Noe Authentic Cosmetics & Skincare

Noe Authentic Cosmetics & Skincare

Share

Ph☎️- 09771229704

Address- မင်းလမ်း KBZ Bank 2ဘေးကပ်ရပ် သထုံမြို့

09/09/2026

Dove Niacinamide Detox Shampooရပါမယ်ရှင်💗
14000ks

Dove Niacinamide Detox Shampoo Full Review

ခေါင်းလျှော်ပြီး နောက်ရက်ဆိုတာနဲ့ ဆံပင်ကပ်သွားတယ်၊ ဦးရေပြား အဆီပြန်တတ်တယ်ဆိုရင် Dove ရဲ့ Niacinamide Detox Shampoo လေးကို highly recommend ပေးပါတယ်။

စု သေချာ သုံးကြည့်ထားတဲ့ experience အရဆိုရင်

- သုံးရက်လောက်ထိ ခေါင်းမလျှော်ဘဲ နေရင်တောင် ဆံသား တအားကပ်သွားတာမျိုး မရှိဘူး။

- Micellar shampoo မို့လို့ လျှော်ပြီးတာနဲ့ ဦးရေပြား သန့်သွားပြီး hair mask သုံးထားရင်တောင် volume ရှိသလိုမျိုး ဆံပင်က သူ့ဟာသူ ပုံကျနေရော။

- ဆံပင်ကျွတ်တာနဲ့ ပတ်သက်ရင်တော့ ပုံမှန်ပါပဲ။ သူ့ကြောင့် ပိုမကျွတ်သလို၊ ထူးထူးခြားခြား သက်သာသွားတာမျိုးလည်း မရှိဘူး။ (ဆံပင် ပိုမကျွတ်ရင်ကို စုအတွက် သုံးလို့ အဆင်ပြေနေပြီ 🫶)

- Shampoo ကြောင့် ဆံသား ကြမ်းသွားတာမျိုး မရှိလို့ ကိုယ် သုံးနေကျ hair mask နည်းနည်းနဲ့ တွဲသုံးပေးရင် ကွက်တိပဲ။

သူ့မှာပါတဲ့ ingredients တွေထဲမှာဆိုရင်

Niacinamideက ဦးရေပြား အဆီပြန်တာနဲ့ အဆီကြောင့် ခေါင်းယားတာကို သက်သာစေတယ်။ Detox လုပ်ပေးနိုင်လို့ နောက်မှသုံးမယ့် Hair Tonic တွေအတွက်လည်း ပိုပြီး ထိရောက်စေတယ်။

Bio Protein ကကျ Damage hair အတွက် ပိုပြီး မပျက်စီးအောင် တစ်ခါတည်း ထိန်းသိမ်းပေးသလိုဖြစ်တယ်။

🌸 Texture, Scent & Price အနေနဲ့ကတော့

- ပန်းနံ့ မွှေးမွှေးလေးနဲ့မလို့ သုံးနေရင်း စိတ်ကိုပါ freshဖြစ်စေတယ်။

- ပန်းရောင် အကြည်ရောင်လေး ဖြစ်ပြီး အမြှုပ်ထွက်အားလည်း ကောင်းတယ်။

- တစ်ဘူးမှ ၂ သောင်းပတ်ချာလည် လောက်ပဲရှိတာမလို့ တကယ်တန်ပြီး သုံးလို့ ကောင်းပါတယ်💗

⚠️ တစ်ယောက်နဲ့တစ်ယောက် Hair Type မတူတာမလို့ တည့်တာ/မတည့်တာတော့ ကွာနိုင်ပါတယ်နော်။

Dove ထဲက ဒီပန်းရောင်လေးနဲ့ တခြား အရောင်တွေ သုံးဖူးတဲ့သူလေးများ ရှိရင်လည်း comment မှာ sharing လုပ်ပေးသွားဦးနော် 🙆🏻‍♀️

See u next day .......
Sharing is caring,
Glow Time With Su (with loves 💕)

Photos from J' cup of tea's post 09/09/2026

Soone Nia Glow Seriesလေးဆိုင်မှာပြန်ဝင်ပါပီရှင်💗
Cleanser- 15000
Toner-31000
Serum-28000

Photos from Noe Authentic Cosmetics & Skincare's post 09/09/2026

ဆိုင်မှာပစ္စည်းအဝင်လေးပါရှင်💗

Ph☎️- 09771229704

Address- မင်းလမ်း KBZ Bank 2ဘေးကပ်ရပ် သထုံမြို့

Photos from Pann Sabal-Reviewer's post 09/09/2026

Glad2Glow Glycolic Toner ပြန်ဝင်ပါပီရှင်🤍
25000ks

09/09/2026

Isntree Sun Serum ရပါမယ်ရှင်💙
49000ks (50ml)

