A Kyain Nr Moe Online Shop
AIA Insurance Myanmar Agent
☎️09961411996
18/08/2024
သူငယ်ချင်းတွေနဲ့ ဆုံပြီး လေပေါရင်း
အာမခံအကြောင်းလေး သူတို့သိအောင်ပြောပြ
🥰🥰🥰
11/08/2024
စာချုပ်ရယ် လက်ဆောင်ရယ်
ပစ္စည်း ခုမှ စုံလို့ ပို့ပေးပါတော့မယ်ရှင်
မန္တလေးက ကျန်းမာရေးအာမခံ
(Plan- 4) ကို လင်မယားနှစ်ယောက်စလုံး
တူတူ
တပြိုင်နက် ဝယ်ထားသော
ချစ်သူငယ်ချင်းလေးစီ သို့
AIA က ထုတ်တဲ့ လက်ဆောင်လေးနဲ့အတူ
အချစ်တွေပါ ပို့ပေးလိုက်မယ်နော်
🥰🥰🥰
သူက ဘာပြောသေးလဲ ဆိုတော့
ငါတို့က ကျန်းမာရေးကိစ္စဖြစ်လာရင်
အကောင်းဆုံး ကုသမှု့ ခံယူချင်တာတဲ့
ဖြစ်နိုင်ရင်
နိုင်ငံခြားမှာ ထွက်ကုမှာတဲ့
ဒါပေါ့ ဘယ်သူမဆို အကောင်းဆုံးဆိုတာတွေပဲ ဖြစ်ချင် ရချင်တာလေ
အဲ့တော့ လုံလောက်အောင်သာ ဝယ်ထားသူငယ်ချင်းလို့
အခု သူတို့ဝယ်ထားတဲ့ Plan-4 က
သိန်း(300) အကာအကွယ်ရတာ ဆိုတော့
တော်ရုံတန်ရုံ ရောဂါဖြစ်လို့ကတော့ အေးဆေး ကုပဲ
ရောဂါကြီးကြီးမားမား အတွက် လုံလောက်တဲ့ ပမာဏ မဟုတ်ပေမယ့်လည်း
ခုသာ ခံသာ ရှိတဲ့ ပမာဏ ယူထားတယ် ဆိုတော့လည်း မဆိုးပါဘူး
နောက်တစ်ခုက Plan-4 အထိက ဆေးစစ်စရာ မလိုပဲ ဝယ်လို့ ရတဲ့ အားသာချက် ရှိနေတယ်လေ
ဘာမှ မဝယ်ထားတဲ့သူထက် စာရင်
ဝယ်ထားတဲ့သူက တပန်းသာကို သာပါတယ်
သူငယ်ချင်းတို့ မိသားစု ကျန်းမာသက်ရှည်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပေးနေပါတယ်
ကျေးဇူးအများကြီး တင်ပါတယ်ရှင်
❤️❤️❤️
28/07/2024
24/06/2024
ချစ်ရတဲ့ မိသားစုအတွက်
နောင်ရေး အေးဖို့အတွက်
သိန်း (500)တန် အသက်အာမခံ အကာအကွယ်တစ်ခု ဝယ်ယူလိုက်ပါပြီ😊
(ဆေးလိပ်မသောက်တဲ့အတွက် အပိုဆောင်း +10% ထပ်ရတော့ သိန်း(50) ထပ်ပေါင်းပြီး)
သိန်း(550)တန် အကာအကွယ်လေး ဖြစ်သွားတာပေါ့ကွယ်🌿
သမီးအတွက် သိန်း(550) အမွေတစ်ခု
ပေးနိုင်သွားလို့ ကြိုပြီး ကြည်နူး မိပါတယ်🥰
သေမှ ရတယ်ဆိုပေမယ့် မသေခင်ကတည်းက
ကြိုပေး ထားလိုက်နိုင်ပြီလေ
ဘယ်အချိန်သေမှာ မသိပေမယ့်
သေရမှာ သေချာနေတာမို့
သိန်း(550) ကလည်း ရမှာ သေချာနေပါပြီ🥰
