HLAING’Dream & Hope

HLAING’Dream & Hope

Share

Health care and Local items � Japan and Myanmar

Mobile uploads 10/04/2023

သူများစိတ်နဲ့ အသက်ရှင်ခဲ့ရတာ လုံလောက်ပြီနော် ကလေးရေ။ မင်းဘဝအတွက်စဉ်းစားပါတော့။ မင်းပျော်ရွှင်မှုအတွက်စဉ်းစားပါတော့။ ဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့ အဝေးကိုငေးကြည့်ရင်း လေလွင့်ခိုင်းထားတဲ့ မင်းရဲ့အတွေးတွေကို ပြန်စုစည်းပြီး အသစ်အသစ်သောအရာတွေကို စတင်ပါ ကလေး။ အခုအချိန်က မင်းအတွက် ပြန်ကြည့်ပြီး ဖြည့်ဆည်းဖို့ အရေးကြီးနေပြီ။ မင်း ရဲ့ ဖြူစင်မှု အနစ်နာခံပေးဆပ်မှုတွေကို လူတွေကိုယ်စား ဘွားဘွား ကျေးဇူးတင်ပါတယ်။ သူတို့မမြင်ပေမယ့် ဘွားဘွား မြင်တယ်လေ။

Mobile uploads 22/11/2022

😞😞😞

(၁) စိတ်ဖိစီးနေပြီဆိုရင် ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်တတ်လဲ?

စိတ်ဖိစီးမှု ဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ ပြောင်းလဲသွားတတ်ပါတယ်။ ဒါ့ကြောင့်

👉🏽 နဖူးစပ်နဲ့ မေးရိုးတစ်လျှောက်မှာ ဝက်ခြံတွေထွက်မယ်

👉🏽 မိန်းကလေးတွေ ရက်ပိုင်းကနေ ၁ လလောက်ထိ ဓမ္မတာနောက်ကျမယ်၊ တစ်ခါတစ်လေ ၂ ပတ်ခြား တစ်ခါ လာမယ်

👉🏽 အဖြူဆင်းတာကိုမှ ခပ်ပျစ်ပျစ်နဲ့ အနံ့ဆိုးထွက်နေမယ်

👉🏽 Allergy တွေ အဖိမ့်လိုက်ဖြစ်လာမယ်

👉🏽 သာမန်ထက်ပိုပြီး ချွေးထွက်များမယ်

👉🏽 အရမ်းအိပ်လွန်းတာ၊ ညဖက်တွေ လုံးဝ အိပ်လို့မရတာတွေ ဖြစ်မယ်

👉🏽 အရမ်းစားလွန်းတာ၊ အစာစားချင်စိတ်မရှိတာမျိုးတွေကြောင့် ဝိတ်ထိုးတက်၊ ထိုးကျမယ်

👉🏽 ခေါင်းကိုက်နေမယ်

👉🏽 ဆံပင်တွေ ရှယ်ကျွတ်မယ်

👉🏽 Short tempered ဖြစ်ပြီး လုံးဝကို စိတ်မရှည်ဘူး

👉🏽 မြင်မြင်သမျှ စိတ်တိုင်းမကျနေမယ်

👉🏽 လိင်မှုကိစ္စအပေါ် လုံးဝစိတ်မပါဘူး

👉🏽 အအေးမိသလိုလို၊ မအီမသာဖြစ်သလိုလိုနဲ့ နေလို့မကောင်း ခဏတိုင်းဖြစ်မယ်

👉🏽 အာရုံစူးစိုက်မှု လုံးဝမရှိနေဘူး

👉🏽 တစ်ယောက်တည်းပဲ နေချင်တယ်

👉🏽 ဆူညံသံတွေကို မခံစားနိုင်ဘူး

စတဲ့လက္ခဏာတွေထဲက ၃ ချက်နဲ့ အထက် ကိုယ့်ဆီမှာဖြစ်နေပြီဆိုရင်တော့ သင်ဟာ စိတ်ဖိစီးမှုကို ခံစားနေရပြီဆိုတာ အသေအချာပါပဲ။ ကိုယ့်ဘေးနားကလူူမှာလည်း ဒီလိုအချက်တွေ တွေ့နေရပြီဆိုရင် သူ့ကို သတိပေးပြီး ကူညီပေးပါနော်။

01/10/2022

လိုတစ်မျိုး၊ မလိုတစ်မျိုး
~~~~~~~~~~~~~~~
#ဘဝမှာ "လိုတစ်မျိုး မလိုတစ်မျိုး" အပြောင်းအလဲ မြန်တဲ့သူတွေနဲ့လည်း တွေ့နေရမှာပါပဲ။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ လောကဓံ တစ်မျိုးပါ။ လိုတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ရောက်လာကြမယ်။ မလိုတော့တဲ့အခါ အကြောင်းပြချက် အမျိုးမျိုးနဲ့ ရှောင်သွားကြမယ်။

#ဒီအတွက် သိပ်ခံစားနေဖို့ မရှိဘူးလေ။ ကိုယ်ကသူတို့ကို ခေါ်ထားတာမှ မဟုတ်တာ။ သူတို့လိုလို့ရောက်လာတယ်။ မလိုတော့ ကိုယ့်ကိုဖယ်သွားတယ်။ လိုလိုက် မလိုလိုက်က သူတို့ဖာသာ ဖြစ်နေတာ။ ကိုယ်က အနေသာကြီးပါ။ သူ့ဖာသာသူ ပြောင်းနေတာ ကိုယ်ကဘာဖြစ်လို့ လိုက်ခံစားနေမှာလဲပေါ့။ ကိုယ့်အတွက်ကတော့ သူတို့လိုခြင်း၊ မလိုခြင်းထက် ကိုယ့်မှာ အပြစ်တွေ ပိုခြင်း၊ မပိုခြင်းက ပိုအရေးကြီးတာပါ။ မလိုတော့လည်း ကိုယ့်မှာအပြစ်တွေ မပိုတော့ဘူးပေါ့။ လိုနေရင် အပြစ်တွေက ပိုရင်ပိုနေတတ်တာပဲ မဟုတ်လား။

#ရိုးရိုးလေးပဲ_တွေးလိုက်ပါ။ #အမျိုးမျိုး_မတွေးပါနဲ့။

#ဒါကြောင့် လိုခြင်းမလိုခြင်းဟာ သူ့အပိုင်း၊ အပြစ်မပို အနှစ်မလိုဖို့က ကိုယ့်အပိုင်းပါပဲ။ ကိုယ့်သမိုင်းကိုယ်ရေးရင်း လူအမျိုးမျိုးကြား တို့တတွေ မရိုင်းကြဖို့ပဲ အရေးကြီးတာပါ။

#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ

Want your business to be the top-listed Beauty Salon in Thaton?
Click here to claim your Sponsored Listing.

Website

Address


Thaton