ROsika
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ROsika, Yangon, Thanlyin.
03/09/2026
၂၂ နှစ်ဆိုတာ အချိန်အများကြီးပဲ…
မရှိတော့ဘူး၊
ပြန်မလာတော့ဘူးဆိုတာလည်း သိပါတယ်။
တကယ်လို့ အဝေးတစ်နေရာကနေ
သမီးကို မြင်နေရမယ်ဆိုရင်တော့
အဖေ စိတ်ချနိုင်အောင်
သမီး ကောင်းကောင်းနေဖို့ ဆက်ကြိုးစားနေပါမယ်။
I got over 10 reactions on one of my posts last week! Thanks everyone for your support! 🎉
21days challenge
Let's do it
31/08/2026
အတူတူလှကြမယ် သူငယ်ချင်းရေ… 🥰😍😘👭
ဘာဝယ်ဝယ် ကိုယ့်အတွက်ပါ ထည့်စဉ်းစားပြီး ဝယ်ပေးတတ်တဲ့ အစ်မတစ်ယောက်… 🥹
ကိုယ့်သူငယ်ချင်းတွေ အဝေးမှာရှိနေရပေမယ့်
အမြဲတမ်း သူငယ်ချင်းတစ်ယောက်လို၊ အစ်မတစ်ယောက်လို ကိုယ့်ဘေးမှာ ရှိနေပေးတဲ့သူငယ်ချင်းလေး…
ကိုယ့်ကို သတိရပေးတာလေးတွေ၊
အသေးအမွှားလေးကအစ ဂရုစိုက်ပေးတာလေးတွေအတွက် ကျေးဇူးတင်ပါတယ်နော်… 🫶🏻
တချို့လူတွေက ကိုယ့်ဘဝထဲမှာ
သူငယ်ချင်းထက်ပိုတဲ့ နွေးထွေးမှုမျိုးနဲ့ ရှိနေပေးတတ်ကြတယ်။
Motivation က စတင်ဖို့ အားပေးနိုင်တယ်။
Dopamine system က reward နဲ့ motivation process တွေမှာ ပါဝင်တယ်။
ဒါပေမယ့်…
Consistency ကိုတော့ dopamine တစ်ခုတည်းက တည်ဆောက်ပေးမှာ မဟုတ်ပါဘူး။
Consistency အတွက်—
🌱 Realistic goals
🌱 Small habits
🌱 Healthy routine
🌱 Rest
🌱 Patience
🌱 ပြုတ်ကျရင် ပြန်စနိုင်တဲ့ mindset
တွေကို တဖြည်းဖြည်း တည်ဆောက်ယူရပါတယ်။
ဒါကြောင့် motivation မရှိတဲ့နေ့တိုင်း ကိုယ့်ကိုယ်ကို “ငါမလုပ်နှိင်ဘူး” လို့ မပြောပါနဲ့။
You don't need to be motivated every day.
You just need to learn how to keep going, even in small ways.
တစ်နေ့တည်းနဲ့ Perfect ဖြစ်ဖို့ မလိုပါဘူး။
Start small.
Rest when you need to.
Reset when necessary.