မိဘဆိုတာ ကိုယ့်ရှိတာလေးကို သားသမီးအတွက် ပေးချင်ကြတဲ့သူကြီးပါ
တချို့မိဘတွေက ချွင်းချက်ပေါ့ရှင်
ကိုယ်ရှာ ကိုယ်သုံး ကိုယ့်အတ္တအတွက်ပဲ
ကောင်းကောင်း သုံးနေပြီး
နောင်ခါလာ နောင်ခါဈေး
ကိုယ်မှ မရှိတော့တာ သူတို့ဖြစ်ချင်သလိုဖြစ် ဆိုတဲ့ မိဘတွေ အတွက်ကတော့
အာမခံက မလိုအပ်ပါဘူးရှင်🙅
ကြိုမမြင်နိုင်တဲ့ နေ့ရက်တွေအတွက်
ပူပန်မှု့ကင်းကင်းနဲ့ ဖြတ်သန်းချင်တဲ့ သူတွေကတော့
ရှိတာလေးနဲ့ အဆင်ပြေအောင် နေပြီး
အကာအကွယ်ဖြစ်တဲ့ အာမခံကိုတော့ ရအောင်ဝယ်တက်ကြပါတယ်
မိသားစုကို ဦးဆောင်နေသူက အရည်အချင်းပြည့်ဝလေ အဲ့မိသားစုက တိုးတက်လေပါပဲ🌿
ခဏတာအဆင်မပြေတာကို သည်းခံပြီး
ဘဝတာနောင်ရေးအတွက် ရှေ့ရှု့လို့
အာမခံအကာအကွယ်လေးကို ဝယ်ထားလိုက်မယ်ဆိုရင် ကြိုပြီး ကြည်နူးနှစ်သိမ့်မှု ကို ခံစားရမှာ
အသေအချာပဲ ဆိုတာကို
ကိုယ်တွေ့လေးနဲ့ ခံစားပြီး ရေးသားလိုက်ရပါတယ်ရှင်
မကေ ကတော့ မိခင်တစ်ယောက်ဖြစ်သလို
AIA Insurance Myanmar Agent တစ်ယောက်လည်း ဖြစ်ပါတယ်ရှင်
Viber/ WhatsApp/ Telegram
☎️09961411996
22/06/2024
စိတ်ကျေနပ်မှု့ ကို ဖြည့်စွမ်းချင်လို့
ပင်ပင်ပန်းပန်း ရှာထားရတဲ့ ငွေကို
အလွယ်တကူ သုံးကြတာ မဟုတ်လား⁉️
ရုပ်ဝတ္ထုပစ္စည်းတွေက ဝယ်တုန်းခဏပဲ
ကိုယ့်ကို စိတ်ကျေနပ်မှု့ ပေးနိုင်တာပါ
ပြီးရင် အသစ်အသစ်တွေ ထပ်လိုချင်ပြန်ရော💢
ကျမတို့ရောင်းပေးနေတဲ့ အာမခံကတော့
ဝယ်ပြီး 💥ဘယ်အချိန် ရောက်ရောက်
💥ဘယ်လိုတွေးတွေး 💥စိတ်ကျေနပ်မှု စိတ်အေးချမ်းသာမှု့ကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်ရှင်
အာမခံ ဝယ်လိုက်မိလို့ နောင်တရလိုက်တာ ဆိုတဲ့ လူမျိုး မတွေ့ဖူးသေးပါဘူး
ဝယ်ခွင့်မရတော့လို့ မဝယ်ထားလိုက်မိလို့ ဆိုပြီး နောင်တရ ကြေကွဲနေရတဲ့ သူတွေကတော့
အများကြီး တွေ့နေရပါပြီ
အာမခံက 💥ဘယ်လိုထားရတာ
💥ဘယ်လို ပြန်လျော်ပေးတာ ဆိုတာလေးကို
ဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်
အာမခံကုမ္ပဏီတွေက အများကြီးရှိတာမို့
ကုမ္ပဏီသက်တမ်း ခိုင်မာမှု့ ကို သေချာကြည့်ပါ
ရပိုင်ခွင့်တွေလည်း မတူပါဘူးနော်