Sunscreen သုံးတဲ့အခါ
✅ white cast ပါတာ၊ ပြာတာမကြိုက်ဘူး
✅ပူထူပြီးစေးကပ်ကပ်ဖြစ်မနေရဘူး
✅ပြောင်သလင်းခါပြီး glow လွန်းရင်လည်းမကြိုက်ဘူးဆိုရင် Isntree က အသစ်ထွက်တဲ့ Hyaluronic acid fresh serum လေးကို သုံးကြည့်နော်။🥰

Sunscreen ကို quality မပြည့်မီမှာစိုးလို့ brand reputation ကောင်းကောင်းရှိတဲ့ထဲကရွေးမယ်ဆိုရင် Isntree က မေ့အတွက်မပါမဖြစ်လေးပါ။ဒါလေးကအသစ်ထွက်တာလေးပေါ့။ Instagram မှာလည်း trendy ဖြစ်တာနဲ့စမ်းကြည့်ဖြစ်ပါတယ်။

For me,Isntree hyaluronic acid sun gel ထက် ဒီ fresh serum လေးက ပိုသဘောကျစရာကောင်းတယ်။လိမ်းရတာသိပ်ပေါ့ပါးတာပဲ။ခဏလေးနဲ့စိမ့်ဝင်ပြီး satin finish လေးကျန်တာ။ hydration ဖြည့်ပေးလို့ စိုအိအိလေးဖြစ်ပေမဲ့ အရမ်း over မဖြစ်ဘူး။အဆီတွေတနင့်တပိုးမပြန်စေဘူး။ဒါကြောင့် oily, combination skin တွေလည်း သဘောကျလိမ့်မယ်။

sunscreen texture တွေက လိမ်းကောင်းသထက်လိမ်းအောင်အောင်ထုတ်လာကြတဲ့အထဲမှာ ပေါ့ပေါ့ပါးပါးကြိုက်ရင်လေ ဒီလို sun serum လေးကိုသုံးကြည့်ပါ၊ အရွေးမမှားဘူးရယ်။👌🏻

ဒီ sunscreen လေးက ကုန်ရင်ထပ်ထပ်ဝယ်ချင်လောက်အောင် သုံးလို့ကောင်းတယ်။ All skin types အတွက်အဆင်ပြေတယ်။ဝက်ခြံသမားတွေလည်းသုံးလို့ရတယ်။

ခုတလောမိုးအုံ့နေလို့ sunscreen မလိမ်းဘဲနေကြတဲ့သူတွေလည်းရှိမယ်ထင်တယ်။ခရမ်းလွန်ရောင်ခြည်တွေကရာသီမရွေးရှိနေတာမို့ Sunscreen ဆိုတာနေလုံးပြူးပြူးကြီးမြင်နေရမှလိမ်းရတာမဟုတ်ပါဘူး၊ ရာသီမရွေးလိမ်းရတာဖြစ်ကြောင်း remind လုပ်ရင်းနဲ့ မေ review လေးကို အဆုံးသတ်လိုက်ပါတယ်။

Where to buy - BEYOU.tiful - Beauty & Personal Care Myanmar

သိချင်တာရှိရင် comment ပေးခဲ့နော်။🥰

Photos from The M World By May Yupar's post 08/09/2026

Dr Banggiwon Lash Serumရပါမယ်ရှင်🤎
19500ks (15ml)

08/09/2026

Pantene Daily Serum Treatment လေးရပါမယ်ရှင်💛
15000ks

Pantene ကလေမသုံးမိတာကြာပြီ

အရင်တည်းကခနခနတွေ့နေကြဖြစ်နေတော့ သုံးရမှာပျင်းလာသလိုခံစားရလို့ မသုံးဖြစ်တာ …

ဒါလေးကျမှ အနံ့ကကတော်တော်ကိုမွှေးတာရယ်
သူ့ရဲ့ cream ပုံစံလေးကို သဘောကျမိလို့
သုံးမိပြီးမှ ကြိုက်လိုက်တာဆိုတာလေ …

ဆံပင်တွေ နှစ်ခွဖြစ်/ပျက်စီးနေတာမျိူး
ကြမ်းပြီးဆံမျှင်တွေငြ်ိနေတာမျိုး
ဆံသားကမပြောင်မရောင်ဖြစ်လို့ ဆံသားကို treatment သုံးရုံနဲ့ထိန်းချင်တာဆို ဒါလေးကို တစ်ခါလောက်စမ်းသုံးကြည့် ။

