသိမ်းဆည်းထားတဲ့နေရာမှာလည်း အေးမြ၊ ခြောက်သွေ့တဲ့နေရာမှာထားရပါမယ်။ သီးသန့်အံဆွဲ၊ ဆေးသေတ္တာစသည်ဖြင့် သိမ်းဆည်းထားသင့်ပါတယ်။ ရေခဲသေတ္တာထဲထားရမယ်လို့မဆိုလိုပါဘူး။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့လို့မရပါဘူး။ အစိုပြန်လွယ်တဲ့နေရာမဖြစ်သင့်ပါဘူး။
ဖွင့်ပြီးရင် လေလုံအောင်ပြန်ပိတ်ဖို့ အရေးကြီးပါတယ်။ လက်အစိုနဲ့မကိုင်ဖို့ လိုပါတယ်။ လေမလုံရင် လက်စိုနဲ့ထိထားရင် oxidation ဖြစ်ပီး ဆေးလုံးကအစက်အပျောက်တွေဖြစ်တတ်ပါတယ်။ အနံ့/ အရသာ/ ဆေးအရောင်/ပုံစံပြောင်းရင်တော့ မသုံးသင့်ပါ။
ဆေးတစ်ခုချင်းအလိုက်ပြောပါ့မယ်။
💊💊ပါရာစီတမောအရည်ကို ဖွင့်ပြီး သုံးလအတွင်းအသုံးပြုတာအကောင်းဆုံးပါ။
💊💊နှာစေးချောင်းဆိုးပျောက်ဆေးရည် အများစုကတော့ ၆လ ခန့်အထိ အသုံးပြုနိုင်ပါတယ်။
💊💊အားဆေးတွေကလည်း လေလုံရင်၊ ဘူးပေါ်က expiry date မကျော်မချင်း အသုံးပြုနိုင်ပါတယ်။ သံဓာတ်ပါတဲ့ အားဆေးတွေ ကတော့ လေလုံဖို့ပိုလိုပါတယ်။
💊💊ဆေးခဲ၊ ဆေးအတောင့်တွေကို original ဘူးကနေ သီးသန့်ဘူးထဲ ပြောင်းထည့်ပေးလိုက်မယ်ဆိုရင်တော့ ခြောက်လအတွင်းအသုံးပြုနိုင်ပါတယ်။ Original ဘူးနဲ့ပဲ စကတည်းကသုံးမယ်ဆိုရင်တော့ expiry date အထိသုံးနိုင်ပါတယ်။
💊💊အလုံပိတ်ထားတဲ့ဆေးကဒ်တွေ၊ ဝမ်းချူဆေးတောင့်၊ စအိုထဲထည့်တဲ့ပါရာစီတမောဆေးတောင့်တွေကလည်း သေချာစွာသိမ်းဆည်းထားတယ်၊ အရောင်/ပုံစံမပြောင်းဘူးဆိုရင်သတ်မှတ်နောက်ဆုံးရက်/expiry date မတိုင်ခင်အထိသုံးနိုင်ပါတယ်။
💊💊ပိုးသတ်ဆေးရည်ဘူးတွေကလည်းလေလုံအောင်ပိတ်ထားရင် ခြောက်လအထိသုံးနိုင်တယ်ဆိုပေမယ့် အများစုဟာတခါသုံးပမာဏတွေဖြစ်တဲ့အတွက် အနည်းငယ်ပဲကျန်တယ်ဆိုရင်တော့ပြန်မသုံးတာအကောင်းဆုံးပါ။
💊💊ointments and cream- ညှစ်ဆေး၊ လူးဆေးတောင့်တွေကတော့ ဖွင့်ပြီးရင်သုံးလခန့်အတွင်းမှာဘဲသုံးသင့်ပါတယ်။
💊💊ပန်းနာရင်ကြပ်ရှုဆေးဘူးတွေကတော့ expiry date/နောက်ဆုံးရက်မတိုင်ခင်အထိသုံးနိုင်ပါတယ်။
💊💊နား၊ နှာခေါင်း၊ မျက်စိအစက်ချဆေး (Ear/Nose/eyes drops) နှာခေါင်းတွင်းဖျန်းဆေး (Nasal spray) တွေကတော့တစ်လအတွင်းမှာသုံးသင့်ပါတယ်။
💊💊ဆားရည်နှာခေါင်းအစက်ချဆေးဘူးလေးတွေကိုတော့ ဖောက်ပြီးနှစ်ဆယ့်လေးနာရီအတွင်းမှာပဲသုံးသင့်ပါတယ်။
💊💊ဓာတ်ဆားထုပ်တွေကိုလည်းဖျော်ပြီးနှစ်ဆယ့်လေးနာရီအတွင်းမှာပဲ သုံးသင့်ပါတယ်။
အထက်ပါသတ်မှတ်ရက်သတ်မှတ်လတွေကို လိုက်နာတဲ့အပြင် ဆေးဆိုင်၊ ဆေးကောင်တာကသီးသန့်ညွှန်ကြားလိုက်တဲ့အချက်တွေကိုလိုက်နာဖို့၊ နောက်ဆုံးရက်/ expiry date မတိုင်မီသုံးစွဲဖို့၊အေးပြီးခြောက်သွေ့တဲ့နေရာမှာသိမ်းဆည်းဖို့၊ လေလုံအောင်ပြန်ပိတ်ဖို့၊ လက်အစိုနဲ့ မကိုင်ဖို့၊ အရောင်/အနံ့/အရသာပြောင်းရင် မသုံးဖို့ အချက်တွေကလည်း အရေးကြီးပါတယ်။
# #
21/11/2021
#လေဖြတ်မည့်ရှေ့ပြေးလက္ခဏာ_၁၀ချက်