💢အသက်အာမခံ
💢ကျန်းမာရေးအာမခံ
💢ကလေးပညာရေး အာမခံ
💢နှစ်တိုငွေစုတဲ့အာမခံ မျိုးတွေ
စိတ်ဝင်စားတယ် ဆိုရင်တော့
ကျမတို့ AIA Insurance Myanmar
ကုမ္ပဏီကို သတိရလိုက်ပါ
လူကြီးမင်း သိချင်တာတွေ ရှင်းပြပေးဖို့အတွက်
အချိန်အနည်းငယ် ပေးဖို့ပဲ လိုပါတယ်ရှင်
Viber/ WhatsApp/ Telegram
09961411996
17/06/2024
အာမခံဆိုတာ အမျိုးမျိုး ရှိပါတယ်💢
ပစ္စည်းတစ်ခုဝယ်လို့ ဒီပစ္စည်းတစ်နှစ်အတွင်း ပျက်ရင် ပြန်ပြင်ပေးတယ်လို့ အသစ်အစားထိုးပြန်ပေးတယ်လို့ ဆိုပြီး အလျော်အစားနဲ့
အာမခံပေးတာမျိုးက လူတိုင်းသိကြပါတယ်
ကျန်းမာရေး အာမခံ
အသက် အာမခံ ဆိုတာမျိုးက
ဘယ်လိုမျိုး အာမခံပေးတာလဲ ဆိုတာတော့
လူတွေ သိပ်မသိ ကြသေးပါဘူး
(အထူးသဖြင့် မြန်မာပြည်က လူတွေပေါ့)
ကိုယ်ဝယ်ထားတဲ့ အာမခံကုမ္ပဏီပေါ်မှာ
မူတည်ပြီး သွင်းရတဲ့ငွေ ပြန်ရတဲ့အကျိုးအမြတ်တွေက အနည်းငယ်ကွာဟမှု ရှိပါတယ်
ကျန်းမာရေးအာမခံမှာတောင်
ကျမတို့ AIAမှာ
ရိုးရိုးကျန်းမာရေးအာမခံ
နဲ့
အလုံးစုံ(OHS)ကျန်းမာရေးအာမခံ ဆိုပြီး ရှိပါတယ်
ကိုယ်ကြိုက်နှစ်သက်ရာ ရွေးဝယ်လို့ ရပါတယ်..
အသက်အရွယ် ကျား/မ ပေါ်မူတည်ပြီး
သွင်းရတဲ့ငွေ ကွာပါတယ်..
လျော်ကြေးက ဘယ်လိုပြန်ပေးသလဲဆိုတော့..
မတော်တဆ ထိခိုက်မှု့ဖြစ်လို့ အရေးပေါ်ရောက်တာပဲဖြစ်ဖြစ်
ဘာကြောင့်ပဲ ဖြစ်ဖြစ်
ဆေးရုံတက်ရတဲ့ အခါတွေမှာ ဆေးကုသစရိတ်ကုန်ကျငွေကို ကုန်ကျသလောက် ပြန်လျော်ပေးတာမျိုးပါ
အသေးစိတ်သိချင်ရင်တော့ ဆက်သွယ်မေးမြန်းလို့ ရပါတယ်ရှင့်
Viber,WhatsApp,Telegram 09961411996
16/06/2024
မဖြစ်စေနဲ့ မဖြစ်စေနဲ့🙅🙅🙅
မိုးလင်း မိုးချုပ် အပင်ပန်းခံ အလုပ်လုပ်ပြီး ရှာနေကြတာ
ဘယ်သူ့ အတွက်လဲ⁉️
ကိုယ်နဲ့ကိုယ့်မိသားစု အတွက်ပဲ ဖြစ်ပစေနော်
ဆရာဝန်တွေ အထူးကုဆေးရုံတွေ အတွက်
ရှာနေတာ မဖြစ်စေနဲ့🙈
ကျန်းမာနေတုန်း ကျန်းမာရေးအာမခံ
တစ်စောင်လောက်တော့ ဝယ်ဖြစ်အောင်ဝယ်ထားပါ
သိတယ် မဟုတ်လား💢
ကျမတို့တွေက သံမဏိလူသားတွေ
မဟုတ်တော့
အသွေးနဲ့အသားနဲ့ အရိုးအဆစ်နဲ့ တည်ဆောက်ထားတဲ့ ခန္ဓာမို့လို့