လင်းဆို ကိုယ့်ဆံပင်အစစ်ရော
Human hair wig ကိုရော ခေါင်းလျှော်ပြီးတိုင်း ဒီtreatment ပဲသုံးဖြစ်နေတော့ တာ ။

အဓိကကတော့ ဆေးထိတာတွေ အပူတွေကြောင့်ပျက်နေတာက်ို တစ်ခါလျှော်တစ်ခါ တော်တော်ကိုသိသာတာရယ်

အနံ့ကတော်တော်ကိုမွှေးတာရယ်

တချို့treatment တွေဆို နှပ်ပြီး ရေပြန်လျှော်ရင် တော်တော်ရေလောင်းယူရတယ်
ရေမပြောင်ရင်ဗောက်ထတဲ့ တစ်မှုက ဖြစ်ပြန်ရောမလား

ဒါလေးက မစီးမကပ်မို့ ရေလျှော်ရလည်းမြန်တော့ အဆင်ပြေနေတာ

လင်းရဲ့ ဆံပင်အဖျားနှစ်ခွတွေဆို ဒါတစ်ဘူးမကုန်ခင် ပျောက်ကုန်တာကတော့ တကယ်ကို Pantene miracles ဆ်ိုတဲ့အတိုင်းပါပဲ

ပါဝင်တာတွေက provitamin B5 pearls ရယ်
Biotin ရယ်
Collagen ရယ်ဆိုတော့ so good ပေါ့

သုံးတာကလည်းလွယ်တယ် ရှန်ပူတစ်ခုခုနဲ့လျှော်ပြီးရင်
သူ့ကိုလက်ဖဝါးထဲထည့်ပြီး ဆံပင်တွေပေါ်မှာ ၃-၅ မိနစ်နှပ်ပေးရုံပါပဲ..

Steps တွေမများဘဲ shampoo ရယ် treatment လောက်ရယ်နဲ့ပဲ hair care လုပ်ချင်ရင် ဒီ treatment လေးသုံးကြည့်နော် ❣️

08/09/2026

In2IT Primer Enriched အဖြူလေးဘူးသေးဘူးကြီးရပါမယ်ရှင်💗
8500ks (Sample)
21000ks (Full Size)

IN2IT က အသစ်ထွက်ထားတဲ့ Primer++ Enriched လေးအကြောင်း နည်းနည်းပြောပြချင်တယ်။

သူအပါအဝင် IN2IT ရဲ့ Primer (3)မျိုးထဲမှာ Enriched ကို အကြိုက်ဆုံးလို့တောင်ပြောလို့ရတယ်။

BOBBI BROWN ရဲ့ Dupe ဆိုတဲ့အတိုင်း လိမ်းရတဲ့ Feeling က BOBBI BROWN ကိုလိမ်းနေရတဲ့အတိုင်း ခံစားချက်ကိုရတယ်။

အနံ့လေးက အစ တူသလားလို့။ Texture ပိုင်းမှာ IN2IT ကပိုပြီး ပျော့သလိုလိုလေးရှိတယ်။

Multivitamin Complex, Shea Butter အစရှိတဲ့ 95% Skincare Ingredients တွေပါဝင်ပြီး SilkShield Technology ထုတ်ထားတဲ့အတွက် သူ့အပေါ်က လိမ်းထားတဲ့ မိတ်ကပ်သားက တစ်နေကုန် စိုစိုကြည်ကြည်လင်းလင်းလေးဖြစ်နေတာကိုတွေ့ရတယ်။

ကျယ်နေတဲ့ ချွေးပေါက်တွေကို Blur လုပ်ပေးနိုင်ပြီး အောက်ခံ အသားအရေ မကောင်းတဲ့သူတောင် ကောင်းသွားသယောင်လိုမျိုး Look ကိုရတယ်။

ဈေးနှုန်းနဲ့ မလိုက်အောင် တော်တော်လေးကောင်းတာမို့ မိတ်ကပ်လိမ်းတဲ့သူတိုင်း တစ်ဗူးလောက်တော့ ဆောင်ထားဖို့ သားဖြိုး တိုက်တွန်းချင်ပါတယ်။

Want your business to be the top-listed Beauty Salon in Thaton?
Click here to claim your Sponsored Listing.

Telephone

Website

Address


မင်းလမ်း KBZ Bank 2ဘေးကပ်ရပ် သထုံမြို့
Thaton

Opening Hours

Monday 09:30 - 19:30
Tuesday 09:30 - 19:30
Wednesday 09:30 - 19:30
Thursday 09:30 - 19:30
Friday 09:30 - 19:30
Saturday 09:30 - 19:30
Sunday 09:30 - 19:30