*****************************
၁။ ဦးခေါင်းနောက်စေ့တွင်
ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)
၂။ ခြေ လက် တို့တွင်
မကြာခဏ ကျ ဉ်ခြင်း၊
ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)
၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့
ဆတ်ခနဲ လှုပ်ခြင်း၊ အသားကွက်၍
တဆတ်ဆတ် လှုပ်ခြင်း။
(Fluttering or Tic of eyelids
and facial muscles)
၄။ မကြာ ခဏ ဝမ်းချူ ပ်ပြီး
ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation
and fluctuation)
၅။ ညအိပ်ချိန် ကျ ဉ်ထုံခြင်း၊ လန့်နိုးခြင်း။
(Tingling and numbress
of limbs during sleep)
၆။ ဆီး အနီရောင် သွားခြင်း။
(Redness discolouration of urine)
၇။ ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊
မကြာ ခဏ လွတ်ကျ တတ်ခြင်း။
(Freguent fall down of
objects when bandling)
၈။ ဘယ်ဘက် လက် ကိုက်ခဲပြီး
လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ ဆွဲခြင်း။
(Tingling and aching sensation of
left upper limbs, thumb and lower limbs)
၉။ အမျူ ိးသား များ
အသက် ၄၅-နှစ်ကျော်လျှင်
ရက်ရှည် ခြေ,လက် ထုံ ကျ ဉ်ခြင်း။
(Male over 45yrs,numbers
sensation longtime)
အမျူ ိးသမီး များ
သွေးဆုံးချိန် တွင်
ခြေ,လက် များ ထုံကျ ဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ်
ကွေးရာ မှ ချက်ချင်း ဆန့် မရခြင်း။
(Numbness sensation
during menolpasuse)
၁၀။ ရေချူ ိးပြီး လျှင်
မျက်စိ များ ကြာမြင့် စွာ နီရဲခြင်း။
(Redness of eye after bath
(or) Conjunctivities after bath)
___________________________________
#ကြိုတင်သိရှိပြီးလူသားများအားလုံး
___________________________________
လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ။
Ref; Zin Yaw News
#ကျန်းမာရေးဆိုင်ရာဗဟုသုတများ
Copy - Myat Zaw Oo
03/11/2021
Cowdeys 10ဘူး sold out နဲ့
နံနက်ခင်းလေးကိုအစပြုလိုက်ပါပြီ
😊😊
မေမေတို့အတွက်စိတ်ချမ်းသာရတဲ့ cowdeysမို့
ဝယ်ပြီးရင်းဝယ်ရင်းပါပဲနော်
ရှိုင်းဝတ်မှုန်ဆေးဆိုင်
09265516257
03/11/2021
Vitahome လိုသလောက်မှာလို့ရပါပြီ
ရှိုင်းဝတ်မှုန်ဆေးဆိုင်
09265516257
03/11/2021
Woods' ကတော့ဈေးအနည်းငယ်တက်လာပါတယ်
နှစ်မျိုးလုံးရပါတယ်
ရှိုင်းဝတ်မှုန်ဆေးဆိုင်
09265516257
03/11/2021
စိတ်ချ ၊ Ok ၊ လေဒီယာ တားဆေးတွေရပါပြီနော်
အရေးပေါ်တားဆေးလဲ တံဆိပ်နှစ်မျိုးကဝင်ပါတယ်
အနယ်နယ်အရပ်ရပ်သို့ပို့ဆောင်ပေးပါတယ်
ရှိုင်းဝတ်မှုန်ဆေးဆိုင်
09265516257
03/11/2021
Vitamin C ချိုချဉ် ငုံဆေး E. C ပြန်ဝင်ပါပြီ
လိုသလောက်အော်ဒါတင်လို့ရပါတယ် 🍊🍊
ရှိုင်းဝတ်မှုန်ဆေးဆိုင်