ရောဂါ အနာတရ မတော်တဆ ထိခိုက်မှု့တွေ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်🕰️
ဘာကြောင့်ပဲ ဖြစ်လာ ဖြစ်လာ
အာမခံအကာအကွယ် ယူထားတော့
ငွေရေးကြေးရေးပိုင်း အာရုံစိုက်စရာ
မလိုပဲ အကောင်းဆုံးဆိုတာတွေနဲ့ ကုသနိုင်ပြီလေ
ကျန်းမာရေးကိစ္စ ပေါ်လာရင်
အကောင်းဆုံးဆိုတာတွေနဲ့ ကုသနိုင်ဖို့အတွက်
မင်းအတွက် လိုနေတာ ကျန်းမာရေးအလုံးစုံအာမခံ တစ်စောင်ပါနော်💥💥💥
15/06/2024
ကင်ဆာတဲ့
ဖြစ်လာရင် ပျောက်ဖို့ မလွယ်ဘူးနော်
ငွေကုန်သံပြာ ဖြစ်ကြတာ များတယ်💢
စောစောစီးစီး သိတဲ့သူ
ငွေနိုင်တဲ့သူတွေတော့ အသက်ရှည်ရှည်
နေရပါတယ်
မျိုးရိုးထဲမှာ ကင်ဆာရောဂါရှိမှ
ဖြစ်နိုင်တယ်ဆိုပြီး လူတွေက ထင်ကြတာ
လက်ရှိမှာတော့ ပျှမ်းမျှ လူ(၅)ယောက်မှာ
(၁)ယောက်နှုန်းလောက် အထိကို
ကင်ဆာရောဂါ ဖြစ်နေကြပြီရှင့်💢
အထူးသဖြင့် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ
မြန်မာနိုင်ငံ ပါ အပါအဝင်ပေါ့
(၅)ယောက်ထဲက (၁)ယောက်မှာ
ကိုယ်မဖြစ်နိုင်ပါဘူးလို့ အာမခံရဲလား⁉️
No ပါ
ဘယ်သူမှ အာမမခံနိုင်ပါဘူး🙅
ကြိုတင်လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုတော့
ရှိပါတယ်
ငွေ စုဆောင်း ထားဖို့ပါပဲ💢
တသက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး
ရှာထားတဲ့ငွေတွေက ကင်ဆာရောဂါ
ကုရင်း
ကုန်သွားမယ် ဆိုရင်တော့
မဟန်သေး ပြန်ဘူးနော်🙅
အဲ့လို ကြုံလာခဲ့ရင်
ကိုယ့်စုဆောင်းငွေလေး မထိပဲ
အကောင်းဆုံးဆိုတဲ့ ကုထုံးတွေပါ
ကုနိုင်လောက်တဲ့အထိ ကင်ဆာအတွက် ဆိုပြီး
အာမခံသီးသန့် ထပ်ဝယ်လို့ ရပါတယ်💢
💥💥💥
ကင်ဆာအာမခံ ဝယ်ချင်ရင်တော့
👉ကျန်းမာရေးအလုံးစုံအာမခံ (OHS)
👉အသက်အာမခံ (UL)
တစ်ခုခု နဲ့ တွဲဝယ်မှ ဝယ်လို့ ရပါမယ်
သူ့သီးသန့် ဝယ်လို့ တော့ မရပါဘူးရှင်🙅
အသေးစိတ်သိချင်ပါက ဆက်သွယ်နိုင်ပါသည်
Viber /WhatsApp /Telegram /Messenger
☎️၀၉၉၆၁၄၁၁၉၉၆
13/06/2024
🔺အာမခံစနစ်ဖြစ်ပေါ်လာပုံအဆင့်ဆင့်
"Evolution of Insurance"