But don't give up on yourself. 🤍
27/08/2026
Be Your Own Kind of Beauty
(ဒီစာသားလေးကို သဘောကြလို့ ကိုယ်နားလည်သလို ရေးလိုက်ပီနော်)
လှပမှုဆိုတာ
သူများနဲ့ယှဉ်ပြီး
ဘယ်သူက ပိုလှလဲဆိုတာ မဟုတ်ဘူး
ကိုယ့်မျက်နှာပေါ်က
ကိုယ့်အပြုံးကို ကိုယ်ချစ်တတ်လာတဲ့နေ့
ကိုယ့်ရဲ့ အားနည်းချက်တွေကိုတောင်
နူးနူးညံ့ညံ့ လက်ခံတတ်လာတဲ့နေ့
အဲဒီနေ့ကစပြီး
ကိုယ်ဟာ ကိုယ့်ပုံစံနဲ့ကိုယ်
လှနေပြီးသားပါ
ပန်းတိုင်းက နှင်းဆီဖြစ်ဖို့ မလိုသလို
လူတိုင်းက တစ်ယောက်ယောက်လို
ဖြစ်ဖို့လည်း မလိုဘူး
ကိုယ့်မှာ ကိုယ့်အရောင်ရှိတယ်
ကိုယ့်မှာ ကိုယ့်အလင်းရှိတယ်
ကိုယ့်ဘဝကို ဖြတ်သန်းလာခဲ့တဲ့
အမာရွတ်လေးတွေတောင်
ကိုယ့်အလှရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ
ဒါကြောင့်…
သူများလို လှဖို့ မကြိုးစားပါနဲ့
ကမ္ဘာကြီးက သတ်မှတ်ထားတဲ့ အလှမျိုး မဟုတ်ဘဲ
ကိုယ်ဖြစ်တဲ့အတိုင်း
ကိုယ့်နှလုံးသားနဲ့
ကိုယ့်အလင်းနဲ့
ကိုယ့်ပုံစံနဲ့ကိုယ် လှနေလိုက်ပါ🌷
Sikha🍀
27/08/2026
Motivation က စတင်ဖို့ ကူညီပေးတယ်…
Consistency ကတော့ ရောက်ချင်တဲ့နေရာအထိ ခေါ်သွားပေးတယ်။ 🧠✨
Dopamine hormones အကြောင်းပြောတဲ့အခါ လူအများစုက “ပျော်ရွှင်စေတဲ့ hormone” လို့ပဲ သိကြပါတယ်။
ဒါပေမယ့် Dopamine က pleasure တစ်ခုတည်းနဲ့ မဆိုင်ပါဘူး။ Motivation, reward, learning နဲ့ goal ကို လိုက်ဖို့ဆိုတဲ့ process တွေမှာလည်း အရေးကြီးတဲ့ role ရှိပါတယ်။
တစ်ခုခုအသစ်စလုပ်ချင်တဲ့အချိန်…
Goal အသစ်တစ်ခု ချမှတ်လိုက်တဲ့အချိန်…
ကိုယ်ကြိုက်တဲ့အရာတစ်ခုကို reward အနေနဲ့ ရတဲ့အချိန်…
“ငါ ဒီဟာကို လုပ်ချင်တယ်” ဆိုတဲ့ motivation လေး ဖြစ်လာနိုင်ပါတယ်။ဒါပေမယ့်…Motivation ရှိတိုင်းတော့ Consistent ဖြစ်မယ်လို့ မဆိုလိုပါဘူး။
တစ်နေ့မှာ motivation အပြည့်ရှိနိုင်တယ်။
နောက်တစ်နေ့မှာတော့ ပင်ပန်းနိုင်တယ်။ စိတ်မကောင်းဖြစ်နေနိုင်တယ်။ ပျင်းနေနိုင်တယ်။ Stress များနေနိုင်တယ်။
အဲ့ဒီနေ့တွေမှာ motivation ကို စောင့်နေရင် ကိုယ်စချင်တဲ့အရာတွေက မကြာခဏ ရပ်သွားတတ်ပါတယ်။
Consistency ဆိုတာ တည်ဆောက်ယူရတဲ့ habit တစ်ခုပါ။
Motivation က “I feel like doing it.” ဆိုရင်… Consistency က “I may not feel like doing it today, but I can still do a small part of it.” ဆိုတာပါ။
ဥပမာနဲ့ ပြောရရင် (နေ့တိုင်း 3 နာရီ perfect ဖြစ်အောင်လုပ်ဖို့ မလိုပါဘူး။ တစ်နေ့ 30 minutes လုပ်နိုင်ရင် 30 minutes လုပ်ပါ။ 30 minutes မရရင် 10 minutes လုပ်ပါ။
အရေးကြီးတာက မရပ်လိုက်ဖို့ ပါ။)
ကိုယ်လိုချင်တဲ့ဘဝကို တည်ဆောက်ဖို့
routine တစ်ခုလိုတယ်။
small habits တွေလိုတယ်။
discipline လိုတယ်။
ပြီးတော့ မပြည့်စုံတဲ့နေ့တွေမှာတောင် ပြန်စနိုင်တဲ့ consistency လိုတယ်။
Motivation က ကိုယ့်ကို စတင်ခိုင်းနိုင်တယ်။ဒါပေမယ့်…
Consistency ကပဲ ကိုယ့်ကို တဖြည်းဖြည်း ပြောင်းလဲပေးနိုင်တယ်။ 🌱
So don’t wait to feel motivated every single day.