09265516257
07/10/2021
လေဒီယာ လက်တာ ကတော့ “ပရိုဂျက်စတင်ဟော်မုန်း” တစ်မျိုးတည်းပါတဲ့ နို့တိုက်မိခင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ နေ့စဉ်သောက်သားဆက်ခြားဆေး ဖြစ်ပါတယ်။ ကလေးမွေးပြီး ၃ပတ်နေရင်စသောက်ဖို့လိုပြီး အားသာချက်ကတော့ ပရိုဂျက်စတင်ဟော်မုန်း တစ်မျိုးတည်းသာ ပါတာကြောင့် နို့ထွက်နည်းစေတာမျိုးမရှိပဲ နို့တိုက်မိခင်တွေ စိတ်ချလက်ချသောက်လို့ရပါတယ်။ စျေးနှုန်းလည်းသင့်တင့်တဲ့အပြင် ၉၉% ကိုယ်ဝန်တားပေးနိုင်တာကြောင့် မေမေတွေ အရွေးများတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။
လေဒီယာ ဖိုင်း က ဟော်မုန်းနှစ်မျိုးပါဝင်တဲ့ နေ့စဉ်သောက် သားဆက်ခြားဆေး ဖြစ်ပြီး ဟော်မုန်းဆေး ၂၁ လုံးနဲ့ သံဓာတ်အားဆေး (၇) လုံးပါ နေ့စဉ်သောက်ဆေးကဒ် ဖြစ်ပါတယ်။ လေဒီယာရဲ့ ဖိုင်း က ကိုယ်ဝန်ကို ၉၉% ကိုယ်ဝန်တားပေးနိုင်ရုံသာမက အမျိုးသမီးသဘာဝ လစဉ်ဓမ္မတာ လာနေစဉ် အချိန်တွေမှာလဲ နာကျင်ကိုက်ခဲမှု ဝေဒနာတွေကို သက်သာစေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဈေးကွက်ထဲမှာရှိတဲ့ အခြားနေ့စဉ်သောက်ဆေးတွေထက် အဖိုးနှုန်းသက်သာစွာ ဝယ်နိုင်မှာဖြစ်ပါတယ်..
👉 အရေးကြီး အချက်လေးတချက်ကတော့ နေ့စဉ်သောက်ဆေးကဒ်ဆိုတဲ့အတိုင်း နေ့စဉ်အချိန်မှန်မှန် ဆေးသောက်ပေးဖို့တော့ အရေးကြီးပါတယ်နော်..
လေဒီယာ လက်တာ ကတော့ “ပရိုဂျက်စတင်ဟော်မုန်း” တစ်မျိုးတည်းပါတဲ့ နို့တိုက်မိခင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ နေ့စဉ်သောက်သားဆက်ခြားဆေး ဖြစ်ပါတယ်။ ကလေးမွေးပြီး ၃ပတ်နေရင်စသောက်ဖို့လိုပြီး အားသာချက်ကတော့ ပရိုဂျက်စတင်ဟော်မုန်း တစ်မျိုးတည်းသာ ပါတာကြောင့် နို့ထွက်နည်းစေတာမျိုးမရှိပဲ နို့တိုက်မိခင်တွေ စိတ်ချလက်ချသောက်လို့ရပါတယ်။ စျေးနှုန်းလည်းသင့်တင့်တဲ့အပြင် ၉၉% ကိုယ်ဝန်တားပေးနိုင်တာကြောင့် မေမေတွေ အရွေးများတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။
လေဒီယာ ဖိုင်း က ဟော်မုန်းနှစ်မျိုးပါဝင်တဲ့ နေ့စဉ်သောက် သားဆက်ခြားဆေး ဖြစ်ပြီး ဟော်မုန်းဆေး ၂၁ လုံးနဲ့ သံဓာတ်အားဆေး (၇) လုံးပါ နေ့စဉ်သောက်ဆေးကဒ် ဖြစ်ပါတယ်။ လေဒီယာရဲ့ ဖိုင်း က ကိုယ်ဝန်ကို ၉၉% ကိုယ်ဝန်တားပေးနိုင်ရုံသာမက အမျိုးသမီးသဘာဝ လစဉ်ဓမ္မတာ လာနေစဉ် အချိန်တွေမှာလဲ နာကျင်ကိုက်ခဲမှု ဝေဒနာတွေကို သက်သာစေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဈေးကွက်ထဲမှာရှိတဲ့ အခြားနေ့စဉ်သောက်ဆေးတွေထက် အဖိုးနှုန်းသက်သာစွာ ဝယ်နိုင်မှာဖြစ်ပါတယ်..
👉 အရေးကြီး အချက်လေးတချက်ကတော့ နေ့စဉ်သောက်ဆေးကဒ်ဆိုတဲ့အတိုင်း နေ့စဉ်အချိန်မှန်မှန် ဆေးသောက်ပေးဖို့တော့ အရေးကြီးပါတယ်နော်..
04/10/2021
Depo 750
အများဈေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thandwe