📌လူ့သမိုင်းရဲ့ ထောင်စုနှစ်များတလျှောက် လူသားများဟာ ကြုံတွေ့ရတဲ့ ဆုံးရှုံးနိုင်ခြေ (risk) တွေကို ကာကွယ်ရင်းနဲ့ ဒီနေ့မျက်မှောက်ခေတ်မှာ ကျင့်သုံးနေကြတဲ့ အာမခံစနစ်မျိုးအထိ ဖြစ်ပေါ်တိုးတက်ခဲ့တာပါ။
📌ရှေးခေတ်ဉီးအာမခံစနစ်ပုံစံဟာ ယခုခေတ်နဲ့ တော်တော်လေးကွာခြားခဲ့ပါတယ်။ စက်မှုတော်လှန်ရေးပေါ်ပေါက်လာကာ လူဦးရေတိုးပွားလာတာတွေကြောင့် အာမခံအကာအကွယ် လိုအပ်ချက်ဟာ နယ်ပယ်အသီးသီးမှာ ကျယ်ပြန့်တိုးပွားလာပါတယ်။ ဒီကနေ့ကာလအထိ တဖြည်းဖြည်းတိုးတက်လာပါတယ်။
📌အတိတ်သမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုလည်း အာမခံလုပ်ငန်းဟာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးနဲ့အတူ တိုးတက်ထွန်းကားလာတာကို တွေ့ရပါတယ်။ ဆုံးရှုံးနိုင်ခြေများလွန်းတဲ့အတွက် ကုန်သည်တွေက လုပ်ငန်းကို မတိုးချဲ့ရဲဘူး။ အာမခံလုပ်ငန်း ဒါမှမဟုတ် တနည်းနည်းနဲ့ ဆုံးရှုံးနိုင်ခြေ (risk) ကို မျှဝေတဲ့ ပုံစံကို ကျင့်သုံးလိုက်ကြတဲ့အခါ ဆုံးရှုံးမှုကြောင့် သက်ရောက်လာတဲ့ ငွေကြေးဆိုင်ရာ ထိခိုက်မှုတွေကို လျော့နည်းစေတယ်။ ဒီလို ဆုံးရှုံးမှု လျော့နည်းသွားတဲ့ အတွက် ကုန်သည်တွေက လုပ်ငန်းတွေကို ပိုမိုတိုးချဲ့လာကြတယ်။
📌”ရှေးဉီးကာလ တရုတ်တို့ ကျင့်သုံးခဲ့တဲ့ အာမခံပုံစံ"
လွန်ခဲ့တဲ့ နှစ် ၅၀၀၀ကျော် ဘီစီ ၃၀၀၀ကျော်လောက်ကတည်းက တရုတ်ကုန်သည်တွေဟာ ဆုံးရှုံးနိုင်ခြေ (risk)ကို မျှဝေတဲ့ စနစ်ကို ကျင့်သုံးခဲ့ကြတယ်။ တရုတ်ကုန်သည်တွေဟာ ယန်စီမြစ်တလျှောက်လှေတွေအသုံးပြုပြီး ရောင်းဝယ်ဖောက်ကားခဲ့ကြတယ်။
အဲဒီလို ရောင်းဝယ်ဖောက်ကားနေကြရင်း လမ်းခရီးမှာ ရာသီဉတုကြောင့် ဒါမှမဟုတ် မတော်တဆတခုခုကြောင့် လှေနှင့်ကုန်စည်များ ဆုံးရှုံးမှု ဖြစ်ပေါ်လေ့ရှိပြီး တဦးချင်းစီအဖို့ စီးပွားရေးနလန်မထူနိုင်အောင် ဖြစ်ကြရတယ်။ ဒါကြောင့် နည်းလမ်းရှာကြတယ်။ ကုန်သည်တဦးချင်းစီဟာ ကိုင်ပိုင်ကုန်ပစ္စည်း အားလုံးကို လှေတစင်းတည်းပေါ်မှာ မတင်တော့ဘဲ ကုန်သည်အသီးသီးက သူတို့ရဲ့ ကုန်စည်အသီးသီးကို လှေအသီးသီးပေါ်မှာ အချိုးကျ မျှတတင်ဆောင်ကြတယ်။ တကယ်လို့ လမ်းခရီးမှာ ရေကြောင်းအန္တရာယ် တခုခုကြောင့် လှေတစီးနစ်မြူပ် ဆုံးရှုံးခဲ့ရင်လည်း တဦးစီ တဦးစီဟာ ဆုံးရှုံးမှု အနည်းငယ်စီပဲ ခံစားကြရမှာဖြစ်တယ်။