Start small.
Show up imperfectly.
Repeat.
And slowly, build the life you want.
26/08/2026
ကျန်းမာနေတဲ့အချိန်မှာတော့ ကိုယ့်ခန္ဓာကိုယ်ကို သိပ်မစဉ်းစားမိဘူး။ပျော်တယ်၊ လှတယ်၊ လုပ်ချင်တာလုပ်နိုင်တယ်… အဲ့ဒီအချိန်မှာ ခန္ဓာကိုယ်က ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ။
ဒါပေမယ့် နည်းနည်းလေးနာလာပြီ၊နာကျင်မှုတွေ ရှိလာပြီဆိုတာနဲ့ အရင်က ကိုယ်လှတယ်လို့ ခံယူထားတဲ့ ခန္ဓာကိုယ်ကိုတောင် ကိုယ်မလိုချင်တော့သလို၊ စိတ်တိုင်းမကျတော့သလို ခံစားလာရတယ်။
ပစ္စည်းတစ်ခု ပျက်သွားရင် စွန့်ပစ်ပြီး အသစ်ဝယ်လို့ရတယ်။ ဒါပေမယ့် ဒီခန္ဓာကိုယ်ကတော့ ပျက်လာတဲ့အချိန်မှာ စွန့်ပစ်လို့မရဘူး။ပိုပြီးဂရုစိုက်ရတယ်။ပိုပြီးနားထောင်ရတယ်။ပိုပြီးချစ်ပေးရတယ်။
ဒါကြောင့် ကျန်းမာနေတဲ့အချိန်လေးမှာပဲ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ကြရအောင်။ကိုယ့်ကို လေးလံစေတဲ့အရာတွေ၊
အမြဲဖိစီးနေစေတဲ့အတွေးတွေ၊ ကိုယ့်ဘဝနဲ့ မလိုအပ်တော့တဲ့အကျင့်တွေကို တဖြည်းဖြည်း လျှော့ချကြည့်ပါ။
အလွယ်ဆုံးနည်းလမ်းတစ်ခုကတော့ ကိုယ်တွေးနေကျ အတွေးပုံစံ — thought pattern ကို သတိထားမိဖို့ပါ။
တစ်ခုခုက ကိုယ့်ကို နာကျင်စေတယ်ဆိုတာ သိနေပြီး
မလွှတ်နိုင်သေးလို့ ဆက်ကိုင်ထားမိနေရင် အဲ့ဒီအရာနဲ့အတူ နာကျင်မှုကိုပါ သယ်ဆောင်နေရတာ ဖြစ်နိုင်တယ်။
လိုအပ်တာနဲ့ မလိုအပ်တာကို ခွဲခြားသိလာတဲ့အခါ လွှတ်သင့်တာကို လွှတ်ဖို့က ပိုလွယ်လာတယ်။
အတွေးတွေက အကျင့်တွေကို ဖန်တီးတယ်။
အကျင့်တွေက နေ့စဉ်ဘဝကို ပုံဖော်တယ်။
ကျန်းမာခြင်းဆိုတာ မနာကျင်တဲ့အချိန်မှာပဲ တန်ဖိုးထားရမယ့်အရာ မဟုတ်ဘူး။ကျန်းမာနေတဲ့ ဒီနေ့မှာတည်းက တန်ဖိုးထားရမယ့် လက်ဆောင်တစ်ခုပါ။
ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။
ကိုယ့်စိတ်ကို နားထောင်ပါ။
ကိုယ့်ပျော်ရွှင်မှုကိုလည်း လက်ခံပေးပါ။
အားလုံးပဲ စိတ်၏ပျော်ရွှင်ခြင်း၊ ကိုယ်၏ကျန်းမာခြင်း
နဲ့ ပြည့်စုံကြပါစေ🤍
Sikha🍀
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
Thanlyin