ဒီကုန်စည်ပို့ဆောင်တဲ့ ပုံစံဟာ တဦးတယောက်ခံစားရမယ့် ကြီးမားတဲ့ ဆုံးရှုံးမှုကို အများကခွဲဝေခံစားတဲ့ အတွက် အာမခံသဘောတရားကို အခြေခံတာဖြစ်တယ်။
📌”ဘေဘီလုံခေတ် အာမခံသဘောတရား"
ဘေဘီလုံခေတ် အုပ်စိုးခဲ့တဲ့ ဟမ္မူရာဘီဘုရင်လက်ထက် ဘီစီ ၂၀၀၀ခန့်မှာ ဟမ္မူရာဘီကိုဓ ဉပဒေများကို ထုတ်ပြန်ခဲ့ပြီး ကျောက်စာတိုင်မှာ မှတ်တမ်းတင်ခဲ့တယ်။ အဲ့ဒီဉပဒေထဲမှာ အာမခံသဘောတရားအချို့ကို အောက်မှာတွေ့နိုင်တယ်။
စာပိုဒ်-၂၃ “အကယ်၍ မြင်းစီးဓားပြအား ဖမ်းဆီးရရှိခဲ့ခြင်း မရှိခဲ့သော် ဓားပြတိုက်ခံရသူသည် မိမိ၏ ဆုံးရှုံးမှုကို ကျမ်းကျိန်ဆို တင်ပြရန်နှင့် အဆိုပါအမှုအား ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိခဲ့သော် ဓားပြမှုဖြစ်ပွားခဲ့သည့် နယ်မြေအုပ်ချုပ်သူ တာဝန်ခံက ထိုနစ်နာသူအား ပြန်လည်၍ ရင်းစားပေးရမည်။
(Element of Law and Insurance (Subject 100). The Australian Insurance Institute Diploma Course 1986 edition.)
စာပိုဒ်- ၂၄ “အကယ်၍ အသက်တချောင်း ဆုံးရှုံးခဲ့လျှင် သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်သူက သေဆုံးသူ၏ မိသားစုကို ငွေသား ၁မီနာ ပေးရမည်။
(Element of Law and Insurance (Subject 100). The Australian Insurance Institute Diploma Course 1986 edition)
***ဆက်ပါမည်။***
🙏ဆရာကြီး ဦးမြင့်ဆွေထံမှ လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။
Crd
30/05/2024
အသားလည်း ဖြူစေတယ်
ဈေးလည်း တော်
ရွှေလက်စွပ် ကံစမ်းမဲလေးလည်းပါတော့
သုံးပျော် နေပါပြီ 🥰
#ပန်းပွင့်စိမ်းအသားဖြူဆပ်ပြာ
☎️09961411996
27/04/2024
အိမ်လာဝယ်လို့ ရောင်းပေးလိုက်ပါပြီ
သားလေးအတွက်တဲ့ မေမေက
ပန်းပွင့်စိမ်းဆပ်ပြာ (၁၀)ခဲနဲ့အတူ
ပန်းသီးစိမ်းစီရမ်လေး (၁)ထုပ်ပါ
ဝယ်သွားပေးပါတယ်ရှင့်🧼🥦🍏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Highway Main Road
Thaton
12041